Work Style

နီပွန်းပြည်သို့ လေ့လာရေးခရီးစဉ်

こんにちは!

အားလုံးပဲမင်္ဂလာပါ

ကျွန်တော်ကတော့ Spiceworks Myanmar Company မှာ Web designer အဖြစ် လုပ်ကိုင်နေတဲ့ မောင်အောင်ခန့်ဖြိုး ဖြစ်ပါတယ်။ ၂၀၁၅ခုနစ် ၃လပိုင်းမှ စတင်၍ ယခုအချိန်ထိ Spiceworks Myanmar တွင် Web Design Leader ရာထူးဖြင့် ဆက်လက်လုပ်ကိုင်နေပြီး အလုပ်လုပ်ရင်း Nihon Ichi Japanese School မှာ နှစ်နှစ်ကြာ ဂျပန်စာ လေ့လာဆည်းပူးခဲ့ပါသည်။

၂၀၁၆ခုနစ် ဒီဇင်ဘာလတွင် ဂျပန်သံရုံးမှ ကျင်းပသော JLPT စာမေးပွဲတွင် N3 level ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲအောင်ခဲ့သောကြောင့် ဂျပန်နိူင်ငံရှိ ကုမ္ပဏီများသို့ လေ့လာခွင့်ရရှိခဲ့ပါသည်။

僕はスパイスミャンマーでWebデザイナーとして努めているアウンカンピョーです。 2015年3月から今までスパイスワークスミャンマーでデザインのリーダーとして努めながら日本一日本語学校で日本語を学びました。 2016年12月に日本語能力試験「N3」を合格して日本へ研究することになりました。

ဂျပန်နိူင်ငံသို့ရောက်ရှိစဉ် Spiceworks Japan မှ Director ဖြစ်သူ Mr.Kumada ကိုယ်တိုင် Narita လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့သည်။

スパイスワークス日本のディレクターの熊田さんが成田空港まで迎えに来てくれました。

Spiceworks Japan Company မှ Director Mr.Kumada, Spiceworks Myanmar မှ General Manager ဖြစ်သူ Ko Myat Min Swe နှင့် Web Innovative Talent Award 2016  မှ Special prix ဆုရရှိခဲ့တဲ့ Mg Aung Khant Min နှင့်အမှတ်တရ

Web Innovative Talent Award 2016 の受賞者アウンカンミンさんとスパイスワークス日本のディレクターの熊田さんとスパイスワークスミャンマーのミャッさんと一緒に写真を撮りました。

Narita လေဆိပ်ရောက်ရောက်ချင်း ဦးစွာ သတိပြုမိတာက Smoking Room ဖြစ်ပါတယ်။ဆေးလိပ်ငွေ့ကြောင့် အခြားသူ စိတ်အနှောင့်အယှက်မဖြစ်အောင် ပြုလုပ်ပေးထားတဲ့ အတွက် အားကျဖွယ်ကောင်းလှပါတယ်။

成田空港でまず気がついた場所は喫煙室です。特にこういう場所があるのは良いと思いました。 タバコの煙で他の人に迷惑をおかけしないようにしていることが凄くいいことだと思いました。

အဲ့ဒီနောက် Narita လေဆိပ် ကနေ Skyliner ရထားစီးရင်း Nippori ဘူတာသို့ ဦးတည်သွားခဲ့ကြတယ်။

ရထားစီးနေစဉ်တလျှောက် မတူညီတဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယား စတဲ့ ဘာသာစကားများဖြင့် လမ်းညှွန်မှုများလည်း တွေ့မြင်ခဲ့ပါတယ်။ ဂျပန်လူမျိုးတို့ရဲ့ ယဉ်ကျေးပျူငှာမှု၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု၊ တစ်ပါးသူအပေါ်စိတ်အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ပြုမှုနေထိုင်ပုံတို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် စနစ်တကျစီတန်းပြီး ရထားအတတ်အဆင်းပြုလုပ်ခြင်း အလေ့အထတွေက ကောင်းမွန်တဲ့အမူအကျင့်တစ်ခု အဖြစ် ထင်မြင်မိပါတယ်

その後成田空港第一ターミナルからスカイライナーで日暮里駅まで行きました。電車に乗りながら、日本語、中国語、韓国語で案内しているのも見えました。

日本では、人々が便利で生活できるようによく考えていると思います。 日本人の礼儀正しいことやお互い尊敬していること、周りの人にご迷惑をおかけしないようにしていることなどを見習いたいと思っていました。例えば電車を乗るときや降りるときでもちゃんと並んでたりしているので、すごく安心で落ち着きます。そういう習慣はなかなかいいなと思いました。

ထို့နောက် ၉နာရီ ၁၅မိနစ်မှာ Nippori ဘူတာကိုရောက်ရှိခဲ့ပါတယ်။ ထိုမှတဆင့် Spiceworks Japan ရုံးတည်ရှိရာ Shinjuku သို့ ရထားပြောင်းစီးရင်း ဆက်လက်ခရီးဆက်ခဲ့ကြတယ်။

後朝9時 15分に日暮里駅に着きました。 日暮里で乗り換えし新宿に向かいました。それから本社スパイスワークスに行きました。

ပထမဦးဆုံးနေ့လည်စာအဖြစ် Kara Ramen ခေါက်ဆွဲစားခဲ့ပါတယ်။ ခေါက်ဆွဲစားလေ့မရှိတဲ့ ကျွန်တော့်အတွက်တော့ ဒီ Kara Ramen ခေါက်ဆွဲရဲ့ အရသာထူးခြားမှုကြောင့် နောက်တကြိမ် စားချင်မိတဲ့ စိတ်ဖြစ်ပေါ်ခဲ့မိတယ်။

まず昼ご飯として辛ラーメンを食べました。ラーメンはあまり好きじゃない僕が辛ラーメンを食べた後、も一度食べたくなりました。

နောက်နေ့များတွင် ဂျပန်နိုင်ငံရှိWeb Production Companyများသို့ Spiceworks Japan မှ Producer ဖြစ်သူ Mr. Gen Inoue မှ ဦးဆောင်လိုက်ပို့ပေးခဲ့သည်။

スパイスワークスのプロデューサーである井上さんが他のWeb制作会社へ案内してくれました。

Keio Plaza hotel ၄၅ထပ်မှ မြင်တွေ့နိုင်တဲ့ ညရှုခင်း

京王プラザホテルの45階から見られる夜景

Japan Company များသို့ လေ့လာခဲ့ပြီးနောက် Senshuu University သို့လည်း သွားရောက်လေ့လာဖြစ်ခဲ့သည်။ Spiceworks Japan မှ CEO ဖြစ်သူ Mr.Seiji Sekine ကိုယ်တိုင် လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်။ကျောင်းသားများရဲ့ Project Discussion ကို ဝင်ရောက်နားထောင်ရင်း ဆရာနှင့်ကျောင်းသား အပြန်အလှန် တိုင်ပင်ဆွေးနွေးနေကြတာကိုလည်း အားကျစရာတခုအဖြစ် လေ့လာမှတ်သားခဲ့မိပါတယ်။

色々な会社へ研究した後で、専修大学へ行きました。スパイスワークスの関根さん(代表取締役)と一緒に訪問しました。教室で大学生たちの相談している姿をみて羨ましかったです。

နောက်တနေ့မှာတော့ Tour Guide တွေ ပါတဲ့ HATO Bus စီးရင်း Japan တွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကိုပါ ဆက်လက်လေ့လာရေးခရီးဆက်ခဲ့ကြသည်။

次の日にツアーガイド含むHato Busに乗りながら、日本の歴史と文化を研究しました。

Tokyo ရဲ့ အထင်ကရနေရာများဖြစ်တဲ့ Tokyo Tower နဲ့ Imperial Palaceသို့သွားရောက်ခဲ့ကြပီး ထိုမှတဆင့် Daiba နဲ့  Senso-ji Temple ရှိရာ Asakusa သို့ ခရီးဆက်ခဲ့ကြသည်။ Asakusa ရောက်ရှိစဉ်မှာတော့ မြို့ပြနဲ့မတူတဲ့ အငွေ့အသက်တွေခံစားခဲ့မိပါတယ်။ ဂျပန်ယဉ်ကျေးမှု ကိုလည်းပိုမိုသိခွင့်ရခဲ့ပါတယ်။

そのハトバスで東京の人気場所である東京タワー、国境、浅草雷門とお台場へ行きました。浅草は、他のところと雰囲気が違って日本の文化や伝統的なことなどを知ることが出来ました。

နေ့လည်စာကို ဂျပန်အစားအစာ စားသောက်ခဲ့ကြသည်။ ခရီးဆက်နေစဉ် မြင်ကွင်းတလျှောက် စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်ပန်းမန်များလည်း တွေ့မြင်မိတာကြောင့် ဂျပန်လူမျိုးတို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အလေးထားခြင်းကို ခံစားမိပါတယ်။

お昼は和食を食べました!移動中にも多くの緑が見られて、日本人の自然に大切して守っていることを感じられました。

ခရီးစဉ်တလျှောက်တွင် ကျွန်တော့်အနေနဲ့ကတော့ ဂျပန်နိူင်ငံရဲ့သာယာလှပဖွယ် ရှုခင်းများထက် ဂျပန်လူမျိုးတွေရဲ့ အချိန်တိကျမှု၊ စည်းကမ်းလိုက်နာမှု၊ အပြန်အလှန်လေးစားမှု၊ ဖော်ရွေဆက်ဆံမှု၊ တာဝန်ယူစိတ်ရှိမှု တွေကို အားကျအတုယူလေးစားမိပါတယ်။ နည်းပညာတိုးတက်မှုကိုလည်း အံမခန်းဖြစ်မိပါတယ်။ နောက်တကြိမ်အခွင့်ရရင် ဆက်သွားချင်မိပါသေးတယ်။ အားလုံးပဲကျေးဇူးပါ။

にとって旅行中私日本の美しいさも感じられましたが、それより日本人の時間やルールなどに守っていること、お互い尊敬し責任を持って働いている姿や日本人の礼儀正しいことなどを見られて羨ましく思っていました。技術部分も凄くてとても感動しました。もし機会があったらもう一度行ってみたいと思っています。皆さんありがとうございます。

Hello

Leave a Reply

Your email address will not be published. Required fields are marked *