Life Style

Promoting Personal Development

အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော်ကတော့ Spiceworks Myanmar က ညီညီဇော်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Personal development ဖြစ်စေမဲ့ အဓိက topic အကြောင်းအရာ တချို့ကို sharing လုပ်ပေးချင်ပါတယ်။
ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် development ဖြစ်အောင် လုပ်ဆောင်တဲ့အချက်တွေလည်း မတူသလို အချိန်တွေလည်း မတူကြပါဘူး။
ကျွန်တော်ကတော့ တစ်နှစ်အတွင်း လုပ်ဆောင်သင့်တဲ့ အဓိကအချက်လေးတွေကို ဘယ်လို ပြန်ပြီး သုံးသပ်သင့်တယ်၊ ဘယ်လို ပြန်ပြီး လုပ်ဆောင်ရမယ်ဆိုတဲ့ အကြောင်းအရာတွေကို ပြောပြပေးပါမယ်။

အခုဆိုရင် နှစ်တစ်နှစ်ရဲ့ အစပေါ့နော်။ Presonal development ဖြစ်ဖို့အတွက် လူတိုင်းက သတ်မှတ်ချက်တွေ၊ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေ ထားကြမှာပါ။ ဒါကလည်း လူတွေက ကိုယ့်ခံယူချက်၊ ယုံကြည်ချက် အပေါ်လိုက်ပြီး ပြောင်းလဲသွားမယ် ထင်ပါတယ်။ ကျွန်တော်ကတော့ လူတိုင်းမှာ အောက်ကပြောပြပေးထားတဲ့ အကြောင်းအရာလေးတွေက အဓိကမရှိမဖြစ်လို့ ထင်မြင်မိပါတယ်။ အဲ့ဒါတွေကတော့
1. Indienty
ကျွန်တော်က Developer တစ်ယောက်လို ခံယူလိုက်ရင်လည်း ရေးတဲ့ coding က တစ် page မကဘူး။ အများကြီးရေးနိုင်ပါတယ်။ ဒါကြောင့် I’m ဘယ်သူဖြစ်တယ်ဆိုတဲ့ ခံယူချက်ကလည်း ကိုယ်ရဲ့ career development ဖြစ်ဖို့အတွက် လွန်စွာအရေးကြီးပါတယ်။
အဲဒီလိုပဲ ..
ဝိတ်ချချင်သူ တစ်ယောက်အနေနဲ့ ငါ ဒီလ ဝိတ် 10 ပေါင်ကျအောင်လုပ်မယ် ဆိုတာထက် ငါက ကျန်းမာရေးလိုက်စားသူတစ်ယောက် ဖြစ်တယ်ဆိုပြီး ခံယူတာက ပိုပြီးထိရောက်ပါတယ်။ ကျန်းမာရေးလိုက်စားသူတစ်ယောက်အတွက် တစ်လမှာ 10 ပေါင်မပြောနဲ့ ပေါင် 30 လည်း ကျကောင်းကျနိုင်ပါတယ်။ အဲ့ဒါကို လုပ်ရမယ်ဆိုတာထက် ကျန်းမာရေးလိုက်စားတဲ့သူဆိုပြီး ခံယူချက်က ပိုပြီးအကျိုးရှိစေတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။
2. Plan
နှစ်တစ်နှစ်ကုန်ဆုံးခဲ့ပြီး နှစ်သစ်မှာ ကျွန်တော်အပါအဝင် လူတိုင်းလူတိုင်း စိတ်ကူးသစ်၊ အိမ်မက်သစ်တွေနဲ့ အစီစဉ်ကောင်းတွေများစွာ ချကြမှာပါ။ အဲ့အထဲက မဖြစ်မနေ ချရမဲ့ plan တချို့ကို ပြောပြချင်ပါတယ်။

1. ကျွန်တော်တို့ရဲ့ ကျန်းမာရေး
ပြီးခဲ့တဲ့နှစ် 2021 က ကျွန်တော်တို့ ကျန်းမာရေးကောင်းအောင် နေနိုင်ခဲ့လား? ကျန်းမာရေး ကောင်းအောင် အားကစား၊ လေ့ကျင့်ခန်းတွေလုပ်ခဲ့လား? ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားခဲ့လား? အချိန်မှန်မှန်အိပ်ခဲ့ရဲ့လား? အချိန်မှန်မှန်စားခဲ့ရဲ့လား? အစရှိတဲ့မေးခွန်းတွေ ကျွန်တော်တို့ကို ကျွန်တော် မေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးထက် တန်ဖိုးကြီးတဲ့အရာက ကျန်းမာရေးဖြစ်ပါတယ်။ ကျန်းမာမှ မိမိ ချမှတ်တဲ့ plan မျိုးစုံကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် 2022 မှာ 2021 ထက် ကျန်းမာရေးပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ အစီစဉ်တွေဆွဲသင့်ပါတယ်။

2. လုပ်ငန်းခွင်မှာ အောင်မြင်ခဲ့ရဲ့လား?
အခုခေတ်မှာ လုပ်ငန်းခွင်ဆိုတာ လူတိုင်းရဲ့ဒုတိယအိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တော်တော်များဟာ လုပ်ငန်းခွင်မှာ ကုန်ဆုံးနေတာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုရှိခဲ့ရဲ့လား? ကျွန်တော်တို့ လုပ်နေတဲ့အလုပ်ကတကယ် စိတ်ဝင်စားတဲ့အလုပ်မျိုးလား? ဆိုတာပြန်လည် သုံးသပ်ဖို့လိုပါတယ်။ ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်ဆိုရင်ရော ဘယ်လိုမျိုးအောင်မြင်မှုတွေရခဲ့လဲဆိုတာကို ပြန်လည်သုံးသပ်အဖြေရှာဖို့လိုအပ်ပါတယ်။ 2022 မှာရော 2021 ထက်မညံ့တဲ့ plan တွေ၊ ခိုင်မာတဲ့ မျှော်မှန်းချက်တွေ ချမှတ်သင့်ပါတယ်။

3. ပေါင်းသင်းဆက်ဆံရေးမှာရော အောင်မြင်ခဲ့ရဲ့လား?
ကျွန်တော်တို့က အလုပ်လုပ်နေတဲ့လူတွေဆိုရင် မိသားစု ပေါင်းသင်းဆက်ဆံလှုမှုရေးမှာ အချိန်ပေးတာနည်းကြမှာ အမှန်ပါ။ ဒါကြောင့် 2021 မှာ အောက်ကမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို မေးဖို့လိုပါတယ်။ မိသားစုကို အချိန်ပေးဖြစ်ခဲ့ရဲ့လား? မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ခဲ့လား? သူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့လား? ချစ်သူ၊အိမ်ထောင်ဖက်တွေရော အချိန်ပေးဂရုစိုက်ပေးခဲ့လား? ဆိုတာ မေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့အရာတွေထဲမှာ ကျွန်တော်တို့ကို ချစ်တဲ့လူ၊ ကျွန်တော်တို့က ချစ်တဲ့လူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်2022 မှာရော ကျွန်တော်တို့ ချစ်ခင်ရတဲ့လူတွေကို အချိန်ပေးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

4. ဝင်ငွေရော အဆင်ပြေခဲ့ရဲ့လား?
ပိုက်ဆံက အရာရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ပိုက်ဆံပိုရှာနိုင်တဲ့လူကတော့ ဘဝကို ပိုပြီး အဆင်ပြေပြေဖြတ်သန်းနိုင်ပါတယ်။ 2021 မှာရော သင်လိုချင်တဲ့ ဝင်ငွေမျိုးရရှိခဲ့ရဲ့လား? ဝင်ငွေထွက်ငွေမျှတခဲ့လား? ဘယ်အရာတွေကိုဝယ်ခဲ့ရလဲ? ပိုက်ဆံရောစုဆောင်းနိုင်ခဲ့ရဲ့လား? 2022 မှာရော အလုပ်ကိုပိုကြိုးစားပြီး ဝင်ငွေကောင်းအောင် လုပ်မယ်လို့ ဆုံးဖြတ်သင့်ပါတယ်။ မလိုအပ်တဲ့ အရာတွေအပေါ် ပိုက်ဆံပိုမသုံးဖို့လိုအပ်ပါတယ်။

5. သင်ယူနေတဲ့ ပညာရပ်တွေတိုးတက်အောင်မြင်ခဲ့ရဲ့လား?
2021 မှာ ကျွန်တော်တို့ ဘယ်ပညာရပ်တွေ တတ်မြောက်အောင်လေ့လာခဲ့လဲ? ဘာသင်တန်းတွေတက်ခဲ့လဲ? စာအုပ်ဘယ်နှစ်အုပ်ပြီးအောင် ဖတ်နိုင်ခဲ့လဲ? ဆိုတဲ့မေးခွန်းတွေ ပြန်မေးဖို့လိုအပ်မှာပါ။ 2022 မှာရော ဘယ်လိုပညာရပ်တွေ လေ့လာသွားမယ်လို့ ဆုံးဖြတ်ပြီး မိမိရဲ့ career လမ်းကြောင်းတိုးတက်အောင် ယခုထက်ပိုမို ဆောင်ရွက်သင့်လဲ ဆိုတာ plan တွေချမှတ်သင့်ပါတယ်။

3. Process
အမှန်တကယ် ကျွန်တော်တို့ လုပ်ဆောင်တယ်ဆိုတာမှာ ခံယူချက် ကြီးမားတယ်ဆိုရင်ကျွန်တော်တို့ ချထားတဲ့ plan လုပ်ဆောင်ချက်တွေလည်း တဖြည်းဖြည်းနဲ့ မသိမသာဆိုသလို ပြီးမြောက်မှာဖြစ်ပါတယ်။ ပြီးတော့ လုပ်ဆောင်ချက်လည်း မှန်ကန်နေဖို့လိုသလို ချည်းကပ်ဖို့လည်း လိုအပ်ပါတယ်။
ဥပမာ ဆယ်တန်းအောင်အောင် စာသင်နေတာ၊ စာကျက်နေကြတာက တကယ်တမ်း စာကျက်ဘဲ ကျက်နေတာ ဆယ်တန်းအောင်စာရင်းထွက်တော့ပါမလာဘူး။ အဲ့ဒါက သူချည်းကပ်ပုံ၊ သူဖြေဆိုပုံ၊ သူစာကျက်တဲ့ လုပ်ဆောင်ချက်တွေက နည်းလမ်းမှန်မှန် မရောက်တဲ့အတွက် ဖြစ်ပါတယ်။ အဲ့အတွက်ပြောချင်တာက လုပ်ဆောင်ချက်မှန်ဖို့လိုပါတယ်။ တစ်နည်းအားဖြင့်ပြောရင် နည်းလမ်းမှန်ပြီး ချည်းကပ်တာမှန်ဖို့လိုပါတယ်။

4. To do presonal end of year review
ပြန်လည်သုံးသပ် အဖြေရှာ။ 2021 နှစ်မှာ မိမိတို့အနေနဲ့ အစီစဉ် အမျိုးမျိုး ရေးဆွဲခဲ့ကြတယ်လို့ ထင်မိပါတယ်။ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ နေထိုင်မယ်၊ နှစ်သစ်မှာ လုပ်ငန်းသစ်တွေစတင်မယ်၊ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့မယ်၊ လိုအပ်တာတွေ တက်မြောက်အောင် သင်ယူလေ့လာမယ်၊ အိမ်ထောင်ပြုမယ်၊ မိမိလုပ်ငန်းတိုးတက်အောင်မြင်အောင် ကြိုးစားမယ်၊ ကားဝယ်မယ်၊ ခြံဝယ်မယ် ဆိုတာမျိုး စသည်ဖြင့် ရည်မှန်းချက်ပန်းတိုင်တွေ အမျိုးမျိုး ထားရှိခဲ့ကြမှာပါ။ အဲ့ဒါဆိုရင် အခု ကျွန်တော်တို့ 2021 က ချမှတ်ခဲ့တဲ့ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ စတင်နေပြီလား? အကောင်အထည်ဖော်နေပြီလား? ‌အောင်မြင်နေပြီလား? စသည်ဖြင့် ပြန်လည်သုံးသပ်ရမယ့် အချိန်ကိုရောက်လာခဲ့ပါပြီ။
မိမိတို့ ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားနိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အခုချိန်မှာ ကြိုးစားခြင်းရဲ့ ရလဒ်ကောင်းတွေ၊ အောင်မြင်မှုတွေကို ရရှိနေပါပြီ။
တကယ်လို့ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်တွေ ခုချိန်ထိအောင်မြင်မှု မရှိသေးဘူးဆိုရင် 2021 ရဲ့
တစ်နှစ်တာ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ပြန်လည်သုံးသပ်တဲ့နေရာမှာ 2021 မှာ အစီအစဉ်ချခဲ့တဲ့ plan အခြေအနေနဲ့ 2022 နှစ်အစမှာ မိမိရောက်ရှိနေတဲ့ အခြေအနေ နှစ်ခုရဲ့ ကွာဟချက်ကို တိုင်းတာရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဘယ်အချက်တွေကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီး၊ ဘယ်အချက်တွေကို မလုပ်နိုင်ခဲ့ဘူး အဲ့ဒီလို list ထုတ်ထားတာက ပိုအဆင်ပြေပါတယ်။ ပြီးတော့ ဘာကြောင့် ဒီလို ကွာဟနေတာလဲ ဆိုတာကို အသေးစိတ် တစ်ချက်ခြင်း ဆွဲထုတ်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် မိမိတို့ရဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်မလှမ်းနိုင်ခဲ့တဲ့ လိုအပ်ချက်တွေ ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ဥပမာ ကြိုးစားလျှက်နဲ့ မအောင်မြင်တာ နည်းလမ်းမှားနေတာလား? ကြိုးစားအားထုတ်မှု အားနည်းနေတာလား? ထပ်ကြိုစားဖို့လိုတာလား? လေ့လာစရာတွေ လိုအပ်နေသေးတာလား? ဘယ်အရာတွေကို စွန့်ပယ်ပြီး ဘယ်အရာတွေကို ထပ်ဖြည့်စွက်ဖို့လိုနေတာလား? စသည်ဖြင့် နည်းလမ်းမှားတွေကို စွန့်ပယ်ပြီး ကြိုးစားမယ်ဆိုပါက အောင်မြင်မှုလမ်းကြောင်းတွေကို တွေ့ရှိလာမှာ ဖြစ်ပါတယ်။ ထို့အပြင် 2021 မှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေမှာ အောင်မြင်မှုလမ်းကြောင်းကို ရှာမတွေ့ခဲ့ရင်လည်း စိတ်ဓာတ်မကျဘဲ ကျွန်တော်တို့ရဲ့ အားနည်းချက် အကြောင်းအရင်းမျိုးစုံကို အားသာချက်အဖြစ် ပြောင်းလဲပြီး 2022 မှာ ကြိုးစားရင် ကျွန်တော်တို့ ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း ကျွန်တော့် blog ကို နိဂုံးချုပ်လိုက်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်တဲ့နေ့ရက်ကို ထာဝရပိုင်ဆိုင်နိုင်ပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *