Design

Basic Rules of Website Layout Design

မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar Web Production Company တွင် Web Designer အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မဇင်နုထွေး ဖြစ်ပါတယ်ရှင့်။
ဒီအပတ်မှာတော့ Website Layout Design ဖန်တီးရာမှာ အရေးပါတဲ့ အချက်လေးတွေကို အနည်းငယ် ဝေမျှပေးချင်ပါတယ်ရှင့်။
Web page တွေ ဖန်တီးရာမှာ layout design က web designer တွေအတွက် ပထမဆုံးသော အရေးပါတဲ့ skill တစ်ခုဖြစ်ပါတယ်။
Website design တွေက သူ့ခုနှစ်အလိုက် trend အလိုက် အမြဲပြောင်းလဲနေကြပေမယ့် designer တိုင်း လိုက်နာသင့်၊ သိသင့်တဲ့ အခြေခံအချက်လေးတွေ ရှိပါတယ်။
ကိုယ့်ရဲ့ skill level က ဘယ်လိုပဲရှိနေပါစေ၊ ဆန်းသစ်တီထွင်မှုတွေ ပြောင်းလဲနေပါစေ ဒီအခြေခံကျပြီး အသုံးဝင်တဲ့ အချက်လေးတွေကိုတော့ အလေးထားအသုံးပြုပြီး ဖန်တီးရန် လိုအပ်ပါတယ်။
ဥပမာ- responsive page design တစ်ခုကို ဖန်တီးမယ်ဆိုကြပါစို့။
စပြီးဖန်တီးတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ page ကိုဘယ်လောက် width ယူပြီး ဆွဲမည်ဆိုတာက အခြေခံအကျဆုံးနဲ့ အရေးပါဆုံးတစ်ခု ဖြစ်ပါတယ်။
Responsive page ဖြစ်တဲ့အတွက် desktop view, tablet view နဲ့ mobile view ၃ခုစလုံးကို ထည့်သွင်းစဉ်းစားပြီး ဆွဲရန်လိုအပ်ပါတယ်။
Layout တစ်ခုကို width ဘယ်လောက်ယူပြီး ဆွဲထားတယ်ဆိုတာက ပုံမှန်အတိုင်းကြည့်လိုက်လျှင် မသိသာပေမယ့် coding ရေးသူအနေနဲ့ အဓိကကျပြီး အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

Layout design ဖန်တီးရာမှာ သိသင့်တဲ့ အချက်လေးတွေ များစွာရှိပါတယ်။ အဲ့ဒီထဲကမှ ပထမဆုံးအနေနဲ့ အခြေခံကျပြီး အရေးပါတဲ့ အချက် ၅ချက်ကို အနည်းငယ် ဝေမျှပေးပါမယ်။

1. Page Layout Basics
Page Layout ဆိုတာ ညီမတို့ ရည်ညွှန်းဖော်ပြချင်တဲ့ အကြောင်းအရာများ (သို့မဟုတ်) website တစ်ခုကိုဝင်ရောက်ကြည့်ရှုတဲ့ user တွေအသုံးပြုရာမှာ အဆင်ပြေစေမယ့် path (လမ်းကြောင်း) (navigation, menu) အစရှိတဲ့ element တွေကို အစီစဉ်တကျ နေရာချပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ layout design ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်‌ပေးချင်တဲ့ information ကို ဆန်းသစ်တီထွင်မှုများနဲ့ user တွေရဲ့ အမြင်ကို မရှုပ်ထွေးစေပဲ ရှင်းရှင်းလင်းလင်း အဆင်ပြေပြေ အသုံးပြုနိုင်စေရန် ဖြစ်ပါတယ်။

2. Set Your Target Audience
ကိုယ်က design ဖန်တီးတဲ့သူ တစ်ယောက်ဆိုလျှင် ကိုယ်ဆွဲလိုက်တဲ့ design ကို အခြား user တွေအနေနဲ့ နားမလည်ဘူး၊ အသုံးပြုရတာ အဆင်မပြေဘူးဆိုတာ မဖြစ်သင့်ပါ။
User တွေက ညီမတို့ ဖန်တီးလိုက်တဲ့ layout design အပေါ်အဆုံးအဖြတ်ပေးနိုင်ပါတယ်။ အသုံးပြုသူရဲ့ အတွေ့အကြုံနဲ့ အဲ့ဒီ layout design ကအသုံးပြုရတာ အဆင်ပြေတယ်ဆိုရင် ဖန်တီးထားတဲ့ layout က ဖန်တီးလိုက်ထားတဲ့ layout ကအဆင်ပြေတယ်လို့ မှတ်ယူလို့ ရနိုင်ပါတယ်။
ဒါကြောင့် design ဖန်တီးရာမှာ user တွေဘက်ကနေ တွေးပြီး ဆွဲပေးဖို့လည်း လိုအပ်ပါတယ်။
ဘယ်လို user တွေကို target ထားပြီး ရည်ရွယ်ဖော်ပြချင်လဲဆိုတာကို သေချာစွာ analyze လုပ်ပြီး user တွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဖန်တီးသင့်ပါတယ်။

3. The Rule of Thirds
The Rule of Thirds ဆိုတဲ့ rule လေးကိုတော့ web designer တွေအနေနဲ့ သိရန်လိုအပ်တာ မဟုတ်ပါဘူး။ Interior designer, painters နှင့် photographers တွေကလည်း အလေးထားသိသင့်တဲ့ အချက်လေးဖြစ်ပါတယ်။ Design layout ကို balance ညီအောင် ညှိရာမှာ သိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။

4. Grids
Beginner တွေအတွက်ရော experience ရှိပြီးသား designer တွေအတွက်မှာပါ design မစခင် grid (rectangle သို့မဟုတ် shape) အနေနဲ့ ပထမဆုံး layout နေရာချပြီးမှ design ဖန်တီးသင့်ပါတယ်။
Grid ကို အသုံးပြုပြီး design ဖန်တီးခြင်းက page layout ကို လိုက်လျောညီထွေဖြစ်စေပြီး balance ညီညီနဲ့ အစီအစဉ်တကျဖြစ်နေစေပါတယ်။

5. White Space
Layout design ဆိုတာ layout တစ်ခုလုံးကို content (သို့မဟုတ်) image တွေနဲ့ပဲ ပြည့်နေရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါ။ White space တွေ text တွေနဲ့ design ဖန်တီးခြင်းကလည်း အရေးပါတဲ့ အချက်အဖြစ် ပါဝင်ပါတယ်။
White space တွေသုံးပြီး ဖန်တီးထားတဲ့ design ကို ကြည့်လိုက်တဲ့ အချိန်အတွင်းမှာ user အနေနဲ့ ရှင်းရှင်းလင်းလင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် layout design တစ်ခုဖန်တီးတော့မယ်ဆိုလျှင် အထက်တွင်‌ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး ဖန်တီးရန် လိုအပ်ပါတယ်။
အချိန်ပေးပြီးဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *