မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar မှာ Backend developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မသဲစုလွင် ဖြစ်ပါတယ်။ ညီမ ဒီနေ့ပြောပြသွားမည့် အကြောင်းအရာကတော့ Spiceworks Myanmar မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သောအစမ်းခန့်ကာလ (၃)လ အတွင်း အတွေ့အကြုံများကို ဝေမျှသွားမှာဖြစ်ပါတယ်ရှင့်။
ပထမဆုံးအနေနဲ့ ရုံးတွင်း လူမှုဆက်ဆံရေးအကြောင်းနှင့်ပတ်သက်ပြီး Spiceworks Myanmar ၏လုပ်ငန်းခွင်အတွင်း Team member တစ်ယောက်ချင်းစီတိုင်းက တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းလေးစားမှုရှိပြီး ပြောဆိုဆက်ဆံကြပါတယ်ရှင့်။ Member အသစ်ဖြစ်သော ညီမကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုပြီး လိုအပ်တာများကို ပြောပြပေးတဲ့အတွက် အချိန်တို တစ်ခုအတွင်းမှာ Spiceworks Myanmar ၏ work flow ကို နားလည်ခဲ့ပါတယ်ရှင့်။ ထိုအတွက်လည်း Spiceworks Myanmar မှ member တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
ဆက်လက်ပြီး ညီမတို့ရုံးမှာ အပတ်စဉ် တနင်္လာနေ့တိုင်း မနက်ခင်းအစည်းအဝေးမှာ ပါဝင်သော Thank you ပြောတဲ့အပိုင်းမှာဆိုရင် ညီမတို့ တစ်ယောက်နှင့်တစ်ယောက် လုပ်ငန်းခွင်အတွင်းမှာဖြစ်စေ၊ Personal ကိစ္စမှာဖြစ်စေ အကူအညီပေးခဲ့ဖူးသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စရာပြောပြီး အသိအမှတ်ပြုကြပါတယ်ရှင့်။ ထိုအမူအကျင့်လေးကို ညီမအနေနဲ့ အရမ်းကို သဘောကျမိပါတယ်ရှင့်။ ဆက်လက်ပြီး Positive Thinking ပြောတဲ့အပိုင်းမှာဆိုရင် member များမှ မိမိတို့ ကြုံတွေ့ခဲ့ရသော ကိစ္စတစ်ခု၊ အဖြစ်အပျက်တစ်ခု အပေါ် အကောင်းဘက်ကနေ တွေးခဲ့၊ မြင်ခဲ့တာတွေကို ဝေမျှပေးတဲ့အပိုင်းဖြစ်ပါတယ်ရှင့်။ထိုကြောင့် ညီမအတွက် အရင်ကထက်ပိုပြီး အကောင်းမြင်တတ်လာပါတယ်ရှင့်။
ဒုတိယအနေနဲ့ Spiceworks Myanmar မှ COO ကိုမြတ်မင်းဆွေမှ member အသစ်များကို Internal Training ပေးခဲ့သော အတောအတွင်း လေ့လာသိရှိခဲ့သည်များကို ဝေမျှသွားချင်ပါတယ်ရှင်။ အဓိကအနေနှင့် Time management နှင့်ပတ်သက်ပြီး ညီမတို့ကို နောက်လာမည့် (၃) လ၊ နောက်လာမည့် (၅) နှစ်အတွင်း ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲ၊ ဘာတွေလေ့လာသွားမလဲ ဆိုတာကို Training report အနေနဲ့ရေးရပါတယ်ရှင့်။ ထို့အတွက်ကြောင့် ညီမအနေနဲ့ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်မိပြီး အချိန်ကို အကျိုးရှိရှိကုန်ဆုံးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်ရှင့်။
နောက်ဆုံးအနေနဲ့ Spiceworks Myanmar ၏ ရုံးတွင်း activities များဖြစ်သော Mindfulness, Happy Monthly Party, General Assembly များအကြောင်း ဝေမျှသွားချင်ပါတယ်ရှင့်။ Mindfulness ဆိုတာကတော့ အလုပ်လုပ်ရသည့် တစ်ပတ်တာအတွင်း member များ စိတ်နှလုံးအေးချမ်းစေဖို့ရည်ရွယ်ပြီး တနင်္လာနေ့ နှင့် ဗုဒ္ဓဟူး နေ့တို့တွင် သာယာငြိမ့်ညောင်းသော သံစဉ်များဖွင့်ပေးပြီး စိတ်အနားယူဖို့အတွက် စီစဉ်ပေးခြင်းဖြစ်ပါတယ်ရှင့်။ ဆက်လက်ပြီး Happy Monthly Party ဆိုတာကတော့ လတစ်လ၏ နောက်ဆုံးအပတ်တိုင်းမှာ member များ အချင်းချင်း ပိုပြီးရင်းနှီးမှုများ တိုးတက်လာစေရန်နှင့် တခြား brainstorming အစီအစဉ်များပါဝင်တဲ့ HR မှစီစဉ်ပေးသော ပွဲလေးဖြစ်ပါတယ်ရှင့်။ဆက်လက်ပြီး General Assembly ဆိုတာကတော့ (၆) လ တစ်ကြိမ် ကျင်းပပေးသော ပွဲဖြစ်ပါတယ်ရှင့်။ ညီမကတော့ ပြီးခဲ့သော နိုဝင်ဘာလတွင်ကျင်းပခဲ့သော (၁၃) ကြိမ်မြောက် General Assembly မှာပါဝင်ခွင့်ရခဲ့ပါတယ်ရှင့်။ ထိုပွဲတွင် Spiceworks Myanmar ၏ Internal Group တစ်ဖွဲ့ချင်းစီမှ နောက်လာမည့် (၆) လအတွင်း ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းတာဝန်များကို ပြောကြားခြင်း၊ Game ကစားခြင်း၊ အမှတ်တရ ဆုလက်ဆောင်များပေးခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း စသည့်အစီအစဉ်များပါဝင်ပြီး member များပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြပါသည်။
ယခု အကြောင်းအရာများကတော့ Spiceworks Myanmar တွင် အစမ်းခန့်ကာလ (၃) လအတွင်း ညီမ တွေ့ကြုံ သိရှိခဲ့ရသော အတွေ့အကြုံများကို ဝေမျှသွားခြင်းဖြစ်ပါတယ်ရှင့်။ လုပ်ငန်းခွင်အတွင်း နည်းပညာပိုင်းနှင့် တခြားစိတ် ပိုင်းဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးသော Spiceworks Myanmar ၏ member တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါရစေ။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့သောာ စာဖတ်သူများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
3 Months Experience in Spiceworks Myanmar
Hello