Work Style

ATZone Introduction

အားလုံးပဲမင်္ဂလာပါ
ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ATZone လို့ အမည်ရတဲ့ web application အကြောင်းလေးပဲဖြစ်ပါတယ်ရှင့်။

ရုံးတွေမှာ ဝန်ထမ်းတွေရဲ့ အဝင်အထွက်စာရင်းကို ဘယ်လိုမျိုး record လုပ်လေ့ရှိပါသလဲရှင့်။
စာအုပ်တွေမှာ အဝင်အထွက်အတွက် လက်မှတ်ထိုးပြီး မှတ်တမ်းယူနေတုန်းပဲလား။ Technology တွေမြင့်လာတာနဲ့အမျှ ရုံးတော်တော်များများကတော့ Fingerprint စက်တွေ Staff Id Barcode ပါဝင်တဲ့ card တွေအသုံးပြုပြီး ဝန်ထမ်းတွေရဲ့ ဝင်ချိန်ထွက်ချိန်ကို မှတ်တမ်းယူလာကြပါတယ်။

ဝန်ထမ်းတွေရဲ့ အဝင်အထွက် အချိန်စာရင်းကို ယူရတာက ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အလုပ်လုပ်ချိန်ကို မှတ်တမ်းယူရုံသာမက ဝန်ထမ်းတွေရဲ့လစာတွက်ပေးဖို့ပါ အဓိက ဖြစ်တဲ့အတွက်ကြောင့် အလုပ်ချိန်တွေကို သေချာ management မလုပ်နိုင်ရင် ဝန်ထမ်းတွေရဲ့ လစာတွက်ချက်မှုတွေမှာ အဆင်မပြေဖြစ်လာနိုင်တဲ့ အတွက် ရုံးလုပ်ငန်းတစ်ခုမှာတော့ ဝန်ထမ်းတွေရဲ့ အဝင်အထွက်စာရင်းက အရေးကြီးတာ အားလုံးအသိပါပဲရှင့်။

ဒါပေမယ့် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် အိမ်မှာ အလုပ်လုပ်မှ ဖြစ်လာမယ့်အချိန်မျိုးမှာ မိတ်ဆွေတို့အနေနဲ့ မိမိတို့ရုံးက ဝန်ထမ်းတွေရဲ့ အဝင်အထွက် အချိန်စာရင်းကို ဘယ်လိုမျိုးမှတ်တမ်းယူဖို့ စီမံထားပါသလဲရှင့်။ အထူးနမူနာယူစရာကတော့ အခုလို Covid-19 ကူးစပ်ရောဂါ ပျံ့ပွားနေချိန်မှာပေါ့နော်။

ညီမတို့ Spiceworks Myanmar Company မှာ Covid-19 ကြောင့် work from home စတင်လည်ပတ်ထဲက ATZone ဆိုတဲ့ application လေးကိုစတင်အသုံးပြုခဲ့ပါတယ်ရှင့်။
ဒါကြောင့် အားလုံးလည်း စိတ်ဝင်စားမယ်ထင်လို့ ညီမတို့ရုံးမှာ အသုံးပြုနေတဲ့ ATZone application ကိုမိတ်ဆက်ပေးချင်ပါတယ်။

ATZone application လေးကို အသုံးပြုတော့မယ်ဆိုရင် မိမိတို့ရဲ့ကွန်ပျူတာမှာ အရင် installation ပြုလုပ်ပေးရပါမယ်။ ကိုယ့်ရဲ့ အိပ်ရာထဲကနေ application ကို အသုံးမပြုစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ရယ် ကိုယ့်ရဲ့လုပ်ငန်းစတင်မည့် ကွန်ပျူတာကို စဖွင့်ပြီးမှ အသုံးပြုစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် Mobile Application တော့မထုတ်ထားပါဘူးရှင့်။

ကဲ installation ပြီးသွားရင်တော့ application လေးကိုဖွင့်ပြီး မိမိတို့ စတင်အလုပ်လုပ်မည်ဆိုပါက Start Working ခလုတ်လေးကို နှိပ်ပေးရပါမယ်ရှင့်။ Start Working ခလုတ်လေးကို တစ်ရက်မှာ တစ်ကြိမ်သာ နှိပ်ခွင့်ရှိပါတယ်။
တစ်ရက်တာ အလုပ်ချိန်ပြည့်ပါက Stop Working ခလုတ်ကိုပိတ်ပြီး အလုပ်သိမ်းလို့ရပါပြီ။ Stop Working ကိုလည်း တစ်ရက်မှာ တစ်ကြိမ်သာ နှိပ်ခွင့်ရှိပါတယ်ရှင့်။
တစ်နေ့တာ အလုပ်လုပ်နေချိန်မှာ ATZone Application လေးကို hide လုပ်ထားလို့လည်းရတဲ့အတွက် ကိုယ်ရဲ့ PC screen မှာ အနှောင့်အယှက် ဖြစ်မှာကိုလည်း ပူစရာမလိုဘူး။

အထူးသဖြင့် ATZone မှာ ဝန်ထမ်းတွေရဲ့ လစာတွက်ရာမှာ အဆင်ပြေစေရန် ဝင်ချိန်ထွက်ချိန်စာရင်းကို Excel နှင့် အလွယ်တကူပြန်လည်ထုတ်ကြည့်လို့ရပါတယ်။ Overtime အချိန်တွက်ဆိုရင်တော့ မိမိတို့ ရုံးကသတ်မှတ်ထားတဲ့ အလုပ်လုပ်ချိန်ထက်ကျော်လွန်ပြီးမှ Stop working ခလုတ်နှိပ်ပါက Overtime အလုပ်လုပ်ချိန်ကိုလည်း Auto ထုတ်ပေးထားတဲ့အတွက် ဝန်ထမ်းတစ်ယောက်ချင်းစီကို ခေါင်းရှုပ်ခံပြီး လိုက်တွက်နေစရာမလိုတော့ပါဘူးရှင့်။
အခုလို Covid-19 အချိန်မှာတောင် ညီမတို့ Spiceworks Myanmar မှာကတော့ member တွေရဲ့ အလုပ်ချိန် အဝင်အထွက်အတွက် ATZone application လေးနဲ့ အဆင်ပြေနေတဲ့အကြောင်းလေး ဝေမျှပေးရင်း ဒီမှာပဲ အဆုံးသတ်လိုက်မယ်နော်။

မိတ်ဆွေတို့ရုံးမှာကော Attendance Record အတွက် ဘယ်လိုမျိုး စီမံခန့်ခွဲနေလည်းဆိုတာ တခြားလူတွေလည်း ဗဟုသုတရအောင်ဝေမျှပေးခဲ့ကြပါဦးရှင့်။
ATZone လေးကို စိတ်ဝင်စားလို့ အသေးစိတ်သိချင်တဲ့ မိတ်ဆွေတွေရှိရင်လည်း ညီမတို့ Spiceworks Myanmar Company ကိုအချိန်မရွေး ဆက်သွယ်ဖို့မမေ့ပါနဲ့နော်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *