Coding

HTML EMAIL

မင်္ဂလာပါ။ ညီမကတော့ Spiceworks Myanmar company မှာ Web Designer အဖြစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မကေသီထွန်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ HTML EMAIL နှင့်ပတ်သက်ပြီးတော့ ညီမသိသလောက်လေးတွေကို ပြောပြပေးချင်ပါတယ်။ HTML EMAIL နဲ့ပတ်သက်ပြီး

  1. HTML EMAIL ဆိုတာဘာလဲ။
  2. Web HTML နှင့် EMAIL HTML အကြားကွာခြားချက်။
  3. HTML EMAIL အသုံးပြုရန်အတွက် ကန့်သတ်ချက်များ။
  4. HTML EMAIL အသုံးပြုခြင်းအတွက် ရရှိသော အကျိူးကျေးဇူးများ စတဲ့ အကြောင်းအရာခေါင်းစဉ် လေးခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

1. HTML EMAIL ဆိုတာဘာလဲ။

Html Email ဆိုတာ Web Page တစ်ခုကဲ့သို့ colors, graphics, table columns နှင့် links တွေကို အသုံးပြုလို့ရတဲ့ email တစ်ခုဖြစ်ပါတယ်။ HTML EMAIL တွေကို business နှင့် organization လုပ်ငန်းတွေမှာ အများဆုံး အသုံးပြုကြပါတယ်။

2. Web HTML နှင့် EMAIL HTML အကြားကွာခြားချက်။

Web HTML မှာတော့ interactive နှင့် dynamic content တွေကို အသုံးပြု လု့ိရပါတယ်။ ပြီးတော့ update တွေလဲ မကြာခဏ လုပ်ပြီး အသုံးပြုလို့ရပါတယ်။

Email HTML မှာတော့ အသုံးပြုလို့ရတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ Web HTML ကဲ့သို့ interactive elements တွေ၊ HTML form တွေကို အသုံးပြုလို့မရပါဘူး။

3. HTML EMAIL အသုံးပြုရန်အတွက် ကန့်သတ်ချက်များ။

HTML Email ကို စပြီးရေးတဲ့အခါမှာ ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ ကန့်သတ်ချက်တွေကို အောက်မှာ table လေးတွေနဲ့ ပြောပြသွားပေးပါမည်။

Safe to use Use with caution Do not use
Static, table-based layouts Background images Javascript
Template width of 600px-800px Wide layouts Flash
Simple, inline CSS Image maps Embedded audio
Embedded video
Forms
layering
Supports Web Fonts Does Not Support Web Fonts
Apple Mail Lotus Notes 7
Lotus Notes 8 Gmail
iOS Mail Yahoo!
Outlook 2016 Outlook.com
Android App Outlook 2003
Android Mail  2.3 Outlook 2007
Android Mail 4.2 Outlook 2010
Android Mail  4.4 Outlook 2013
Thunderbird
IBM Notes 9
AOL
Blackberry
Alto

4. HTML EMAIL အသုံးပြုခြင်းအတွက် ရရှိသော အကျိူးကျေးဇူးများ။

HTML EMAIL ကို အသုံးပြုခြင်းအားဖြင့်
-ပိုပြီးကောင်းမွန်တဲ့ Email Design တွေကို ရရှိလာခြင်း။
-အချိန်ကုန် ငွေကုန်သက်သာစေခြင်း။
-တစ်ယောက်နှ်င့်တစ်ယောက် အလွယ်တကူ email ကတစ်ဆင့် ဆက်သွယ်လာနိုင်ခြင်း။
-Information တွေကိုလဲ email ကနေ အလွယ်တကူ ဖြန့်ဝေပေးနိုင်လာခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိလာမှာ ဖြစ်ပါတယ်။

HTML EMAIL နဲ့ပတ်သက်ပြီး ညီမ သိသလောက် မျှဝေပေးထားခြင်း ဖြစ်ပါတယ်။ ညီမလေ့လာထားတဲ့ reference link ကိုလဲပြောပြပေးပါမယ်။ ထပ်ပြီး လေ့လာချင်တယ် ဆိုရင်လဲ
အောက်ပါ link မှာ ထပ်ပြီး လေ့လာနိုင်ပါတယ်။
https://kb.mailchimp.com/campaigns/design/limitations-of-html-email

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

Hello

2 comments

  1. အစ်မရေ ကျနော်က TU(Meiktila)ကပါ၊ IT major ယူထားပါတယ် လင်ရှိ 5BE ပါ၊ ကျာင်ပြီးရင် web design လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်၊ web design ကိုလည်း စိတ်ဝင်စားပါတယ်၊ လာလောဆယ်တော့ အခြေနေကြောင့် သိပ်ပြီးမလေ့လာဖြစ်သေးပါဘူး၊

    1. Sorry ဗျာ လက်ရှိလို့ ဖတ်ပေးပါ keyboard က error တက်သွားလို့

Leave a Reply

Your email address will not be published. Required fields are marked *