မင်္ဂလာပါရှင့်။
ကျွန်မနာမည်ကတော့ လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ဒီအပတ်မှာတော့ Personal Brand (အမည်ကောင်းတစ်ခု တည်ဆောက်ခြင်း) အကြောင်းအရာကို sharing လုပ်ပေးချင်ပါတယ်။
ဒီဘလော့ဂ်လေးရေးဖြစ်ခဲ့တာကတော့ အခြေအနေတွေ အမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေများလာလျှင် ထိုနည်းလေးအတိုင်း ကျွန်မ Relax လုပ်တတ်ပါတယ်။ ပြီးခဲ့တဲ့ပိတ်ရက်မှာတော့ မိမိစိတ်ကို အနားပေးတဲ့အနေဖြင့် မိမိကိုယ်ကို အချိန်လေးတစ်ခုပေးဖြစ်ခဲ့တာပါ။ အေးဆေးတိတ်ဆိတ်တဲ့အခန်းလေးတစ်ခန်းရဲ့ ဒေါင့်တစ်နေရာလေးမှာ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး ဖတ်ဖို့စာအုပ်လေးတစ်အုပ်၊ ဘောပင်တစ်ချောင်းနှင့်အတူ မှတ်နေကျ မှတ်စုစာအုပ်လေးတစ်အုပ်နှင့်အတူ အနားယူချိန်ကုန်ဆုံးရင်း မိမိကိုယ်ကို သုံးသပ်ခဲ့ရာကနေ ဒီဘလော့ဂ်လေးကို မျှဝေပေးဖြစ်သွားပါတယ်။
ဒီဘလော့ဂ်လေးဖြစ်လာဖို့ စာရေးဆရာမ ထက်ရည်ရဲ့ The BRAND in YOU စာအုပ်လေးကို မှီငြမ်းထားကာ ဆရာမရဲ့ နည်းလမ်းလေးတွေကိုလည်း ကျွန်မကိုယ်တိုင် လက်တွေ့အသုံးချဖြစ်ခဲ့ပါတယ်။ ဘလော့ဂ်လေးမှာ Personal Brand (အမည်ကောင်းတစ်ခု)ကို စတင်တည်ဆောက်ချင်တဲ့သူတစ်ယောက်အနေနဲ့ အရမ်းအသုံးဝင်ပြီး သေချာလိုက်နာဆောင်ရွက်ကြည့်မယ်ဆိုလျှင် အရင်ချိန်နှင့်မတူ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးနှင့် personal brand ကို သိသိသာသာ ပိုမိုတိုးတက်ကောင်းမွန်လာအောင် တည်ဆောက်လာနိုင်လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။
ကျွန်မဆိုလျှင်လည်း အရင်ချိန်တုန်းက လုပ်ငန်းခွင်ဝင်တယ်၊ အလုပ်လုပ်တယ်၊ မိမိကိုယ်ကို ယုံကြည်မှုမရှိဘူး၊ လူတွေရှေ့မှာ စကားမပြောရဲခဲ့ပါဘူး။ အဲ့ဒါနဲ့ပဲ မိမိကိုယ်ကို ကိုယ်ရည်ကိုယ်သွေးတိုးတက်လာဖို့နှင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာဖို့ လေ့ကျင့်ရင်းကနေ အခုဆို ယုံကြည်မှုတွေရှိလာခဲ့သလို လူတွေရှေ့မှာလည်း စကားပြောဆိုရဲလာခဲ့ပါတယ်။ သို့ပေမယ့် ယခုထက် နောက် (၆) လမှာ ပိုတိုးတက်လာဖို့ မိမိကိုယ်ကို ပိုမိုသိနားလည်လာဖို့နှင့် မိမိနှင့် ကိုက်ညီတဲ့ မိမိရဲ့ image တစ်ခု ပိုကောင်းလာအောင် တည်ဆောက်ဖို့ မှီငြမ်းထားတဲ့ နည်းလမ်းတွေအကြောင်းကို Personal Brand ခေါင်းစဥ်ဖြင့် မျှဝေပေးချင်ပါတယ်ရှင်။
ပထမဆုံးအနေဖြင့် Personal Brand ဆိုတာ အရာဝတ္တုပစ္စည်း၊ ကုန်ပစ္စည်းတွေမှာ Personal Brand (ကိုယ်ပိုင်အမှတ်တံဆိပ်) ရှိကြသလို လူတစ်ယောက်ချင်းစီမှာလည်း Personal Brand (ကိုယ်ပိုင်အမှတ်တံဆိပ်) ဆိုတာ ရှိပါတယ်။ ဒီဘလော့ဂ်လေးမှာတော့ ကျွန်မက လူတွေရဲ့ Personal Brand အကြောင်းကို အဓိကထားပြီး မျှဝေပေးချင်ပါတယ်။ လူတစ်ယောက်ချင်းစီတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိပါတယ်။ လိုအပ်ချက်လေးတွေဆိုတာလည်း လူတိုင်းမှာ ရှိကြပါတယ်။ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိတဲ့အတွက်ကြောင့် မိမိရဲ့ Personal Brand တစ်ခု တည်ဆောက်ချင်တဲ့သူတစ်ယောက်အနေနဲ့ အမည်ကောင်းတစ်ခုကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ အောက်မှာ ဆက်ပြီး မျှဝေပေးချင်ပါတယ်။ Personal Brand တစ်ခု တည်ဆောက်ဖို့ အမြဲတမ်း အဝတ်စားကောင်းတွေ ဝတ်ဆင်နေရမယ်၊ အသုံးအဆောင်ပစ္စည်းကောင်းတွေ အမြဲတမ်း သုံးစွဲနေရမယ်လို့ ထင်မြင်မိစေနိုင်ပါတယ်။ Personal Brand တစ်ခု တည်ဆောက်ဖို့ ထိုအရာတွေထက်ပိုပြီး အရေးကြီးလိုအပ်တဲ့ အခြေခံအရာတွေများစွာရှိပါသေးတယ်လို့ ထင်မြင်မိပါတယ်။
လူတွေရဲ့ Personal Brand ဆိုတာ အမည်ကောင်းတစ်ခု၊ ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ခြင်းလို့ ကျွန်မကတော့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ထို့ကြောင့် Personal Brand (အမည်ကောင်းတစ်ခု တည်ဆောက်ဖို့နှင့် ရေရှည်ထိန်းထားနိုင်ဖို့ဆိုလျှင် မိမိကိုယ်ကို မိမိအကြောင်း၊ မိမိခံယူချက်က ဘာလဲ၊ မိမိက ဘယ်လိုလူမျိုးလဲ၊ မိမိက ဘာကို တန်ဖိုးထားတာလဲ၊ မိမိအားနည်းချက်၊ မိမိအားသာချက်တွေက ဘာလဲ စသဖြင့် မိမိအကြောင်းကို ကောင်းစွာ သိနားလည်နေဖို့နှင့် မိမိရဲ့ လက်ရှိအပြုအမူ၊ လက်ရှိနေထိုင်မှု၊ လက်ရှိတည်ဆောက်မှုက ဘယ်အခြေနေမှာရှိနေလဲ၊ မိမိရဲ့ လိုအပ်ချက်က ဘာတွေရှိနေလဲဆိုတာ သိနားလည်နေဖို့ လိုအပ်ပါတယ်။ ထိုမှသာ ကျွန်မတို့က မိမိရဲ့ ဖြစ်တည်မှု မိမိခံယူချက်နဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်တွေ၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင် Personal Brand (အမည်ကောင်းတစ်ခု) ကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။ ထို့ကြောင့် မိမိရဲ့ Personal Brand (အမည်ကောင်းတစ်ခု) ကို ဘယ်လို တည်ဆောက်ကြမလဲဆိုလျှင် ကျွန်မကိုယ်တိုင် လက်တွေ့အသုံးချနေတဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးပါမယ်ရှင့်။
တစ်ယောက်ချင်းစီမှာတော့ ကိုယ်ပိုင်သတ်မှတ်ချက်တွေဆိုတာ ရှိမှာပဲဖြစ်ပါတယ် ။ သို့ပေမယ့် ဒီနည်းလမ်းတွေကတော့ အခြေခံအနေနဲ့ မိမိရဲ့ Personal Brand (အမည်ကောင်းတစ်ခု) ကို စတင်တည်ဆောက်ချင်သူတစ်ယောက်အတွက် အဓိကထားပြီး မျှဝေပေးချင်တာပါ။ အခု ရေတွင်းတူး အခု ရေကြည်သောက်ချင်လို့မရဘူးဆိုတဲ့ စကားတစ်ခုလိုပဲ Personal Brand (အမည်ကောင်းတစ်ခု) ဆိုတာ အခုလုပ် အခု ချက်ချင်း အမည်ကောင်းတစ်ခု ရတာမျိုးမဟုတ်ပါဘူး။ အချိန်ပေးပြီး နှစ်လတွေများစွာ အချိန်ပေးပြီး တည်ဆောက်ယူရတာမျိုးပါ။ ထို့ကြောင့် တစ်ခါတစ်လေမှာ မထင်မှတ်ထားတဲ့အရာတွေကြောင့် အမှားတွေ၊ စိတ်ပျက်မှုတွေ၊ ယုံကြည်မှုပျက်သွားခြင်းတွေ ကြုံတွေ့ရတတ်တဲ့အခါမျိုးတွေလည်း ရှိနေတတ်တယ်။ ထိုသို့ ကြုံတွေ့ရတဲ့အခါ အားမလျော့ဘဲ ပြန်လည် ကြိုးစားပြီး ပြန်လည်တည်ဆောက်စေချင်ပါတယ်။ ကျွန်မလို လူငယ်တွေဆိုတာ မိမိ စိတ်က အားမလျော့သရွေ့ အရှုံးမပေးသရွေ့ ပြန်လည် ကြိုးစားရပ်တည်လို့ရသေးတယ်ဆိုတဲ့ ခံယူချက်တွေ ထားစေချင်တယ်။
ထို့ကြောင့် မိမိပတ်ဝန်းကျင်ကြားမှာ၊ မိမိမိသားစုတွေကြားမှာ၊ မိမိသူငယ်ချင်းတွေကြားမှာ မိမိက ဘယ်လိုလူအဖြစ် တံဆိပ်ကပ်ခံရနေရလဲဆိုတာ သတိထားကြည့်ပြီး ပြန်လည်သုံးသပ်ကြည့်ကာ မိမိရဲ့ Personal Brand က ဘယ်လို အခြေအနေမှာ ရှိနေလဲဆိုတာ ဆန်းစစ်ကြည့်ကြရအောင်
(၁) လက်ရှိ မိမိရဲ့အချိန်အများဆုံးပေးဖြစ်နေတဲ့အရာတွေကို ချရေးကြည့်ပါ။ (မိသားစု၊ သူငယ်ချင်း၊ ပညာရေး၊ စီးပွားရေး စသဖြင့်…)
(၂) ယခုအချိန်မှာ မိမိက ဘယ်လို လူမျိုးဖြစ်လာသလဲ။ (မိမိက တစ်ယောက်တည်းနေတတ်သူလား၊ စိတ်ဆိုးတတ်သူလား၊ စည်းစနစ်ကျသူလား စသဖြင့်…)
(၃) မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေကို ချရေးကြည့်ပါ။
(၄) မိမိကိုယ်ကို ဘယ်လို စကားလုံးမျိုးတွေ ပြောလေ့ရှိသလဲ။ (စိတ်ဖိစီးတဲ့အခါမျိုး၊ ပျော်ရွှင်တဲ့အခါမျိုး စသဖြင့်…)
(၅) မိမိ လုပ်နိုင်နေပေမယ့်၊ လုပ်သင့်ပေမယ့်၊ လုပ်ချင်လျှင်လုပ်လို့ရပေမယ့် မလုပ်ဖြစ်နေသေးသောအရာတွေကို ချရေးကြည့်ပါ။
(၆) မိမိနောက်ကွယ်မှာ လူတွေက မိမိအကြောင်း ဘာပြောစေချင်လဲ။ (သို့) မိမိကို အများက မြင်မြင်ချင်း ထင်မြင်စေချင်တဲ့ အများရဲ့ထင်မြင်ချက်တွေကို ချရေးကြည့်ပါ။
(၇) မိမိကို မြင်မြင်ချင်း တစ်ခြားသူတွေက မိမိကို ဘယ်လို မြင်တယ်လို့ ထင်သလဲ။ မိမိဘက်က ထင်မြင်ချက်တွေကို ချရေးကြည့်ပါ။
ဒီဆန်းစစ်ချက် (၇) ခုကို လုပ်ဆောင်ကြည့်ပြီးလျှင် ပြန်လည်သုံးသပ်ကြည့်စေချင်ပါတယ်။ထို့နောက် ဒီ (၇) ချက်မှာ ရေးခဲ့တဲ့အကြောင်းအရာနဲ့ လက်ရှိ ကိုယ့်ရဲ့အခြေအနေက ကိုက်ညီမှု ရှိလားဆိုတာ ပြန်လည်သုံးသပ်ကြည့်စေချင်ပါတယ်။
ဆက်လက်၍ Personal Brand (အမည်ကောင်းတစ်ခု) တည်ဆောက်ချင်တဲ့သူတစ်ယောက်အနေနဲ့ လိုအပ်ချက်တွေကတော့ အများကြီးပါ။ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ Communication ပိုင်းပဲ ဖြစ်ပါတယ်။ ဒီ communication ပိုင်းမှာဆိုလျှင်လည်း လုပ်ငန်းတစ်ခုအောင်မြင်တယ်ဆိုတာ သူရဲ့ကြိုးစားမှုထက် communication ကောင်းခြင်းရဲ့ ရလဒ်က ရာခိုင်းနှုန်းပိုသာတယ်ဆိုတာ ဖတ်ခဲ့ဖူးတယ်။ ထို့ကြောင့် ဒီစကားလေးက မှန်တယ်ဆိုတာ လုပ်ငန်းခွင်ရောက်မှ သိလာခဲ့ရပါတယ်။ ထို့ကြောင့် ဒီ communication ပိုင်း တိုးတက်ပြောင်လဲလာဖို့ ဆိုလျှင်
(၁) Communication ပိုင်းနှင့် ပတ်သက်၍ မိမိရဲ့ အားနည်ချက်၊ အားသာချက်တွေကို ချရေးကြည့်ပါ။ Communication ပိုင်းနှင့်ပတ်သက်၍ ဘာတွေကို ပြုပြင်ချင်လဲ၊ ပြုပြင်ဖို့ ဘာတွေလိုအပ်လဲ ချရေးကြည့်ပါ။
ထို့ပြင် လုပ်ငန်းခွင်ဖြစ်စေ၊ လူမှုပတ်ဝန်းကျင်မှာဖြစ်စေ ကျွမ်းကျင်မှုဆိုတာလည်း အခြေခံလိုအပ်ချက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ထို့ကြောင့် job skill, soft skill, life skill စသဖြင့် မိမိမှာ ဘာအရည်ချင်းတွေရှိလဲ၊ ဘာတွေလိုအပ်နေလဲ၊ ဘာတွေ လေ့ကျင့်ဖို့လိုမလဲ၊ မိမိကိုယ်ကို ဘယ်လို စီမံခန့်ခွဲမလဲ စသဖြင့် ကျွမ်းကျင်မှုတွေလည်း လိုအပ်တာကြောင့် အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ကြည့်ကြရအောင်
(၁) အခုကနေစပြီး နောက် (၆)လမှာ ဘာအရည်ချင်းတွေ လိုအပ်လဲ၊ ဘာတွေ ထပ်ဖြည့်ဖို့လိုအပ်နေလဲ ချရေးကြည့်ပါ။ အစီစဥ်တွေချရေးကြည့်ပါ။
ထို့နောက် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး Plan ပြန်လည်ချပါ။ မိမိဖြစ်ချင်တဲ့ အကြောင်းအရာတွေကလည်း မိမိနဲ့ကိုက်ညီနေဖို့လည်း လိုအပ်ပါတယ်။ ထို့ပြင် Personal Brand (အမည်ကောင်းတစ်ခု) ဆိုတာ အခုလုပ် အခု ချက်ချင်း အမည်ကောင်းတစ်ခု ရတာမျိုးမဟုတ်ပါဘူး။ နှစ်လတွေများစွာ အချိန်ပေးပြီး တည်ဆောက်ယူရတာမျိုးဖြစ်တာကြောင့်
(၁) လုပ်နေကျအရာတွေ မဟုတ်ဘဲ စိန်ခေါ်မှုတွေ လုပ်ရတဲ့အခါ တစ်ခါတလေ အမှားတွေ လုပ်မိတတ်ကြပါတယ်။ အမှားလုပ်မိတိုင်း အပြစ်မတင်ပါနဲ့။ သင်ခန်းစာယူပါ။ ဘာလိုအပ်ချက်ရှိသွားလဲဆိုတာ ပြုပြင်ဖို့ မိမိကိုယ်ကို အခွင့်ရေးပေးပါ။
(၂) လုပ်ဆောင်ရမှာတွေကို စာရင်းမှတ်ထားပါ။ စီမံခန့်ခွဲပါ။
(၃) လက်ရှိအချိန်မှာ မိမိဘဝရဲ့ ဦးစားပေး အရေးကြီးဆုံးအရာတွေကို ချရေးပါ။ ဘယ််််လို လုပ်ဆောင်မလဲ သတ်မှတ်ပါ။
(၄) မလိုအပ်တာတွေကို ဖြည်းဖြည်းချင်းလျော့ချပါ။
အထက်ပါ နည်းလမ်းလေးတွေ လုပ်ဆောင်ကြည့်ပြီးလျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ အရင်နှင့်မတူ တိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ပါတယ်။ ယခုဘလော့ဂ်လေးမှာတော့ ကျွန်မ မှတ်သားထားတာလေးကို မျှဝေပေးခြင်းဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ ကျွန်မမျှဝေပေးတာထက် တစ်ခြားသော တန်ဖိုးရှိပြီး မှတ်သားသင့်သောနည်းလမ်းများစွာ ကျန်ပါသေးတယ်။ အသေးစိတ်အကြောင်းအရာတစ်ခုချင်းကို လေ့လာချင်တယ်ဆိုလျှင်တော့ စာရေးဆရာမ ထက်ရည်ရဲ့ The BRAND in YOU စာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်လို့ အကြံပြုလိုက်ပါတယ်ရှင်။
အားလုံးပဲ အပြင်လောကမှာ မရတဲ့မှတ်သားထိုက်တဲ့ အကြောင်းအရာတွေ၊ အသိပညာတွေ၊ ဗဟုသုတတွေ၊ နည်းလမ်းတွေဆိုတာ စာအုပ်စာပေတွေဆီကသာ လေ့လာသိရှိမှတ်သားကြရတာမို့ အားလုံးပဲ ကျွန်မနှင့်အတူတူ စာဖတ်ခြင်းဆိုတဲ့အလေ့ကျင့်ကောင်းလေးကို ပြုစုပျိုးထောင်ကြပါစို့။