Life Style Others

Human Brain Wave and Meditation

မင်္ဂလာပါခင်ဗျ။
ကျွန်တော်ကတော့ Spiceworks Myanmar Company တွင် Web Designer အဖြစ် ဝင်ရောက်လုပ်ကိုင် လျက်ရှိသော စိုင်းအောင်နိုင်ဦးဖြစ်ပါတယ်။
ဒီတပတ်မှာ  Human Brain Wave နဲ့ Meditation အကြောင်းကို ‌ဝေမျှပေးချင်ပါတယ်ခင်ဗျ။
ကျွန်တော်တို့ နေ့စဉ်လုပ်ငန်းဆောင်တာများကို လျင်လျင်မြန်မြန် ထိထိရောက်ရောက်နဲ့ လုပ်ကိုင်ဆောင်ရွက်လိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အရေးအကြောင်းတစ်ခုခုကြုံလာရင်ပဲဖြစ်ဖြစ် ဦးနှောက်သည် အလွန်အရေးပါဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ပြောရင် မမှားပါဘူး။ ထို့ကြောင့် ကျွန်တော် ဦးနှောက်နဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းကျဉ်းကို ပထမဦးဆုံးဖော်ပြချင်ပါတယ်။အသေးစိတ်လေ့လာချင်ရင်တော့ အောက်ဖော်ပြပါ  ‌လင့်ခ်ကနေမှ ဖတ်ရှုလို့ရပါတယ်ခင်ဗျ။
https://brainworksneurotherapy.com/what-are-brainwaves
ကျွန်တော်တို့ အရွယ်ရောက်ပြီးသော လူတစ်ယောက်ရဲ့ ဦးနှောက်မှာ cell ပေါင်း 100 ဘီလီယံကျော်ရှိပါတယ်။အဲ့ဒီcellတွေက သတင်းအချက်အလက်တွေကို လက်ခံပြီး ထိုသတင်းအချက်အလက်တွေကို Cell တခုကနေ တခုဆီသို့ ပို့ဆောင်ဖို့ အတွက် လျှပ်စစ်လှိုင်းတွေ ထုတ်ပြီး ဆက်သွယ်ကြပါတယ်။
အဲ့ဒီလှိုင်း‌တွေကိုEEG(Electroencephalography )နဲ့ တိုင်းတာလို့ရပြီး လှိုင်းရဲ့ Frequency ပေါ်မူတည်ပြီးတော့
ကျွန်တော်တို့ရဲ့Activities တွေ၊ ပြုမူနေထိုင်ပုံတွေ၊ တုံ့ပြန်မှုတွေ ကွာခြားသွားပါတယ်။
ထို့အပြင် ဦးနှောက်လှိုင်း အမျိုးအစား ၅မျိုး ရှိပါတယ်။ ထိုလှိုင်းတွေကတော့
1. Delta Wave
2. Theta Wave
3. Alpha Wave
4. Beta Wave
5. Gamma Wave
ဆိုပြီး အဲ့ဒီလှိုင်းများထဲကမှ ကျွန်တော် Gamma Wave နဲ့ Alpha Wave ကိုအဓိက ရေးသားဖော်ပြပေးသွားပါမယ်။
Gamma Wave သည် Frequency အမြင့်ဆုံး၊ အမြန်ဆုံး နဲ့ အကောင်းဆုံးလှိုင်းတခုဖြစ်ပါတယ်။ သူကတော့ (38 to 42 HZ)ရှိပါတယ်။သူသည် သတင်းအချက်အလက်တွေ သယ်ဆောင်ခြင်း နဲ့ ထုတ်ပြန်ခြင်းမှာ အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ထိုလှိုင်းကို Meditation ပုံမှန်ထိုင်ဖြစ်သောသူ  သို့မဟုတ် တရားဘာဝနာ နေ့စဉ်လုပ်ဆောင်သောဘုန်းတော်ကြီးများသာ ထိုGamma Wave အဆင့်ကို ရောက်ပါတယ်။
ကျွန်တော်တို့ ပုံမှန်လူသားတွေရဲ့ ဦးနှောက်ကတော့ Alpha Wave အထိပဲရှိတတ်ပါတယ်။သူကတော့ 8 TO 12 HZ ရှိပါတယ်။ Alpha Wave လဲ ထို Gamma Wave လိုပါပဲ လျင်မြန်တယ်၊ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ သယ်ဆောင်ပေးနိုင်ပါတယ်။Gamma Wave နဲ့ Alpha Wave ကို ရောက်ရှိဖို့အတွက် တခုတည်းသော နည်းလမ်းက စိတ်ကိုတည်ငြိမ်အောင်လုပ်ဆောင်ရပါမယ်။ ပြီးတော့ ညဘက် အိပ်စက်ချိန်မှန်ရမယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရပါမယ်။ ဒီအရာတွေ လိုအပ်ပါတယ်။
စိတ်ကိုတည်ငြိမ်အောင် လုပ်ရန်အတွက် ကျွန်တော်တို့ တော်တော်များများ ရင်းနှီးပြီးသားဖြစ်တဲ့ Meditation သို့မဟုတ် Mindfulness သည် အထိရောက်ဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Meditation နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် ကျွန်တော်တို့ ဦးနှောက်လှိုင်းထုတ်လွှတ်မှုတွေ ပိုပြီးမြန်ဆန်လာမယ်၊ Concentration ပိုကောင်းလာမယ်၊ Stress တွေလျော့ကျစေပြီး “Alzheimer” ‌ရောဂါမဖြစ်အောင်လဲ ကာကွယ်ပေးပါတယ်။
ယခုခေတ် ကျွန်တော်တို့ လူငယ်တော်တော်များများသည် Meditation ဒါမှမဟုတ် Mindfulness ကို နေ့တိုင်းမလုပ်နိုင်ရင်တောင်မှ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတိုင်းကို သတိထားပြီး ဦးနှောက်နဲ့ စိတ်နဲ့ တွဲပြီး ကိုယ်တတ်နိုင်သမျှ အမြဲ သိမှတ်နေမယ်ဆိုရင် ကျွန်တော်တို့ စိတ်တည်ငြိမ်မှုအပိုင်းများတွင်သာမက၊ ဦးနှောက်မှတ်ဉာဏ်အပိုင်းများအထိပါ အရင်ထက် ပိုမိုကောင်းမွန်လာပြီး လုပ်ငန်းခွင်မှာလဲ Concentration ကောင်းကောင်းနဲ့ အလုပ်တွေကို ပိုမိုလုပ်ဆောင်နိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Hello

Leave a Reply

Your email address will not be published. Required fields are marked *