Life Style

3 Months Experience in Spiceworks Myanmar

မင်္ဂလာပါ။
ကျွန်တော်ကတော့ Spiceworks Myanmar မှာ Backend Developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်သုတယာမိုး ဖြစ်ပါတယ်။ အလုပ်ဝင်ပြီး သုံးလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများကို ဝေမျှပေးချင်ပါတယ်ခင်ဗျ။
အလုပ်စဝင်ဝင်ချင်း Work From Home လုပ်ရတဲ့အတွက်ကြောင့် စစချင်းမှာတော့ တာဝန်ယူမှုအပိုင်းမှာ အားနည်းမှာကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ နောက်ပြီးတော့ communication ပိုင်းမှာ အခက်အခဲလေးတွေရှိမယ်လို့ ထင်ခဲ့ပေမယ့် အားလုံးက နွေးနွေးထွေးထွေးဆက်ဆံပေးပြီး ကူညီပေးကြတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ အဲ့အတွက် Spiceworks Myanmar မှ member အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
အလုပ်ဝင်ပြီး ကျွန်တော် ဘယ်အရာတွေ ပိုပြီးလုပ်ဖြစ်လာလဲဆိုတာကို ပြောပြချင်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ target အတိုလေးတွေထားဖြစ်ပါတယ်။ ရုံးမှာက ၆လတစ်ကြိမ် ကိုယ်လုပ်မယ့်အရာတွေကို တင်ပြရပါတယ်။ အခုလိုတင်ပြခြင်းအားဖြင့် ဒီ ၆လမှာ ဘာတွေလေ့လာရမယ်၊ ဘာတွေလုပ်ရမယ် ဆိုတာကို သတ်မှတ်ပြီးသား ဖြစ်သွားပါတယ်။ သတ်မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြီးအောင်လုပ်ဖို့ဆိုရင် နည်းပညာအသစ်တွေ လေ့လာရမှာဖြစ်တဲ့အတွက် ၆လတစ်ကြိမ်လောက် အသစ်အသစ်တွေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးသလို ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ task scheduling အပိုင်းဖြစ်ပါတယ်။ တစ်ရက်တာလုပ်ရမယ့် task တွေကို priority အလိုက်သတ်မှတ်ပြီး လုပ်ဆောင်တဲ့အကျင့်ကောင်း ရရှိလာပါတယ်။
နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ရုံးမှာ လုပ်ဖြစ်နေကျ activity တချို့ကို ဝေမျှပေးချင်ပါတယ်။ စိတ်တည်ငြိမ်စေဖို့ နှင့် စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့အတွက် ရည်ရွယ်ပြီးလုပ်ထားတဲ့ Mindfulness Activity လေးရှိပါတယ်။ Japanese learning activity မှာဆိုရင်တော့ Group များခွဲပြီး ဂျပန်စာလေ့လာခြင်းကို တစ်ပတ်တစ်ခါ ပြုလုပ်ကြပါတယ်။ ထို activity ကြောင့် ကျွန်တော့်အနေနဲ့ အသစ်ကို မလေ့လာဖြစ်ရင်တောင် ကိုယ်လေ့လာထားတွေကိုတော့ မေ့မသွားအောင် ပြန်နွေးဖြစ်သွားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးတင်စကားပြောတဲ့ Thank You activity လည်း ရှိပါတယ်။ ကျေးဇူးတင်စကားပြောရတဲ့အတွက် ရင်းနှီးမှုပိုတိုးလာတယ်လို့ ခံစားရမိပြီး သူတစ်ပါးရဲ့ကြိုးစားအားထုတ်မှုတွေကို ပိုပြီး အသိအမှတ်ပြုတတ်လာပါတယ်။
အပေါ်ကအကြောင်းအရာတွေကတော့ ကျွန်တော် သုံးလအတွင်း ကြုံတွေ့ခဲ့တဲ့ အတွေအကြုံများ ဖြစ်ပါတယ်။
နည်းပညာပိုင်းအပြင် အခြားအရေးပါတဲ့ skills တွေကို တိုးတက်အောင် လုပ်ဆောင်ပေးတဲ့အတွက်လည်း Spiceworks Myanmar ကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ရုံးပြန်ဖွင့်တဲ့ အချိန်ကျရင်လည်း Spiceworks Myanmar မှ ညီအစ်ကိုမောင်နှမများနဲ့ ပိုပြီးရင်းနှီးချင်ပါသေးတယ်ခင်ဗျ။
အချိန်ပေးပြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *