Others

Algorithm မှ လျှို့ဝှက်ချက်များ : Google Search ရဲ့ အတွင်းရေးနည်းပညာဆိုင်ရာ အထောက်အထားများပေါက်ကြားခဲ့ခြင်း။

၂၀၂၄ ခုနှစ်၊ မေလတွင် Google ၏ ရှာဖွေမှု algorithm ပေါက်ကြားခဲ့ပါသည်။ Google ၏ ရှာဖွေမှု algorithm များသည် အလွန်လျှို့ဝှက်ထားပြီး ရာစုနှစ်လေးပုံတစ်ပုံအတွင်းမှာ ယခုလို ကြီးမားသော ပေါက်ကြားမှုနှင့် ပတ်သက်ပြီး အစီရင်ခံမှုကို တွေ့ရှိခြင်း မရှိသေးပါဘူး။

ဤဆောင်းပါးတွင်၊ ပေါက်ကြားလာသော အချက်အလက်များ၏ ခြုံငုံသုံးသပ်ချက်၊ ပေါက်ကြားမှုဆိုင်ရာ အခြေအနေများ၊ ပေါက်ကြားလာသော အချက်အလက်များမှ ကောက်ချက်ချနိုင်သော ရှာဖွေမှု algorithm ၏ အကြောင်းအရာများနှင့် SEO ၏တန်ပြန်ဆောင်ရွက်မှုများအဖြစ် အကောင်အထည်ဖော်သင့်သည့် အချက်အလက်များကို ဖော်ပြပေးပါမည်။

မာတိကာ

၁။ ပေါက်ကြားလာသော သတင်းအကျဉ်းချုပ်။

၂။ Google ၏ ရှာဖွေမှု algorithm ပေါက်ကြားပုံ။

၃။ ပေါက်ကြားခဲ့သော စာရွက်စာတမ်းများနှင့် Google မှ တရားဝင် ထုတ်ပြန်ချက်များကြား ကွာခြားချက်များ။

၄။  Leak ① စာရေးသူ၏ အရေးပါမှု။

၅။  Leak ② Domain power တည်ရှိမှု။

၆။  Leak ③ အဆင့်သတ်မှတ်ချက်များတွင် click အရေအတွက်များ၏ ထင်ဟပ်မှု။

၇။  Leak ④ Sandbox တစ်ခု တည်ရှိမှု။

၈။ Leak ⑤  Chrome ဒေတာရှိ အဆင့်သတ်မှတ်ချက်များ။

၉။ Leak ⑥ (TWIDDLERS) ၏ အဆင့်သတ်မှတ်ခြင်းများ။

၁၀။ Leak ⑦ စာမျက်နှာခေါင်းစဉ်များ၏ အရေးပါမှု။

၁၁။ Leak ⑧ ရက်စွဲများ၏ အရေးပါမှု။

၁၂။ Leak ⑨ Site embeddings

၁၃။ Leak ⑩ small-scale site များအကြား ကွဲပြားခြင်း။

၁၄။ နောက်ထပ် ပေါက်ကြားမှု အသေးစိတ်။

၁၅။ SEO နှင့် UX တို့ အတူတကွ လုပ်ဆောင်ရန် လိုအပ်မှု။

၁၆။ Navboost ၏ အရေးပါမှု။

၁၇။ အနှစ်ချုပ်။

 

၁။ ပေါက်ကြားလာသော သတင်းအကျဉ်းချုပ်။

ပေါက်ကြားမှုကို စစ်ဆေးခဲ့သော Rand Fishkin နှင့် Mike King တို့၏ ပြောကြားချက်အရ ပေါက်ကြားလာသော အချက်အလက်များကို ပြန်လည်သုံးသပ်ရာတွင်   modules ၂,၅၉၆ ခုနှင့် ၁၄,၀၁၄  attributes (လုပ်ဆောင်ချက်များ) ပါဝင်ပြီး၊ API စာရွက်စာတမ်းများမှာ  စာမျက်နှာပေါင်း  ၂,၅၀၀ ကျော်ခန့်  ရှိပါတယ်။

ပေါက်ကြားမှုနှင့်ပတ်သက်၍ ရေးသားခဲ့သူ Fishkin သည် အချက်အလက်ကို မည်သို့အသုံးပြုနေသည်ကို သိရှိကြောင်း Googler ဟောင်းတစ်ဦးနှင့် အတည်ပြုခဲ့ပြီး ၎င်းသည် ပရောဂျက်တွင် လုပ်ဆောင်နေသူများအား ရရှိနိုင်သည့် ဒေတာများနှင့် ရင်းနှီးလာစေရန်  အမျိုးမျိုးသော နည်းလမ်းများဖြင့် ၎င်းကိုအသုံးပြုထားကြောင်း ပြောကြားခဲ့ပါတယ်။ ထိုအရာကတော့ API ရည်ညွှန်းချက်များနှင့် modules အမျိုးမျိုးတို့၏ ရှင်းလင်းချက် ဖြစ်ပုံရပါတယ်။

ဗီဒီယိုထဲမှာ  https://www.youtube.com/watch?v=XCgTSOxmmkU&t=64s&ab_channel=iPullRank ပါဝင်တဲ့ အချက်အလက်တွေက ”ingredients သာဖြစ်ပြီး၊ recipe မဟုတ်” ပါလို့  ဗီဒီယိုထဲမှာလည်း King က ပြောထားပါတယ်။

Fishkin ၏စကားလုံးများအရဒါကို Google ၏ ရှာဖွေရေး အင်ဂျင်အဖွဲ့ဝင်များအတွက် လမ်းညွှန်ချက်အစုတစ်ခုအဖြစ်တွေးကြည့်ဖို့နဲ့၊ ထိုအရာက စာကြည့်တိုက် ကတ်တလောက် (library catalog) တစ်ခုကဲ့သို့ဖြစ်ပြီး၊ ကဒ်ကတ်တလောက် (card catalog) နှင့် အသွင်တူတယ်။” လို့ ဆိုထားပါတယ်။

King မှလည်း အနှစ်ချုပ်အများစုမှာ အချက်အလက်များကို ပေးဆောင်သော Google corporate intranet ရှိ URL များဖြ စ်သည့် Go လင့်ခ်များကို ကိုးကားထားခြင်းသာ ဖြစ်ပြီး  ၎င်းတို့ကို ကိုယ်တိုင် အဓိပ္ပါယ် ဖွင့်ဆိုရန်ကျန်နေသေးသည်ဟု ဆိုထားပါတယ်။

“Unfortunately, many of the summaries reference Go links, which are URLs on Google’s corporate intranet, that offer additional details for different aspects of the system. Without the right Google credentials to login and view these pages (which would almost certainly require being a current Googler on the Search team), we are left to our own devices to interpret.

Secrets from the Algorithm: Google Search’s Internal Engineering Documentation Has Leaked (Mike King)”

နောက်ထပ်အနေနဲ့ ဒီအချက်အလက်များမှာ အောက်ပါ သတိပေးချက်များကိုလည်း ထည့်သွင်းထားပါတယ်။

~ Feature တစ်ခုချင်းစီ၏ အလေးထားမှုနှင့် ပတ်သက်ပြီး ရှင်းလင်းမှု မရှိခြင်း

~ Feature အားလုံးကို အသုံးပြုထားတယ်ဆိုပြီး သေချာယူဆလို့မရနိုင်ခြင်း။

~ Intranet  ပေါ်မှာ နောက်တိုး အချက်အလက်များထိ ပါဝင်မှု မရှိနေခြင်း။

~ လေ့ကျင့်ရေးအတွက်သာ အသုံးပြုထားနိုင်ဖွယ် ရှိခြင်း။

~  ဒီစာရွက်စာတမ်းတွေက up to date ဖြစ်ကြောင်း အတည်မပြုနိုင်ခြင်း။

ဒါပေမယ့် စာရွက်စာတမ်းများတွင် အသုံးမပြုသင့်တော့ပါ”  သို့မဟုတ်  “ ထောက်ခံမှု မရှိတဲ့အတွက် အသုံးမ ပြုသင့်တော့ပါ ဆိုသည့် တိကျသော မှတ်ချက်များလည်း ပါရှိနေပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး  Fishkin က အောက်ပါအတိုင်း ပြောကြားထားပါတယ်။

“However, there are references in the documentation to deprecated features and specific notes on others indicating they should no longer be used. That strongly suggests those not ma

A reasonable reader would conclude that the documentation was up-to-date as of last summer (references to other changes in 2023 and earlier years, all the way back to 2005, are also present), and possibly even up-to-date as of the March 2024 date of disclosure.
An Anonymous Source Shared Thousands of Leaked Google Search API Documents with Me; Everyone in SEO Should See Them (Rand Fishkin)”

 

၂။ Google ၏ ရှာဖွေမှု algorithm ပေါက်ကြားပုံ။

ဤစာရွက်စာတမ်းများကို မတ်လ၊ (၂၇) ရက်၊ ၂၀၂၄ ခုနှစ်တွင် GitHub သို့ upload တင်ခဲ့ပြီး ၂၀၂၄  ခုနှစ်၊ မေလ (၇) ရက်နေ့အထိတော့ ဖယ်ရှားခြင်းမရှိသေးပါဘူး။

မေလ (၅) ရက်၊ တနင်္ဂနွေနေ့တွင် လက်ရှိ SparkToro နှင့် Snackbar Studio ကို စီမံခန့်ခွဲနေသော နာမည်ကြီး SEO အကြံပေးဟောင်း Fishkin ဆီသို့  Google ၏ ရှာဖွေမှုဌာနခွဲအတွင်း ပေါက်ကြားလာသော API စာရွက်စာတမ်းအများအပြားကို ကျွန်ုပ်ဝင်ရောက်ကြည့်ရှုခဲ့သည်ဟု ပြောဆိုသူတစ်ဦးထံမှ ဆက်သွယ်မှု ရရှိခဲ့ပါတယ်။

ဆက်သွယ်လာသူမှာ SEO (လက်တွေ့သမား) ဖြစ်ပြီး  EA Eagle Digital ၏ တည်ထောင်သူ Erfan Azimi ဖြစ်ပါတယ်။ (နောက်ပိုင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ထုတ်ဖော်ခဲ့ပါတယ်။)

အဆိုပါဖြစ်စဉ်အပြီးတွင် Fishkin သည် Google မှ အသိမိတ်ဆွေဟောင်း သုံးဦးထံ ဆက်သွယ်ပြီး ဒေတာမှန်ကန်ကြောင်း အတည်ပြုခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ထိပ်တန်း နည်းပညာပိုင်းဆိုင်ရာ SEO များထဲမှ တစ်ခုဖြစ်သည့် iPullRank ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့  King ကို ဆက်သွယ်ပြီး နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများကို  ခွဲခြမ်းစိပ်ဖြာပေးရန် တောင်းဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် King သည် သူ၏ သုံးသပ်ချက်များကို ဆောင်းပါးအဖြစ် ထုတ်ဖော်တင်ပြခဲ့ပါသည်။

Secrets from the Algorithm: Google Search’s Internal EngineeringDocumentation Has Leaked

၂၀၂၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှာတော့ အဆိုပါ စာရွက်စာတမ်းများနှင့် ပတ်သက်၍ ယခင်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည့် Google က ကုမ္ပဏီတွင်း ပေါက်ကြားလာသော စာရွက်စာတမ်း (၂,၅၀၀)  မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတော့တယ်။

The Verge : Google confirms the leaked Search documents are real

 

၃။ ပေါက်ကြားခဲ့သော စာရွက်စာတမ်းများနှင့် Google မှ တရားဝင် ထုတ်ပြန်ချက်များကြား ကွာခြားချက်များ

King ၏ ဆောင်းပါးတွင် ” API စာရွက်စာတမ်းများမှ  စစ်မှန်သောသက်သေများအရ Google ၏ ကြီးမားသော လိမ်လည်မှုများ ”  ဟု တိကျသောစကားကို အသုံးပြုထားပြီး ယခင်တရားဝင်ထုတ်ပြန်ချက်များတွင် Google က ပြောခဲ့သည့်စကားနှင့်  ယခုအကြိမ်ပေါက်ကြားခဲ့သည့် ဒေတာများကြား ကွဲလွဲမှုများစွာ ရှိနေပါကြောင်း ထောက်ပြ ပြောဆိုထားပါတယ်။

“The API Docs Reveal Some Notable Google Lies”

ယခင်က Fishkin သည် SEO နှင့် ပတ်သက်သော အကြောင်းအရာများကို လေ့လာပြီး ဖော်ပြခဲ့ရာတွင် Google မှ တိုက်ရိုက်ငြင်းဆိုခဲ့သော အချက်အလက်များမှာလည်း ပေါက်ကြားလာသော ဒေတာများတွင် ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြပြီး  Azimi က Fishkin ကို ဆောင်းပါး ထုတ်ဝေရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပုံရသည်။

အမှန်တကယ်တော့ Azimi ရဲ့ရည်ရွယ်ချက်မှာ Google မှာ နှစ်ပေါင်းများစွာ ဖြန့်ချီခဲ့တဲ့  လိမ်ညာမှုအချို့ကို ပြန်လည်ချေပဖို့ပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီနေရာမှာတော့ အခုတစ်ကြိမ်ရဲ့ ပေါက်ကြားလာသော ဒေတာများမှ ကောက်ချက်ချပြီး ဖြစ်နိုင်ခြေရှိတဲ့ SEO အချို့ကို မိတ်ဆက်ပေးပါမယ်။

 

၄။  Leak ① စာရေးသူ၏ အရေးပါမှု။

စာရွက်စာတမ်းနှင့် ဆက်စပ်နေသော စာရေးသားသူများကို စာသားအဖြစ် သိမ်းဆည်းထားကြောင်း သက်သေပြသည့် စာရွက်စာတမ်း အထောက်အထားတစ်ခု ပေါက်ကြားခဲ့ပါတယ်။

တစ်နည်းပြောရရင် “ဤဆောင်းပါးကို ဘယ်သူရေးသားထားသလဲ” ဆိုသည့်အချက်သည် အဆင့်သတ်မှတ်မှုတွင် အရေးပါသော အညွှန်းကိန်းတစ်ခုအဖြစ် ရှိနေသည်ဟု ခန့်မှန်းနိုင်ပါတယ်။

Google ကလည်း “E-EAT” လို့ခေါ်တဲ့ (Expertise, Authoritativeness, Trustworthiness) သည် အရေးကြီးကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ “Expertise” နှင့် “Authoritativeness” တို့သည် စာရေးသူများနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ယူဆနိုင်ပါတယ်။

Fishkin ကလည်း ” အွန်လိုင်းပေါ်တွင်  စာရေးဆရာတစ်ယောက်အနေနဲ့ မင်းရဲ့သြဇာကို လွှမ်းမိုးမှုကို တည်ဆောက်ခြင်းက Google ရဲ့ အဆင့်သတ်မှတ်ချက်များမှာ  သေချာပေါက် အထောက်အကူဖြစ်နိုင်ပါတယ်” လို့ပြောခဲ့ပါတယ်။

“Building up one’s influence as an author online may indeed lead to ranking benefits in Google.”

“စာရေးသူ၏ အချက်အလက်” များနှင့် ပတ်သက်သော ဆိုက်များအတွက် SEO ဆိုင်ရာ အထူးပြုလုပ်နိုင်သော နည်းလမ်းများအနေနဲ့က အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။

・ ဆောင်းပါးစာမျက်နှာများနှင့် စာရေးသူ၏ မိတ်ဆက်စာမျက်နှာများကို လင့်ခ်ချိတ်ပါ။

・ စာရေးသူ၏ ကိုယ်ရေးအကျဉ်း စာမျက်နှာမှာ စာရေးသူ၏ Expertise” နှင့် Authoritativeness
ကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။

စာရေးသူ၏ မိတ်ဆက်စာမျက်နှာတွင် ယခင်ကရေးသားထားခဲ့သော စာအုပ်များ၊ သုတေသန စာတမ်းများကို စာရင်းပြုစုပြီး တင်ပေးနိုင်ပါက ပိုပြီး ထိရောက်မှုရှိနိုင်မှာပဲ ဖြစ်ပါတယ်။

နောက်ထပ်အနေနဲ့ ဆရာဝန်၊ ရှေ့နေ၊ အခွန်စာရင်းကိုင် စသည်ဖြင့် ဂုဏ်ထူးအမည်များ ထည့်သွင်းဖော်ပြခြင်းဖြင့်လည်း အကျိုးကျေးဇူးများ ရှိနိုင်ပါတယ်။ ဆရာဝန်တစ်ဦးအနေဖြင့် သူ၏အထူးပြု ကဏ္ဍနှင့် သက်ဆိုင်သော ဆရာဝန်အသင်းများအားလည်း ဖော်ပြခြင်းဖြင့် ပိုမိုအသိအမှတ်ပြုမှု ရစေမည် ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့သလိုမျိုး စာအုပ်များနှင့်ဂုဏ်ထူး အမည်များကို တင်ပြရန် အခက်အခဲရှိပါကလည်း  မိမိ၏ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုများ (သို့မဟုတ်) ယခင်မိမိရေးသားထားခဲ့ဖူးသော  ဘလော့ဂ်ပို့စ်များကို ဖော်ပြနိုင်ပါတယ်။

ထို့အပြင် Google သည် ဆောင်းပါးစာမျက်နှာကို သာမက အွန်လိုင်းအရင်းအမြစ်တစ်ခုလုံးကိုလည်း ကြည့်ပါသည်။ ဒါကြောင့် မိမိ၏ ဝဘ်ဆိုက်အပြင် (ဥပမာအားဖြင့် Wikipedia ရယ် Amazon ၏ စာမျက်နှာနှင့် အခြားကုမ္ပဏီများ၏ ဝဘ်ဆိုဒ်များ) တွင် ဖော်ပြမှုများရှိစေရန်နဲ့ SNS တွင်  Follower အများအပြားရရှိရန်  လုပ်ဆောင်ခြင်းကလည်း အရေးကြီးတဲ့ အချက်လို့ ပြောလို့ရပါတယ်။

 

၅။  Leak ② Domain power တည်ရှိမှု။

Google ၏တရားဝင်ဖော်ပြချက်အရ “Domain Authority ကဲ့သို့သော အရာမျိုးမရှိ” ဟုဆိုသော်လည်း ပေါက်ကြားလာသော အချက်အလက်များအရ “siteAuthority” ဟုခေါ်သော  ညွှန်ပြချက်ကို တွက်ချက်ထားကြောင်း   ဖော်ပြနေပါတယ်။

ဒီညွှန်ပြချက်က အမှတ်ပေးမှုအပေါ် သက်ရောက်မှုရှိ၊ မရှိနဲ့ ဘယ်လို တွက်ချက်ထားသည်ဆိုတာကို အတိအကျမသိရသော်လည်း ထိုဝဘ်ဆိုက်၏   “Authority” ကို အကဲဖြတ်သည့်အရာ တစ်ခုရှိနေကြောင်း သိသာထင်ရှားနေပါတယ်။

E-EAT ၏ ရှုထောင့်မှကြည့်လျှင် “Authoritativeness” ၏ သက်သေအဖြစ် Domain Power
ကို အကဲဖြတ်ထားပုံရကြောင်း အရင်ကတည်းက SEO ပညာရှင်များကြားတွင် ပြောနေခဲ့ကြပါတယ်။

လူသားတွေရဲ့ အပြုအမူမှာတောင်  ” ဘယ်သူက ပြောတဲ့ စကားလုံးလဲ” ဆိုတာကို အခြေခံပြီး ယုံကြည်မှုကို အကဲဖြတ်သလိုမျိုး ဆောင်းပါးတစ်ပုဒ်၏ ယုံကြည်စိတ်ချရမှုကို ” ဘယ်လို site အမျိုးအစားပေါ်တွင် လွှင့်တင်ထားလဲ” ဆိုပြီး အကဲဖြတ် စစ်ဆေးခြင်းက သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။  ဒါကြောင့် Domain Power လို့ ခေါ်တဲ့ အရာတစ်ခု တည်ရှိမှုမှာ အံ့သြစရာတော့ မရှိပါဘူး။

※ domain power “အလေးပေးမှု” နှင့် ပတ်သက်ပြီး ယခင်ဆောင်းပါးတွင် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်တဲ့ August 2024 Google Search Core Update မှာလည်း ပြန်လည်ပြင်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။

 

၆။  Leak ③ အဆင့်သတ်မှတ်ချက်များတွင် click အရေအတွက်များ၏ ထင်ဟပ်မှု။

Google သည် အဆင့်သတ်မှတ်ချက်များတွင် click အရေအတွက်များကို အသုံးမပြုကြောင်း ယခင်က ပြောကြားခဲ့ပေမယ့် ယခုအခါ 「 Navboost 」တွင် click signals များကို အထူးပြုသည့် module တစ်ခုရှိသည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

NavBoost ဆိုတာကတော့ ယုံကြည်မှုဆန့်ကျင်ရေး တရားစွဲဆိုမှုများ၏ တရားရေးဌာန (Department of Justice in Antitrust Trial) မှာ Google ၏ ရှာဖွေမှု ဒုတိယဥက္ကဋ္ဌ Pandu Nayak ၏  ထွက်ဆိုချက်အရ ၎င်း၏ဖြစ်တည်မှုကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။

NavBoost သည်  ဝဘ်ရှာဖွေမှုအဆင့်ကို မြှင့်တင်ရန် သို့မဟုတ် နှိမ့်ချရန် အသုံးပြုသည့် click-driven စနစ်တစ်ခုဖြစ်ပြီး ” ၎င်းသည် Google ၏ အစွမ်းထက်ဆုံး အဆင့်သတ်မှတ်ခြင်း အချက်ပြ (ranking signals) များထဲမှ တစ်ခုဖြစ်နေပြီ” ဟုဖော်ပြထားပါတယ်။

တကယ်တော့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ “Navboost” ဆိုတဲ့ နာမည်ကို 84 ကြိမ်ဖော်ပြထားပြီး NavBoost အားအခြေခံ၍ ဖန်တီးထားသော module (၅) မျိုးလည်း ပါဝင်နေပါတယ်။

စာရွက်စာတမ်းတွင် ဖော်ပြထားသော click အချက်ပြမှုဆိုင်ရာ module  များတွင် “goodClicks”, “badClicks”, “lastLongestClicks”, “squashed”, “unsquashed” အစရှိသည်တို့ ပါဝင်ပါတယ်။

ဤအမည်များကို အကဲဖြတ်ရာတွင်  အဆင့်သတ်မှတ်ချက်များသည် လင့်ခ်ကို တစ်စုံတစ်ဦးမှ ကလစ်လုပ်ခြင်း ရှိ၊ မရှိ သာမက ၎င်းတို့၏ နောက်ဆက်တွဲ လုပ်ဆောင်ချက်များကိုပါ အခြေခံထားသည်ဟု ယူဆနိုင်ပါတယ်။

ဥပမာအားဖြင့် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

  • Click ကို နှိပ်လိုက်ပေမယ့် မိမိရှာချင်တဲ့ ဆောင်းပါးမဟုတ်တာကြောင့် အညွှန်း (Index) ကို ချက်ချင်းပြန်သွားပြီး တခြားဆောင်းပါးတွေကို ကြည့်ရှုခဲ့သည်။
  • Click  နှိပ်ခဲ့သော ဆောင်းပါးတွင် မိမိလိုချင်သော အချက်အလက်များကို ရှာဖွေနိုင်ခဲ့ပြီး အချိန်တိုအတွင်း စာမျက်နှာမှ ထွက်သွားခဲ့သည်။
  • Click   နှိပ်လိုက်သော ဆောင်းပါးသည် မိမိရှာဖွေနေသော အချက်အလက်နှင့် ကိုက်ညီသောကြောင့် ဆောင်းပါးကို သေချာဖတ်ခဲ့သည်။
  • Click  နှိပ်လိုက်သော ဆောင်းပါးသည် မိမိရှာဖွေနေသော အချက်အလက်နှင့် ကိုက်ညီသောကြောင့် ဆောင်းပါးကို ဖတ်ပြီး၊ ထပ်မံ၍ ရှာဖွေလိုသောကြောင့် အညွှန်း (Index) သို့ ပြန်သွားပြီး အခြားဆောင်းပါးများကိုပါ ကြည့်ရှုခဲ့သည်။

ဒီနေရာကစပြီး စဉ်းစားကြည့်ရမယ်ဆိုရင် သင့်ဆောင်းပါး စာမျက်နှာများ၏ UX ကို ပိုပြီး အာရုံစိုက်ရန် လိုအပ်ကြောင်း ပြသနေပါတယ်။

သင့် website  သည် ရှာဖွေမှုရလဒ်များ၏ ထိပ်တွင် ဖော်ပြခြင်းခံရပြီး၊ ထိုမှတဆင့် သင့်ဆောင်းပါးသို့ ဝင်ရောက်ကြည့်ရှုသူများ ရောက်လာကြမည် ဖြစ်သော်လည်း အချက်အလက်များကို စနစ်တကျ ဖော်ပြထားခြင်းမရှိပါက  ရှာဖွေဖတ်ရှုရန် ခက်ခဲပြီး ဝင်ရောက်ကြည့်ရှုသူများသည် ထိုစာမျက်နှာမှ ထွက်ခွာသွားမည် ဖြစ်သောကြောင့် ” Bad Click ” အဖြစ် သတ်မှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။ ၎င်းသည် သင့်ရှာဖွေမှုအဆင့်များပေါ်တွင် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်ပါတယ်။

ထို့အပြင် ကြည့်ရှုသူက ရှာဖွေရာတွင်  အသုံးပြုခဲ့သော Keyword နဲ့ ကွဲလွဲနေတဲ့ ဆောင်းပါးဖြစ်နေမယ် ဆိုရင်လည်း  ထိုအရာက ၎င်းတို့ကို ထွက်သွားဖို့ တွန်းအားတစ်ခု ဖြစ်စေပါလိမ့်မယ်။

ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာ Keyword တွေအတွက် အသုံးပြုသူ၏ ရည်ရွယ်ချက်ကို နားလည်ပြီး၊ ထိုရည်ရွယ်ချက်နှင့် ကိုက်ညီစေရန်  UX ကို သေချာထည့်သွင်းစဉ်းစားပြီး ဆောင်းပါးများရေးဆွဲ ဖန်တီးရန် လိုအပ်သည်ကို တွေ့မြင်နိုင်ပါတယ်။

Click များ၏ အရေအတွက်နှင့် အရည်အသွေး နှစ်ခုစလုံးကို ရှာဖွေမှု အဆင့်သတ်မှတ်ခြင်း၏ အရေးပါမှု အညွှန်းများအဖြစ် အလေးပေးထည့်သွင်းစဉ်းစားခြင်းသည်  content marketing လုပ်ဆောင်မှုများတွင်လည်း media quality ၏ အရည်အသွေးကို မြှင့်တင်ပေးမည့် အပြုသဘောဆောင်သည့်အရာအဖြစ် မြင်နိုင်ပါတယ်။

 

၇။  Leak ④ Sandbox တစ်ခု တည်ရှိမှု။

Sandbox ဆိုတာ IT လောကတွင် “သီးသန့်  စမ်းသပ်မှု ပြုလုပ်တဲ့နေရာ” ကို ဆိုလိုပါတယ်။

Sandbox  တည်ရှိမှုကို ထောက်ပြခဲ့သူမှာ Fishkin ဖြစ်ပါတယ်။

သူက ဆိုက်အသစ်များကို sandbox တွင် သီးခြားခွဲထားပြီး အချိန်အတိုင်းအတာ တစ်ခုအထိ အဆင့်သတ်မှတ်ချက်များ မရရှိကြောင်း ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း  John Muller ၏ tweet  (ယခုဖျက်ထားပြီးဖြစ်သော) တွင်  “sandbox မရှိပါ” ဟု ပိုစ့်တင်ခဲ့ပါတယ်။

ဒီတစ်ကြိမ် ပေါက်ကြားတဲ့သတင်း၏ module documentation တွင် “hostAge” ဟုခေါ်သော attribute ကို ဖော်ပြထားကြောင်း သိရှိခဲ့ရပါတယ်။

စကားမစပ် Host + Age သည် domain name ၏ အသက်ကို ဆိုလိုပါတယ်။

“Hostage” ဆိုတာ ဓားစာခံ လို့ အဓိပ္ပါယ်ရသောကြောင့် “Sandbox” ထပ် ပိုပြီး ရယ်စရာကောင်းတဲ့ နာမည်တစ်ခု ဖြစ်နေတာတွေ့ရပါတယ်။ အဲဒီလို witty name ကို ရွေးထားတာဖြစ်လို့  “Sandboxes များ မရှိပါ” ဟု ဖော်ပြလိုသည်မှာ နားလည်နိုင်ပါတယ်။

 

၈။ Leak ⑤  Chrome ဒေတာရှိ အဆင့်သတ်မှတ်ချက်များ။

Page quality scores နှင့် သက်ဆိုင်သည့် module တစ်ခုမှာ Chrome မှ ကြည့်ရှုမှုအရေအတွက်များဖြင့်  Site Level ကို  တိုင်းတာပြီး sitelinks များ၏ ဖန်တီးမှုနှင့် ဆက်နွယ်နေပုံရသော အခြား module တစ်ခုတွင်လည်း Chrome နှင့်ပတ်သက်သည့် attribute တစ်ခုရှိနေတာကို သိရပါတယ်။

Mr King ကတော့  အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

“Matt Cutts has previously been quoted as saying that Google does not use Chrome data as part of organic search. More recently John Mueller reinforced this idea. “

ဒါကတော့ Fishkin ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။

“My anonymous source claimed that way back in 2005, Google wanted the full clickstream of billions of Internet users, and with Chrome, they’ve now got it. The API documents suggest Google calculates several types of metrics that can be called using Chrome views related to both individual pages and entire domains.”

Chrome ဒေတာများကို အသုံးပြုခြင်းဖြင့် ရှာဖွေရေးရလဒ်များအပေါ် အသုံးပြုသူ၏ အသေးစိပ် လှုပ်ရှားမှုများကို စိစစ်နိုင်ပြီး ၎င်းသည် အသုံးပြုသူများအတွက် ပိုမိုအကျိုးရှိသော ရှာဖွေမှုရလဒ်များကို ဖန်တီးရန် အထောက်အကူဖြစ်မည်မှာ သေချာပါတယ်။

 

၉။ Leak ⑥ (TWIDDLERS) ၏ အဆင့်သတ်မှတ်ခြင်းများ။

Twiddlers ဆိုတာ ရှာဖွေရေး အယ်လဂိုရီသမ်  (search algorithm) ပြီးတဲ့နောက် ပြန်လည်အဆင့် သတ်မှတ်ခြင်း (re-ranking) ဆောင်ရွက်ရာတွင် အသုံးပြုသော လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ရှာဖွေမှု အယ်လဂိုရီသမ်မှ တွက်ချက်ထားသည့် ရှာဖွေရေးအဆင့် (search rankings) ကို အသုံးပြုသူများထံ ဖော်ပြရန်မပြုမှီ ပြောင်းလဲညှိနှိုင်းမှုကို လုပ်ဆောင်နိုင်ပြီး၊ Google ၏ရှာဖွေရေးစနစ်အတွင်း အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေတယ်လို့ ယူဆလို့ရပါတယ်။

Twiddlers ကိုအသုံးပြုနိုင်သည့် ဖြစ်နိုင်ခြေရှိသော အခြေအနေများ များကို မိတ်ဆက်ပေးပါမယ်။

ဥပမာ BMW ၏တရားဝင်ဝဘ်ဆိုဒ်တွင် X5 ဟုခေါ်သော ကားမော်ဒယ်နှင့် သက်ဆိုင်သော စာမျက်နှာ တစ်ခုရှိတယ် ဆိုပါစို့။ သို့သော်လည်း  Algorithm အရ BMW ၏ သာမာန်ပရိသတ်တစ်ဦး ရေးသားထားသည့် တရားဝင်မဟုတ်သော X5 ဆောင်းပါသည် အပေါ်ဆုံးအဆင့်တွင် ပါဝင်လာနိုင်ပါတယ်။

အဲ့ဒီဆောင်းပါးကို အသုံးပြုသူအား ပြသခြင်းမပြုမှီတွင် တရားဝင်စာမျက်နှာများဟု ယူဆရသော BMW စာမျက်နှာကို  အပေါ်ဆုံးတွင် ပြသနိုင်စေရန် ချိန်ညှိနိုင်ခြင်း ဆိုသည်တို့ ပါဝင်ပါတယ်။

ထို့အပြင် ရှာဖွေမှုရလဒ်များသည် ဘလော့ဂ်ပို့စ်တွေပဲ ဖြစ်နေသည့်အခါ corporate websites များ စသည်တို့ကို ထည့်သွင်းခြင်းဖြင့် ရှာဖွေမှုရလဒ်များကို ကွဲပြားစေရန် ကူညီပေးနိုင်ပါတယ်။

အပြန်အလှန်အားဖြင့် ရှာဖွေမှု သတ်မှတ်ခံထားရသော စာမျက်နှာတစ်ခုသည် အယ်လဂိုရီသမ်ကို ဆန့်ကျင်ပြီး အဆင့်နှိမ့်ခံရတာ သို့မဟုတ် လုံးဝဖော်ပြခြင်း မခံရတာမျိုးလည်း ဖြစ်နိုင်စေပါတယ်။

 

၁၀။ Leak ⑦ စာမျက်နှာခေါင်းစဉ်များ၏ အရေးပါမှု။

စာမျက်နှာခေါင်းစဉ်တွေရဲ့ အရေးပါမှုကို လူတိုင်းသိထားကြသော်လည်း ဒီတစ်ခါပေါက်ကြားမှုမှာတော့ titlematchScore ဟုခေါ်သည့် attribute တစ်ခုရှိနေကြောင်းကို  တွေ့ရှိခဲ့ပါတယ်။

ဒီ attribute အမည်ကနေ စာမျက်နှာခေါင်းစဉ်သည် အသုံးပြုသူ၏ ရှာဖွေမှုရည်ရွယ်ချက်နှင့် ဘယ်လောက်ကိုက်ညီမှု ရှိသလဲဆိုတာကို  Google ကတန်ဖိုးထားကြောင်း သိရှိနိုင်ပါတယ်။

ခေါင်းစဉ်၏ စာလုံးအရေအတွက်နဲ့ ပတ်သက်ပြီး ယခင်က ဆွေးနွေးမှုအချို့ ရှိခဲ့ပါတယ်။ “စာလုံး (၃၂) လုံး အတွင်းဖြစ်ရန်” ဟု ပြောဆိုမှုများစွာရှိသော်လည်း ၎င်းသည် SEO တွင် အဆင့်သတ်မှတ်မှု ရရန်အတွက်မဟုတ်ဘဲ ရှာဖွေမှု ရလဒ်တွင် ပြသနိုင်မည့်  Title ၏ စာလုံးအရေအတွက် (၃၂) မှ (၄၀) စာလုံးအတွင်း ဖြစ်သည်ကို သတ်မှတ်ထားခြင်းဖြစ်ပြီး စာလုံးအရေအတွက်ကို (၃၂) လုံးအတွင်းထားမည်ဆိုပါက ရှာဖွေမှု ရလဒ်  Frame
တွင် အံဝင်ခွင်ကျ ထည့်သွင်းနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။

အမှန်တစ်ကယ် ပေါက်ကြားလာသော စာရွက်စာတမ်းတွင် ခေါင်းစဉ်ရှိ စာလုံးအရေအတွက်ကို တိုင်းတာထားသည့်စနစ်များ ထားရှိထားပုံမပေါ်တဲ့အတွက်ကြောင့် ခေါင်းစဉ်ရှိစာလုံးအရေအတွက်သည် အဆင့်သတ်မှတ်ချက်များအပေါ် သက်ရောက်မှု ရှိနိုင်မည်မဟုတ်ပါ။

 

၁၁။ Leak ⑧ ရက်စွဲများ၏ အရေးပါမှု။

Google က နောက်ဆုံးရလဒ်များကို ပြသရန် အလေးပေးလျက်ရှိပြီး ပေါက်ကြားလာခဲ့သော စာရွက်စာတမ်းတွေမှာ ရက်စွဲတွေနဲ့  page တွေကို ချိတ်ဆက်ပေးရန် ကြိုးပမ်းမှုတွေ အများကြီးရှိကြောင်းကို ဖော်ပြပေးထားပါတယ်။

ဥပမာအားဖြင့် ရက်စွဲများနှင့် ဆက်စပ်သော module များစွာ ရှိပါတယ်။

*bylineDate

Page ပေါ်တွင် တိကျစွာ သတ်မှတ်ထားသော ရက်စွဲ။

*syntacticDate

URL သို့မဟုတ် ခေါင်းစဉ်ကနေ ထုတ်ယူထားတဲ့ ရက်စွဲ။

*semanticDate

Page မှာပါဝင်တဲ့‌ အကြောင်းအရာကနေ ရယူထားတဲ့ ရက်စွဲ။

ဤနည်းဖြင့် စာမျက်နှာတွင် ပါဝင်သည့် ရက်စွဲတွေကို ရယူကာ စာမျက်နှာနှင့် ချိတ်ဆက်ခြင်းဖြင့် အဆိုပါ ဆောင်းပါသည် နောက်ဆုံးသတင်းဖြစ်၊ မဖြစ်ကို ဆုံးဖြတ်နိုင်ပါတယ်။

ထို့ကြောင့် အကြောင်းအရာ၏ ထုတ်ဝေသည့်နေ့စွဲနှင့် ပြင်ဆင်မှု ပြုလုပ်သည့်နေ့စွဲကို Google အား အလွယ် တကူ နားလည်စေရန် Title သို့မဟုတ် Content များအတွင်း နေ့စွဲများကို ထည့်သွင်းပြသခြင်းမှာ အရေးကြီးပါတယ်။

 

၁၂။ Leak ⑨ Site embeddings

Embeddings ဆိုတာ သိပ်မရင်းနှီးသော စကားလုံးတစ်ခုဖြစ်သော်လည်း မြန်မာဘာသာဖြင့် ဆိုရလျှင် ” ထည့်သွင်းခြင်း” ဟု အဓိပ္ပာယ်ရပါတယ်။

သို့သော်  “ထည့်သွင်းခြင်း” လို့ဆိုပေမယ့်လည်း ဘာကိုရည်ညွှန်းတယ်ဆိုတာ နားလည်ရန် ခက်ခဲနိုင်ပါတယ်။

ရှာဖွေရေး  အယ်လဂိုရီသမ် (Search Algorithm) တွင် “ထည့်သွင်းခြင်း” ကို အလွယ်တကူ ရှင်းပြပါက – X,  Y, Z လို့ခေါ်သည့် ဝင်ရိုးများစွာ ပါဝင်သည့် ဂရပ်ဖ်တစ်ခုတွင် ဆောင်းပါးများကို နေရာချထားပြီး ၎င်းတို့ကြား ဆက်စပ်မှုရှိ၊ မရှိကို အကဲဖြတ်ပါတယ်။

ဆောင်းပါးများကို မတူညီသည့် တည်နေရာများတွင်ထားရှိပြီး ၎င်းဆောင်းပါးများ၏ အကြောင်းအရာများနှင့် ဆက်စပ်မှာနည်းပါးသော ဆိုက်များသည် “Unspecialized sites” ဟု အကဲဖြတ်ခံရနိုင်ပါတယ်။

ရှာဖွေမှုရလဒ်များ၏ ထိပ်ဆုံးတွင် ဆောင်းပါးများကို ဖော်ပြနိုင်ရန် သင့် website ကို အထူးပြုမည့် နယ်ပယ်ကို ကြိုတင် ဒီဇိုင်းရေးဆွဲကာ အဆိုပါနယ်ပယ်အတွက် ဆောင်းပါးရေးသားမှုများ လုပ်ဆောင်ရန် လိုအပ်ပါတယ်။

 

၁၃။ Leak ⑩ small-scale site များအကြား ကွဲပြားခြင်း။

Google တွင်  “Small-Scale Site” ဖြစ်ကြောင်းကို ပြသသည့် အထူး Flag တစ်ခုရှိပါတယ်။ 

အချက်အလက်များ ပေါက်ကြားခဲ့သည့် အချိန်တွင် Google သည် ရှာဖွေရေးရလဒ်များတွင် ထိုကဲ့သို့သော ဆိုက်များကို တိုးတက်မှု  (promote)  သို့မဟုတ် လျှော့ချမှု (Demote) ပြုလုပ်စေသည့်  Twiddler တစ်ခု ထည့်သွင်းထားနိုင်ကြောင်း ယူဆရပါတယ်။

သို့သော်လည်း  အသေးစား Websites များကို ခွဲခြားသတ်မှတ်မှုနှင့် ပတ်သက်ပြီး ယခင်ဆောင်းပါးတွင် ဖော်ပြခဲ့သော  August 2024 Google Search Core Update  တွင် ပြန်လည်ပြင်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။

Google Search Central Blog မှာတော့

As always, we aim to connect people with a range of high quality sites, including small or independent sites that are creating useful, original content, when relevant to users’ searches.

လို့ ဖော်ပြထားပါတယ်။

တကယ့်လက်တွေ့မှာ ၂၀၂၄ ခုနှစ်၊  ဩဂုတ်လ  core update ပြီးနောက်ပိုင်းတွင် အသေးစား Websites များသည် ရှာဖွေမှုရလဒ်၏ ထပ်ဆုံးတွင် ဖော်ပြခံရနိုင်မှု အခွင့်အလမ်းများ တိုးလာကြောင်း သိရှိရပါတယ်။ 

 

၁၄။ နောက်ထပ် ပေါက်ကြားမှု အသေးစိတ်။

ယခုအထိ မိတ်ဆက်ပေးခဲ့သော အကြောင်းအရာများမှာ-
Mr. Mike ၏ ဆောင်းပါးနှင့် https://ipullrank.com/google-algo-leak အောက်ဖော်ပြပါ YouTube ဗီဒီယိုမှာ အသေးစိတ်ဖော်ပြထားသောကြောင့် သင့်အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

The Google Leak: Actionable Insights, Best New Practices, and Killer Tactics

ဒီဗီဒီယိုမှာ Mr. Mike က အကြောင်းအရာတစ်ခုချင်းစီကို အသေးစိတ်ရှင်းပြထားပြီး “ကောင်းမွန်သောအကြောင်းအရာ” ဖန်တီးခြင်းနှင့် “ခိုင်မာသောအမှတ်တံဆိပ်” ကို ဖန်တီးခြင်း၏ အရေးကြီးမှုကို အလေးပေးဖော်ပြထားပါတယ်။

ပြောရရင် SEO ကျွမ်းကျင်သူများအတွက်က ဒီအထိပဲလို့ ဆိုပေမယ့် Google က အမြဲရှာဖွေနေသည်မှာ  ” နည်းပညာပိုင်းဆိုင်ရာ SEO ဗျူဟာများအပေါ် အခြေခံထားတဲ့ ဆောင်းပါးများ မဟုတ်ပဲ” အကြောင်းအရာ အချက်အလက်၏ အရေးပါမှုနှင့် တန်ဖိုးရှိမှုကို ပိုမိုအလေးပေးထားသော သဘောတရား ဖြစ်မည်ဟု တွေးမိပါတယ်။

 

၁၅။ SEO နှင့် UX တို့ အတူတကွ လုပ်ဆောင်ရန် လိုအပ်မှု။

ပေါက်ကြားပြီးနောက်မှာ ထွက်ရှိခဲ့တဲ့ Mr. Fishkin နှင့် Mr. King ရဲ့ အောက်က ဗီဒီယို ထွက်ပေါ်လာပါတယ်။

EXPOSED Google Algorithm Leak 2024 SEO Experts Reveal Their Insights

Mr. King ကတော့  “SEO နှင့် UX တို့က ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောခဲ့ပါတယ်။

NavBoost ကဏ္ဍမှာ ရှင်းပြထားခဲ့တဲ့အတိုင်း Google ၏ အရေးကြီးဆုံးထဲက features တစ်ခုအဖြစ် “ကလစ်နှိပ်ခြင်း” ကို အလေးပေးထားသော်လည်း “ကလစ်နှိပ်ခြင်း”  သာမကပဲ “အောင်မြင်သော session ဆိုတာ ဘာကိုဆိုလိုတာလဲ”  ဆိုတဲ့အထိပါ နားလည်ထားရန် လိုအပ်ပါတယ်။

အကယ်၍ အသုံးပြုသူက ရှာဖွေမှုရလဒ်များမှ  လမ်းညွှန်ထားသော ဆောင်းပါးအတွက် အချိန်များစွာမဖြုန်းသော်လည်း အခြားရှာဖွေမှုကို ထပ်မံ လုပ်ဆောင်မှု မရှိပါက ၎င်း click နှိပ်ခြင်းကို အောင်မြင်သည်ဟု ယူဆပါတယ်။ ဒါဟာ အသုံးပြုသူက ၎င်းတို့၏ ရှာဖွေမှုနှင့် ကိုက်ညီသော အကြောင်းအရာကို ရှာဖွေရာတွင် “ကလစ်နှိပ်ခြင်း” သည် အောင်မြင်သွားကြောင်း ယူဆနိုင်ပါတယ်။

အကယ်၍ အသုံးပြုသူသည် ရှာဖွေမှု ရလဒ်များမှ  လမ်းညွှန်ထားသော ဆောင်းပါးတွင်  (၅) မိနစ်ကြာ ရှိနေပြီးနောက်မှာ ရှာဖွေမှုဆီကို ပြန်သွားခြင်းကလည်း “ကလစ်နှိပ်ခြင်း”  ကို အောင်မြင်တယ်လို့လည်း ယူဆနိုင်ပါတယ်။

ဒီအကြောင်းအရာကို နားလည်ထားပြီး ပိုမို အောင်မြင်တဲ့ session တွေကို ဖန်တီးဖို့ လိုအပ်ပါတယ်။

SEO သည် သုံးစွဲသူကို  စာမျက်နှာ (webpage) သို့ ပို့ဆောင်ပေးပြီး UX ကတော့  အသုံးပြုသူတွေရဲ့ စာမျက်နှာပေါ်တွင် လိုအပ်တဲ့ လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုထားခြင်း ဖြစ်တယ်။

ဆောင်းပါးတစ်ပုဒ်ကို ဝင်ကြည့်ရှုသူအား ချက်ချင်းပြန်မထွက်သွားစေရန် UX ကို အဓိကထားပြီး ထည့်သွင်းစဉ်းစားခြင်းသည် SEO measures အတွက် အရေးပါသော အချက်ဖြစ်ပေသည်။

 

၁၆။ Navboost ၏ အရေးပါမှု။

ဗီဒီယိုတွင် Mr. Fishkin သည် Navboost ၏ အရေးပါမှုကို အလေးပေး ပြောပြထားပါတယ်။

ဆောင်းပါးတွင်လည်း အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ကျွန်ုပ်သိထားတဲ့အတိုင်း အချို့သော metrics များတွင် အချက်ပြစနစ်တစ်ခုက ပိုကြီးသောစနစ်တစ်ခုလုံးထက် ပိုပြီးအားကောင်းနိုင်ဖွယ် ရှိပါတယ်။ ဥပမာအားဖြင့် NavBoost ဆိုတာ အခြားအဆင့်များထပ် ကလစ်များ၏ (တိကျမှုနှင့် အသုံးဝင်မှုဆိုင်ရာ metrics ) များ အတွက် ပိုမိုအပြုသဘောဆောင်ကြောင်းနှင့် ထိုအရာ ပေါ် မှာတော့ သံသယဖြစ်စရာ မရှိပါဘူး။ (စကားမစပ် Navboost အဖွဲ့၏ပြင်ပမှ အင်ဂျင်နီယာများသည်လည်း Navboost ၏ စွမ်းအားနှင့် “အနိုင်ရယူနေသော” နေသောအချက်ကို မကျေမနပ် ဖြစ်နေပါတယ်။)

Google ရှာဖွေရေးအဖွဲ့၏ အခြားဌာနများမှ မနာလိုဖြစ်စရာကောင်းလောက်အောင် Navboost အဖွဲ့သည် အလွန်အရေးပါသော အနေအထားမှ ဆောင်ရွက်နေသည်ဟု ယူဆရပါတယ်။

အဆင့်၏ထိပ်ဆုံးတွင် ပေါ်လာစေရန်သာမက ကလစ်နှိပ်ချင်စရာ ဖြစ်စေမည့်ခေါင်းစဉ်ကို ဒီဇိုင်းထုတ်ခြင်းနှင့် ကလစ်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် အကြောင်းအရာနှင့်တကွ UX ကို ဖန်တီးရန်မှာ အရေးကြီးတယ်ဆိုတာတော့ ယုံမှားစရာမရှိပါဘူး။

 

၁၇။ အနှစ်ချုပ်။

ယခုတစ်ကြိမ် ပေါက်ကြားလာသော အချက်အလက်များသည် ပရိုဂရမ်တစ်ခု မဟုတ်ပဲ “အမျိုးမျိုးသော API ရည်ညွှန်းချက်များနှင့် modules များ၏ ဖော်ပြချက်” ဖြစ်သော်လည်း ထိုအတွက် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။

ထို့အပြင် Mr. Fishkin နှင့် အခြားသော SEO သုတေသီများက အတည်ပြုနိုင်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ Google ရဲ့တာဝန်ခံတွေက အခိုင်အမာငြင်းဆိုခဲ့တာတွေကို ဒီတစ်ခေါက်ဖော်ထုတ်ချက်တွေက Attribute အဖြစ် တကယ်ရှိနေတယ်ဆိုတာ ပြသပေးလိုက်ပါတယ်။ ဒါက Google ရဲ့ တရားဝင် ကြေညာချက်တွေကို ယုံကြည်ပြီး SEO တိုင်းတာမှုတွေကို အကောင်အထည်ဖော် လုပ်ဆောင်ရန် မသင့်တော်ကြောင်း သက်သေပြလိုက်ပါတယ်။

သို့သော်လည်း  algorithms များကို အဆင့်မြှင့်တင်မှုတွေ အမြဲပြုလုပ်နေပြီး ၂၀၂၄ ခုနှစ်၊ မေလတွင် ထွက်ပေါ်ခဲ့သော အချက်အလက်များအရ အချို့သော ကဏ္ဍများသည် ပြောင်းလဲနေပြီဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ Mr. Fishkin က ” အသေးစား ဖန်တီးသူ  (small creator) တွေဟာ ကြီးမားတဲ့  website တွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့ အခက်အခဲတွေ ရှိတယ်” လို့ ပြောထားပေမယ့် August 2024 Google Search Core Update မှာ အသေးစား Website တွေဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ အထူးပြုကျွမ်းကျင်မှုနဲ့  Content အရည်အသွေး ကောင်းမွန်မှုရှိပါက ပိုမိုမြင့်မားတဲ့ အဆင့်သတ်မှတ်မှု ရရှိနိုင်ရန် ချိန်ညှိပေးထားတာကို တွေ့ရှိရပါတယ်။

ဤအချက်ကို ထည့်သွင်းစဉ်းစားပါက Website ၏ အထူးပြုမှုသည် အနာဂတ်တွင် ပို၍အရေးကြီးလာမည်ဟု ယူဆရပါတယ်။

ဘယ်လိုအကြောင်းအရာ (content) တွေကို ရေးရမလဲဆိုတာနဲ့ မဟာဗျူဟာကျကျ အစီအစဉ်တွေကို ချမှတ်ပြီး မီဒီယာကို သေချာ စီမံခန့်ခွဲရန် လိုအပ်ပါလိမ့်မယ်။

SEO ပိုင်းကို တာဝန်ယူထားသူတွေဟာ နောက်ပိုင်း အဆင့်မြှင့်တင်ထားတဲ့ algorithms တွေကို အမြဲလေ့လာနေရပါမယ်။

ဒါ့အပြင် Google ရဲ့ တရားဝင်ကြေညာချက်တွေအပြင် မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနေတဲ့  Website များ၏ အခြေအနေတွေကနေတဆင့် အမှန်တရားကို  ရှာဖွေရန် လိုအပ်ပါတယ်။

သင့်တွင် SEO သို့မဟုတ် content marketing နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများနှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့ထံ အခမဲ့ ဆက်သွယ်နိုင်ပါတယ်။

https://www.spiceworks.co.jp/contact/

[အရင်းအမြစ်များနှင့် ကိုးကားချက်များ]

・SparkTOro (Rand Fishkin) :

An Anonymous Source Shared Thousands of Leaked Google Search API Documents with Me; Everyone in SEO Should See Them

・ipullrank (Mike King) :

Secrets from the Algorithm: Google Search’s Internal Engineering Documentation Has Leaked

・The Verge :

Google confirms the leaked Search documents are real

・Erfan Azimi (YouTube) :

Google Leak (Public Statement)

・iPullRank (YouTube) :

The Google Leak: Actionable Insights, Best New Practices, and Killer Tactics

・Sterling Sky Inc (YouTube) :

EXPOSED Google Algorithm Leak 2024 SEO Experts Reveal Their Insights

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *