Others

မိမိအတွက် စိတ်ဓာတ်ခွန်အား ရရှိအောင် ဘယ်လို ကျင့်ကြံ နေထိုင်မလဲ

ကျွန်မကတော့ Spiceworks Myanmar Company   တွင်  Administration Assistant   အဖြစ်  လုပ်ကိုင်လျက်ရှိသော မအိဖြိုးမွန် ဖြစ်ပါတယ်ရှင့်။  ခရီးသွားခြင်း၏ အကျိုးကျေးဇူးများအား မိမိ သိရှိနားလည်ထားသမျှ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း ယခုတစ်ပတ် မှာတော့ မိမိအတွက် စိတ်ဓာတ်ခွန်အား ရရှိအောင် ဘယ်လို ကျင့်ကြံ နေထိုင်မလဲ ဆိုသည့် နည်းလမ်း အနည်းငယ်ကို ကျွန်မ နားလည်ထားသမျှ ပြန်လည် မျှဝေ ပါရစေရှင့်။

ပထမဆုံး အနေဖြင့်

(၁) စိတ်ဓာတ်ခွန်အား ရရှိအောင် ဘယ်လို နေထိုင်မလဲ ?

ဟုတ်ပါတယ်ရှင့်။
ကျွန်မ တို့လို နေ့စဉ်ဘဝ အတွက် ရုန်းကန် နေရသူများအဖို့  ဖြတ်သန်းရသော တစ်နေ့တာချင်းစီမှာ အဆင်ပြေပြေဖြင့် တစ်နေ့တာ ကုန်ဆုံးဖို့ ဆိုတာ အမှန်တစ်ကယ်တော့ မလွယ်ကူလှပါဘူးရှင့်။  တစ်ခါတစ်ရံ စိတ်ကြည်နူး ပျော်ရွှင်ခြင်း၊  ဒီတစ်နေ့လုံး ဘယ်လိုကုန်သွားမှန်း မသိဘူး ဆိုပြီး အားရကျေနပ်မှု ရှိခြင်းများစွာနှင့် ကြုံတွေ့ရတတ်သော်လည်း တစ်ခါတစ်ရံမှာ အားရကျေနပ်မှု မရှိခြင်း၊ လိုတာထက်ပိုသော အရာများ တာဝန်ယူလုပ်ကိုင်ရသည့် အချိန်မျိုးတွင်လည်း စိတ်တိုင်းမကျမှုများ ဖြစ်ပေါ်ခြင်းကြောင့်
စဉ်းစားဆုံးဖြတ် နိုင်စွမ်း နည်းပါးခြင်းများ၊ တစ်ခါတစ်ရံ မိမိ ဘာကို စိတ်အလိုမကျ ဖြစ်နေလဲ  ဆိုတာတောင် မသိတော့တဲ့ အခြေအနေမျိုးတွေကိုလည်း အနည်းငယ်  ကြုံတွေ့ဖူးကြမှာပါ။ ဒီလိုတွေ ကြုံလာရချိန်မှာ မိမိအနေဖြင့် စိတ်ဓာတ်ကျ မသွားမိစေဖို့ အရမ်း အရေးကြီးပါတယ်။ ထိုအခြေအနေမျိုးတွင် –

  1. စိတ်ဓာတ် ခွန်အားရရှိစေမည့် စာအုပ်များ ဖတ်ရှုလေ့လာခြင်း
  2. ( ၅) မိနစ်စာ Motivate ဖြစ်စေသော Movie များ နားထောင် ကြည့်ခြင်း
  3. တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် အနားယူခြင်း
  4. မိမိ၏ မျက်စိနှင့် စိတ် ကို အနားပေးခြင်း
  5. မိမိ ကိုယ်မိမိ ပြန်လည် ဆန်းစစ်ကြည့်ခြင်း နှင့်
  6. မိဘမဲ့ကလေးများ၊ ဘိုးဘွားရိပ်သာ သို့ သွား၍ မိမိတတ်စွမ်းသမျှ ပရဟိတများ ပြုလုပ်ခြင်းဖြင့်လည်း မိမိအတွက် စိတ်ခွန်အားများ ပိုမို တိုးပွားလာစေပါတယ်။

(၂)   မိမိ စိတ်ကို အတတ်နိုင်ဆုံး ဘယ်လို ကျေနပ် ပျော်ရွှင်အောင် ထားဖြစ်သလဲ ?

ဒီတစ်ချက်မှာ အတတ်နိုင်ဆုံး မိမိ စိတ်ကို ပျော်ရွှင်အောင်၊ ကျေနပ်အောင် ထားနိုင်ဖို့၊ နေတတ်ဖို့ ဆိုတာလည်း အရေးပါနေပြန်ပါတယ်ရှင့်။ ဒီလို နေထိုင် ပြုမူတတ်ရန် အတွက် ကျွန်မ တို့ အနေဖြင့် သတိထားလုပ်ဆောင်ရမည့် အချက်တွေလည်း ရှိနေပါတယ်။ ဒါတွေကတော့

  1. မိမိအတွက် အရေးပါတဲ့ အများအတွက်လည်း အကျိုးရှိလှတဲ့အကောင်းမြင်တတ်တဲ့ စိတ်ပါ။ (လူတစ်ချို့ဟာ အခက်အခဲ တစ်ခုရယ်လို့ ကြုံလာချိန်တွေမှာ တစ်ဖက်လူ အတွက် အကောင်းမြင်ပေးတတ်တဲ့ စိတ်နဲ့ ကြည့်ပေးနိုင်တယ် ဆိုတာ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူးရှင့်။ ကျွန်မ ကိုယ်တိုင်လည်း ယခုအချိန်ထိကို သတိထား ဆင်ခြင်နေရပါတယ်ရှင့်)။
  2. အတတ်နိုင်ဆုံး မိမိစိတ်ကို ကျေနပ်ပျော်ရွှင်အောင် မိမိနှင့် ပေါင်းသင်းဆက်ဆံနေသမျှ ပတ်ဝန်းကျင်၊ အသိုက်အဝန်းများ အားလုံးလည်း ကျေနပ်ပျော်ရွှင်ရအောင်တော့ တစ်ဖက်လူအပေါ် ဖြည့်တွေး ပေးရုံ၊ နားလည်ပေးရုံ လောက်တော့ ကျွန်မ တို့အားလုံးလည်း လုပ်နိုင်ကြတယ် မဟုတ်လားရှင့်။ ဒါဆိုရင် ဘယ်လို အကြောင်း ကိစ္စပဲ ကြုံလာပါစေ အကောင်းမြင်တတ်သော စိတ်ထားဖြင့် အတူတူ ကြိုးစားနေထိုင် ကြရအောင်လားရှင်။
  3. နောက်တစ်ခု အရေးပါနေတာက မိမိ ဘာတွေလုပ်ခဲ့ပြီးပြီလဲ ဆိုတာ ပြန်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံး သွားချိန်မှာ မိမိအတွက် ဘာတွေ ရခဲ့ပြီးပြီလဲ? ဘာတွေတိုးတက်မှု ရှိခဲ့လဲ? အများ အတွက်ရော ဘာတွေများ ကူညီဆောင်ရွက်ပေးခဲ့ပြီးပြီလဲ? ဆိုတဲ့ မေးခွန်းပေါင်းများစွာရဲ့ပြန်လည် ဆန်းစစ်ခြင်း မျိုးတွေပါ။ ဒါတွေကလည်း မိမိ အတွက် စိတ်ကျေနပ်မှု၊ လိုအပ်မှုတွေနှင့် ရောင့်ရဲနိုင်မှု တွေကို ပိုမို သိရှိလာစေမှာပါ။
  4. တတိယ တစ်ခုအနေနဲ့ ကတော့ မိမိ လုပ်ခဲ့သော အရာတွေ အတွက် နောင်တမရပါနဲ့ ။ ကျွန်မ အပါအဝင် တစ်ချို့သောသူတွေမှာ မိမိပြုခဲ့ဖူးသော အရာအတွက် နောင်တရတာမျိုး၊ အားမလို အားမရ ဖြစ်တာမျိုး ရှိတတ်ကြပါတယ်။ အထူးသဖြင့် ပြန်လည် လုပ်ယူလို့ မရနိုင်တော့တဲ့ အရာတွေမှာ နောင်တရနေမည့် အစား ပိုမိုကောင်းမွန်သော အရာတွေကို ဖန်တီး စဉ်းစားတာမျိုး၊ အကောင်အထည်ဖော်အောင် ကြိုးစားတာမျိုးက ပိုပြီး  အကျိုးရှိစေပါတယ်။  တစ်ခါတစ်ရံမှာ ထိုကဲ့သို့သော အရာတွေကသာ မိမိ ဘဝ ကို ပိုမို တိုးတက် ပြောင်းလဲအောင်  ဖန်တီးနိုင်စွမ်းပေးပြီး  ရင့်ကျက်စေတာပါ။

 

(၃)  စိတ်ရှုပ်နေချိန်၊ အဆင်မပြေမှုမျိုး ကြုံတွေ့နေရချိန်မှာ ဘယ်လို ဖြေရှင်း တုံ့ပြန်ဖြစ်လဲ ? ထိုမှ တစ်ဆင့် မည်သည့် အကျိုး ကျေးဇူးများ ရလာနိုင်ပါသလဲ ?

ဒီမေးခွန်းမှာတော့ ကျွန်မ ကြုံတွေ့ ခဲ့တာနဲ့ ပတ်သတ်ပြီး  ဖြေရှင်း ခဲ့ပုံ တွေကို  ပြန်လည်မျှဝေ ပါရစေရှင့်။
မိမိဟာ တစ်စုံတစ်ရာကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရတယ်ဆိုရင် အဲ့ဒီ အကြောင်းအရာ တစ်ခုတည်းမှာပဲ စိတ်နှစ်ပြီး မိမိစိတ်ကို ပင်ပန်းစေဖို့ မဖြစ်သင့်ပါဘူး။
မိမိစိတ်ကို ပိုမို ပင်ပန်း စေသော အတွေး၊ အာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားတတ်ရပါမယ်။  အထူးသဖြင့် လက်ရှိအချိန်မှာ လုပ်ဖို့မလိုအပ်သေးသော ကိစ္စများကို ခေါင်းထဲကထုတ်ထားနိုင်ရပါမယ်။ တစ်စုံတစ်ခုကြောင့် မိမိ ပင်ပန်း ရတာမျိုးဆိုရင် ပိုပြီး လျစ်လျူရှုကာ မိမိစိတ်ကို ပိုမို အနားပေးသင့်ပါတယ်။
အကျိုးကျေးဇူး အနေနဲ့ကတော့ မိမိစိတ်ကို ပို၍ အေးချမ်းနေမှာပါ။ အတွေ့အကြုံရယ်၊ သင်ခန်းစာရယ်လို့ ရရှိလာနိုင်ပြီး နောင်ကြုံလာမည့်  ကိစ္စ တော်တော် များများ မှာ တစ်ခုခုကို မလုပ်ခင် ကြိုတင်ပြင်ဆင်ခြင်းများရှိုခြင်း၊ ပိုမိုဆင်ခြင်နိုင်လာခြင်းများ ဖြင့် ဖြတ်သန်းလာနိုင်မှာပါ။


အောက်မှာ ရေးသားထားတာကတော့ အောင်မြင်သူ အများစုရဲ့ ကျင့်ကြံနေထိုင်မှု နည်းလမ်းလေးတွေပါ။

  1. Read every day
  2. Talk about ideas
  3. Compliment
  4. Embrace change
  5. Forgive others
  6. Learn constantly
  7. Accept responsibility for their failures
  8. Have a sense of gratitude
  9. Set goals and develop life plans
  10. Set a budget have money wisely

ကျွန်မ လေ့လာခဲ့ဖူးသော စာအုပ်တွေမှာ အောင်မြင်တဲ့သူ အများစု တွေဟာ ဘယ်လို အချက်တွေနဲ့ ကြိုးစားနေထိုင်ကြသလဲ ဆိုတာ စာဖတ်သူများ သိရှိရအောင် ပြန်လည် မျှဝေရင်း မိမိတို့သည်လည်း ယခုထက် ပိုမို အောင်မြင်သော ဘဝ များတွင် ရပ်တည်နိုင်အောင် အတူတူ ကြိုးစားကြဖို့ အားပေးရင်း တိုက်တွန်း လိုက်ပါရစေရှင့်။

နောက်တစ်ပတ်မှာလည်း ကျွန်မတို့ Spiceworks Myanmar Company မှ ပိုမို စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများနှင့် နည်းပညာများကိုဆက်လက်ပြီး မျှဝေ ပေးသွား မှာဖြစ်ပါတယ်။ ကျွန်မတို့လေ့လာသိရှိသမျှ စာများနှင့်တကွ တွေးခေါ်ပုံ များအား ဖတ်ရှုရင်း ပိုမို စိတ်ကြည်နူးဖွယ်ကောင်းသော နေ့ရက်များစွာကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေရှင့်။

ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *