Life Style

Advantages And Disadvantages Of Online Learning

အားလုံးပဲ မင်္ဂလာပါ။ ညီမကတော့ နီလာဌေး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ညီမတို့ မြန်မာနိုင်ငံမှာ Covid ဖြစ်ပြီး နောက်ပိုင်း Online Learning က အရမ်းကို Trend ဖြစ်လာပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီး ညီမက Online Learning ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Online Learning လို့ပြောလိုက်တာနဲ့ ခေါင်းစဉ်က အရမ်းကို ကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ညီမက ညီမကိုယ်တိုင် ကြုံတွေ့နေရတဲ့ အချက်လေးတွေကိုပဲ အဓိကထားပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ညီမအနေနဲ့ဆိုရင် ဆရာတွေနဲ့ Face to Face သင်ရတာ အသားကျနေပြီ ဖြစ်တဲ့အတွက် အစပိုင်းမှာ Online Learning နဲ့ သင်ရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ သုံးနေကြတာ ကြာပါပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့နေရာ၊ ကိုယ်ကြိုက်တဲ့အချိန်မှာ Live Section တွေနဲ့ သင်ကြတယ်။ Live Section တွေနဲ့မှ မမှီဘူးဆိုရင် Record လုပ်ပြီး ကိုယ်ကြိုက်တဲ့အချိန်မှာ ပြန်ကြည့်နိုင်လို့ပဲ ဖြစ်ပါတယ်။

ကောင်းကျိုး၊ ဆိုးကျိုးတွေ မပြောခင်မှာ ညီမ အရင်ဦးဆုံး Education Type နဲ့ ပတ်သတ်ပြီး နည်းနည်းပြောပြပေးချင်ပါတယ်။ Education မှာတော့
1. Academic Education
2. Vocational Education
ဆိုပြီး Type နှစ်မျိုးရှိပါတယ်။

ညီမအနေနဲ့ဆိုရင် Online Learning က Education တိုင်းနဲ့တော့ အဆင်ပြေမနေပါဘူး။ Academic လို ငယ်ရွယ်စဉ် ပညာသင်ကြားနေတဲ့အချိန်မှာ Online Learning က ပိုပြီး အဆင်မပြေဖြစ်ပါတယ်။  ဘာကြောင့်လဲဆိုတော့ ညီမအပါအဝင် လူတော်တော်များများက ကျောင်းသားဘဝနဲ့ အတန်းတက်ရတဲ့ Life Style ကို ပိုပြီးကြိုက်ကြလို့ပဲ ဖြစ်ပါတယ်။

Vocational Education ကတော့ Key Point တွေကို သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့် Online Learning နဲ့ ပိုပြီး အဆင်ပြေပါတယ်။ ဥပမာ အလုပ်လုပ်ရင်း သင်တန်းတက်တယ်ဆိုပါစို့။ ရုံးကအပြန် သင်တန်းသွားရမယ်ဆိုရင် ပင်ပန်းပြီး အချိန်ပေးရတာ ဖြစ်တဲ့အတွက် Online Learning က ပိုပြီး အဆင်ပြေပါတယ်။ သင်တန်းအားလုံးနီးပါးတော့ မဆိုလိုပါဘူး။ ဥပမာအနေနဲ့ Theory နဲ့ Knowledge ပိုင်းလို သင်တန်းတွေကတော့ ပိုပြီး အဆင်ပြေပါတယ်။

Advantages Of Online Learning

1. Online Learning ဖြစ်တဲ့အတွက် ကိုယ်နဲ့ အဆင်ပြေတဲ့နေရာမှာ နေပြီး သင်ယူလို့ရပါတယ်။ အပြင် Class တွေလို အခန်းတွေ ကန့်သတ်ထားတာ မရှိတဲ့အတွက် သင်ရတာ လွတ်လွတ်လပ်လပ်ရှိပါတယ်။ နောက်ပြီး Online မှာ သင်နေတဲ့ အကြောင်းအရာတွေကိုလည်း Record ဖမ်းထားပြီး နောင်တစ်ချိန် ပြန်ကြည့်မယ်ဆိုလည်း အဆင်ပြေပါတယ်။ တခြားသူတွေကိုလည်း Sharing လုပ်ပေးလို့လည်းရပါတယ်။ ဒါကြောင့် Online Learning က အချိန်နဲ့ နေရာကို လွယ်ကူသက်သာစေပါတယ်။

2. နောက်ထပ်အားသာချက်တစ်ခုကတော့ ကုန်ကျစရိတ်ကို လျှော့ချပေးပါတယ်။ ဥပမာအနေနဲ့ သင်တန်းအသွားအပြန်ကားခတွေ၊ စားစရိတ်တွေ၊ သင်တန်းနေရာအတွက် အိမ်ခြံမြေတွေ အများကြီးကို သက်သာစေပါတယ်။

3. အိမ်ကနေ တက်ရတာဖြစ်တဲ့အတွက်ကြောင့် အတန်းပျက်ကွက်ခြင်းမရှိပဲ ပုံမှန် တက်နိုင်တဲ့အတွက်ကြောင့် သင်ခန်းစာတွေကိုလည်း လွဲချော်နိုင်ခြင်းမရှိသလောက် နည်းပါးလာနိုင်ပါတယ်။

4. လူတိုင်းလူတိုင်းမှာ သင်ကြားမှုပုံစံတွေ မတူညီကြပါဘူး။ တစ်ယောက်တည်း သီးသန့်သင်ယူချင်တဲ့သူတွေအနေနဲ့ဆိုရင် ဆရာလည်း အနားမှာ မရှိတဲ့အတွက် ကိုယ့်သင်ခန်းစာကို အေးအေးဆေးဆေးနဲ့ ပြီးအောင် လုပ်နိုင်ပါတယ်။

5. Online Learning ဖြစ်တဲ့အတွက် နည်းပညာနဲ့ပတ်သက်ပြီး ပိုပြီး အကျွမ်းတဝင်လည်း ရှိပါတယ်။ အခုက နည်းပညာခေတ်ဖြစ်တဲ့အတွက် အလုပ်တော်တော်များများက နည်းပညာကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ လိုအပ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းအလုပ်ဝင်ခဲ့မယ်ဆိုရင် ကိုယ့်အတွက်ပိုပြီး အဆင်ပြေလွယ်ကူစေပါတယ်။

အပေါ်က ကောင်းတဲ့အချက်တွေကြောင့် လူတိုင်းအတွက် Online Learning က ရွေးချယ်စရာဖြစ်လာပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာတော့ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အားနည်းချက်တွေကတော့ ရှိစမြဲပါပဲ။

Disadvantages Of Online Learning

1. Online Learning ရဲ့ အဓိကကတော့ အင်တာနက်ချိတ်ဆက်မှုပဲ ဖြစ်ပါတယ်။  ဥပမာ စာသင်နေရင်း အင်တာနက်ပြတ်တောက်သွားမယ်ဆိုရင် အချိန်ရွေ့ရတဲ့အတွက် ပိုပြီးအချိန်ကြာစေနိုင်ပါတယ်။

2. Online Learning ဖြစ်တဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ Social Media တွေမှာ ပိုပြီး အာရုံပျံ့လွင့်စေပါတယ်။ ဒါကြောင့် သင်ခန်းစာအပေါ် အာရုံစူးစိုက်မှုရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် စာသင်နေစဉ်အတွင်းမှာ အာရုံစူးစိုက်မှုရှိအောင် Video Call ဖွင့်ထားဖို့လိုအပ်ပါတယ်။

3. Online Learning ဖြစ်တဲ့အတွက် စာသင်နေစဉ်အတွင်း Screen ကို အချိန်ပြည့်ကြည့်နေရပါတယ်။ အဲ့ဒီအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဓိကတော့ မျက်လုံးကို ပိုပြီး ထိခိုက်စေပါတယ်။

4. ပုံမှန်ဆိုရင် သင်တန်းသားတွေက သူတို့ရဲ့ အတန်းဖော်တွေဆီကနေ အများကြီး သင်ယူလေ့လာနိုင်ပါတယ်။ ဒါပေမယ့် Online Learning ဖြစ်တဲ့အတွက် သင်တန်းသားအချင်းချင်း ဆက်ဆံမှုတွေ၊ သင်တန်းသားနဲ့ ဆရာကြား ဆက်ဆံမှုတွေက နည်းပါတယ်။ အဲ့ဒီအတွက် အထီးကျန်စေခြင်းကို ဖြစ်စေပါတယ်။

5. Online Learning ဖြစ်တဲ့အတွက် ဆရာတွေကိုယ်တိုင်ကိုက အခြေခံနည်းပညာနဲ့ နည်းပညာနောက်ဆုံး Updates တွေလောက်တော့ သိထားဖို့လိုအပ်ပါတယ်။ တချို့သင်တန်းတွေမှာဆို Online အတန်းသာသင်နေတာ Digital Tools ပြည့်ပြည့်စုံစုံမရှိတဲ့ သင်တန်းတွေလည်း ရှိပါတယ်။

6. မြန်မာနိုင်ငံရဲ့ အခုရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် တစ်နေ့လုံး သင်ရမယ့် သင်တန်းတွေဆို ပိုပြီး အဆင်မပြေပါဘူး။ ဥပမာအနေနဲ့ မီးပျက်တဲ့အတွက် Phone, Laptop တွေမှာ Battery ကုန်သွားရင် စာသင်ရတာ ပိုပြီး အချိန်ကြာစေနိုင်ပါတယ်။ နောက်ပြီး ရာသီဥတုအပူနဲ့ စာသင်ရတာ အာရုံစူးစိုက်လို့မရ ဖြစ်တတ်ပါတယ်။

အခုအခြေအနေနဲ့ကြည့်မယ်ဆိုရင် Online Learning ရဲ့ ဆိုးကျိုးက ပိုပြီး များနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းစီက အမြင်မတူတဲ့အတွက် ကိုယ်နှစ်သက်တဲ့အတန်း၊ ကိုယ်နဲ့ အဆင်ပြေတဲ့အတန်းကို တက်စေချင်ပါတယ်။ အားလုံးပဲ ဒီနေ့တော့ ဒီလောက်ပါပဲ။ အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *