Life Style

အပြောင်းအလဲများနဲ့ (၄) နှစ်တာ

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar Company တွင် Administrator အဖြစ် လုပ်ကိုင်လျက်ရှိသော မအိဖြိုးမွန် ဖြစ်ပါတယ်။ ကျွန်မ ဒီကုမ္ပဏီမှာ အလုပ်ရခဲ့ပြီးနောက် ပြောင်းလဲလာခဲ့သောအရာများ၊ တိုးတက်လာခဲ့သော လုပ်ငန်းပိုင်းဆိုင်ရာပညာရပ်များနှင့် ပြုပြင်ပြောင်းလဲနိုင်ခဲ့သော စိတ်နေစိတ်ထားများကိုပါ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်သည့်အနေဖြင့် ယခုတပတ်ဘလော့ခ်တွင်  ဖတ်ရှုကြရမှာ ဖြစ်ပါတယ်ရှင့်။

ကုမ္ပဏီမှာ (၄) နှစ်ကြာဖြတ်သန်းပြီးတဲ့နောက် တိုးတက်လာသောအရာများအနေနဲ့ကတော့

(က) မိမိကိုယ်ကို ယုံကြည်မှုရှိလာခြင်း။

(ခ) ရုံးတက်ချိန် နောက်ကျမှုနည်းလာခြင်း (အချိန်ကိုလေးစားတတ်လာခြင်း)။

(ဂ) အလုပ်လုပ်ရာတွင် Task Management များဖြင့် သေသေချာချာလုပ်ကိုင်တတ်လာခြင်း။

(ဃ) Self Concentration ပိုကောင်းလာတာနှင့်အမျှ အလုပ်ပြီးစီးမှု မြန်ဆန်လာခြင်း။

(င) Self-Management Skill တိုးတက်လာခြင်း။

(စ) Video Editing နှင့်ပတ်သက်သည့် ပညာရပ်များကို လေ့လာခဲ့ရခြင်း။

(ဆ) ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှု၊ စည်းကမ်းများနှင့် နည်းပညာများကို လေ့လာခွင့်ရရှိခဲ့ခြင်း။

(ဇ) တာဝန်ယူမှုအသစ်များကို  မိမိလုပ်နိုင်တယ်လို့ ယုံကြည်နေပြီး ကြိုးစားချင်စိတ်ရှိလာခဲ့ခြင်း။

(ဈ) မိမိသိရှိထားသော ဗဟုသုတများအတွက် ပြန်လည်ရှင်းပြနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရခြင်း။

(ည) မိမိ၏ အပြုအမူကြောင့် သူတစ်ပါးအနှောင့်အယှက် မဖြစ်ရအောင် သတိထားနေထိုင်ခြင်းများအပြင်

(ဋ) အရင်ထက်ပိုပြီး အကောင်းမြင်စိတ်များဖြင့် နေထိုင်ရင်း ဖေးမကူညီမှုများ၊ ပရဟိတလုပ်ငန်းများတွင် ကူညီခြင်းဖြင့် မိမိကိုယ်ကိုပြောင်းလဲခွင့်ရရှိခဲ့ပါတယ်။

Change in 4 years
Change in 4 years

ကုမ္ပဏီသို့ ဝင်ရောက်သည့်အချိန်တွင် စာရင်းပိုင်းနှင့်ပတ်သက်သော ပညာရပ်များ၊ အစိုးရရုံုးများနှင့် ဆက်သွယ်ရသောလုပ်ငန်းပိုင်းဆိုင်ရာများ၊ Blog များ ရေးသားခြင်း၊ Vlog ဖန်တီးမှုပညာရပ်များ၊ Self- Management &Task Management ကောင်းမွန်စေရန် လေ့လာခြင်းများ၊ ဂျပန်ဘာသာဖြင့် ကောင်းစွာ communication လုပ်နိုင်ရန်အတွက် သင်ယူမှုများ၊ တနင်္လာနေ့တိုင်းတွင် Knowledge Sharing များအတွက် စတင်လေ့လာခွင့်ရရှိခဲ့ခြင်းက ကျွန်မအတွက် စိန်ခေါ်မှုအသစ်များဖြစ်ပြီး ထိုအရာများနှင့်အတူ တိုးတက်ခြင်းရဲ့ လမ်းကြောင်းပေါ်သို့ ရောက်မှန်းမသိရောက်ရှိလာခဲ့ပါတော့တယ်။ ထို့အပြင် Presentation ကောင်းများ ဖန်တီးနိုင်ရန်အတွက်လည်း လေ့လာဖြစ်ခဲ့ပါသေးတယ်။ မိမိ၏ တိုးတက်မှုအခြေအနေများကို Self Planning Sheet များဖြင့် (၆) လတစ်ကြိမ် ရေးခဲ့ခြင်းဖြင့် အလုပ်ပြီးမြောက်မှုနှင့် လိုအပ်နေသောအရာများကို ပြန်လည်သုံးသပ်ခွင့်ရရှိခဲ့ပါတယ်ရှင့်။

ယခုအချိန်ကဲ့သို့ ဝန်ထမ်းများအားလုံး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်နေစေရန်အတွက် အောက်ပါနည်းလမ်းများစွာဖြင့် အတူတူ ကြိုးစားဖြစ်ခဲ့ပါတယ်။

(1) Invisible Communication

မိမိတို့နှစ်သက်သော ပစ္စည်းများအား အချင်းချင်း လဲလှယ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးခဲ့ရခြင်း။

(2) Trip

ပထမအကြိမ်တွင် ပုဂံ၊ ဒုတိယအကြိမ်တွင်  ငပလီ၊ တတိယအကြိမ်တွင် တောင်ကြီး၊ အင်းလေး၊ ကလော စသည့် ခရီးစဉ်များသို့ သွားရောက်ခဲ့ခြင်းကလည်း အချင်းချင်း ပိုမိုစည်းလုံးမှုရရှိစေရန်အတွက် များစွာအထောက်အကူရရှိခဲ့ကြပါတယ်။

(3) Comments

(၆)လတစ်ကြိမ် မိမိတို့၏လိုအပ်ချက်များ၊ ပြုပြင်ရမည့်အချက်များကို ပြင်ဆင်နိုင်ရန်အတွက် ဝန်ထမ်းအချင်းချင်း  Comments ပေးရခြင်းတို့ကြောင့် ကျွန်မ၏လိုအပ်ချက်များကို သိရှိခွင့်ရပြီး ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက် ပိုမိုတိုးတက်စေခဲ့ပါတယ်။

နောက်တစ်ခုအနေနဲ့ကတော့ (၃)လတစ်ကြိမ် ပုံမှန်ပြုလုပ်ဖြစ်တဲ့ Charity ပဲဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာများ၊ မျက်မမြင်ကျောင်းများ၊ မိဘမဲ့ကျောင်းများအပြင် သံဃာတော်များပင့်ဖိတ်ပြီး အလှူအတန်းများပြုလုပ်ဖြစ်ခဲ့ခြင်းက ကောင်းမွန်သော နေရာကောင်းတစ်ခုအဖြစ်လည်း ဖန်တီးနိုင်ခဲ့ကြပါတယ်။

ဖန်တီးမှုစွမ်းရည်များဖြင့် ပြည့်နေသော Spiceworks Myanmar တွင် ကျွန်မ အနှစ်သက်ဆုံးအရာမှာ Internal Group အလိုက်ဖွဲ့စည်းထားသော SPWM Library မှာ အောင်မြင်ကျော်ကြားသူတို့၏ အတ္ထုပတ္တိများ၊ ကျန်းမာရေး၊ သုတ ရသစာပေများ၊ တိုးတက်ရေးနည်းပညာစာအုပ်များ ထားရှိပေးပြီး မိမိဖတ်လိုသော စာအုပ်များငှားယူနိုင်ခြင်းက အကောင်းမွန်ဆုံးပါ။

 

Change in 4 years
Change in 4 years

ထိုကဲ့သို့များစွာသော အကြောင်းအရာ၊ အထက်လူကြီး၏ လမ်းညွှန်သွန်သင်မှု၊ ဝန်ထမ်းများအချင်းချင်း မမျှော်လင့်ခဲ့သော အထောက်အပံ့ကောင်းများစွာ ရရှိစေခဲ့တာကြောင့် ကျွန်မ၏ (၄)နှစ်တာအချိန်အတွင်းမှာ  မိမိဘဝတိုးတက်မှုအခြေအနေနှင့် အကျိုးကျေးဇူးများအပြင် လူတော်လူကောင်းတစ်ယောက်ဖြစ်လာစေရန်အတွက် ပိုမိုအားတက်စေခဲ့ပါတယ်ရှင့်။

စာဖတ်သူများအနေဖြင့်လည်း မိမိတို့၏ အရည်အချင်းများကို  အကျိုးရှိစွာ အသုံးချပြီး လူတော်၊ လူကောင်းများဖြစ်လာစေဖို့ အတူတူ ကြိုးစားကြရအောင်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *