Others

ဂျပန်ဘာသာစကား လေ့လာမှုပုံစံ

အားလုံးပဲမင်္ဂလာပါ

ကျွန်တော်ကတော့ မောင်အောင်ခန့်ဖြိုး ဖြစ်ပါတယ်။

ယခုမျက်မှောက်ခေတ်  လူငယ်များအတွက် နိုင်ငံခြားဘာသာစကား လေ့လာမှုအား ရည်ရွယ်ချက်ထားရှိပြီး လေ့လာပုံအား ရှင်းလင်းရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။


လူငယ်များအနေဖြင့် ဂျပန်စာလေ့လာနေမှုများအား ယခုအခါ  တော်တော်များများ မြင်တွေ့ ရမည်ဖြစ်ပါသည်။

မိဘများက လေ့လာစေလို၍ ဖြစ်စေ

မိမိအစီအစဉ်အတိုင်း လေ့လာချင်လို၍ဖြစ်စေ

ဂျပန်စာလေ့လာမှုသည်မည်သည့်နေရာအတွက် လေ့လာသည်၊ လေ့လာပြီးနောက် မည်သည့်နေရာတွင် အသုံးချမည် ဆိုသည့် အတွေးများ တွေးပြီး လေ့လာစေလိုပါသည်။


ဂျပန်ဘာသာစကားလေ့လာမှုတွင် အောက်ပါအစီအစဉ်ပုံစံအတိုင်း လေ့လာကြပါသည်။

အစီအစဉ်များ

ဂျပန်နိုင်ငံသမိုင်းနှင့် ယဉ်ကျေးမှုအား သိရှိနိုင်ရန် ဂျပန်ဘာသာလေ့လာခြင်း

ဘာသာစကားအသစ် လေ့လာလို၍ လေ့လာခြင်း

ဂျပန် animation များကြည့်ရှုလို၍ လေ့လာခြင်း

ဂျပန်လူမျိုးများဖြင့် ဆက်သွယ် စကားပြောလို၍ လေ့လာခြင်း

ဂျပန်အလုပ်အကိုင်အခွင့်အလမ်းအတွက် လေ့လာခြင်း


အထက်ပါထဲမှ အလုပ်အကိုင်အခွင့်အလမ်းများအတွက် လေ့လာမှုများအား အများအပြား မြင့်တွေ့ရမည်။

အစီအစဉ် ချမှတ်မှုမရှိသည့်အခါ လူငယ်များအနေဖြင့် ဂျပန်ဘာသာစကားသင်တန်းများတတ်ပြီးနောက် အသုံးချမှု မရှိပါက မေ့ပျောက်သွားကြမည် ဖြစ်ပါသည်။


ဂျပန်လူမျိုးများသည် အနာဂတ် အစီအစဉ် များအတွက် အခြေခံ အစီအစဉ် သုံးခုဖြင့် တည်ဆောက်ထားကြသည်။

နောင် ၃  နှစ် တွင် မိမိ ဘာဖြစ်ရမည်

နောင် ၅  နှစ် တွင် မိမိ ဘာဖြစ်ရမည်

နောင် ၇  နှစ် တွင် မိမိ ဘာဖြစ်ရမည်

ဆိုသော အစီအစဉ် သုုံးမျိုးချမှတ်ထား၍ ကြိုးစားအကောင်အထည်ဖော်ဆောင်ကြသည်ကို ကျွန်တော်လေ့လာမှတ်သားမိခဲ့ပါသည်။


ဂျပန်လူမျိုးများသည် အထက်ပါ အတိုင်း နောင် ၃ နှစ် ၊ နောင် ၅နှစ် တစ်ခုခုဖြစ်ရမည် တစ်ခုခုပြီးစီးရမည် ဆိုပြီး ကြိုးစားလုပ်ကိုင်ကြပါသည်။

ကျွန်တော်တို့သည်လည်း အစီအစဉ် ချမှတ်၍ ဂျပန်ဘာသာစကားလေ့လာပါက ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ကြမည် ဖြစ်ပါသည်။

မိမိကိုယ်မိမိ နောင် ၆လ၊ နောင် ၁နှစ် အတွင်း အစီအစဉ် ချမှတ်ပြီး ဂျပန်ဘာသာစကားအား လေ့လာနိုင်မည်လို့ ယုံကြည်မိပါသည်။


“အားလုံးဘဲ သာယာသောနေ့ရက်လေးဖြစ်ပါစေ။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။“

Hello

Leave a Reply

Your email address will not be published. Required fields are marked *