Others

Understanding 2FA and Multi-Factor Authentication – မိမိ၏ Digital Account များကို ပိုမိုလုံခြုံစေမည့်နည်းလမ်းများ

ဒီတစ်ပတ်မှာ ပြန်လည်မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ “Understanding 2FA and Multi-Factor Authentication – မိမိ၏ Digital Account များကို ပိုမိုလုံခြုံစေမည့်နည်းလမ်းများ” ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

 

2FA/ MFA ဘာကြောင့် လိုအပ်သလဲ။

ယခုလို AI ခေတ်မှာ ဒီဂျစ်တယ်လုံခြုံရေးက မည်မျှ အရေးကြီးသည်ကို သင် သတိပြုမိပါသလား။Cybercriminal များသည် ကျွန်တော်တို့ personal account များရဲ့ username နှင့် password များကို သိမ်းဆည်းရယူနိုင်ရန် အမြဲတမ်း ကြိုးပမ်းနေကြပါတယ်။

စာရင်းဇယားအရ၊ ဆိုက်ဘာလုံခြုံရေးချိုးဖောက်မှုများ၏ ၈၀% ကျော် သည် အားနည်းသော (သို့မဟုတ်) ခိုးယူထားခြင်းခံရသော password များ၏ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ Phishing, brute force attacks နှင့် credential leaks အစရှိသည့် ဆိုက်ဘာတိုက်ခိုက်ရေး နည်းလမ်းဖြင့် hackers များသည် accounts ထဲသို့ အလွယ်တကူ အကြွင်းမဲ့ ဝင်ရောက်နိုင်ပါတယ်။

 

Two-Factor Authentication (2FA) ဆိုတာ ဘာလဲ။

Two-Factor Authentication (2FA) သည် အသုံးပြုသူ၏ identity ကို အတည်ပြုရန် လုံခြုံရေး အဆင့်နှစ်ဆင့်ခံထားသော နည်းစနစ် ဖြစ်ပါတယ်။

 

Authentication Factor အမျိုးအစားများ။

  1. Something You Know – Password, PIN, လုံခြုံရေး မေးခွန်း
  2. Something You Have – Mobile device, security key, authenticator app
  3. Something You Are – လက်ဗွေ၊ မျက်နှာအသွင်အပြင်၊ မျက်ကြည်လွှာ scan ဖတ်ခြင်း တို့ဖြစ်ပါတယ်။

 

2FA နည်းလမ်းများ။

  1. SMS-based 2FA – တစ်ကြိမ်သုံး code များကို text message မှတဆင့် ပို့ပေးပါသည်။
  2. Authenticator Apps – Google Authenticator (သို့မဟုတ်) Microsoft Authenticator များမှ တစ်ကြိမ်သုံး code များကို အသုံးပြုနိုင်ပါသည်။
  3. Hardware Security Keys – မန်မိုရီစတစ် ကဲ့သို့ device များမှတဆင့် အမြင့်ဆုံး လုံခြုံရေးကို ပံ့ပိုးပေး  ပါသည်။
  4. Biometric 2FA – လက်ဗွေ scan သို့မဟုတ် မျက်နှာ scan ဖြင့်လုံခြုံ‌ရေးကို ပံ့ပိုးပေးပါသည်။

ဥပမာ – Gmail တွင် 2FA ကို enable လုပ်ထားပါက

  1. Password ထည့်သွင်းခြင်း (ပထမ အဆင့်)
  2. Google Authenticator မှ code ထည့်သွင်းခြင်း (ဒုတိယအဆင့်) ဆိုပြီး ရှိပါတယ်။

 

Multi-Factor Authentication (MFA) ဆိုတာ ဘာလဲ။

Multi-Factor Authentication (MFA) သည် အတည်ပြုရန် လုံခြုံရေး အဆင့်နှစ်ဆင့်ထက်ပိုသော နည်းလမ်းများကို အသုံးပြုသည့် လုံခြုံရေးစနစ် ဖြစ်ပါသည်။

 

MFA နမူနာများ။

  1. Online Banking: Password + Email မှ OTP + Face ID
  2. Enterprise Security: ID card badge + PIN code + လက်ဗွေ

 

2FA နှင့် MFA တွင် ဘယ်လို ကွာခြားမှုရှိလဲ။

အကောင်းဆုံးအသုံးချနည်း။

အရေးကြီးသောအကောင့်များ၊ ငွေကြေးနှင့်ပတ်သက်သောအကောင့်များ အားလုံးတွင် 2FA/ MFA ကို အသုံးပြုလုပ်ဆောင်ရန် အကြံပြုပါသည်။

SMS code ထက် authenticator app များမှ code ရယူသောနည်းလမ်းကို ပိုမိုအသုံးပြုပါ။ Hardware security keys (YubiKey) များသည် အမြင့်ဆုံး လုံခြုံရေး အဆင့်ကို ပံ့ပိုးပေးပါသည်။ မိမိ Password များကို အခါအားလျော်စွာ ပြောင်းလဲပြီး Cybersecurity နှင့်ပတ်သက်သော အသိပညာနှင့် ကြိုတင်ကာကွယ်မှုနည်းလမ်းများကိုပါ လေ့လာဖတ်ရှုရန် လိုအပ်ပါသည်။ 2FA (သို့မဟုတ်) MFA ကို အသုံးပြုခြင်းသည် online threat ရန်များမှ ကာကွယ်နိုင်သည့် အလွယ်ကူဆုံး နည်းလမ်း တစ်ခုပင် ဖြစ်ပါသည်။

သင့် account များကိုယနေ့ပင် လုံခြုံရေးမြှင့်တင်လိုက်ပါ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *