System

Basic principles of cloud computing

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျ။

ကျွန်တော်ကတော့ Spiceworks Myanmar မှာ Backend Developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်အောင်ညီသစ် ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော် ဒီနေ့ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ “Basic principles of cloud computing” ဖြစ်ပါတယ်။ ပထမဆုံးအနေဖြင့် cloud computing အကြောင်းမပြောခင် cloud technology မှာ အဓိကပါဝင်တဲ့ server အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

What is server?
Server လို့ ဆိုလိုက်ရင် သူနဲ့ပတ်သက်ပြီး ပြောစရာအများကြီးထဲကမှ နားလည်အလွယ်ဆုံးပြောရရင် server ဆိုတာ software ဒါမှမဟုတ် hardware device တစ်ခုဖြစ်ပြီး internet ပေါ်ကနေ ပေးပို့လိုက်တဲ့ request တွေကို လက်ခံရပြီး သက်ဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်ကာ response များ ပြန်လည်ပြုလုပ်ပေးသော နည်းပညာတစ်ခု ဖြစ်ပါတယ်။ Computer system တစ်ခုမှာဆိုရင် အသုံးပြုသူ (client) ဘက်မှ request များ ပေးပို့ပြီး server ဘက်မှ ပြန်လည်ပေးပို့သော result များကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ server များတွင် ထည့်သွင်းထားသော program များပေါ်မူတည်ပြီး လုပ်ဆောင်ချက်များ ကွဲပြားသွားပါသေးတယ်။ ဥပမာအနေဖြင့် print server အနေဖြင့် client computer မှလက်ခံရရှိသော print media များကို သက်ဆိုင်ရာ printer device များသို့ ဖြန့်ဝေပေးပို့ရ‌သော လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးပါတယ်။ File server ဆိုရင် computer တစ်လုံးဖြစ်နိုင်ပြီး သက်ဆိုင်ရာ network တစ်ခုခုဖြင့် ချိတ်ဆက်ထားကာ ထို network ပေါ်ကနေ disk access ဒါမှမဟုတ် storage files များကို ဖြန့်ဝေပေးသော လုပ်ဆောင်ချက်ကို ပြုလုပ်ပေးပါတယ်။ Server အမျိုးအစား များစွာရှိတဲ့အထဲမှ ကျွန်တော်အနေနဲ့ တွေ့ရများသော server အမျိုးအစားများကို ကောက်နုတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

basic-principle-of-cloud-computing-server

Database server
System, application, program တစ်ခုခု၏ သတင်းအချက်အလက်များကို လက်ခံသိမ်းဆည်းရာ နေရာဖြစ်ပြီး လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာ query language တစ်ခုခု အသုံးပြု၍ ပြန်လည်ရယူနိုင်ပါသည်။
Mail server စာတိုက်တစ်ခုနဲ့ တူညီပြီး ပေးပို့လာသော electronic mail message များအား လက်ခံသိမ်းဆည်းထားကာ နေ့ရက်၊ အချိန်အလိုက်မှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာ လိပ်စာများသို့ ပြန်လည်ပို့ပေးပါသည်။

DNS server (Domain name system server)
Domain name ဆိုသည်မှာ ကျွန်တော်တို့ မြင်ဖူးနေကြဖြစ်သည့် internet website address များ ဖြစ်ပါသည်။ DNS server ပေါ်တွင် website hostnames (e.g., spiceworksmyanmar.com) များကို သက်ဆိုင်ရာ internet protocol (IP address) များ နှင့် ချိတ်ဆက်ပေးထားပါတယ်။ Domain Name System (DNS) သည် အင်တာနက်၏ phone contact သကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ အသုံးပြုသူများသည် web browser (chrome) များတွင် ‘google.com’ သို့မဟုတ် ‘spiceworksmyanmar.com’ ကဲ့သို့သော domain name များကို ရိုက်ထည့်သောအခါ၊ DNS သည် အဆိုပါ website များအတွက် မှန်ကန်သော IP address ကို ရှာဖွေရန် တာဝန်ရှိပါတယ်။ ထို့နောက် website data များကို ရယူရန် browser များသည် original server များ သို့မဟုတ် CDN (Content delivery network) edge server များနှင့် ဆက်သွယ်ရန် ထို IP address များကို အသုံးပြုပါတယ်။

Web server
Internet ပေါ်ရှိ website များနှင့် အခြားအသုံးချ web application များကို ထည့်သွင်းထားပြီး network or internet ပေါ်ကနေ user များမှ ရယူသုံးစွဲနိုင်ရန် အတွက် operating system, software များကို ထည့်သွင်းထားကာ လိုအပ်သော တွက်ချက်မှုများကို ပြုလုပ်ပေးသော server တစ်ခုဖြစ်ပါသည်။

basic-principle-of-cloud-computing-web-server

Server အကြောင်းအရာနှင့် ပတ်သက်ပြီး ယခုလောက်ဆိုရင် အခြေခံအနေနဲ့ နားလည်သဘောပေါက်မည်ဟု ထင်မိပါသည်။ ဆက်လက်ပြီး cloud computing နဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Cloud computing ဆိုသည်မှာ computing services များ အသုံးပြုနိုင်အောင် စီမံထားပြီး servers, storages, databases, networking, software တို့အပြင် analytics and intelligence tools များပါဝင်ပြီး internet ပေါ်ကနေ လုပ်ဆောင်ပေးသော နည်းပညာတစ်ခု ဖြစ်ပါတယ်။ Cloud နည်းပညာကိုသာ အသုံးချမည်ဆိုလျှင် လုပ်ငန်းခွင်အတွက် လိုအပ်သော နည်းပညာများကို လွယ်ကူလျင်မြန်စွာ တည်ဆောက်နိုင်ပြီး လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Cloud နဲ့ပတ်သက်ပြီး အမျိုးအစား (၃) မျိုးရှိပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုပေးပါ ခင်ဗျ။

Public cloud
Third – party cloud provider ထံမှ ငှားယူသုံးစွဲရသော အမျိုးအစားဖြစ်ပါသည်။ cloud provider ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက် ရှိနိုင်ပါသည်။ computing resource များကို လိုအပ်သလို အတိုးအလျော့ ပြုလုပ်နိုင်ပါသည်။

Private cloud
အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် ဘဏ်များတွင် အများဆုံး အသုံးပြုကြပါသည်။ computer system တစ်ခုကို cloud technology ထည့်သွင်းကာ မိမိတို့အဖွဲ့အစည်းတစ်ခုထဲ သီးခြားအသုံးပြုနိုင်အောင် စီမံထားသော system တစ်ခုဖြစ်ပါသည်။ နောက်ပိုင်းတွင် cloud provider များ အနေဖြင့်လည်း သီးခြား network များကို အသုံးပြုကာ private cloud service ကို ဝန်ဆောင်မှု‌ပေးလျှက် ရှိပါသည်။

Hybrid cloud
Public cloud နှင့် private cloud ကို ပေါင်းစပ်အသုံးပြုနိုင်သော cloud system တစ်ခုဖြစ်ပါသည်။ Data များနှင့် applications များကို ၎င်းတို့ နှစ်ခုကြား မျှဝေသုံးစွဲနိုင်အောင် ပြုလုပ်ပေးထားပါသည်။

Cloud provider များအနေဖြင့် cloud services များကို အောက်ပါအချက်များအတိုင်း ဝန်ဆောင်မှုပေးလျှက် ရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီနေရာမှာ တစ်ခုချင်းစီကို အနည်းငယ်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

Infrastructure as a service (IaaS)
မိမိတို့ကိုယ်တိုင် system အတွက်လိုအပ်သော device များ၊ resource များကို ဝယ်ယူတပ်ဆင်စရာမလိုဘဲ ကုန်ကျစရိတ် သက်သာစွာဖြင့် ငှားယူသုံးစွဲနိုင်သော service တစ်ခုဖြစ်ပါတယ်။ IT infrastructure-servers, virtual machines (VMs), storage, networks, operating systems တို့ကို သုံးသလောက်ရှင်း (pay-as-you-go) ပုံစံဖြင့် အသုံးပြုနိုင်ပါသည်။

Platform as a service (PaaS)
မိမိတို့လုပ်ငန်းနှင့် သက်ဆိုင်သော development နည်းပညာများကို ရယူအသုံးပြုနိုင်ပါသည်။ PaaS services များတွင် collaboration, application design and development, web service integration, information security, database integration စသည့် ဝန်ဆောင်မှုများစွာ ပါရှိပါသည်။

Software as a service (SaaS)
SaaS service တွင် မိမိကိုယ်တိုင် ဘာမှဖန်တီးစရာမလိုဘဲ စတင်သုံးစွဲနိုင်သော application များ ပါဝင်ပါတယ်။ ကျွန်တော်တို့ အခုအသုံးပြုနေကြသော Google Workspace, Dropbox, Zoom တို့သည် SaaS services များ ဖြစ်ကြပြီး cloud technology များကို အသုံးပြု တည်ဆောက်ထားကြပါသည်။

basic-principle-of-cloud-computing-benefit

နောက်ဆုံးအနေဖြင့် cloud computing မှ ရရှိနိုင်သောအကျိုးကျေးဇူးများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Cost Savings
Cloud system အတွက် အသုံးပြုရမည့် hardware နှင့် software အတွက် ဝယ်ယူသုံးစွဲရမည့် ကုန်ကျစရိတ်ကို လျော့ချနိုင်ခြင်း၊ pay-as-you-go ဖြစ်သည့်အတွက် အသုံးမလိုသည့်အချိန်တွင် service ပိတ်ထားနိုင်ခြင်း။

Scalability and flexibility
မိမိလိုအပ်သလို system resource များကို scale up, scale down ပြုလုပ်နိုင်သည့် အတွက် business demands ကို လွယ်ကူစွာ ပြောင်းလဲနိုင်ခြင်း။

Better collaboration
Cloud technology ဖြစ်သည့်အတွက် internet ရှိသည့် မည်သည့်နေရာ၊ မည်သည့် device မဆို ဝင်ရောက်အသုံးပြုနိုင်ခြင်း။

Advanced security
သက်ဆိုင်ရာ Cloud provider များဘက်မှ security experts များဖြင့် ၂၄ နာရီပတ်လုံး ထောက်ပံ့ပေးထားနိုင်ခြင်း။

Data loss prevention
ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကို ကြိုတင်ကာကွယ်နိုင်သော backup system များ၊ ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ရယူနိုင်သော recover system များ ပါရှိခြင်း။

Faster time to market
Cloud system တစ်ခုကို အချိန်ကုန်သက်သာစွာ အလွယ်တကူ တည်ဆောက်နိုင်ခြင်းကြောင့် market အတွင်း လျင်မြန်စွာ ဦးဆောင်နိုင်ခြင်း။

အခု ကျွန်တော်ပြောပြပေးသွားတာကတော့ cloud computing နဲ့ ပတ်သက်ပြီး အခြေခံအကြောင်းအရာများသာ ဖြစ်ပါတယ်။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် cloud computing နဲ့ ပတ်သက်ပြီး အနည်းငယ် နားလည်မယ်လို့လည်း အောက်မေ့မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

REFERENCE LINK:
https://en.wikipedia.org/wiki/Cloud_computing
https://aws.amazon.com/what-is-cloud-computing/?nc2=h_ql_le_int_cc
https://cloud.google.com/docs/overview
https://www.computerhope.com/jargon/s/server.htm
https://www.cloudflare.com/learning/dns/what-is-a-dns-server

Hello

Leave a Reply

Your email address will not be published. Required fields are marked *