Life Style

Hypertension (သွေးတိုးခြင်း)

အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်ကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်လျက် ရှိသော ဌေးမင်းခေါင် ဖြစ်ပါတယ်။ ယနေ့ ကျွန်တော် တင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ hypertension (သွေးတိုးခြင်း) ဖြစ်ပါတယ်။ ကျန်းမားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမို့ အမှားပါခဲ့လျှင် နားလည်ပေးဖို့နဲ့ မှားတာ ပါခဲ့လျှင် ထောက်ပြပေးဖို့ ဦးစွာပထမ တောင်းဆိုချင်ပါတယ်။

BP ဆိုတာ ဘာလဲ။
BP ဆိုတာ Blood Pressure လို့ခေါ်တဲ့ သွေးပေါင်ဖြစ်ပါတယ်။ သွေးပေါင်အတက်အကျ ပြဿနာက ယနေ့လူတော်တော်များများမှာ ဖြစ်နေတတ်ပြီး သုံးဦးမှာ တစ်ဦးဖြစ်နေပါတယ်။ အမေရိကန်မှာဆို အရွယ်ရောက်ပြီးသူတော်တော်များများဟာ သွေးပေါင်ရှိနေပြီး တစ်ဝက်လောက်က သွေးပေါင်ကို ထိန်းချုပ်လို့ ရနိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တော်တော်များများဟာ ၃၀ နောက်ပိုင်းနဲ့ ၄၀ မတိုင်ခင်မှာ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်း ကလေးတွေမှာလည်း ဖြစ်တာတွေ့နေရပါတယ်။ သွေးပေါင်ဆိုတာ နှလုံးက ညစ်ထုတ်လိုက်တဲ့ အားကို သွေးကြောလေးတွေပေါ် သက်ရောက်တဲ့အားကို ဆိုလိုပါတယ်။ သွေးပေါင်မြင့်ခြင်း (high blood pressure) တစ်နည်းအားဖြင့် hypertension လို့လည်း ခေါ်ပါတယ်။

သွေးပေါင် အပေါ်သွေးနဲ့ အောက်သွေး
သွေးပေါင်ကို အပေါ်သွေးနဲ့ အောက်သွေးဆိုပြီး ကိန်းဂဏန်း နှစ်ခု ရှိပါတယ်။ အပေါ်သွေးဆိုတာ နှလုံးက ညစ်ထုတ်လိုက်တဲ့ အား(တစ်နည်းအားဖြင့် the systolic pressure) ဖြစ်ပြီး သူက ကိန်းဂဏန်းနှစ်ခုမှာဆို သူက အမြဲများတတ်ပြီး အောက်သွေးကတော့ နှလုံးက ညစ်ထုတ်ပြီး နားတဲ့အချိန် သွေးပြန်ကြောမှာ သက်ရောက်တဲ့ အားကို ဆိုလိုပါတယ်။ ပုံမှန်သွေးပေါင်က ၁၂၀/၈၀ ဖြစ်ပြီး ၁၃၀/၈၀ ဆို Stage 1 လို့ သတ်မှတ်ပါတယ်။ ၁၄၀/၉၀ ဆို Stage 2 လို့ သတ်မှတ်ပြီး ၁၈၀/၁၁၀ ဆိုလျှင်တော့ သင်ဟာ ဆေးခန်း (သို့) ဆေးရုံကို သွားဖို့ လိုလာပါပြီ။ အဲ့ဒီလို မြင့်လာတာကို hypertensive crisis သွေးတိုးရောဂါလို့ ခေါ်ပါတယ်။ ၁၂၀/၈၀ ကနေ ၁၂၈/၈၉ အထိကို pre-hypertension လို့ ခေါ်ပြီး သွေးပေါင်ရှိတယ်လို့ မသတ်မှတ်သေးပါဘူး။

သွေးပေါင် ပြဿနာ (သို့) အသံတိတ် လူသတ်သမား
BP က ဘာကြောင့် အရေးကြီးတာလဲ။ သွေးတိုးရောဂါကို စောလျင်စွာ သိရှိဖို့က အလွန် အရေးကြီးပါတယ်။ သူသည် silent killer လို့ ခေါ်ပြီး လက္ခဏာ တစ်စုံတစ်ရာ မပြတတ်ပါဘူး။ သူဟာဆိုလျှင် နှလုံးရောဂါ၊ ရှော့ရသည်အထိ ဖြစ်နိုင်ပြီး အခြား ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ၂၀၁၃ စစ်တမ်းအရ အမေရိကန်မှာ လူပေါင်း ၃၆၀၀၀၀ ခန့်ဟာ သွေးပေါင်ကြောင့် သေဆုံးခဲ့ပါတယ်။ သွေးတိုးတာသည် မည့်သည့် လက္ခဏာမှ မပြဘဲလည်း ရှိတတ်ပါတယ်။ မြန်မာလူမျိုး အများစုဟာ ခေါင်းမူးမှ၊ နေလို့ မကောင်းတော့မှ သွေးတိုးတယ်လို့ ထင်တတ်ကြပြီး တကယ်တမ်းက မည်သည့် လက္ခဏာမှ မပြဘဲနဲ့လည်း ရှိနေတတ်ပါတယ်။ သွေးတိုးပါက ခေါင်းနည်းနည်းမူးတာ၊ မောတာ၊ ပင်ပန်းတာ၊ ရင်တုန်တာတွေ ပြလေ့ရှိပြီး ထိုလက္ခဏာတွေဟာလည်း သွေးတိုးရောဂါဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုကို ရောက်မှ ပြလေ့ရှိပါတယ်။ မိမိမျိုးရိုးထဲတွင် ကျောက်ကပ်ထဲမှာ ရေအိတ်တည်တာ၊ သွေးတိုးရောဂါရှိနေမယ်ဆိုလျှင် သွေးပေါင်ချိန် ပုံမှန်တိုင်းသင့်ပါတယ်။ လက္ခဏာ မပြသည့်တိုင် သွေးပေါင်ဟာ တဖြည်းဖြည်းတိုးလာပြီး သင့် သွေးကြောနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပြီး အထူးသဖြင့် ဦးနှောက်၊ နှလုံး၊ မျက်လုံး နှင့် ကျောက်ကပ်များကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူတိုင်း သွေးပေါင်ပုံမှန်တိုင်းသင့်ပါတယ်။
သွေးတိုးတာကို ဘာကြောင့် အသံတိတ် လူသတ်သမားလို့ ခေါ်သလဲ။

သွေးတိုးဖြစ်လာပါက-
နှလုံးနှင့်ပတ်သက်၍
ရင်ဘက်အောင့်ခြင်း
အသက်ရှုမဝခြင်း
ရုတ်တရက် စကားပြောရတာ ခက်လာခြင်း
လှုပ်ရှားရတာ၊ လမ်းလျှောက်ရတာ ခက်လာခြင်း
ကိုယ့်ကိုယ်ကို မထိန်းနိုင်ခြင်း၊ ယိမ်းယိုင်လာခြင်း
ဖြစ်လာတတ်ပါတယ်။

ကျောက်ကပ်ပြဿနာမှာဆိုလျှင် ဆီးထဲတွင် protein များလာခြင်းဖြစ်လာတတ်ပြီး အဲ့ဒီလို ဖြစ်လာပါက ဆရာဝန်နှင့် ရေရှည် စစ်ဆေးသင့်ပါတယ်။
မျက်လုံး ရုတ်တရက် ဝေဝါးလာခြင်း၊ လမ်းလျှောက်တဲ့အခါ အောက်ပိုင်း ကြွက်သားများ နာကျင်ခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။

BP ကို ဘယ်လို ထိန်းမလဲ
မိမိနေထိုင်မှု ပုံစံ ကောင်းမွန်အောင် ပြင်ဆင်နေထိုင်ခြင်း၊ အစားအသောက်ထဲမှာ အငန်ဓာတ်လျော့ချခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်သောက်နေတာကို ဖြတ်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် သွေးတိုးတာ မဖြစ်အောင် ထိန်းနိုင်ပါတယ်။

High BP ကြောင့် အဖြစ်အများဆုံး ရောဂါများ
ကျောက်ကပ်ပျက်စီးခြင်း၊ သွေးချို ဆီးချို၊ ကျောက်ကပ်အတွင်းရှိ စစ်ထုတ်ပေးသည့် အရာများ ပျက်စီးစေခြင်း၊ ကျောက်ကပ်သို့ ပို့ပေးသော သွေးကြောများ ကျဉ်းမြောင်းစေခြင်း၊ အဓိကကတော့ ကျောက်ကပ်နဲ့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။

အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယခုလို ဗဟုသုတ ရရှိစေနိုင်မယ့် အကြောင်းအရာများ ဆက်လက်တင်ပြပေးသွားမှာ ဖြစ်တဲ့အတွက် မပျက်မကွက် လာရောက် ဖတ်ရှုပေးစေချင်ပါတယ်။

Ref Links:
https://www.fda.gov/drugs/special-features/high-blood-pressure-understanding-silent-killer
https://www.riversideonline.com/patients-and-visitors/healthy-you-blog/blog/w/what-are-the-symptoms-of-high-blood-pressure
https://www.healthline.com/health/high-blood-pressure-hypertension#definition

Hello

Leave a Reply

Your email address will not be published. Required fields are marked *