Others

Basic knowledge of Human Resource (HR)

အားလုံးပဲ မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီသည် Web Design & Development Production Company တစ်ခုဖြစ်ပြီး Japan & Myanmar Company တစ်ခုဖြစ်ပါတယ်။ ထို့ပြင် ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာ Design Group, System Group များအပြင် Internal Group အဖြစ် HR Group, Maintenance Group, Education Group နှင့် Marketing Group များဖြင့် ဖွဲ့စည်းထားတာကြောင့် အခုလက်ရှိမှာတော့ ကျွန်မက HR Group ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ ထို့ကြောင့် ဒီတစ်ပတ်မှာတော့ ကျွန်မက ယခု Blog တွင် ကျွန်မ လေ့လာဖြစ်ခဲ့တဲ့ ကျွန်မတို့ လူသားတစ်‌ယောက်ချင်းစီတိုင်း သိထားသင့်တဲ့ လူသားတစ်‌ယောက်ချင်းစီတိုင်းမှာ အခြေခံအနေဖြင့် ရှိထားသင့်တဲ့ လူသားအရင်းအမြစ် အခြေခံဗဟုသုတအကြောင်းကို Basic knowledge of Human Resource (HR) ဆိုတဲ့ ခေါင်းစဉ်ဖြင့် ကျွန်မသိသလောက် အနည်းငယ် ပြန်လည်မျှဝေပေးပါရစေရှင့်။
Human Resource (HR) ဆိုတာ ဘာလဲ?                                                                                  ပထမဦးဆုံးအနေဖြင့် (HR) ဆိုတာ ကျွန်မတို့ အနေနဲ့ ဆိုရင် Human Resource (HR) ဆိုတာက ကျွန်မတို့လူသားအားလုံးကို ရည်ညွှန်းပါသည်။ လူသားအရင်းအမြစ်ဆိုသည့်အတိုင်း ကျွန်မတို့ အားလုံးသည် လူသားတစ်ဦးဖြစ်နေသည့်အတွက် ကျွန်မတို့၏ HR သည် ကျွန်မတို့အားလုံး ကိုယ်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်များအကြောင်းကိုသိထားရန် လိုအပ်သလို မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်များက ဘာတွေလဲ? ဒီလူ့စွမ်းအားအရင်းအမြစ်များကို ဘယ်လို စီမံခန့်ခွဲမှုများပြုလုပ်ပြီး ဘယ်လို လက်တွေ့အသုံးချမလဲ? ထိုအရင်းအမြစ်များကို ပို၍ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ပြုလုပ်ရမလဲ? ဆိုတာ အရေးကြီးပါတယ်။ ထို့ကြောင့် ကျွန်မတို့အနေနဲ့ မိမိတို့ရဲ့ အရင်းအမြစ်များကို သိအောင်လုပ်ပြီး စနစ်တကျ စီမံခန့်ခွဲမှုများ လုပ်ကာ လက်တွေ့အသုံးချမှုများပြုလုပ်၍ ကျွန်မတို့၏ အခြေခံကစ၍ အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်‌အောင် ပြုလုပ်ကြရပါမယ်ရှင့်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်မှသာ ကျွန်မတို့နဲ့ ဆက်စပ်တဲ့လူသားအချင်းချင်း သို့မဟုတ် ကျွန်မတို့နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်များကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ထို့ပြင် မိသားစုတစ်စုအနေနဲ့ဆိုရင်လည်း ထိုမိသားစုရဲ့ HR ဆိုတာ ထိုမိသားစုတစ်စုမှာနေထိုင်နေတဲ့ မိသားစုဝင်တိုင်းက ထိုမိသားစု၏ HR ပင်ဖြစ်ပါသည်။ ထို့ကြောင့် မိသားစု စည်းလုံးညီညွှတ်၍ သာယာချမ်းမြေ့သော မိသားစုတစ်စု ဖြစ်ဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထိုမိသားစုဝင်များ အားလုံး၏ HR ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်နေမှသာ ထိုမိသားစုတစ်စုနှင့် ဆက်စပ်တဲ့ မိသားစုဝင်များအပြင် ဆက်စပ်သမျှသော လူသားအချင်းချင်း သို့မဟုတ် ဆက်စပ်တဲ့ ပတ်ဝန်းကျင်များကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

‌နောက်ထပ်တစ်ခုအနေနဲ့ Team တစ်ခုမှာဆိုရင်လည်း ထို Team တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လည်း ထို Team တစ်ခုအတွင်းမှာရှိတဲ့ Team member များအားလုံးရဲ့ HR ကောင်းမှသာ ထို Team တစ်ခု ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါသည်။

ထို့ပြင် Country တစ်ခုမှာ ဆိုရင်လည်း ထိုနိုင်ငံတစ်နိုင်ငံ၏ HR ဆိုတာ ဘာလဲဆိုရင် ထိုနိုင်ငံတစ်နိုင်ငံတွင် နေထိုင်သော နိုင်ငံသားတိုင်းက ထိုနိုင်ငံ၏ HR ပင်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထိုနိုင်ငံတွင် ‌နေထိုင်သော နိုင်ငံသားတ‌စ်ယောက်ချင်းစီရဲ့ HR ဖွံ့ဖြိုးတိုးတက်နေမှသာ ထိုနိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာအောင်ပြုလုပ်နိုင်မှာဖြစ်ပါသည်။ လူသားတစ်ဦး၏ အရင်းအမြစ်ဆိုတာ ကုန်သွားတယ်ဆိုတာမရှိပါဘူး။ ထို့ကြောင့် လူသားတစ်ဦး၏ အရင်းအမြစ်ကို မိမိတို့ ဖွံ့ဖြိုးတိုးတက်အောင် ကောင်းကောင်း စီမံခန့်ခွဲ၍ တိုးတက်အောင် လုပ်ရင် လုပ်နိုင်သလို ဖွံ့ဖြိုး တိုးတက်‌နေမှာဖြစ်ပါတယ်။ ဥပမာ တစ်ခုအနေဖြင့်ပြောပြရမည်ဆိုရင် အားလုံးပဲ သိကြတဲ့ Singapore နိုင်ငံ၊ Japan နိုင်ငံဆိုရင် ကျွန်းစု နိုင်ငံတစ်ခုဖြစ်ပြီးတခြား Resources လည်း အနည်းငယ်သာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် ဒီနိုင်ငံတွေက နိုင်ငံတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်အောင် ဒီလူသား အရင်းအမြစ်တစ်ခုတည်းကို အခြေခံ၍ အသုံးချကာ ပြုလုပ်သွားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုအနေဖြင့် လုပ်ငန်းတစ်ခု (သို့မဟုတ်) ဌာနတစ်ခုခု (သို့မဟုတ်) ကုမ္ပဏီတစ်ခုခုမှာ ထိုလုပ်ငန်းတစ်ခု၏ HR ဆိုတာလည်း ထိုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအားလုံးသည် ထိုလုပ်ငန်း၏ HR များပင်ဖြစ်သည်။ HR ဆိုသည် လူသားတိုင်းနှင့် သက်ဆိုင်နေပါသည်။ ထို့ကြောင့် ကျွန်မတို့သည် အလုပ်တစ်ခုခုလုပ်တော့မည်ဆိုလျှင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပင်ဖြစ်စေ၊ ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်စေ ကျွန်မတို့၏ အခြေခံအရင်းအမြစ်အနေနဲ့ သိထားသင့်တာလေးကိုလည်း အနည်းငယ်ပြောပြပေးချင်ပါတယ်။
(1) knowledge ဆိုတဲ့ ထိုလုပ်ငန်းတစ်ခုနှင့်ပတ်သက်တဲ့ knowledge ဘယ်လောက်ရှိပြီလဲ?
(2) Skills ဆိုတဲ့ ထိုလုပ်ငန်းတစ်ခုနှင့် ပတ်သက်တဲ့ မိမိတို့ရဲ့ ကျွမ်းကျင်မှု အရည်အချင်းကရော ဘယ်လောက်ရှိနေပြီလဲ?
(3) Abilities ဆိုတဲ့ လုပ်နိုင်စွမ်း၊ တတ်နိုင်စွမ်းကရော ဘယ်လောက်ရှိနေပြီလဲ? ဒီအလုပ်တစ်ခုနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိပြီလဲဆိုသော Abilities
(4) Attitudes ဆိုတဲ့ ထိုလုပ်ငန်းတစ်ခုနှင့် ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ လုပ်ငန်းအပေါ်ထားတဲ့ စိတ်နေစိတ်ထားများ၊ ဘယ်လိုပြုမူလုပ်ကိုင်ရမလဲဆိုတဲ့ Behaviours ကလည်း အခြေခံလူ သားအရင်းအမြစ်များအနေနဲ့ သိထားဖို့တော့ လိုအပ်ပါသည်။ ထိုအခြေခံအကြောင်းအရာလေးတွေကို သိထားမှသာ ထိုအခြေခံ အရင်းအမြစ်များကို လက်တွေ့အသုံးချနိုင်ဖို့ ကောင်းကောင်းစီမံခန့်ခွဲဆောင်ရွက်နိုင်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်ပြုလုပ်နိုင်မှသာ မိမိတို့နှင့် ဆက်စပ်သော လူသားအချင်းချင်းသော်လည်းကောင်း၊ ထိုလူသားများနှင့်ဆက်စပ်သော ပတ်ဝန်းကျင်များကိုလည်းကောင်း ဆက်စပ်၍ ဖွံ့ဖြိုးတိုးတက်လာအောင်ပြုလုပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် တချို့လုပ်ငန်းတွေမှာ HR ကို ဌာနတစ်ခုအနေဖြင့်သီးသန့် ထားတာလည်းရှိသလို တချို့ လုပ်ငန်းတွေမှာတော့ HR ကို မထားတဲ့ လုပ်ငန်းများလည်းတွေ့ရပါတယ်။ ဘာကြောင့် လုပ်ငန်းတွေမှာ ဘာကြောင့် HR ထားကြတာလဲဆိုရင် HR သည် လုပ်ငန်းအတွင်းမှာရှိတဲ့ ဝန်ထမ်းများ၏ HR ကို ပိုမိုတိုးတက်အောင်ပြုလုပ်ပေး၍ လုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်ထုတ်စွမ်းအားများကို ပိုမိုတိုးတက်လာအောင် ပြုလုပ်ဖို့ရန် ရည်ရွယ်၍ ထားကြခြင်းဖြစ်ပါတယ်။

Human Resource Management
Human Resource Management ဆိုတာက လူသားအရင်းအမြစ်စီမံခန်းခွဲမှုဆိုသည့်အတိုင်း လူကို လူက စီမံခန့်ခွဲမှု ပြုလုပ်ရတာဖြစ်လို့ လုပ်ငန်းတစ်ခုအတွင်းမှာ အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများကို တရားဝင်ဖြစ်သော၊ နည်းလမ်းတကျဖြစ်သော စနစ် Formal system များနှင့် စီမံခန့်ခွဲမှု ပြုလုပ်တာကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာနေရာ အသီးသီးမှာ အလုပ်လုပ်နေကြသော ဝန်ထမ်းများ၏ HR များနှင့် ပတ်သက်တဲ့ လုပ်ဆောင်ချက်များကို နေရာမှန်၊ လူမှန်နှင့် လုပ်ငန်းခွင် အဆင်ပြေအောင် စီမံခန့်ခွဲမှုများ ပြုလုပ်၍ လုပ်ငန်း၏ ရည်ရွယ်ချက် တိုးတက်အောင်မြင်အောင် လုပ်ဆောင်ပေးရခြင်းဖြစ်သည်။ ထို့ပြင် လုပ်ငန်းတစ်ခုအတွင်းမှာ အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများ စတင် ခန့်အပ်ရန်ကစ၍ ထိုဝန်ထမ်းများ အလုပ်လုပ်နေစဉ် နှင့် ထိုဝန်ထမ်းများ ထွက်သွားတဲ့အချိန်ထိ ထိုဝန်ထမ်းများနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုများကို စီမံခန့်ခွဲ၍ လုပ်ငန်းခွင်အတွင်း အဆင်ပြေအောင် ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုး စီမံပေးမှုများပြုလုပ်ရခြင်းဖြစ်ပါတယ်။
ဆက်လက်၍ Human Resource Management System အကြောင်းကို အနည်းငယ် မျှဝေပေးချင်ပါတယ်။
Components of HRM System 
(1) Job Analysis
(2) Recruitment and Selection
(3) On boarding
(4) Performance management
(5) Training and Development
(6) Compensation and Reward
(7) Labour Relation and Safety တို့ ဖြစ်ပါသည်။
(1) Job Analysis
Job Analysis ဆိုတာက လုပ်ငန်းခွင်အတွက် ဝန်ထမ်းအသစ်ခေါ်ယူရန် အလုပ်အတွက် ခွဲခြမ်းစိတ်ဖြာစီစစ်ရတာကို ဆိုလိုတာကြောင့် လုပ်ငန်းခွင်အတွက် အမှန်တကယ်လိုအပ်နေလား? မလိုအပ်လား ဆိုတာ စီစစ်ရပြီး Job အတွက် မရှိမဖြစ်လိုအပ်တဲ့ Job description, job Specification များကို စီစဉ်ဆုံးဖြတ်မှုများပြုလုပ်ရခြင်းဖြစ်သည်။ Job description ဆိုတာကတော့ Job အတွက် ဝန်ထမ်းအသစ်ခေါ်ယူတဲ့အခါ အလုပ်တွင် လုပ်ရမည့် တာဝန်များ၊ ရာထူးများ စတဲ့ အကြောင်းများ၊ job Specification ဆိုတာကတော့ အလုပ်တာဝန်ထမ်းဆောင်မည့်သူနှင့် ပတ်သက်တဲ့ ကိုယ်‌ရေးကိုယ်တာ အချက်အလက်များစတဲ့ အကြောင်းအရာအချက်အလက် များကို စီစဉ်သတ်မှတ်ရခြင်းဖြစ်ပါတယ်။

(2) Recruitment and Selection
Recruitment and Selection ဆိုတာကဝန်ထမ်းအသစ်‌ရွေးချယ်ခြင်း၊ ခေါ်ယူခြင်းဖြစ်သည်။ Job Analysis ပြုလုပ်စဉ်က Job description, job Specification, လစာသတ်မှတ်ခြင်း၊ CV စစ်‌ဆေးခြင်း၊ Interview ပုံစံ စသဖြင့် စီစဉ်‌ဆောင်ရွက်ရခြင်းဖြစ်သည်။

(3) On boarding
On boarding ဆိုတာက ဝန်ထမ်းအသစ်‌ရွေးချယ်၍ခေါ်ယူပြီးပြီဆိုရင် ထိုဝန်ထမ်း လုပ်ငန်းခွင်ဝင်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ လုပ်ငန်းတာဝန်များအကြောင်း သင်ပြပေးခြင်းများစတဲ့ လုပ်ဆောင်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

(4) Performance management                                                                                                    Performance management ဆိုတာက ဝန်ထမ်းအသစ် လုပ်ငန်းခွင်ရောက်လာပြီးဆိုတာနဲ့ ထိုဝန်ထမ်းရဲ့ Performance လုပ်ဆောင်နိုင်မှုတွေ အခြေအနေ ဘယ်လိုရှိလဲ၊ ဘယ်လို လုပ်ဆောင်မှုတွေမှာ Performance ပိုကောင်းလဲ၊ ဘယ်လို လုပ်ဆောင်မှုတွေမှာ Performance လိုအပ်နေလဲ အကဲဖြတ်ကြည့်တာတို့၊ စစ်ဆေးကြည့်တာတို့ကို KPI တိုင်းတာခြင်း၊ 360 တိုင်းတာခြင်းများ အကဲဖြတ်အမှတ်များသတ်မှတ်၍ လုပ်ငန်း၏ Culture ပေါ် မူတည်၍ management ပြုလုပ်ခြင်းဖြစ်သည်။

(5) Training and Development                                                                                                        Training and Development ဆိုတာက ဝန်ထမ်းတစ်ဦးချင်းစီရဲ့ HR  ကောင်းမှသာ ထိုလုပ်ငန်းခွင် ပို၍ ဖွံ့ဖြိုးတိုးတက်မှာဖြစ်လို့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ HR ‌ကောင်းရန် ဖွံ့ဖြိုးတိုးတက်နေရန်အတွက် လုပ်ငန်းခွင်ရောက်လာပြီဆိုတာနဲ့ ထိုဝန်ထမ်း၏ HR Development အတွက် ယခင် Single skill ပဲ တတ်တဲ့ သူကို Multi skill တတ်ကျွမ်းသွားအောင် အပြန်အလှန် သင်ပြခြင်း၊ လိုအပ်သော သင်တန်းများ စီစစ်ခြင်း၊ စီစဉ်ပေးခြင်း စတဲ့ Training စီစဉ်ခြင်းဆိုင်ရာ လုပ်ဆောင်မှုများပြုလုပ်ခြင်းဖြစ်သည်။

(6) Compensation and Reward
Compensation and Reward ဆိုတာက လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင်နေသော ဝန်ထမ်းများနဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်များနှင့် ပတ်သက်တဲ့ ရက်မှန်ကြေးများ၊ အချိန်ပို Overtime ကြေးများ၊
Commission pay များ၊ Compensation အပိုဆောင်းလစာများ စီစဉ်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းများဖြစ်ပါတယ်။

(7) Labour Relation and Safety
Labour Relation and Safety ဆိုတာက ဝန်ထမ်းတစ်ယောက်အနေဖြင့်ရော၊ လုပ်ငန်းရှင်အနေဖြင့်ရော သိထားသင့်တဲ့ Labour တစ်ယောက်နှင့် ဆက်စပ်သော Policy များ၊ လုပ်သက်ခွင့်၊ Income Tax, Social Security Board (SSB) နဲ့ပတ်သက်တဲ့ ဖခင်ဖြစ်ခွင့်၊ မီးဖွားခွင့် စတဲ့ Labour law နှင့် ပတ်သက်တဲ့ ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးခြင်းများဖြစ်သည်။ ထို့ပြင် လုပ်ငန်းခွင်မှာ ပျော်‌ပျော်ရွှင်ရွှင်နှင့် စိတ်ဖိစီးမှုကင်းကင်းဖြင့် အလုပ်လုပ်နိုင်ရန် ဝန်ထမ်းများအတွက် စိတ်ချလုံခြုံ‌မှုရှိသော လုပ်ငန်းခွင် တစ်ခု ဖန်တီးပေးနိုင်ရန် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။
အနှစ်ချုပ်အနေဖြင့် Human Resource (လူသားအရင်းအမြစ်) ဆိုသည့်အတိုင်း ကျွန်မတို့ အားလုံးသည် လူသားတစ်ဦးဖြစ်နေသည့်အတွက် လူသားတစ်‌ယောက်ချင်းစီတိုင်း သိထားသင့်တဲ့ Human Resource အကြောင်းအရာများ၊ ဝန်ထမ်းတစ်ယောက်ပင်ဖြစ်‌စေ၊ လုပ်ငန်းရှင်တစ်ယောက်ပင်ဖြစ်စေ သိထားသင့်တဲ့ Policy များ၊ လုပ်သက်ခွင့်များ၊ Labour law, Social Security Board (SSB) အကြောင်းအရာများကို မိတ်ဆက်အနေဖြင့် ရေးသား မျှဝေပေးလိုက်ရပါတယ်။
ကျွန်မ ရေးသားမျှဝေပေးခဲ့သော ယခု Blog လေးက စာဖတ်သူများအတွက် အကျိုးရှိခဲ့မယ်ဆိုရင် ဆက်လက်၍ HR အကြောင်းများ၊ Labour law, Social Security Board (SSB) နှင့် ပတ်သက်၍ အကြောင်းအရာတစ်ခုချင်းစီရဲ့ အသေးစိတ်ကိုလည်း နောက် blog တစ်ခုတွင် ထပ်မံ မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်…..

Hello

Leave a Reply

Your email address will not be published. Required fields are marked *