Others

Customer Service

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant Position ဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော မလဲ့ရည်ဖြိုး ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီသည် Web Design & Development Production Company တစ်ခုဖြစ်ပြီး Japan & Myanmar Company တစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီတွင် Design Team နှင့် System Team အပြင် Internal Team များအဖြစ် HR Team, Maintenance Team, Education Team နှင့် Marketing Team ဟူ၍ အဖွဲ့အစည်း (၄) ခု ဖြင့် ဖွဲ့စည်းထားတာကြောင့် ယခုလက်ရှိမှာတော့ ကျွန်မက HR Team ၏ Team Leader တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာဆိုရင် တစ်ဦးတစ်ယောက်ချင်းစီက ရေးသားထားသော Blog များကိုအပတ်စဉ်တိုင်း မျှဝေပေးလေ့ရှိတာကြောင့် ကျွန်မတို့ Spiceworks Myanmar Website သို့မဟုတ် Spiceworks Myanmar Facebook Page တွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။ ထို့ကြောင့် ဒီတစ်ပတ်မှာတော့ ကျွန်မက ယခု Blog မှာ Customer Service နှင့် ပက်သတ်၍ အခြေခံအားဖြင့် သိထားသင့်သော အကြောင်းအရာများကို ကျွန်မ လေ့လာထားရသလောက်ကို တစ်ဆင့်ပြန်လည် မျှဝေပေးသွားချင်ပါတယ်။
ပထဆုံးအနေနဲ့ Customer (ဖောက်သည်) ဆိုတာ ဘာလဲဟုဆိုလျှင် လူတစ်ဦးတစ်ယောက်ချင်းမှဖြစ်စေ၊ အဖွဲ့အစည်းမှဖြစ်စေ ထိုသူတို့၏ လိုချင်မှု၊ လိုအပ်မှုအပေါ် အခြေခံ၍ ကျွန်မတို့၏ ထုတ်ကုန်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ သို့မဟုတ် နှစ်ခုလုံးကိုဖြစ်စေ အခကြေးငွေဖြင့် ပေးချေပြီး ဝယ်ယူခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ကြသူများဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။
ဆက်လက်၍ Service (ဝန်ဆောင်မှု) ဆိုတာ ဘာလဲဟုဆိုရလျှင် ကျွန်မတို့၏ လုပ်ငန်း သို့မဟုတ် ထုတ်ကုန်များကို customer (ဖောက်သည်) များက လဲလှယ်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ကြမှုတွင် ထိုသူတို့၏ လိုချင်မှု၊ လိုအပ်မှုအပြင် ထိုသူတို့ လဲလှယ်ပေးချေလိုက်သော အခကြေးငွေတန်ဖိုးထက်မလျော့သော စိတ်ကျေနပ်မှုမျိုးအပြင်၊ ပိုသော စိတ်ကျေနပ်မှုမျိုးရရှိအောင် ဂရုစိုက်မှုမျိုး ပြန်လည်၍ ဝန်ဆောင်မှုပေးရခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ဟု ခေါ်ဆိုနိုင်ပါတယ်။ Customer တွေ နှင့် ကျွန်မတို့ စီးပွားရေးလုပ်ငန်းများက အပြန်အလှန် အကျိုးသက်ရောက်နေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ လုပ်ငန်းဝန်ဆောင်မှုများ သို့မဟုတ် စီးပွားရေးထုတ်ကုန်များ ရောင်းရာတွင် Customer များက အဓိက မရှိမဖြစ် အရေးပါသော သူတွေသာ ဖြစ်ပါတယ်။
ဆက်လက်၍ ကျွန်မတို့ Customer Service (ဖောက်သည်ဝန်ဆောင်မှု) အကြောင်းကို အခြေခံအားဖြင့် သိရှိသွားပြီဆိုတော့ ကျွန်မတို့ စီးပွားရေးထုတ်ကုန်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုံမှန်အားဖြင့် အမြဲတွေ့ကြုံနေကြရသော Customer အမျိုးအစား‌အကြောင်းကိုလည်း အနည်းငယ် မျှဝေပေးချင်ပါတယ်။ ကျွန်မတို့ ဝန်ဆောင်မှုလုပ်လုပ်ငန်းတိုင်းတွင် ပုံမှန်အားဖြင့် Customer အမျိုးအစား‌ (၄) မျိုး ရှိကြပါတယ်။ ပထမ Customer အမျိုးအစားကတော့
(1) First Customer (ပထမဦးဆုံး ဖောက်သည်)
First Customer (ပထမဦးဆုံး ဖောက်သည်) ဆိုတာ ကျွန်မတို့လုပ်ငန်းများအကြောင်း၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအကြောင်းတို့ကို ကျွန်မတို့ လုပ်ငန်းနှင့် တိုက်ရိုက်သော်လည်းကောင်း၊ တဆင့်စကားကြောင့်သော်လည်းကောင်း သိရှိပြီး သို့မဟုတ် လုံးဝသိရှိထားခြင်းမရှိဘဲ လမ်းကြုံ၍ဖြစ်စေ၊ အလျင်းသင့်၍ဖြစ်စေ၊ အရေးပေါ်လိုအပ်၍ဖြစ်စေ မိမိတို့ထံ စတင်ရောက်ရှိလာသော First Customer (ပထမဦးဆုံး ဖောက်သည်) များ ဖြစ်ပါတယ်။ ဆက်လက်၍ ဒုတိယ Customer (ဖောက်သည်) အမျိုးအစားကို မျှဝေပေးချင်ပါတယ်။
(2) Repeat Customer (ထပ်လာ ဖောက်သည်)
ကျွန်မတို့ရဲ့ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအကြောင်းကို သိရှိကြိုက်နှစ်သက်ပြီး စိတ်ကျေနပ်မှုရရှိသွားသည့် Customer (ဖောက်သည်) များသည် ကျွန်မတို့ထံသို့ နောက်ထပ် ပထမအကြိမ်မှ ဒုတိယအကြိမ်၊ ဒုတိယအကြိမ်မှတတိယအကြိမ်၊ ထပ်ခါထပ်ခါ လာရောက်အားပေးသည့်သူများက Repeat Customer (ထပ်လာ ဖောက်သည်) များဖြစ်ပါတယ်။ ဆက်လက်၍ တတိယ Customer (ဖောက်သည်) အမျိုးအစားကို မျှဝေပေးပါမည်။
(3) Regular Customer (ပုံမှန်ဖောက်သည် သို့မဟုတ် အမြဲတမ်းဖောက်သည်)
ကျွန်မတို့လုပ်ငန်းအတွက် အရမ်းယုံကြည် အားကိုး မှီခိုနေရမည့် ဖောက်သည် အမျိုးအစားအဆင့်၊ ကျွန်မတို့ လုပ်ငန်းများ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ဖောက်သည်များအနေဖြင့် ၎င်းတို့၏ စိတ်ကျေနပ်မှုအဆင့် Satisfied တိုးမြင့်လာမှုကြောင့် ၎င်းတို့ကိုယ်တိုင်ပင် နှုတ်တဆင့်စကားဖြင့် မိမိတို့လုပ်ငန်း First Customer ပေါင်းများစွာအား သယ်ဆောင်လာပေးနိုင်သည့် Regular Customer (အမြဲတမ်းဖောက်သည်) အဆင့် ဖြစ်ပါတယ်။ ဆက်လက်၍ Loyal Customer (သစ္စာရှိဖောက်သည်) အကြောင်းကို မျှဝေချင်ပါတယ်။
(4) Loyal Customer (သစ္စာရှိ ဖောက်သည်)
First Customer အဆင့်ဆင့်မှသည် ကျွန်မတို့၏ လုပ်ငန်းဝန်ဆောင်မှုများကို ကြိုက်နှစ်သက်ပြီး စိတ်ကျေနပ်မှု၊ ယုံကြည်မှု အပြည့်အဝရှိကြသူများ ဖြစ်ကြပါတယ်။ ထိုသူတို့ကို စီးပွားဖက်ဖောက်သည်များ သို့မဟုတ် သစ္စာရှိ ဖောက်သည်များက ကျွန်မတို့လုပ်ငန်းများကို ထိုသူတို့ပိုင်သည့် လုပ်ငန်းကဲ့သို့ သဘောထားပေးနိုင်သည့် ဖောက်သည်များဟုလည်း ခေါ်ဆိုနိုင်ပါတယ်။ Customer အမျိုးအစားတွေများထဲမှ ထိုအဆင့်ရောက်ဖို့ဆိုလျှင် အထက်ပါ First Customer အဆင့်ကစတင်ပြီး အဆင့်ဆင့် Loyal Customer မျိုးများကို ပိုင်ဆိုင်နိုင်အောင် Customer များအပေါ် အထူး ဂရုစိုက် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆက်လက်၍ ကျွန်မတို့ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ အခန်းတွင် ပါဝင်နေသော Customer တစ်ယောက် Product တစ်ခုခုကို ဝယ်မည် သို့မဟုတ် Service တစ်ခုခုကို ငှားရမ်းမည် ဆိုလျှင် ဘယ်လိုအဆင့်တွေအလိုက် အဆင့်ဆင့် စဉ်းစားလဲဆိုတဲ့ Process ကို မျှဝေသွားချင်ပါတယ်။(1) Need Recognition Process
Customer Buying Process တွင် ဒီ Need Recognition အဆင့်ကတော့ Buying Process ၏ ပထမဦးဆုံးအဆင့်ဖြစ်ပြီး ကျွန်မတို့ Customer များ ထိုသူတို့ကိုယ်တိုင် မိမိတို့ ဘာကို လိုချင်လဲ၊ ဘာကို လိုအပ်လဲ ဆိုတာကို ကိုယ်တိုင်သိအောင်‌ ‌ဆောင်ရွက်တဲ့အဆင့် ဖြစ်ပါတယ်။
(2) Information Search Process
Information Search Process အဆင့်မှာ အထက်ပါအဆင့်ကို ဆောင်ရွက်ပြီးလျှင် ထိုသူတို့ စတင်ရွေးချယ်ရန် လုပ်ငန်းနှင့် ပတ်သက်၍ အချက်အလက်များ၊ ထုတ်ကုန်နှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်၊ ဝန်ဆောင်မှု၊ ဈေးနှုန်း အစရှိသဖြင့် အကြောင်းအရာများ၊ တခြားသူတွေကရော ဘယ်ဈေးတွေနဲ့ရောင်းလဲ၊ ဘယ်လို ဝန်ဆောင်မှုတွေပေးလဲ စသဖြင့် အရင် experience ကြောင့်ဖြစ်စေ၊ Social advertising က ဖြစ်စေ၊ တစ်ယောက်စကား တစ်ယောက်ဆီက လုပ်ငန်း သို့မဟုတ် ထုတ်ကုန်နှင့်ပက်သက်၍ Information Search Process လုပ်ဆောင်ကြတဲ့ အဆင့် ဖြစ်ပါတယ်။
(3) Evaluation of Alternatives Process
Evaluation of Alternatives Process မှာဆိုလျှင် အထက်မှာ သိထားသမျှ အကြောင်းအရာတွေကို Customer များက ထိုသူတို့ နှင့် သင့်လျော်လား၊ မသင့်လျော်လား၊ ဝယ်နိုင်လား၊ မဝယ်နိုင်လား စတင်စဉ်းစားဆုံးဖြတ်ကြမည့် အဆင့်ဖြစ်ပါတယ်။
(4) Purchase Decision Process
Purchase Decision Process တွင် အထက်ပါ အဆင့်ဆင့်တွေကို Customer များက ကျော်ဖြတ်လာပြီး ဒီ Process ကို ရောက်ပြီဆိုလျှင် Customer များက ဝယ်ရန် သို့မဟုတ် ငှားရန် ဆုံးဖြတ်ချက်ချပြီး စတင်ဝယ်ယူ သုံးစွဲပါပြီ။
(5) Post Purchase Behavior Process
နောက်ဆုံး Post Purchase Behavior Process ကတော့ အထက်ပါအဆင့်ဆင့်တွေကို Customer များက လုပ်ဆောင်လာခဲ့ပြီး ကျွန်မတို့ ထုတ်ကုန် တစ်ခုခု သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခူ အသုံးပြုလိုက်ပြီး ထို Customer များက ကြိုက်နှစ်သက်မည်၊ စိတ်ကျေနပ်မှုရရှိသွားမည် ဆိုလျှင် Good Feedback များကို ကျွန်မတို့ Customer များဆီမှ ရရှိမည်။ ထိုအချိန်မှာပင် Customer များက ကျွန်မတို့၏ ဝန်ဆောင်မှု တစ်ခုခု ကို ထိုသူတို့ မကြိုက်နှစ်သက်ပါက Bad Feedback များ ကျွန်မတို့ လက်ခံရရှိနိုင်ပါသည်။ ထို့ကြောင့်‌ ‌လေ့လာကြည့်ရလျှင် ကျွန်မတို့ စီးပွားရေးလုပ်ငန်းများတွင် Customer အမျိုးမျိုးရှိကြပြီး ထိုသူတို့၏ စိတ်သဘောထားများလည်း မတူနိုင်ကြပေ။ ထို့ကြောင့် ကျွန်မတို့ စီးပွားရေးလုပ်ငန်းများက Customer များမရှိလျှင် ‌ရေရှည်မရပ်တည်နိုင်တာကြောင့် Customer များအကြောင်းကို လေ့လာထားရန် လိုအပ်ပြီး Customer များ၏ သဘောသဘာဝကိုလည်း နားလည်ထားဖို့လည်း လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။
ကျွန်မသိထားသလောက် မျှဝေပေးလိုက်သော Customer Service အကြောင်း Blog ကို ဖတ်ရှုလိုက်ရလို့ အကျိုးတစ်စုံတစ်ရာမရလျှင်တောင်မှ ဗဟုသုတ အနည်းငယ်မျှ ရပါတယ်လို့ ဆိုနိုင်ရင်ဖြင့် ‌ရေးသားမျှဝေရကျိုးနပ်ပါပြီ။

Hello