Life Style Others Work Style

3 Months Working Experiences of Web Designer in Spiceworks Myanmar

မင်္ဂလာပါရှင့်

ညီမကတော့ Spiceworks Myanmar Companyတွင်Web Designerအဖြစ်ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့မဇင်နုထွေး ဖြစ်ပါတယ်ရှင့်။ ဒီအပတ်မှာတော့ ညီမတွေ့ကြုံခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံလေးတွေကို မျှဝေပေးချင်ပါတယ်။

ညီမအတွက် ပထမဆုံး အလုပ်လုပ်ရမှာ ဖြစ်တာကြောင့် အလုပ်မဝင်ခင်  စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ လုပ်ငန်းနှင့်ပတ်သတ်သော သဘောတရားများကိုလည်း သေချာစွာ နားမလည်သေးသည့်အတွက် ပိုမို ကြိုးစားလေ့လာရပါတယ်။

သို့ပေမယ့်လည်း  ညီမတို့ရဲ့စီနီယာအစ်ကို၊ အစ်မတွေအားလုံးက အလုပ်နှင့် ပတ်သက်တဲ့အကြောင်းအရာများကို မခြွင်းမချန်ပဲ သေချာရှင်းပြ၊ သင်ပြပေးကြပါတယ်။ စီနီယာအစ်ကို၊အစ်မတွေက ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြသည့်အတွက်  ညီမအနေနဲ့ အထောက်အကူများစွာနှင့်  လေ့လာမှတ်သားစရာတွေလည်း ရှိခဲ့ပါတယ်။ Spiceworks Myanmar ရှိ memberတွေ အားလုံးရဲ့နွေးထွေးစွာကူညီပေးခဲ့ကြတဲ့အတွက် ညီမရဲ့အလုပ်အပေါ်စိုးရိမ်ပူပန်မှုတွေလည်း သက်သာစေခဲ့ပါတယ်။ ဂျပန် ကုမ္ပဏီ ဖြစ်သည်နှင့် အညီ ဝန်ထမ်းများအား ဂျပန်စာ တတ်မြောက်ရန်အတွက် အလုပ်ဝင်ရောက်ပြီး မကြာမီ ဂျပန်စာအား စတင်လေ့လာရပါတယ်။

ထို့အပြင် ညီမတို့ရုံးမှာအပတ်စဉ်ပြုလုပ်နေကျ activityလေးတွေလဲ ရှိနေပါသေးတယ်။

ညီမတို့ရုံးရဲ့အပတ်စဉ် တနလာၤနေ့တိုင်း memberများအားလုံးကို လုပ်ငန်းခွင်တွင် အာရုံစူးစိုက်မှုများကောင်းလာစေရန်နှင့် စိတ်ဖိစီးမှုများကိုလျှော့ချနိုင်စေရန် ရည်ရွယ်၍ ၁၅မိနစ်ခန့် meditationပြုလုပ်ခြင်းကိုလုပ်ဆောင်ကြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာလည်း ဂျပန်စာနှင့်ပတ်သတ်လို့ ပိုမိုတိုးတက်စေရန်  အတွက် member များအားလုံး အတူတူလေ့လာကြပါတယ်။

ညီမတို့ကို  ပိုမိုပြီး အမှတ်တရ ရှိစေခဲ့သော Member Birthday’s Party များကိုလည်း company ဝင်ရောက်ခြင်းနှစ်ပတ်လည်နေ့ရောက်တိုင်း memberများအားလုံးနှင့်အတူပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။

ထို့အပြင် ဝန်ထမ်းများအားလုံး ပရဟိတ လုပ်ငန်းတွင်လည်း ပါဝင်နိုင်စေရန်အတွက် General Manager မှ ဦးဆောင်၍ charityတစ်ခုအနေဖြင့် လစဉ်အလှူငွေများစု၍ ၃လ တွင် တစ်ကြိမ် လိုအပ်သောနေရာများသို့ သွားရောက်လှူဒါန်း ဖြစ်ကြပါတယ်။

ထို့သို့ ပြုလုပ်ရသည့်အတွက် ညီမစိတ်မှာလည်းဝမ်းသာကြည်နူးမိသည့် အပြင် တစ်ဦးတစ်ယောက်ချင်းစီအပေါ်တွင်လည်း အရင်ကထက်ပိုပြီး  ဖေးမ ကူ ညီချင်သည့်စိတ်များနှင့်ပိုမိုရင်းနှီးစေခဲ့ပါတယ်။ ထို့ကြောင့် ရုံးတက်ရသော နေ့ရက်တိုင်းတွင်လည်း မိသားစု အရင်းအချာ များသဖွယ် ပျော်ရွှင်စွာနဲ့ဖြတ်သန်းခဲ့ရပါတယ်။

အချိန်ပေးပြီးဖတ်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *