Life Style

Teachable Application ဖြင့် Meditation Process များ လေ့လာနိုင်ခြင်း

အားလုံးပဲ မင်္ဂလာပါ။

ကျွန်မကတော့ အိဖြိုးမွန်ပါ။ ကျွန်မအနေနဲ့ ယခုတစ်ပတ်မှာ ပြန်လည်ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ Teachable Application ကိုအသုံးပြုပြီး Meditation Process များကို အခမဲ့လေ့လာလို့ရနိုင်ကြောင်း ပြန်လည်ဝေမျှပေးမှာပဲ ဖြစ်ပါတယ်။ ထို Meditation Process များကို ကျွန်မတို့၏ ကိုယ်ပိုင်အချိန်များမှ နေ့စဉ်အချိန် အနည်းငယ်စီပေးပြီး အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။ မိမိတို့၏ စိတ်ပိုင်းဆိုင်ရာများအတွက် များစွာ အထောက်အကူရရှိစေပြီး အကျိုးကျေးဇူးများစေသော meditation free course များကို  အသံဖိုင်များဖြင့် Teachable application အသုံးပြုပြီး ဝင်ရောက်လေ့လာလို့ ရနိုင်ပါတယ်။

ပထမဆုံးအနေဖြင့် ယခုအောက်တွင်ဖော်ပြထားတဲ့ ဒီ video link လေးကတော့

Teachable application အသုံးပြုပုံနှင့် ပတ်သက်ပြီး ရှင်းပြထားတာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် မိမိ ကြိုက်နှစ်သက်ရာ Meditation process များကို အခမဲ့ ဝင်ရောက် လေ့ကျင့်နိုင်မှာပဲဖြစ်ပါတယ်။ ဝင်ရောက်လေ့လာနိုင်မည့် Meditation Free Course (Myanmar version) များကတော့

(1) Inner Peace Meditation

(2) Releasing Anxiety & Fear

(3) Reclaiming Your Power

တို့ပဲ ဖြစ်ပါတယ်။

English version များဖြင့် လေ့လာချင်သူများအတွက်

(1) Abundance Mentality

(2) Quantum Jump

(3) Releasing & Letting Go

(4) The Power of YES

(5) Trust Yourself

ဆိုတဲ့ Free course များလည်း ရှိပါတယ်။

Telegram အသုံးပြုပုံကိုတော့ အောက်တွင်လေ့လာနိုင်ပါတယ်။

Telegram ဖြင့် အသုံးပြုပြီး Channel Group သို့လည်း ဝင်ရောက်နိုင်ပါတယ်။

အောက်တွင်ဖော်ပြထားတာကတော့ ခုနောက်ပိုင်းမှာ Meditation နဲ့ပတ်သက်သော Free course တွေ တော်တော်များများလေ့လာနိုင်တဲ့ Ma Arabelle ရဲ့ Telegram Channel Group link ပဲဖြစ်ပါတယ်။ Telegram group မှာ join ထားခြင်းအားဖြင့် မိမိတို့နေ့စဉ်ဘဝအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ သာယာအေးချမ်းသော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေရှင့်။

Telegram Channel- https://t.me/joinchat/T9u3C9LtMpWa87y0

Source From: Ma Arabelle Yee

Hello

Leave a Reply

Your email address will not be published. Required fields are marked *