Work Style

HR Group (လုပ်ငန်းဆောင်တာများ)

အားလုံးပဲ မင်္ဂလာပါ။
Spiceworks Myanmar ကုမ္ပဏီမှ အပတ်စဉ်သောကြာနေ့တိုင်း Blog များကို ဖန်တီးရေးသား၍ မျှဝေပေးလျက်ရှိရာ ယနေ့အချိန်မှာဆိုရင် Blog ဖန်တီးမှုပေါင်း ၁၀၀ကျော်ကို မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ Spiceworks Myanmar မှ HR အဖွဲ့၏ ရုံးတွင်းလုပ်ငန်းဆောင်တာများကို blog တစ်ခုအဖြစ် ဖန်တီးရေးသားထားပါတယ်ရှင့်။

ပထမဦးဆုံးအနေနဲ့ Spiceworks Myanmar ကုမ္ပဏီ၏ HR အဖွဲ့အကြောင်းနှင့် အနည်းငယ်မိတ်ဆက်ပေးပါရစေ။ Spiceworks Myanmar ကုမ္ပဏီ၏ HR အဖွဲ့ကို Team leader တစ်ဦး၊ Team member နှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး HR အဖွဲ့၏ Activity များကို HR Leader မှ ဦးဆောင်၍ member များနှင့်အတူ ပူးပေါင်းတာဝန်ယူဆောင်ရွက်ကြပါတယ်။

Internal Group Setting Program

အရင်ဆုံး Spiceworks Myanmar ကုမ္ပဏီ၏ HR အဖွဲ့မှ လုပ်ဆောင်ပေးနေသော လုပ်ငန်းဆောင်တာများထဲမှ လုပ်ငန်းဆောင်တာတစ်ခုုဖြစ်တဲ့ Internal Group Setting Program အကြောင်းလေး ပြောပြပေးချင်ပါတယ်။ Spiceworks Myanmar ကုမ္ပဏီမှာ Web Development လုပ်ငန်းများအား လုပ်ဆောင်နေသော System  အဖွဲ့၊ Design အဖွဲ့နှင့် Admin အဖွဲ့များအပြင် Internal အဖွဲ့တွေအဖြစ်

  1. HR အဖွဲ့
  2. Marketing အဖွဲ့
  3. Maintenance အဖွဲ့ နှင့်
  4. Education အဖွဲ့စသည်ဖြင့် နောက်ထပ်အဖွဲ့အစည်း (၄)ခု ဖွဲ့စည်းထားပါတယ်။

ထူးခြားချက်မှာ ထို Internal အဖွဲ့များအတွက် သီးခြား Member များဖြင့် ခေါ်ယူဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ရုံးအတွင်းလုပ်ထုံးလုပ်နည်းများကို အတွေ့အကြုံရရှိစေရန်ရည်ရွယ်၍ System, Design, Admin အဖွဲ့များတွင် တာဝန်ယူလုပ်ဆောင်နေသော Member များဖြင့်ပင် Spiceworks Myanmar Internal အဖွဲ့များကို ပြန်လည်ဖွဲ့စည်းထားပြီး အဖွဲ့တစ်ခုချင်းစီအလိုက် မိမိတို့အဖွဲ့နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကိုတာဝန်ယူဆောင်ရွက်ကြရပါတယ်။

မိမိတို့ ပါဝင်လုပ်ဆောင်လိုသောအဖွဲ့ကို Spiceworks Myanmar မှ member အားလုံးက ခြောက်လတစ်ကြိမ် အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။ ပထမဆုံးအဆင့်အနေဖြင့် ခြောက်လမပြည့်မီ တစ်လခွဲအလိုလောက်မှစ၍ Spiceworks Myanmar Member များဆီသို့ HR Leader မှ Internal အဖွဲ့Member များ ပြောင်းလဲမည့်အကြောင်းနှင့် မိမိတို့ ပါဝင်လုပ်ဆောင်လိုသည့်အဖွဲ့နှင့် ပတ်သက်ပြီး ဆန္ဒကောက်ခံပါတယ်။ Member အားလုံးမှ မိမိတို့ပါဝင်လုပ်ဆောင်လိုသည့်အဖွဲ့နှင့် ဘာကြောင့်ထိုအဖွဲ့တွင်လုပ်ဆောင်လိုကြောင်း အကြောင်းပြချက်ကို HR Leader ဆီသို့ သတ်မှတ်ထားသောရက်အတွင်းပေးပို့ကြရပါတယ်။ HR Leader မှရရှိလာသောရလဒ်များကို HR member များနှင့် HR Meeting တွင် စီစစ်၍ Member များအားလုံး Internal အဖွဲ့တစ်ခုတည်းတွင်သာ လေ့လာသင်ယူခြင်း၊ လုပ်ဆောင်နေခြင်းမျိုး မဖြစ်စေရန်၊ အဖွဲ့အသီးသီးနှင့် သက်ဆိုင်သည့်နည်းပညာများ၊ လုပ်ငန်းဆောင်တာများကို ပါဝင်လုပ်ဆောင်နိုင်စေရန်အပြင် Internal အဖွဲ့တစ်ခုချင်းစီ၏လူဦးရေလိုအပ်ချက်ပေါ်လိုက်၍ အလှည့်ကျစနစ်ဖြင့် စီမံခန့်ခွဲ၍ အသစ်ပြန်လည်ဖွဲ့စည်းပေးပါတယ်။ Internal အဖွဲ့တွင် ပါဝင်သော Member များအား ခွဲပြီးပါက Member များကြိုတင်ပြင်ဆင်နိုင်စေရန်နှင့် အဖွဲ့ Leader အပြောင်းအလဲတွင် လုပ်လက်စလုပ်ငန်းဆောင်တာများ နှောင့်နှေးခြင်း၊ အပြောင်းအလဲများ မဖြစ်စေရန်၊ နောက် leader အသစ်အား ယခင် leader အဟောင်းမှ ရှင်းလင်းပြောပြပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပထမခြောက်လမပြည့်မီ တစ်လအလိုတွင် Member အားလုံးအား HR အဖွဲ့ Leader မှ အသိပေးအကြောင်းကြားပေးရပါတယ်ရှင့်။ ထိုကဲ့သို့ Internal အဖွဲ့များတွင် Member များအဆင်ပြေပြေ အပြောင်းအလဲ ပြုလုပ်နိုင်စေရန် လုပ်ငန်းဆောင်တာများအား HR အဖွဲ့မှတာဝန်ယူလုပ်ဆောင်ပေးရပါတယ်ရှင့်။

New Member Training Program

New Member Training ဆိုတာကတော့ Spiceworks Myanmar Company သို့ အသစ်ဝင်ရောက်လာသော Member အသစ်များအတွက် HR အဖွဲ့မှ တာဝန်ယူလုပ်ဆောင်ပေးရသော လုပ်ငန်းတာဝန်များထဲမှ တစ်ခုဖြစ်ပါတယ်ရှင့်။ New Member Training Program တွင် Member အသစ်များအတွက် အလုပ်နေရာစီစဉ်ပေးခြင်း၊ Office Activity များနှင့် ပတ်သက်ပြီးအသေးစိတ်ရှင်းပြပေးခြင်း၊ Office Uniform များစီစဉ်ပေးခြင်း၊ Spiceworks Myanmar Company ၏ Activity များအား ရှင်းပြပေးခြင်းတို့ ပါဝင်ပါတယ်။ ထို့အပြင် Spiceworks Myanmar Company ၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် မဖြစ်မနေအသုံးပြုရသော အောက်ပါ Office Communication Software Tool များကိုလည်း အသစ်ဝင်ရောက်လာသော Member များ အခက်အခဲမရှိစေရန် ပြောပြပေးပါတယ်ရှင့်။

1. Chatwork

Chatwork ဆိုတာကတော့ Project များ အပေးအယူပြုလုပ်ရန်နှင့် Spiceworks Myanmar ရှိ အဖွဲ့အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ရန် အဓိကအသုံးပြုလျက်ရှိသော Communication Tool တစ်ခုဖြစ်ပါတယ်။ အသစ်ဝင်ရောက်လာသော Member များအနေဖြင့် Chatwork Group များတွင် လွယ်ကူစွာ အချင်းချင်းဆက်သွယ်ပြောဆိုနိုင်စေရန် အသုံးပြုပုံအသေးစိတ်အား HR အဖွဲ့မှတာဝန်ယူရှင်းပြပေးပါတယ်ရှင့်။

2. ISMM

ညီမတို့ Spiceworks Myanmar Company သည် Japan နိုင်ငံရှိ Spiceworks Company နှင့် အလုပ်အတူတကွ ပူးပေါင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ ထိုသို့ ပူးပေါင်းလုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့် Japan နိုင်ငံရှိ Spiceworks Japan ဘက်မှသော်လည်းကောင်း၊ Spiceworks Myanmar ဘက်မှသော်လည်းကောင်း member များအနေဖြင့် မိမိတို့အလုပ်စားပွဲတွင် မရှိသည့်အချိန် အခြား member တစ်‌ယောက်ယောက်က ဖြစ်စေ၊ အထက်လူကြီးမှဖြစ်စေ အလုပ်ကိစ္စတစ်ခုခုနှင့် ပတ်သက်၍ လိုအပ်ချိန်ခေါ်သည့်အခါတွင် အကြောင်းပြန်ခြင်းမရှိဘဲ ကြာမြင့်နေပါက အရေးကြီးကိစ္စတစ်ခုဆိုလျှင် ‌နှောင့်နှေးမှုဖြစ်နိုင်သည့် အတွက် ISMM ကို အသုံးပြုကာ အလုပ်စားပွဲနှင့်ဝေးနေသည့်အချိန်ကိုလည်းကောင်း၊ Meeting ချိန်ကိုလည်းကောင်း Report တင်ကာ အသိပေးခြင်းဖြစ်ပါတယ်။ အဓိကအနေဖြင့် နေ့လည် Lunch Break နားလျှင်ဖြစ်စေ၊ Group Meeting ပြုလုပ်နေလျှင်ဖြစ်စေ၊ ရုံးကိစ္စနှင့်ပတ်သက်၍ အပြင်သို့ သွားလျှင်ဖြစ်စေ၊ မိမိဘယ်အချိန်ကနေ ဘယ်အချိန်အထိ အပြင်သွားမည်၊ ဘာအကြောင်းအရာအတွက် သွားမည်ဆိုတာကို ISMM တွင် ဖြည့်စွက်၍ Report တင်ကာ အသိပေးထားခြင်းဖြင့် အရေးပေါ်လိုအပ်သည့်အခါ မိမိတို့ ISMM တွင်ဝင်ကြည့်လိုက်ရုံဖြင့် အလွယ်တကူသိရှိရကာ ‌နှောင့်နှေးမှုမရှိဘဲ ဆက်လက်၍ အလုပ်တစ်ခုကို ကောင်းစွာလုပ်ဆောင်နိုင်သည့်အတွက် ISMM ကိုအသုံးပြုခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ISMM အသုံးပြုပုံ အသေးစိတ်ကိုလည်း HR အဖွဲ့မှ တာဝန်ယူရှင်းပြပေးပါတယ်ရှင့်။

3. Gmail

Gmail ကတော့ ရုံးလုပ်ငန်းတွင်သာမက လက်ရှိလူနေမှုဘဝတွင်လည်း တွင်ကျယ်စွာ အသုံးပြုနေသော communication tool တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ရုံးအတွင်း mail အပြန်အလှန်အသုံးပြုနည်းကိုလည်း HR အဖွဲ့မှတာဝန်ယူရှင်းပြပေးပါတယ်ရှင့်။

4. Trello

နောက်ထပ် HR အဖွဲ့မှ တာဝန်ယူရှင်းပြပေးရသော ရုံးလုပ်ငန်းသုံး Tool ကတော့ Trello ဖြစ်ပါတယ်။ Trello ဆိုတာက မိမိတို့ တစ်နေ့တာလုပ်ဆောင်နေသော Task assign များအား စနစ်တကျစီမံခန့်ခွဲပြုလုပ်ရန်အတွက်သာမက member တစ်ယောက်ချင်း လုပ်ဆောင်နေရသော Task assign များအား အခြား Member များသိရှိစေရန်ရည်ရွယ်ချက်ဖြင့်အသုံးပြုလျက်ရှိသော Task Assign Management Tool တစ်ခုဖြစ်ပါတယ်ရှင့်။

5. Google Calendar

Spiceworks Myanmar Company ၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် မဖြစ်မနေအသုံးပြုရသော နောက်ထပ် Tool ကတော့ Google Calendar ဖြစ်ပါတယ်။ Google Calendar ဆိုတာက Spiceworks Myanmar မှ Member များအနေဖြင့် မိမိတို့တက်ရောက်ရမည့် Meeting Time များကို စနစ်တကျစီမံခန့်ခွဲပြုလုပ်ရန် နှင့် Member များ Leave ယူသည့်အခာ Spiceworks Myanmar မှ member များသာမက Spiceworks Japan မှ member များပါ သိရှိစေရန် ရည်ရွယ်၍ အသုံးပြုကြခြင်းဖြစ်ပါတယ်။ ထို့အပြင် ရုံးကိစ္စနှင့်ပတ်သက်၍ အပြင်သို့သွားလျှင်လည်း ဘယ်အချိန်ကနေဘယ်အချိန်အထိသွားမည်၊ ဘာအကြောင်းအရာအတွက်သွားမည် ဆိုတာကို ISMM အပြင် Google Calendar မှာပါဖြည့်စွက်ပေးရပါတယ်။ ထို့ကြောင့် Google Calendar ဖြည့်စွက်အသုံးပြုနည်းကိုလည်း HR အဖွဲ့မှ ရှင်းပြပေးပါတယ်ရှင့်။

6. Backlog

နောက်ဆုံး မိတ်ဆက်ပေးခြင်းတဲ့ Office Communication အတွက် မရှိမဖြစ် အသုံးပြုနေသော Tool ကတော့ Backlog ပဲဖြစ်ပါတယ်။ Spiceworks Myanmar company အတွင်းရှိ Internal အဖွဲ့များ၊ System, Design, Admin အစရှိသော အဖွဲ့အလိုက် Backlog Group ပြုလုပ်ထားပြီး အဖွဲ့လိုက် Meeting အတွင်းဆွေးနွေးသော အကြောင်းအရာများအား အသေးစိတ်မှတ်သားထားနိုင်ရန် အသုံးပြုလျက်ရှိသော Meeting Recording Tool ဖြစ်သည့် Backlog အသုံးပြုနည်းကိုလည်း ရှင်းပြပေးပါတယ်ရှင့်။

New Member Training Program မှာ HR အဖွဲ့မှ တာဝန်ယူရှင်းပြပေးရသော လုပ်ငန်းတာဝန်တွေကို မိတ်ဆက်ပေးပြီးပြီဆိုတော့ နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ Monday’s Office Activity Program လေးကိုလည်း ဖတ်ရှုပေးပါဦးနော်။

Monday’s Office Activity Program

Monday’s Office Activity Program ကတော့ အပတ်စဉ် တနင်္လာနေ့တိုင်း HR group မှ ဦးဆောင်၍ Spiceworks Myanmar ကုမ္ပဏီ၏ Weekly Office Progress Flow အား ပြောပြရသော Office Meeting ပြုလုပ်ကြခြင်းဖြစ်ပါတယ်ရှင့်။ ဒီ Activity အကြောင်းအရာကို ဖတ်ရှုသူများရှင်းရှင်းလင်းလင်း နားလည်စေချင်သောဆန္ဒဖြင့် အစီအစဉ်ခွဲသုံးခုဖြင့် ခွဲခြားကာ ဖော်ပြပေးချင်ပါတယ်။

(1) SPWM Project Report and Schedule Sheet Meeting

SPWM Project Report and Schedule Sheet Meeting ဆိုတာကတော့ office member များအသီးသီး၏ တာဝန်ယူလုပ်ဆောင်ကြရတဲ့ Task plan schedule များနှင့် project activities များကို ဘယ် project များက ပြီးမြောက်အောင်လုပ်ဆောင်ပြီးခဲ့ပြီ၊ ဘယ် project များကလက်ရှိလုပ်နေဆဲ project များ၊ နောက်နေ့ရက်တွေမှာ ဘာ project တွေ ဆက်လက်လုပ်ဆောင်ဖို့ရှိတယ် စသဖြင့် project plan ရေးဆွဲကြကာ project progress များကို checking လုပ်သော regular meeting တစ်ခုဖြစ်ပါတယ်။ ထို Meeting အား HR အဖွဲ့ မှ Meeting အချိန်ထည့်ပေးခြင်း၊ Member များလိုအပ်သော Project Sheet data များအား ပြသပေးခြင်းတို့ကို ပြုလုပ်ပေးရပါတယ်ရှင့်။

Weekly Office Progress Meeting ပြီးဆုံးပါက အပတ်စဉ် တနင်္လာနေ့တွင် ပြုလုပ်လျက်ရှိသော “Thank you Talking Program ( ကျေးဇူးတင်စကား ပြောဆိုခြင်း ) Activity” လေးကိုလည်း ဆက်လက်ပြီး မိတ်ဆက်ပေးပါရစေရှင့်။

(2) Thank you Talking Program

“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို အချင်းချင်းပြောကြတဲ့အခါ လူတိုင်းကနှစ်သက်ကြပါတယ်ရှင့်။ ဘာမဆိုအရာရာတွင် တစ်ဦးကတစ်ဦးပေါ်တွင် ကူညီမှုပေးတဲ့ အခါတုံ့ပြန်လိုက်သော ထိုစကားကို မြန်မာတွင်သာမက ကမ္ဘာကပါ မေတ္တာစကား၊ ချစ်စရာစကားအဖြစ် လက်ခံကျင့်သုံးကြပါတယ်။ ဒါပေမယ့် တစ်ချို့သောမြန်မာလူငယ်တွေသာမက လူကြီးတွေမှာပါ အသုံးပြုမှုနည်းနေသေးပြီး ကျေးဇူးတင်စကားပြောဆိုဖို့ မေ့နေတတ်ကြပါသေးတယ်။ ညီမတို့ Spiceworks Myanamr မှာတော့ Spiceworks Myanmar CEO ၏ အကြံပေးမှုဖြင့် Member များ ထိုမေတ္တာစကား၊ ချစ်စရာစကားပြောခြင်း အလေ့အထကို အမြဲရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အချင်းချင်း အပြန်အလှန် ကျေးဇူးတင်စကားပြောဆိုနိုင်စေရန် Monday’s Office Activity တစ်ခုအနေဖြင့် HR Group မှ စတင်အကောင်ထည်ဖော် ပြုလုပ်ခဲ့ပါတယ်ရှင့်။ တစ်ပတ်တာအတွင်း အကူညီရရှိခဲ့သောသူအနေဖြင့် မိမိအားကူညီလိုက်သောသူအား  ကျေးဇူးတင်ကြောင်း ပြောခွင့်ရသော Activity ဖြစ်တဲ့အပြင် ကျေးဇူးတင်ခံရသောလူကို မှတ်သားထားပြီး (၂)လတစ်ခါ ရေတွက်၍ အများဆုံးကျေးဇူးတင်ခံရသောသူအား ဆုပေးတဲ့အစီအစဉ်ကိုလည်း ထည့်သွင်းထားပါသေးတယ်ရှင့်။

(3) Positive Thinking Program

Positive Thinking Program ဆိုတာကတော့ Spiceworks Myanmar Member များအားလုံး မကောင်းသော Negative အတွေးများ ရှိလာပါက အကောင်းမြင်တတ်လာစေရန် ရည်ရွယ်ပြီးပြုလုပ်သော Program တစ်ခုဖြစ်ပါတယ်။ Positive Thinking Program ကိုတော့ Internal အဖွဲ့ အလိုက် အလှည့်ကျ အဖွဲ့ထဲတွင် ပါဝင်သော member များက မိမိတို့ တစ်ပတ်တာအတွင်း မကောင်းသော Negative အတွေးများကို positive အတွေးများအဖြစ်မည်သို့ပြောင်းလဲကာ ဖြတ်သန်းခဲ့သလဲဆိုတာပြောဆိုပြီးတစ်ခြား member များနဲ့ အတူ အပြန်အလှန်ဆွေးနွေးဖြေရှင်း ဖလှယ်ကြသော အစီအစဉ်တစ်ခုဖြစ်ပါတယ်ရှင့်။

Recruitment Program

Spiceworks Job Post

Recruitment Program ဆိုတာကတော့ Spiceworks Myanmar Company တွင် လိုအပ်သော Web Developer, Web Designer Position များအတွက် ဝန်ထမ်းအသစ်များကို Spiceworks Myanmar Official Web Page တွင် HR အဖွဲ့မှ Job Post တင်ကာ ဝန်ထမ်းခေါ်ယူပေးခြင်းဖြစ်ပါတယ်။ ထို့ကြောင့် Web Development လုပ်ငန်းများကို စိတ်ပါဝင်စားလို့ လျှောက်ထားချင်သူများအနေဖြင့်လည်း အောက်ပါ Link တွင်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်နော်။
https://spiceworksmyanmar.com/jobpost/

General Assembly Planning Program

နောက်ဆုံးအနေဖြင့် မိတ်ဆက်ပေးမှာကတော့ Spiceworks Myanmar တွင် (၆) လတစ်ကြိမ် ကျင်းပလေ့ရှိသည့် General Assembly Planning Program ဖြစ်ပါတယ်။ General Assembly ဆိုတာကတော့ Spiceworks Myanmar Company အတွင်း (၆) လတာတိုးတက်မှုများ၊ အဖွဲ့ဝင်အပြာင်းအလဲများ၊ ဝန်ထမ်းများ၏တိုးတက်မှုများကို အသိအမှတ်ပြုခြင်း၊ ဆုများချီးမြှင့်ခြင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း ကစားပွဲနှင့် ‌ပျော်စရာအစီအစဉ်များကို ပြုလုပ်ကျင်းပသည့်ပွဲတစ်ပွဲဖြစ်ပါတယ်။ ထိုပွဲဖြစ်မြောက်ရေးအတွက် HR မှတာဝန်ယူပြီး ကြိုတင်စီစဉ်မှုများလုပ်ဆောင်ပေးရပါတယ်။ General Assembly ကျင်းပရာတွင် လိုအပ်သော အဖွဲ့ဝင်အသီးသီးကိုလည်း HR အဖွဲ့မှ Leader နှင့် Member များ တိုင်ပင်ဆွေးနွေး စီစဉ်ဆောင်ရွက်ပေးပြီး General Assembly ကျင်းပမည့်ရက်၊ ပွဲမကျင်းပမီ လိုအပ်သောပြင်ဆင်မှုများဖြစ်သော ရုံးတွင်းအဖွဲ့များမှ ခေါင်းဆောင်အသီးသီးကိုနောက် (၆) လအတွက်လုပ်ဆောင်မည့်အစီအစဉ်များကိုတင်ပြရန် ရက်သတ်မှတ်ပေးခြင်း၊ တင်ပြမည့်အကြောင်းအရာများပါရှိသည့် PowerPoint File များကို စုစည်းထားခြင်း၊ သတ်မှတ်ရက်မတိုင်ခင် သတိပေးအကြောင်းကြားခြင်းများကို HR အဖွဲ့မှတာဝန်ယူဆောင်ရွက်ပေးပါတယ်။
ယခုတင်ပြထားတဲ့ Blog က အပတ်စဉ် Blog များ ထဲမှတစ်ခု ဖြစ်ပြီး ယခု Blog မှ Spiceworks Myanmar ၏ HR Group လုပ်ငန်းဆောင်တာများကို လေ့လာသိရှိခွင့်ရမည်လို့ ယုံကြည်ပါတယ်ရှင့်။ Spiceworks Myanmar ၏ HR Group မှ လိုအပ်သော ရုံးတွင်းစီမံခန့်ခွဲမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျှက်ရှိပြီးဝန်ထမ်းများအား အလုပ်တွင် စိတ်ရောလူပါ ပျော်ရွှင်စေရန် အမြဲဆောင်ရွက်လျှက်ရှိကြောင်းတင်ပြရင်း ဒီ Blog လေးကို နိဂုံးချုပ် လိုက်ပါတယ်ရှင့်။ အားလုံးကို အခုလိုအချိန်ပေးပြီးဖတ်ရှုပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *