Work Style

2 Years Working Experience

အားလုံးပဲ မင်္ဂလာပါ။ ညီမကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ညီမက ညီမရဲ့ လုပ်သက် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဲ့ဒီ ၂ နှစ်အတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ညီမက Spiceworks Myanmar ကို Internship ကနေ စဝင်တာ ဖြစ်တဲ့အတွက် အဲ့ဒီကနေစပြီး ပြောပြပေးသွားပါမယ်။

အရင်ဦးဆုံး ကျေးဇူးတင်တာနဲ့ စတင်ချင်ပါတယ်။

ပထမဦးဆုံး Spiceworks Myanmar ရဲ့ CEO Mr. Seiji Sekine ကို အထူးကျေးဇူးတင်ပါတယ်။ မြန်မာဘက်မှာ Spiceworks Myanmar Company ဆိုပြီး လာတည်ထောင်ပေးခဲ့တဲ့အတွက်၊ နောက်ပြီး မြန်မာလူမျိုး ဝန်ထမ်းတွေ ခန့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ မရှိသေးတဲ့သူတွေကိုလည်း Internship ဆင်းခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

နောက်ပြီး  Spiceworks Myanmar ရဲ့ COO ကိုမြတ်မင်းဆွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ Internship ဆင်းခွင့်ပေးခဲ့တဲ့အတွက်၊ အလုပ်ပြန်လျှောက်တဲ့အခါမှာလည်း နွေးထွေးစွာ ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အလုပ်စဝင်တဲ့အချိန်ကနေ အခုအချိန်ထိ အစစအရာရာ သင်ကြားပြသ ပေးခဲ့တဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

နောက်ဆုံးအနေနဲ့ Spiceworks Myanmar ရဲ့ Admin Team Members, Design Team Members, System Team Members တွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ အခုအချိန်ထိ မသိနားမလည်တာတွေကို ရှင်းပြပေးပြီး လက်တွဲခေါ်ဆောင်လာပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ဆက်လက်ပြီး First Impression အကြောင်း ပြောပြပေးချင်ပါတယ်။

Spiceworks Myanmar ကို  Facebook မှာ အလုပ်ခေါ်စာ ပို့စ်နဲ့အတူ စပြီး တွေ့ခဲ့ပါတယ်။ Position ကတော့ Senior အနေနဲ့ ခေါ်ထားပေမယ့် Php, Laravel အသုံးပြုတဲ့အတွက်ရယ်၊ Japan Company ဖြစ်တဲ့အတွက်ရယ်ကြောင့် OJT Web Developer ဆိုပြီး အလုပ်စလျှောက်ခဲ့ပါတယ်။ လျှောက်ပြီး တစ်ပတ်လောက်နေတော့ မှတ်မှတ်ရရ 10.12.2019 11 နာရီမှာ အင်တာဗျူးဖြေခဲ့ပါတယ်။ ရုံးခန်းထဲ စဝင်ဝင်ချင်းမှာပဲ ဖိနပ်စင်ကို အရင်စတွေ့တယ်။ နောက်ပြီး စာအုပ်စင်နဲ့ စာဖတ်တဲ့ နေရာလေးရဲ့ အခန်းက ချစ်စရာလေး သဘောကျသွားတယ်။ ရုံးက ဝန်ထမ်းလည်း နည်းတော့ အခန်းက ကျဉ်းပေမယ့် သူ့ဟာနဲ့သူ သပ်သပ်ရပ်ရပ် ရှိတယ်။ အဲ့ဒီအချက်တွေက ညီမ ရုံးစအလုပ်မဝင်ခင် ထင်မြင်ချက်လေးတွေ ဖြစ်ပါတယ်။

အဲ့ဒီလိုနဲ့ ညီမ အင်တာဗျူးဖြေပြီး ပြန်လာခဲ့တယ်။ ညီမမှာ အကျင့်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ညီမ အင်တာဗျူးဖြေပြီး ပြန်လာပြီဆိုရင် အဲ့ဒီ Company မှာ အလုပ်ရပြီလို့ တွေးလိုက်တော့တယ်။ တစ်ပတ်လောက်နေတော့ ညီမ ဖုန်းဆက်ကြည့်တော့ Internship ဆင်းလို့ရတယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ ညီမလည်း 01.01.2020 ကနေ 28.02.2020 ထိ နှစ်လ Internship ဆင်းခဲ့တယ်။ ရုံးက Members တွေ တစ်ယောက်ချင်းစီတိုင်းက သူ့ဟာနဲ့သူ စိတ်သဘောထားပြည့်ဝပြီး အကုန်လုံးက သဘောကောင်းကြတာကို တွေ့ရတယ်။ မသိနားမလည်လို့ မေးရင်လည်း ချက်ချင်း ကြည့်ပေးတယ်။ ရုံးနဲ့ မသက်ဆိုင်တဲ့ Personal ကိစ္စတွေမှာ အကူညီတောင်းရင်လည်း အချိန်မရွေး ကူညီပေးတယ်။ အဲ့ဒီအချက်တွေက Internship ၂ လအတွင်း ထင်မြင်ချက်လေးတွေ ဖြစ်ပါတယ်။

ရုံးကိုလည်း သဘောကျတဲ့အတွက်ရယ်၊ ရုံးက Members တွေကလည်း ညီမနဲ့ သဘောထားချင်း တူညီတဲ့အတွက်ရယ်ကြောင့် ဒီရုံးမှာ ပြန်ပြီး အလုပ်လုပ်ချင်သွားတယ်။ အဲ့ဒီအတွက် ဒီ Spiceworks Myanmar မှာပဲ အလုပ်ပြန်လျှောက်ခဲ့တယ်။ ဒီလိုနဲ့ 06.03.2020 11 နာရီမှာ Internship Feedback နဲ့ အတူ အင်တာဗျူးဖြေခဲ့တယ်။ 01.05.2020 မှာ အလုပ်စဝင်ဖို့ ပြောခဲ့ပေမယ့် အဲ့ဒီအချိန်နောက်မှာပဲ မြန်မာနိုင်ငံကို Covid က စပြီး ဝင်ရောက်လာခဲ့တဲ့အတွက် ရုံးလည်းပိတ်ပြီး Work From Home ဖြစ်သွားတဲ့အတွက် ရုံးပြန်ဖွင့်တဲ့အချိန် 01.07.2021 မှစပြီး အလုပ်စဝင်ခဲ့ပါတယ်။

ဆက်ပြီး ရုံးတွင်းမှာ ရခဲ့တဲ့ အသိပညာလေးတွေကို ပြောပြပေးချင်ပါတယ်။

ရုံးမှာ တနင်္လာနေ့တိုင်း ကိုယ်ယူထားတဲ့ Project ရဲ့ Schedule ကို တစ်ယောက်နဲ့ တစ်ယောက် သိအောင် Sharing လုပ်ပေးလေ့ရှိပါတယ်။ အဲ့ဒီလို လုပ်ပေးခြင်းအားဖြင့် တစ်ယောက်ချင်းစီ ယူထားတဲ့ Project တွေကိုလည်း သိရပြီး အလုပ်တာဝန်တွေ၊ အချိန်တွေကိုလည်း ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။

အလုပ်အတွက်သာမက ပြင်ပ လူနေမှုဘဝမှာပါ အရေးကြီးဆုံး ဖြစ်တဲ့ Task Management နဲ့ Time Management ကိုလည်း သေသေချာချာ စီမံခန့်ခွဲနိုင်အောင် သင်ကြားခဲ့ရပါတယ်။ ညီမအနေနဲ့ အလုပ်စဝင်တဲ့အချိန်မှာ အလုပ်လည်း မများတဲ့အတွက် Task Management နဲ့ Time Management က မှတ်ရတာ အလုပ်ရှုပ်တယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် နောက်ပိုင်း အလုပ်များတဲ့အခါမှာ Management နှစ်ခုရဲ့ အသုံးဝင်မှုကို ကောင်းစွာ နားလည်သဘောပေါက်လာခဲ့ပြီး လက်တွေ့ အသုံးချနိုင်ခဲ့ပါတယ်။

နောက်ပြီး ညီမတို့ရုံးမှာ System, Design, Admin Group များအပြင် Internal Group တွေဖြစ်တဲ့ HR, Marketing, Maintenance, Education ဆိုပြီး Group လေးခု ရှိပါတယ်။ အဲ့ဒီ Group လေးခုကို သက်ဆိုင်ရာ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘဲ ရုံးတွင်းလုပ်ငန်းများကို အတွေ့အကြုံရှိစေရန် ရည်ရွယ်ပြီး System, Design, Admin Group မှ အဖွဲ့ဝင်များ အလှည့်ကျ ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ညီမက Marketing နဲ့ HR ပိုင်း အလုပ်တွေမှာ တာဝန်ယူလုပ်ခဲ့ရပြီးပြီ ဖြစ်တဲ့အတွက် ရုံးလုပ်ငန်းတွေမှာ အတွေ့အကြုံ ပိုပြီး ရခဲ့ပါတယ်။

ညီမရဲ့ Web Design အလုပ်မှာ ပိုမိုတိုးတက်လာတဲ့ နည်းပညာတွေကို ပြောပြပေးချင်ပါတယ်။

Web Design ရဲ့ Coding ပိုင်းမှာ အဓိကအခြေခံကျတဲ့ HTML, CSS, JS  နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုပြီးတိုးတက်လာခဲ့ပါတယ်။ နောက်ပြီး ညီမအတွက် Language အသစ်လည်းဖြစ်တဲ့ SASS နဲ့ ပတ်သက်ပြီး Project တွေ လုပ်ခဲ့ရတဲ့အတွက် Language အသစ်တစ်ခုလည်း ရခဲ့ပါတယ်။ CMS ဖြစ်တဲ့ WordPress, Drupal, Movabletype စတဲ့ Framework တွေအသုံးပြုပြီး System Team နဲ့ Project တွေ တွဲပြီး လုပ်ခဲ့ရတဲ့အတွက် နည်းပညာအသစ်တွေ ပိုပြီးရခဲ့ပါတယ်။ ညီမတို့ရုံးရဲ့ System Project တွေမှာ အသုံးပြုတဲ့ PHP, Laravel, Vue စတဲ့ Framework တွေနဲ့လည်း ပိုပြီး ရင်းနှီးလာခဲ့ပါတယ်။ နောက်ပြီး Design ဆွဲရာမှာ အဓိက အသုံးပြုတဲ့ Photoshop, XD, AI, Figma တွေရဲ့ အသုံးပြုတဲ့ နည်းတွေကိုလည်း သိခဲ့ရပါတယ်။ ရုံးရဲ့ Facebook Page မှာ Post တင်ဖို့အတွက် Cover Design လေးတွေလည်း ဆွဲခဲ့တဲ့အတွက် Design ပိုင်းမှာ ပိုပြီး တိုးတက်လာခဲ့ပါတယ်။

Coding နဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ အသိပညာလေးတွေကို ပြောပြပေးချင်ပါတယ်။

Project မှာ Folder Structure ဆောက်နည်းတွေ၊ Class Name ပေးနည်းတွေ၊ ပုံနာမည်ပေးနည်းတွေ နဲ့ပတ်သက်ပြီး အသေးစိတ် သိခဲ့ရပါတယ်။ နောက်ပြီး ကိုယ်က အခု ဒီ Project ကို ရေးပေးလိုက်ပေမယ့် နောင်တစ်ချိန် တစ်ခြားသူ ပြန်ကိုင်တဲ့အခါမှာလည်း နားလည်လွယ်အောင် Format ကျကျ ရေးနည်းတွေ ပိုပြီး သိခဲ့ရပါတယ်။

ညီမအတွက်  Challenge ဖြစ်ခဲ့တဲ့ အရာတွေကိုလည်း ထပ်ပြီး ပြောပြပေးချင်ပါတယ်။

Japanese Language
ညီမတို့ရုံးက Japan & Myanmar Company ဖြစ်တဲ့အတွက် Japan စကား လိုအပ်ပါတယ်။ ညီမ အလုပ်ဝင်တဲ့အချိန်တုန်းက အရမ်းကြီး မလိုအပ်ပေမယ့် နောက်ပိုင်း Japan ဘက်နဲ့ Data အပေးအယူတွေ လုပ်တဲ့အခါမှာ အရမ်းကို လိုအပ်လာပါတယ်။ အဲ့ဒီအတွက် ညီမအနေနဲ့ Japan စာက Language အသစ်ဖြစ်ပေမယ့် ကြိုးစားပြီး သင်ယူနေပါတယ်။

Amination
ညီမ Project တစ်ခုမှာ Amination လုပ်ခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်တုန်းက Amination စကိုင်ဖူးတာ ဖြစ်တဲ့အတွက်ရယ်၊ Milliseconds ကစပြီး အသေးစိတ်ဖြစ်တဲ့အတွက်ကြောင့် အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လုပ်ရင်းနဲ့ ပျော်ဖို့ကောင်းခဲ့ပါတယ်။

FB Post Design
ညီမအနေနဲ့ ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာမပါတဲ့အတွက် Design မဆွဲဘူးလို့ ဆုံးဖြတ်ထားပေမယ့် တစ်ခြားသူတွေ ဆွဲတာ မြင်တော့ ဆွဲချင်စိတ် ဖြစ်မိတဲ့အတွက် Facebook Post Design ကစပြီး ဆွဲကြည့်ခဲ့ပါတယ်။ စဆွဲဆွဲခြင်းမှာ ညီမအတွက် အရမ်းခက်ပါတယ်။ ဒါပေမယ့် ဆွဲရင်းနဲ့ Design ပိုင်းမှာ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

System Projects
ညီမအနေနဲ့ Static Page တွေ ရေးတာများတဲ့အတွက်ကြောင့် System Project တွေစကိုင်တုန်းက အရမ်းမလွယ်ကူခဲ့ပါဘူး။ နောက်ပိုင်းရေးပါများတော့ အလုပ်ကပဲ ညီမကို သင်ပေးသွားခဲ့ပါတယ်။

Presentation and Blog
ညီမတို့ရုံးမှာ တစ်ယောက်ချင်းစီ အလှည့်ကျ Presentation လုပ်ပြီး Blog ရေးရပါတယ်။ ညီမမှာ လူကြောက်တဲ့အတွက် Presentation လုပ်ရမှာ အရမ်းကို ကြောက်ခဲ့ပါတယ်။ မလုပ်လို့ကလည်း မရတဲ့အတွက် အစပိုင်းမှာ ကြောက်ပြီး အသံတုန်ပေမယ့် နောက်ပိုင်းမှာ အဆင်ပြေလာခဲ့ပါတယ်။ Blog ဆိုရင်လည်း အရင်က စာစီစာကုံးတောင် နှစ်မျက်နှာ အပြည့်မရေးဘူးတော့ စရေးတုန်းက ဘယ်လိုရေးရမလဲကို မသိဘူး ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် မြန်မာစာအရေးအသားလည်း အရင်ကထက် ပိုကောင်းလာပြီး စာလုံးပေါင်းသတ်ပုံတွေ မှန်လာခဲ့ပါတယ်။

ရုံးတွင်း တိုးတက်လာတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

Communication Skills
ညီမအရင်တုန်းက ကိုယ်ကစပြီး စကားစပြောဖို့ ဝန်လေးနေခဲ့ပါတယ်။ စကားစပြောပြီဆိုရင်လည်း တစ်ဖက်လူ စိတ်ကျေနပ်အောင် မပြောတတ်ဘူး။ အခုဆိုရင် Team Work နဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် Communication ပိုင်းမှာ ပိုပြီး တိုးတက်လာခဲ့ပါတယ်။

Management
Japan ဘက်က Project တွေကို လက်ခံယူရပြီး ပေးထားတဲ့ Due Date အတိုင်း ပေးနိုင်အောင် လုပ်ရတဲ့အတွက် Management ပိုင်းမှာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် Personal ကိစ္စတွေမှာလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့ပါတယ်။

Presentation Skills
တစ်ယောက်ချင်းစီ အလှည့်ကျ Presentation လုပ်ရတဲ့အတွက် Presentation Skill တွေ တိုးတက်လာခဲ့ပါတယ်။ နောက်ပြီး Presentation တင်ပြဖို့အတွက် ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကိုလည်း ရှာဖွေပြီး ဖတ်ရတဲ့အတွက် ပြင်ပဗဟုသုတတွေပါ တိုးတက်လာခဲ့ပါတယ်။

Positive Thinking
ညီမအနေနဲ့ အရင်က ဒေါသထွက်လွယ်တဲ့သူဖြစ်တဲ့အတွက် တစ်ခုခုဆိုရင် ဒေါသထွက်ပြီး Negative အရမ်းတွေးခဲ့ပါတယ်။ ရုံးက Positive တွေးနိုင်အောင် အလေ့အကျင့် ပေးပေးတဲ့အတွက် အခုနောက်ပိုင်းမှာဆိုရင် Personal ကိစ္စဖြစ်ဖြစ်၊ အလုပ်ကိစ္စဖြစ်ဖြစ် Positive အမြဲတွေးနိုင်လာခဲ့ပါတယ်။ နောက်ပြီး ကိစ္စတစ်ခုခုဖြစ်ပြီဆိုရင် တစ်ဖက်လူနေရာကနေ ဝင်ကြည့်ပြီး ကိုယ်ဆိုရင်ရော ဘယ်လိုဖြစ်မှာလဲဆိုပြီး တွေးပေးနိုင်လာခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ရုံးတွင်း Activities တွေကို ပြောပြပေးချင်ပါတယ်။

Mindfulness
ညီမတို့ရုံးမှာ တနင်္လာနေ့တိုင်း 15 မိနစ်ခန့် Mindfulness လုပ်ရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုကောင်းစေရန် ဖြစ်ပါတယ်။ ညီမတို့မှာ တစ်ခါတလေ အလုပ်ဖိအားလေးတွေရှိတဲ့အတွက် Mindfulness လုပ်နေစဉ်အတွင်းမှာတော့ စိတ်ကို လန်းဆန်းစေပါတယ်။

Thank You and Positive Thinking
တစ်ယောက်က တစ်ယောက်ကို အလုပ်ကိစ္စအတွက်ကြောင့်ဖြစ်ဖြစ်၊ Personal ကိစ္စကြောင့်ဖြစ်ဖြစ် ကျေးဇူးတင်ချင်ရင် Thank You Chat မှာ ကိုယ်ပြောချင်တဲ့သူကို ရေးပေးလို့ရပါတယ်။ နှုတ်ကနေပြောဖို့ ဝန်လေးနေရင်တောင်မှ စာလေးနဲ့ ကျေးဇူးတင်လို့ရပါတယ်။ ကျေးဇူးတင်ခံရတဲ့သူကလည်း နောင်တစ်ချိန် ပြန်ကြည့်တဲ့အခါမှာ ပီတိဖြစ်ရပါတယ်။ နောက်ပြီး Negative အတွေး လျော့ကျစေရန် ရည်ရွယ်ပြီး တစ်ပတ်တစ်ခါ အလှည့်ကျ Positive Thinking ကို Sharing လုပ်ပေးရပါတယ်။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် အမြဲတမ်း အကောင်းဖက်ကနေ တွေးတောနိုင်လာပါတယ်။

Presentation and Blog
ညီမတို့ရုံးမှာ တစ်ယောက်ချင်းစီ အလှည့်ကျ Presentation လုပ်ပြီး Blog ရေးရပါတယ်။ Title မသတ်မှတ်ထားပဲ ကိုယ်ကြိုက်တဲ့ခေါင်းစဉ် နည်းပညာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အကြောင်းအရာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ Blog ရေးတဲ့အခါမှာလည်း မြန်မာစာအရေးအသား တိုးတက်စေရန် ရည်ရွယ်ပြီး မြန်မာလို ရေးရပါတယ်။

Japanese
အလုပ်ချိန် ပြင်ပမှာ Japan စာ Level တူတွေစုပြီး Japan စာ လေ့လာကြပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိ လေ့လာပြီးသွားရင်တော့ စာမေးပွဲ စစ်ပေးပါတယ်။ အဲ့ဒီလို လုပ်ပေးခြင်းအားဖြင့် အသစ်တွေ မလေ့လာဖြစ်ရင်တောင် ရပြီးသားကို မမေ့သွားစေပါဘူး။

Member Birthday
ရုံးက Member တစ်ယောက်ချင်းစီရဲ့ အလုပ်စဝင်တဲ့နေ့ကို မှတ်ထားပြီး နှစ်ပတ်လည် အထိမ်းအမှတ် တွေကိုလည်း လုပ်ပေးပါတယ်။ အဲ့ဒီလိုနေ့တွေမှာ ပျော်စရာကောင်းပြီး စကားတွေအမျာကြီး ပြောရတဲ့အတွက် ရင်းနှီးမှုပိုရစေပါတယ်။

Friday Party
Work From Home လုပ်တာ ကြာပြီဖြစ်တဲ့အတွက် ဝန်ထမ်းတွေအချင်းအချင်း ရင်းနှီးမှုပိုရစေရန် ရည်ရွယ်ပြီး လတစ်လရဲ့ နောက်ဆုံအပတ် သောကြာနေ့လိုမျိုးမှာ အဖွဲ့ဝင်တွေစုပြီး HR Team မှ ပေးထားတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်အမြင် သူ့အမြင်တွေကို ဖလှယ်ကြပါတယ်။ အဲ့ဒီလို လုပ်ပေးခြင်းအားဖြင့် ရင်းနှီးမှု ပိုရပြီး ညီမအနေနဲ့ အလုပ်ဖိအားကိုလည်း လျော့ကျသွားစေပါတယ်။

General Assembly
6 လတစ်ကြိမ် ပြုလုပ်ပေးတဲ့ ပွဲလေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 6 လရဲ့ အတွေ့အကြုံ၊ Feedback တွေကို Sharing လုပ်ပေးပြီး နောက် 6 လအတွက် အရင် 6 လရဲ့ Feedback တွေကိုကြည့်ပြီး သက်ဆိုင်ရာ Group Leader တွေကနေမှ ပိုကောင်းတဲ့ အစီအစဉ်တွေကို စီစစ်ပြီး Sharing လုပ်ပေးပါတယ်။ ပြီးခဲ့တဲ့ 6 လရဲ့ သက်ဆိုင်ရာ ဆုတွေကိုလည်း ချီးမြှင့်ပေးပါတယ်။ နောက်ပြီး Game အစီအစဉ်လည်း ပါပါတယ်။

ညီမအတွက် ၂ နှစ်ဆိုတဲ့အချိန်ကာလတစ်ခုက ဒီရုံးမှာ အလုပ်လုပ်နေစဉ်အတွင်း အများကြီး တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အချင်းအချင်း နားလည်ပေးပြီး အလုပ်ဖိအားလည်း မရှိတဲ့အတွက် အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဒီရုံးက Member တွေနဲ့ လက်တွဲပြီး အလုပ်လုပ်သွားချင်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အမှားပါခဲ့ရင်လည်း ဖြည့်စွက်ပြီး ဖတ်ပေးဖို့ တောင်းဆိုပါတယ်။ အဆုံးထိ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *