System

Zend Framework ( Introduction Part – 1 )

 

မင်္ဂလာပါ။ကျွန်တော်ကတော့ မောင်ရဲထက်အောင် ဖြစ်ပါတယ်။
Spiceworks Myanmar company မှာ web developer အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတယ်။
ဒီတစ်ပတ်မှာတော့ Zend Framework အကြောင်းကို  စတင်လေ့လာသူတွေ လေ့လာရလွယ်ကူအောင် ကျွန်တော်သိသလောက် sharing လုပ်ပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ Zend Framework က ဘာလဲဆိုတာ အရင်ရှင်းပြပါအုံးမယ်။

Zend Framework ဆိုတာ (Object Oriented Programing) Object တွေကို အခြေခံပြီး Web Application တွေတည်ဆောက်ဖို့ရန်အတွက် MVC ပုံစံနဲ့ဖန်တီးထားတဲ့ Open Source Framework တစ်ခုဖြစ်ပါတယ်။
Zend Framework ကို PHP 5.1.4 နှင့်အထက်ထောက်ပံ့ပေးထားပါတယ်။

Zend Framework ကို စမ်းသပ်အသုံးပြုရန်Zend v:1.12 ကို ဤ နေရာတွင် နှိပ်၍ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်

ကျွန်တော်ကတော့ Zend Framework Structure ကိုအဓိကထားရှင်းပြမှာပါ။

Zend Framework Structure

        
       Application/
            configs/
	          application.ini
	          routes.ini
            controller/
	          ErrorController.php
	          IndexController.php
            layout/
            models/
            views/
                 index/
	              index.phtml
                 error/
	              error.phtml
            bootstrap.php
       Data/
          cache/
       library/
             zend
       public/
            css/
            js/	
            images/	
       .htacess
       index.php

Application /
ကိုယ့်် App ရဲ့ Source Code အများစုဟာ ဒီ Directory ထဲမှာ ရေးသားရမှာဖြစ်ပါတယ်။
App အတွင်းမှာ Config, Model,View,Controller,Layout,Bootstrap ဖိုင်တွေပါဝင်ပါတယ်။

Application/configs
Database နဲ့ Route လမ်းကြောင်းသတ်မှတ်ပေးတဲ့ ဖိုင်တွေကို ဒီ Directory ထဲမှာစုစည်းပေးထားပါတယ်။

Application/configs/application.ini
အသုံးပြုလိုတဲ့ Database အမျိုးအစား၊ Database အမည်၊ Username,Password စတဲ့ Setting တွေကို ဒီဖိုင်ထဲမှာသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ လိုအပ်သလိုပြင်ဆင်သတ်မှတ်ပေးနိုင်ပါတယ်။

Application/configs/routes.ini
URI လမ်းကြောင်းတွေ စီမံတဲ့လုပ်ငန်းကို ဒီဖိုင်မှာသတ်မှတ်ရမှာဖြစ်ပါတယ်။ Controller နဲ့တွဲဖက်အလုပ်လုပ်မှာဖြစ်ပါတယ်။ ဘယ် URI ကိုလက်ခံရရှိရင် ဘယ် Controller နဲ့ Action ကိုအလုပ်လုပ်ပေးရမလဲဆိုတဲ့လမ်းကြောင်းတွေကို သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

Application/Controller
Controller ရဲ့တာဝန်ဟာ Request/Responses တွေ စီမံဖို့ဘဲဖြစ်ပါတယ်။
Controller Code တွေကိုဒီ folder ထဲမှာစုစည်းရေးသားရမှာဖြစ်ပါတယ်။

Application/Layouts
Layouts ရဲ့ တာဝန်ကတော့ common files, dialog box တွေချိတ်ဆက်ဖို့နဲ့ Page header နဲ့ footer တွေသတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။common files ဆိုတာက js files , css files တွေကိုပြောတာပါ။

Application/Model
Controller က ပေးလာတဲ့ Data တွေကို input အနေနဲ့ လက်ခံပြီး output အနေနဲ့ Database ထဲကနေ Data ပြန်ထုတ်ပေးတဲ့ အလုပ်ကို Model က လုပ်ဆောင်ပေးရပါတယ်။

Application/views
View Template တွေရေးသားတဲ့ View code တွေကိုဒီ folderထဲမှာ ရေးသားပေးရပါမယ်။
မှတ်ထားရမှာတစ်ခုရှိသေးတယ်ဗျ။ ဥပမာ- View ထဲမှာ index.phtml လို့ ဖိုင် တစ်ခု တည်ဆောက်လိုက်ရင် controller မှာ indexAction() တစ်ခု တည်ဆောက်ပေးရပါတယ်။ဆိုလိုတာကဗျာ View တစ်ခု ဆောက်ရင် Action တစ်ခု ဆောက်ရမယ်လို့ပြောတာပါ။

bootstrap.php
application တွေအတွက် လိုအပ်တဲ့ components တွေကို အသုံးပြုရန် bootstrap မှာ အရင်ကြေညာ ပေးရပါတယ်။

Data/
application data နှင့် temporary files တွေကို သိုလှောင်ထားဖို့ရန်အတွက် ဒီ Directory ကို အသုံးပြုရပါမယ်။

library/
library ဆိုတဲ့အတိုင်း သူ့ထဲမှာ Framework နဲ့ ပက်သက်တဲ့ဖိုင်တွေ အကုန်ပါဝင်ပါတယ်။library မှာ zend ဆိုတဲ့ folder ပါဝင်ပါတယ်။
အဲ့ဒီ folder ထဲမှာပါဝင်တဲ့ files တွေကိုပြင်လို့ လည်းမရသလို ဖျက်လို့လည်းမရပါဘူး။ library/zend က framework ရဲ့အသက်လို့ပြောရင်လည်းမမှားပါဘူး။ အခြား library ဖိုင်တွေကို install လုပ်ပြီး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Public/
CSS ဖိုင်တွေ၊ JavaScript ဖိုင်တွေ၊ Fontတွေနဲ့ image တွေကို ဒီ Directory ထဲမှာစုစည်းသတ်မှတ်ထားရပါတယ်။

ကျွန်တော်သိသလောက် နောက်ထပ်လည်း လေ့လာဖြစ်တာလေးတွေ Sharing လုပ်ပေးသွားပါ့မယ် ခင်ဗျ။
Zend Framework coding (part-2)ကိုလည်း ဖတ်ရှုပေးပါဦးလို့ တိုက်တွန်းပါရစေဗျာ။
ဖတ်ရှုပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *