Work Style

4 Months Working Experiences

အားလုံးပဲ မင်္ဂလာပါခင်ဗျ။

ကျွန်တော့ နာမည်ကတော့ မောင်ကျော်စိုးနိုင် ဖြစ်ပါတယ်။ Spiceworks Myanmar Company မှာ Junior Web Designer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ပထမဆုံးအနေနဲ့ ကျွန်တော်၏ အလုပ်ဝင်ခဲ့သော (၄)လအတွင်း ကြုံတွေ့ခဲ့ရသော   အတွေ့အကြုံများကို ဝေမျှပေးချင်ပါတယ်ခင်ဗျ။

ကျွန်တော် ကျောင်းပြီးပြီးချင်း လုပ်ငန်းခွင်ဝင် ရောက်တာကြောင့် စိတ်လှုပ်ရှားမိခဲ့ပေ့မယ့် ကုမ္ပဏီ စတင် ဝင်ရောက်ချိန်မှာပဲ  ကျွန်တော့ကို Member Welcome Party လေးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့သော General Manager, စီနီယာ အစ်ကို၊ အစ်မတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကျွန်တော့အတွက်တော့ Spiceworks Myanmar Company မှာ အလုပ်ရတာ ပထမဆုံး အလုပ်ဖြစ်တာကြောင့် အရမ်းကိုပျော်ရွှင် ဝမ်းမြောက်မိပါတယ်ခင်ဗျ။ ကျောင်းမှာ စာတွေ့သင်ယူလေ့လာခဲ့ရပေမယ့် လုပ်ငန်းနဲ့ပတ်သက်သော သဘောတရားများကို သေချာနားလည်လာအောင်ကြိုးစားလေ့လာရပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး နားမလည်သေးသော အကြောင်းအရာများကိုလဲ စီနီယာ အစ်ကို၊ အစ်မ တွေအားလုံးက သေသေချာချာ ရှင်းလင်း၊ သင်ကြားပေးကြပါတယ်။ စီနီယာ အစ်ကို၊ အစ်မ တွေရဲ့ ရှင်းလင်းသင်ကြားပေးမှု၊ အကြံဉာဏ် ပေးမှု တွေက ကျွန်တော့အတွက် အထောက်အကူများစွာ ရရှိခဲ့ပါတယ်။

ကျွန်တော် သဘောကျမိသော ကုမ္ပဏီ ၏ Activity တစ်ချို့ကိုလည်း ပြောပြချင်ပါတယ်ခင်ဗျ၊ ကုမ္ပဏီတွင် အပတ်စဉ် ပြုလုပ်နေကျ Activity များမှ တနလာၤနေ့တိုင်း ပြုလုပ်လျက်ရှိသော Rotate Plan  အကြောင်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်။Rotate plan ဆိုသည်မှာ member များကိုအလှည့်ကျ ပြောင်းလဲနေရာချထားပေးသော အစီအစဉ်ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကုမ္ပဏီမှာ System Team, Design Team  ဆိုပြီး Team (2) ခုဖြင့် ဖွဲ့စည်းထားပြီး Design Team မှ ဝန်ထမ်းများနှင့် System Team မှ ဝန်ထမ်းများ အပြန်အလှန် Team  Work ကောင်းစေရန်နှင့် Communication  ကောင်းစွာ  အလုပ်လုပ်နိုင်ရန်၊ တစ်ဦးနဲ့ တစ်ဦး  ပိုမိုရင်နှီးစေရန်  စီစဉ်ထားသော rotate plan လေးက အပတ်စဉ် ပြောင်းလဲနေတာကြောင့် ၊နည်းပညာများ၊ အတွေးအခေါ်များအား အပြန်အလှန် ဖလှယ်ခွင့်ရအောင်  ဖော်ဆောင်ပေးနေသော activity တစ်ခုဖြစ်ပါတယ်ခင်ဗျ။

Spiceworks Myanmar Company သည် ဂျပန် ကုမ္ပဏီ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများအား ဂျပန်စာ တတ်မြောက်စေရန်အတွက် အလုပ်ဝင်ရောက်ပြီး မကြာမီ ဂျပန်စာအား စတင်လေ့လာရပါတယ်။အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း  ဂျပန် ပုံပြင်များ၊ စာပိုဒ်များဖတ်ခြင်း၊ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု၊  ဗဟုသုတ စာပေများ လေ့လာခြင်း၊ Listening ကောင်းမွန်စေရန် အတွက် ဂျပန် သီချင်းများ နားထောင်စေခြင်း တို့ကို လုပ်ဆောင်ပါတယ်ခင်ဗျ။

ထို့အပြင် ဝန်ထမ်းများအားလုံးနည်းတူ  ပရဟိတ လုပ်ငန်းတွင်လည်း ပါဝင်နိုင်ရေးအတွက် General Manager မှ ဦးဆောင်၍ charity တစ်ခုအနေဖြင့် လစဉ်အလှူငွေများ စုပေါင်း၍  သုံးလတွင် တစ်ကြိမ် လိုအပ်သောနေရာများသို့ သွားရောက်လှူဒါန်း ဖြစ်ကြပါတယ်။ ပြီးခဲ့သော အလှူအား ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်ခင်ဗျ။ထိုသို့ လှူဒါန်းရသည့်အတွက် ကျွန်တော့၏  စိတ်ထဲမှာလည်း ဝမ်းသာကြည်နူးရသည့် အပြင် တစ်ဦး တစ်ယောက်ချင်းစီတွင်လည်း အရင်ကထက်  ဖေးမ ကူညီချင်သည့် စာနာသော စိတ်များ ဖြစ်ပေါ်စေပြီး  အချင်းချင်း ရင်းနှီးမှုများ ရရှိကာ  ရုံးတက်ရသော နေ့ရက် တိုင်းတွင်လည်း  မိသားစု အရင်းအချာ များသဖွယ် ပျော်ရွှင်စွာနဲ့ဖြတ်သန်း လုပ်ကိုင်နေကြပါတယ် ခင်ဗျ။


ကျွန်တော်တို့ Spiceworks Myanmar Company မှာ Web Development ကုမ္ပဏီဖြစ်သည့်အတွက် Web Designer, Web Developer လုပ်ငန်းကို စိတ်ပါဝင်စားသော သူများအနေ နဲ့ ကျွန်တော်တို့ကုမ္ပဏီသို့ လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ link   မှဖြစ်စေ အလွယ်တကူ လျှောက်ထားနိုင်ပါတယ် ခင်ဗျ။

https://www.spiceworksmyanmar.com/jobpost/

Spiceworks Myanmar Company သို့လူကိုယ်တိုင်လာရောက် လျှောက်ထားချင်သူများကတော့  အမှတ် ၆ဘီ(၂)၊ ရန်ကင်းစင်တာကွန်ဒို၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့သို့ တနင်္လာနေ့ မှ  သောကြာနေ့ အထိ မနက် (၈)နာရီ မှ ညနေ (၅ )နာရီအတွင်း လာရောက် လျှောက်ထားနိုင်ပါတယ်။

အချိန်ပေးပြီး ဖတ်ရှုပေးသည့်အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

 

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *