Life Style

5 Ways To Stay Healthy As A Programmer

မင်္ဂလာပါခင်ဗျ
ကျွန်တော်ကတော့ Spiceworks Myanmar Company တွင် Web Designer အဖြစ် ဝင်ရောက် လုပ်ကိုင်လျက်ရှိသော စိုင်းအောင်နိုင်ဦး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ Programmer တစ်ယောာက်အနေနဲ့ ကျန်းမာစွာနေထိုင်နိုင်အောင် နေ့စဉ်ဘယ်လိုနေထိုင်သင့်ကြောင်း Tips လေးတွေကို ဝေမျှပေးချင်ပါတယ်ဗျ။

5 Ways To Stay Healthy As A Programmer

  1. Hydration
  2. Take Periodic Breaks
  3. Avoid Developing Carpal Tunnel Syndrome
  4. Watch out for Back & Neck Pain
  5. Develop A Stress Management Technique To Manage Computer Stress

1.Hydration (ရေဓါတ်)
ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိ ရေဓါတ်ပမာဏသည် ကျွန်ုပ်တို့ခန္ဓာကိုယ်အလေးချိန်ရဲ့ 60% ပျမ်းမျှအားဖြင့် ရှိပါတယ်။
ရေဓါတ်က ခန္ဓာကိုယ်အတွက် အရေးကြီးသည့်အလျောက် ကျွန်တော်တို့ ရေမကြာမကြာသောက်ဖို့လည်း မေ့နေတတ်ပါတယ်။ ဒါကြောင့် ရေကို တစ်နေ့တာ ရေလုံလုံလောက်လောက်သောက်ကြဖို့ သတိထားသင့်ပါတယ်။
ရေဓါတ်ဆုံးရူံးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးပြဿနာကတော့ ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ မျက်ရည်ထုတ်လုပ်မှုလျော့နည်းခြင်းကြောင့် မျက်လုံးစပ်ခြင်း၊ ဆီးအထွက်နည်းခြင်း၊ ကျောက်တည်ခြင်း (ရေရှည်) စတဲ့ ပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီပြဿနာတွေ ရှောင်ရှားနိုင်ဖို့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
1. မနက်အိပ်ယာထချိန် ရေသောက်ပေးရန်၊
2. အလုပ်စားပွဲမှာ ရေသန့်ဗူးထားရန်၊
3. နေ့လည်စာမစားခင် ရေသောက်ရန်၊
4. အစပ်ကြိုက်လျှင် အစပ်စားပေးခြင်းဖြင့် သဘာဝအတိုင်း ရေသောက်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

 

2.Take Periodic Breaks (အချိန်အခါလိုက် အနားယူခြင်း)
ကျွန်တော်တို့ နေ့စဉ်မနားမနေ code ကိုပဲ အာရုံစိုက်မိပါက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ desk ကနေ ခဏတာ အနားယူခြင်းသည် အရေးကြီးပြီး လျစ်လျူမရှုသင့်ပါ။
အနားမယူခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးပြဿနာကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု အကန့်အသတ်ရှိလာခြင်း၊ သွေးတိုးခြင်း၊ အဝလွန်ခြင်း၊ မှားယွင်းတဲ့ ခန္ဓာကိုယ်အနေအထား ထိုင်ပုံထိုင်နည်းများ ဖြစ်ပေါ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ နာကျင်ခြင်း အစရှိတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီလိုကျန်းမာရေးပြဿနာတွေရှောင်ရှားနိုင်ဖို့ တစ်နေ့တာလုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. ၃ နာရီခြားတစ်ခါ ခဏတာ အနားယူခြင်း၊
2. နေ့လည်စာစားချိန်ရောက်လျှင် မစားခင် မတ်တပ်ရပ်ပြီး အကြောဆန့်ခြင်း၊ အကြော‌လျှော့ခြင်း၊
3. ရေခဏခဏသောက်ပါ။ အဲ့အတွက် toilet ခဏခဏ သွားရတာမို့ break ယူပြီးသားလည်း ဖြစ်စေပါတယ်။

 

3.Avoid Developing Carpal Tunnel Syndrome (လက်ကောက်ဝတ် နာကျင်ခြင်း)
Carpal tunnel syndrome သည် လက်နှင့်လက်ကောက်ဝတ်တွေမှာ နာကျင်တာ၊ ထုံကျဉ်တာနဲ့ ယားယံတာတွေဖြစ်စေတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Carpal tunnel syndrome သည် median nerve လို့ခေါ်တဲ့ လက်ကောက်ဝတ်ရှိ အာရုံကြောတစ်ခုကြောင့် ဖြစ်ပေါ်စေပါတယ်။ Computer နဲ့ ဆက်စပ်တဲ့အလုပ်တွေမှာ ဒီလက္ခဏာစုကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုများစွာ ရှိပါတယ်။ Keyboard သို့မဟုတ် Mouse ကို အဆက်မပြတ်အသုံးပြုခြင်းကြောင့် ဒီရောဂါဖြစ်ပွားစေနိုင်ပါတယ်။
CTS ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ မှားယွင်းတဲ့ အနေအထားဖြင့် mouse နဲ့ keyboard ကို အချိန်ကြာမြင့်စွာအသုံးပြုခြင်း၊ 12 နာရီကြာ ဆက်တိုက်မနားမနေ အလုပ်လုပ်ခြင်း၊ အိပ်နေတဲ့အချိန် ဒါမှမဟုတ် ကားမောင်းနေတဲ့အချိန် လက်ကောက်ဝတ်ကို အချိန်ကြာမြင့်စွာကွေးထားခြင်း၊ ခေါက်ထားမိခြင်း စတဲ့ဒီအကြောင်းအရာတွေကြောင့် (CTS) ကို ဖြစ်စေနိုင်ပါတယ်။

ဒီ (CTS) မဖြစ်အောင် တစ်နေ့တာလုပ်ဆောင်ရမယ့် tips လေးတွေ ဝေမျှပေးပါမယ်။

1. Mouse သို့မဟုတ် Keyboard ကို အသုံးပြုနေစဉ် လက်နဲ့ လက်ကောက်ဝတ်ကို ကြားနေအနေအထားတွင် ထားပြီး အသုံးပြုပါ။
2. မကြာမကြာ ခဏတာ အနားယူဖို့ သတိရပါ။
3. Ergonomic keyboard နဲ့ Ergonomic mouse ကို အသုံးပြုခြင်းဖြင့် လက်ကောက်ဝတ်နာကျင်ခြင်းကို လျော့ကျစေပါတယ်။
4. Median nerve လေ့ကျင့်ခန်းကို လုပ်ပေးပါ။

 

4. Watch Out For Back & Neck Pain (နောက်ကျော နဲ့ လည်ပင်းဂုတ်နာကျင်မှုကို သတိထားပါ)
Programmer တစ်ယောက်အနေနဲ့ အလုပ်ရဲ့ သဘောသဘာဝဟာ Computer ရှေ့မှာ အချိန်အကြာကြီး ထိုင်နေရခြင်းဖြစ်ပါတယ်။ အချိန်အကြာကြီး ထိုင်ခြင်းသည် ခါးနှင့် လည်ပင်း နှစ်ဖက်လုံးကို ညောင်းညာပြီး နာကျင်စေပါတယ်။ ဒီညောင်းညာနာကျင်မှုတွေကို ဂရုမစိုက် မကုသပဲ ဒီတိုင်းထားရင် ရေရှည်မှာကိုယ့်ရဲ့ Productivity စွမ်းရည်ကို ကျဆင်းသွားစေနိုင်ပါတယ်။
ဒီလိုကျန်းမာရေးပြဿနာတွေရှောင်ရှားနိုင်ဖို့ တစ်နေ့တာလုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. Aerobic လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်ကြံခိုင်မှုကိုအထောက်အကူပြုပါတယ်။
2. အကြောလျှော့တာ၊ ဆန့်ထုတ်တာတွေ လုပ်ပေးပါ။
3. Vitamin D နဲ့ calcium ဓါတ်ပါတဲ့ အစားအစာတွေ အလုံအလောက်စားပေးပါ။

 

5. Develop A Stress Management Technique To Manage Computer Stress
Computer Stress သည် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ရလဒ်က မတူကွဲပြားစွာ Result ထွက်လာတဲ့အခါမှာ ခံစားရသော စိုးရိမ်ပူပန်မှု နှင့် တုန်လှုပ်မှု ခံစားမှုမျိုး ဖြစ်ပါတယ်။ Programmer များအတွက် အဲ့ဒီအရာက စဉ်ဆက်မပြတ် ဖြစ်ပျက်နေတတ်ပါတယ်။ အကြောင်းမှာ ကျွန်တော်တို့ရေးလိုက်တဲ့ကုဒ်သည် ပထမအကြိမ်မှာ မှန်ကန်စွာ အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို အဖြစ်မျိုးမကြာခဏကြုံရပါက ရေရှည်မှာ ကျန်းမာရေးပြဿနာနဲ့ ကျွန်တော်တို့ Productivity ကို ကျဆင်းစေနိုင်ပါတယ်။
Computer Stress ကို ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေအကြောင်းအရာများကတော့ Internet Connetion မကောင်းခြင်း၊ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ နာရီပေါင်းများစွာ အဆက်မပြတ်အလုပ်လုပ်ခြင်း၊ Project Management ညံ့ဖျင်းခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်များနဲ့ အဆင်မပြေမှုကြုံရခြင်း စတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးတွေရှောင်ရှားနိုင်ဖို့ တစ်နေ့တာလုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးခြင်း၊
2. တရားထိုင်ခြင်း၊
3. Internet Access ကောင်းမွန်စွာ အလုပ်လုပ်အောင် တပ်ဆင်ခြင်း၊
4. အိပ်ရေးဝဝ အိပ်ခြင်း၊
5. မျက်လုံးကို ညောင်းစေနိုင်တဲ့ Screen Brightness ကို လျှော့ချခြင်း ပဲဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်တွေအတွက် ကောင်းကျိုးတစုံတရာ ရမယ်လို့ ယုံကြည်ပါတယ်ဗျ။ code လည်းရေး၊ ကျန်းမာရေးလည်း ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *