Life Style

Optimistic Vs. Pessimistic

မင်္ဂလာပါရှင်။
ကျွန်မ အိဖြိုးမွန်ပါ။ ဒီတစ်ပတ် ဘလော့ခ်ရေးဖို့အတွက် ရွေးချယ်ထားတာကတော့ အကောင်းမျှော်လင့်ခြင်းနှင့် အဆိုးမျှော်လင့်ခြင်းပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကိုတော့ ကျွန်မ Presentation လုပ်ဖို့အတွက် Facebook မှာ စာရှာဖတ်ရင်း စာရေးသူတစ်ယောက်က နားလည်သဘောပေါက်လွယ်အောင် ပြန်လည်ရှင်းပြပြီး ရေးသားထားတာတွေ့လို့ နှစ်သက်သဘောကျတာကြောင့် ဒီခေါင်းစဉ်လေးကိုရွေးချယ်ပြီး ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မဖတ်မိသမျှနှင့် အတွေးအမြင်တို့ကို ပြန်လည်ဝေမျှပါရစေ။

Optimistic ဆိုတာ အကောင်းမျှော်လင့်သောလို့ နားလည်ပါတယ်။ ကျွန်မတို့တစ်တွေဟာ မိမိပိုင်ဆိုင်ထားသော ကိုယ်ပိုင်ဘဝ အခြေအနေများကို အကောင်းမြင်စိတ်ဖြင့် အကောင်းကိုမျှော်လင့်ပြီး ရှေ့ဆက်နိုင်ရပါမယ်။ မိမိတို့ကြုံတွေ့ရသော ဘဝရဲ့ လောကဓံများဟာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြသလို ဖြေရှင်းကြပုံခြင်းလည်း မတူညီကြပြန်ပါဘူး။

အကောင်းမျှော်လင့်ခြင်းဟာ အနာဂါတ်မှာ ကောင်းမွန်တဲ့အရာတွေသာ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ခြင်းများ၊ မိမိရဲ့မိသားစုအပြင် တစ်ခြားသော လူမှု့ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေစွာ နေထိုင်ဖြစ်ခြင်းကြောင့် ရရှိလာမည့် ပျော်ရွှင်မှုများနှင့် စိတ်အားထက်သန်လာမှုများ၊ မိမိလျှောက်လှမ်းနေသော လမ်းကြောင်းအပေါ် ယုံကြည်ချက်ရှိမှုများဖြစ်ပါတယ်။ ထိုကဲ့သို့ ယုံကြည်ချက်ရှိရှိ ရပ်တည်နိုင်ခြင်းကြောင့် ပြုံးရွှင်စွာနေထိုင်နိုင်ပြီး မိမိ ဆက်နွယ်ရသော လူမှု့ပတ်ဝန်းကျင်အကြား သိသာထင်ရှားလာမှုများ တိုးပွားလာစေပါတယ်။ ထို့အတွက်ကြောင့် အကောင်းမျှော်လင့်ခြင်းက နေထိုင်မှုဘဝတွင် ကောင်းမွန်သောအနာဂါတ်ကို ဖြစ်စေပါတယ်။

Pessimistic အဆိုးမျှော်လင့်ခြင်း ဆိုတာကတော့ Optimistic နဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး မိမိဘဝနေထိုင်မှုအတွက် အရေးမပါသော၊ ဘေးဖယ်ထားသင့်သောအရာ ဖြစ်ပါတယ်။
ထို့အပြင် ကျွန်မတို့ နေ့စဉ်ရုန်းကန်ရသော လူ့ဘဝတွင် မသိနိုင်တဲ့အရာတွေ၊ မထင်မှတ်ထားသောအရာတွေ တော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ထိုကဲ့သို့ အဆိုးမျှော်လင့်ခြင်းနဲ့ အသက်ဆက်ရှင်လို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံးအတူတူ အကောင်းမျှော်လင့်ခြင်းဖြင့်သာ ရှင်သန်ကြိုးစားကြရပါမယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒီတစ်ပတ်အတွက်ကတော့ ဒီလောက်ပါပဲရှင်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *