Work Style

“ကုမ္ပဏီကြီး တစ်ခုရဲ့ facility များ”

Spiceworks ကုမ္ပဏီမှကြီးမှူးကျင်းပတဲ့ Web Innovative Talent Award 2018 (WIT 2018) ပြိုင်ပွဲမှာ Grand Prix ဆုရရှိခဲ့သူကို ဂျပန်နိုင်ငံသို့ လေ့လာရေး အနေဖြင့် တစ်ပတ်ကြာ ခရီးစဉ် စီစဉ်ပေးဖြစ်ခဲ့ပါတယ်။

WIT 2018 မှာ Sponsor အနေဖြင့်လည်း အားဖြည့် ပါဝင်ပေးခဲ့ပြီး၊ ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ GMO Internet Group ကုမ္ပဏီကိုလည်း သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ အခုလက်ရှိ ဂျပန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးတွေမှာ ဝန်ထမ်းတွေအတွက် ဘယ်လို facilities မျိုးတွေ ထားပေးထားတယ် ဆိုတာလေးကို လည်းလေ့လာခွင်ရခဲ့တဲ့ အတွက် ဒီအကြောင်းအရာလေးကို ရေးသားဖြစ်ခဲ့တာပါ။


Kids Room GMO Bears
ပထမဦးဆုံး Kids Room GMO Bears လို့နာမည်ပေးထားတဲ့ ကလေးထိန်းကျောင်းလေး အကြောင်းပြောပြချင်ပါတယ်။ လက်ရှိကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေးငယ်လေးတွေရှိတဲ့ ဝန်ထမ်းများ အဆင်ပြေပြေနဲ့ စိတ်ချလက်ချ အလုပ်လုပ်ကိုင်နိုင်စေရန် ကျွမ်းကျင်တဲ့ ကလေးထိန်း ဆရာမများကို ခန့်အပ်ထားပြီး ကလေး ၁၅ယောက် ခန့် အထိ လက်ခံနိုင်တဲ့ ကလေးထိန်းကျောင်းလေးတစ်ခုကို ကုမ္ပဏီ အတွင်းမှာ စီစဉ်ပေးထားတာကိုတွေ့မြင်ခဲ့ ရပါတယ်။ နေ့လည်ခင်း ထမင်းစားချိန်တွေမှာလည်း မိမိ ကလေးနဲ့ အတူ နေ့လည်စာ စားသုံးနိုင်ရန် စီစဉ်ပေးထားတာကိုလည်း တွေ့ရတဲ့ အတွက် ကလေးငယ်ရှိတဲ့ ဝန်ထမ်းတွေအတွက်တော့ တော်တော်လေး အဆင်ပြေမယ်လို့ထင်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကလေးတွေရလာတဲ့ အချိန်မှာလည်း အခက်အခဲမရှိ အဆင်ပြေပြေနဲ့ဆက်လက် အလုပ်လုပ်ကိုင်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားခြင်းဖြစ်တယ်လို့ ကြားသိခဲ့ရပါတယ်။


Synergy Cafe GMO Yours
ရာနဲ့ချီရှိတဲ့ ဝန်ထမ်းတွေက တစ်နေရာတည်းမှာ စုစည်းပြီး Communication ရယူနိုင်ရန် Communicaion Space တစ်ခုအဖြစ်ဖန်တီးထားတဲ့ Synergy Cafe GMO Yours လို့အမည်ပေးထားတဲ့ Café တစ်ခုကိုလည်း ကုမ္ပဏီအတွင်းမှာ ဖွင့်လှစ်ထားပါတယ်။ ဒီနေရာလေးကလည်း ဝန်ထမ်းတွေကို စိတ်ကျေနပ်မှု ပေးနိုင်မယ့် နေရာတစ်ခုဖြစ်မယ်လို့လည်းထင်ပါတယ်။ ဆိုင်ကိုတော့၂၄နာရီ ဖွင့်လှစ်ထားပေးပြီး ဝန်ထမ်းအားလုံးက အခမဲ့ သုံးဆောင်နိုင်အောင် စီစဉ်ပေးထားတာတွေ့ ရပါတယ်။
မနက်ပိုင်းမှာ ဆိုရင် ကော်ဖီ နဲ့ ပေါင်မုန့်မျိုးစုံကိုစိတ်ကြိုက် သုံးဆောင်နိုင်ရန် စီစဉ်ပေးထားတဲ့ Morning Time၊ နေ့လည်ပိုင်းမှာတော့ Buffet Time၊ ညနေပိုင်းမှာလည်း Cafe Time ဆိုပြီးတော့ အပြင်မှာရှိတဲ့ စားသောက်ဆိုင်တွေ အတိုင်း အပြည့်အဝ Service ပေးထားတာတွေ့ရပါတယ်။ အဲ့ဒီပြင်ပ အချိန်တွေမှာလည်း အစာပြေစားလို့ ရမယ့် ပေါင်မုန့်၊ အခြားသောမုန့်မျိုးစုံ နဲ့ အတူ သောက်စရာတွေကို အချိန်မရွေး သုံးဆောင်နိုင်အောင်စီစဉ်ပေးတားထာ ကိုလည်းတွေ့ ခဲ့ရပါတယ်။
ရက်သက် တစ်ပတ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာဆိုရင်တော့ အဲ့ဒီ နေရာကိုပဲ Barအဖြစ်ပြောင်းလဲပြီး ဝန်ထမ်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ဖိစီးမှုတွေ ဖြေဖျောက်နိုင်စေရန် Club Time တစ်ခုကို ဖန်တီးထားတယ်လို့လည်း ကြားသိခဲ့ရပါတယ်။


Massage & Nap GMO Bali Relax
နောက်တစ်ခုကတော့ နေ့ခင်းဘက်တွေမှာ တစ်ရေးတစ်မောအိပ်စက် အနားယူနိုင်ပြီး Relax ပြုလုပ်နိုင်ရန်စီစဉ်ထားပေးတဲ့ Massage & Nap GMO Bali Relax အကြောင်းပါ။ ဝန်ထမ်းများ နေ့ခင်းဘက် မိနစ်သုံးဆယ်လောက် အနားယူအိပ်စက်ပြီး ဦးနှောက်ကို refresh လုပ်နိုင်ရန် စီစဉ်ပေးထားတဲ့ နေရာလေးတစ်ဖြစ်ပါတယ်။ အဲ့ဒီအပြင် professional တွေကိုယ်တိုင်ဆောင်ရွက်ပေးတဲ့ body care services များကိုလည်း စီစဉ်ပေးထားတာတွေ့ရပါတယ်။ ဝန်ထမ်းတွေရဲ့ အာရုံစူးစိုက်မှု နဲ့ အလုပ်လုပ်နိုင်စွမ်းရည်ကို တိုးတက်စေရန် ရည်ရွယ်ပြီး စီစဉ်ထားခြင်းဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။


Treadmill Meeting Room
ဒီနေရာကတော့ ရုတ်တရက် ကြည့်လိုက်ရင် GYM တစ်ခုလို့ထင်ရပေမယ့် တကယ်တော့ လမ်းလျှောက်ပြီး ဆွေနွေးပြောဆိုလို့ ရအောင်စီစဉ်ထားတဲ့ အစည်းအဝေးခန်း တစ်ခုပဲဖြစ်ပါတယ်။

ဝန်ထမ်းများ လုပ်ငန်းခွင်မှာ ပျော်ရွှင်စေပြီး၊ အဆင်ပြေပြေနဲ့ အလုပ်လုပ်ကိုင်နိုင်စေရန် အခုလိုပတ်ဝန်ကျင်းမျိုး ဖန်တီးပးထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းတွေနဲ့အတူ ရေရှည်အလုပ်လုပ်ကိုင်သွားနိုင်အောင်စီစဉ်ထားတဲ့ ကုမ္ပဏီကြီး တစ်ခုရဲ့ Facilities တွေ အကြောင်းကို ဗဟုသုတ အနေဖြင့် ပြန်လည် မျှဝပေးခြင်းဖြစ်ပါတယ်။

https://z.com/mm/en/
မြန်မာနိုင်ငံမှာလည်း Z.com အမည်ဖြင့် GMO Internet Group မှ Internet Service နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေပေးနေပါပြီ။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *