Design

Email Marketing

အားလုံးပဲ မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar မှာ Web Designer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ခင်ရတနာအောင် ဖြစ်ပါတယ်ရှင့်။ ဒီတစ်ပတ်မှာတော့ ညီမက marketing နဲ့ ပတ်သက်ပြီး ညီမလေ့လာမိသလောက် မျှဝေသွားမှာ ဖြစ်ပါတယ်။

Marketing ဆိုတဲ့စကားလုံးကို လူတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။ Marketing ဆိုတာက ကိုယ့်လုပ်ငန်း လူသိများလာဖို့၊ brand awareness ရလာဖို့ အသုံးပြုတဲ့ နည်းဗျူဟာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လုပ်ငန်းတိုင်းက digital marketing ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ တွေ့ရပါတယ်။ Digital marketing လို့ဆိုရာမှာ social media marketing, search engine marketing, email marketing စသည်ဖြင့် platform မျိုးစုံ ပါဝင်ပါတယ်။

ဒီblog မှာတော့ Email marketing နဲ့ ပတ်သက်ပြီး ဆွေးနွေးမျှဝေသွားချင်ပါတယ်။ Email marketing ဆိုတာက ကိုယ့်လုပ်ငန်းရဲ့ products တွေ၊ services တွေကို email ကနေတစ်ဆင့် ကြော်ငြာခြင်း ဖြစ်ပါတယ်။

Email marketing မှတစ်ဆင့် ကိုယ့် customers တွေ၊ clients တွေကို ကိုယ့်လုပ်ငန်းရဲ့ servicesတွေ၊ အစီအစဉ်တွေ၊ promotion တွေအကြောင်း သတင်းစကားပါးအပ်လို့ရပါတယ်။

Customers တွေနဲ့ email ကနေတစ်ဆင့် တိုက်ရိုက်ထိတွေ့နိုင်တာဖြစ်တာကြောင့် ကောင်းမွန်တဲ့ customer relationship တစ်ခုကိုလည်း ဖန်တီးခွင့်ရနိုင်ပါတယ်။ ဥပမာ sign up or subscribe လုပ်တဲ့အခါ welcome email ပို့ပေးတာမျိုး၊ restaurant တွေဆို customers ‌တွေရဲ့ birthday မှာ birthday wish နဲ့ ဆိုင်ကို လာရောက်ဖို့ ဖိတ်ခေါ်တာမျိုး စတဲ့ နည်းလမ်းတွေနဲ့ customer relationship ကို ဖန်တီးလို့ ရပါတယ်။

Email marketing ကနေ ရောင်းအားတက်အောင်လည်း လုပ်ဆောင်လို့ ရပါတယ်။ Customer တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်ကြိုက်တဲ့ brand တွေရဲ့ website တွေကိုတောင် အမြဲမကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ brand တွေဆို sign up or subscribe လုပ်ထားတတ်ပါတယ်။ ကိုယ်က လိုအပ်လို့ သွားကြည့်ပြီး ဝယ်တာရှိသလို တစ်ခါတစ်ရံ သူတို့ရဲ့ email marketing အနေနဲ့ ပို့လာတဲ့ Promotion email ကနေတစ်ဆင့် ဝယ်ဖြစ်တာတွေလည်း ရှိပါတယ်။ Promotion email တွေအပြင် တစ်ခါတစ်ရံ ဝယ်မယ်ဆိုပြီး add to cart လုပ်ပြီး မေ့သွားတဲ့အခါ ဝယ်တဲ့ process မပြီးသေးကြောင်း၊ cart ထဲမှာ ကိုယ်ဝယ်မယ့်ပစ္စည်းတွေ ရှိနေသေးကြောင်း အကြောင်းကြားသတိပေးတဲ့ email တွေကလည်း ရောင်းအားတိုးတက်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရောင်းအားတက်ဖို့ဆိုရင် email marketing ကို အသုံးပြုပြီး strategy ကောင်းကောင်းနဲ့ marketing လုပ်မယ်ဆိုရင် brand ပိုကောင်းတဲ့ ရလဒ်တွေ၊ ရောင်းအားတိုးတက်မှုတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

Email marketing ရဲ့ အသုံးဝင်မှု၊ အရေးပါမှုတွေကို သိပြီဆိုတော့ ညီမက Mailchimp ရဲ့ Email marketing features တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

Website ပုံစံ email ပို့နည်းကို ရှင်းပြထားတာရှိလို့ ညီမက ဒီ blog မှာတော့ တခြားအသုံးပြုလို့ရတဲ့ features တွေကို ပြောပြပေးပါမယ်။ Email template အသုံးပြုနည်းကိုတော့ ဒီ https://spiceworksmyanmar.com/blog/email-templates-feature-of-mailchimp/ မှာ လေ့လာလို့ ရပါတယ်။

Mailchimp မှာ ပြုလုပ်ထားတဲ့ sign up form တွေကို ကိုယ့်ရဲ့ website မှာ embedded form အနေနဲ့ အသုံးပြုလို့ ရပါတယ်။

website ပုံစံ email ပို့နည်းကို ရှင်းပြထားတာရှိလို့ ညီမက ဒီ blog မှာတော့ Mailchimp မှာ ပြုလုပ်ထားတဲ့ sign up form တွေကို ကိုယ့်ရဲ့ website မှာ embedded form အနေနဲ့ အသုံးပြုလို့ ရတဲ့ feature ကို ပြောပြပေးပါမယ်။

ပထမဆုံး Audience > Signup forms ကို သွားရပါမယ်။

ပြီးလျှင် Embedded Forms ဆိုတာကို Select လုပ်ပေးပါ။

အဲ့ဒါဆိုလျှင် Embedded လုပ်လို့ရတဲ့ forms တွေ ပေးထားမှာ ဖြစ်ပါတယ်။

ကြိုက်နှစ်သက်ရာ form ကို ရွေးပြီး အောက်ဆုံးက Generate Embedded code ကို နှိပ်ပေးပါ။

ရလာတဲ့ code ကို ကိုယ့် website မှာ ထည့်သွင်းအသုံးပြုလို့ ရပါတယ်။ ဒါဆိုရင် ကိုယ့် website ကို customers တွေက sign up/subscribe လုပ်ကြတဲ့အခါ ကိုယ့် Mailchimp ရဲ့ contact list မှာ customers တွေရဲ့ contact email တွေ ထည့်သွင်းပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ညီမ မျှဝေပေးခဲ့တာ‌တွေကို လေ့လာပြီး အကျိုးရှိသွားမယ်လို့ မျှော်လင့်ပါတယ်ရှင့်။ Email Marketing လုပ်တော့မယ်ဆိုရင် Automation နဲ့  ပတ်သက်ပြီး လေ့လာကြဖို့ အကြံပေးပါရစေ။ အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *