Coding System

Beginner’s Guide to Command Lines

အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်မှာတော့ Command line အသုံးပြုနည်း basic နဲ့ပတ်သက်ပြီး ရေးသားသွားပါမယ်။

ပထမဆုံးအနေဖြင့် Command line ဆိုတာကတော့ အသုံးပြုသူများသည် Operating System နှင့် အပြန်အလှန် လုပ်ဆောင်နိုင်ရန် အတွက် အကြံပြုသော စာသားအခြေပြု အင်တာဖေ့စ် တစ်ခု ဖြစ်ပါတယ်။

Windows OS မှာဆိုရင် Command Prompt လို့ ခေါ်ဆိုပြီး Linux/macOS မှာဆိုရင်တော့ Terminal လို့သုံးနူန်းကြပါတယ်။ Command Line ကိုအသုံးပြုပြီး File Management ပြုလုပ်နိုင်ပုံများကို အောက်တွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

  1. Create File

Command Line ကိုအသုံးပြုပြီး File တစ်ခု တည်ဆောက်ချင်ပါက Window Os မှာဆိုရင်

type nul> file.txt

ဆိုပြီး file.txt နေရာတွင် ကိုယ် create လုပ်ချင်သော file ကို အစားထိုးထည့်သွင်းပြီး create လုပ်နိုင်ပါတယ်။

Create File ( Window OS)
Linux/Mac OS မှာဆိုရင်တော့
touch file.txt
ဆိုပြီး file.txt နေရာတွင် ကိုယ် create လုပ်ချင်သော file ကို အစားထိုးထည့်သွင်းပြီး create လုပ်နိုင်ပါတယ်။
Create File (Linux/Mac OS)
 2.  View File Contents
Command Line ကိုအသုံးပြုပြီး File contents များကို ကြည့်ချင်ပါက Window Os မှာဆိုရင်
type file.txt
ဆိုပြီး မိမိကြည့်လိုသော file ကို ကြည့်နိုင်ပါတယ်။

 

View File Contents ( Window OS)
Linux/MacOs မှာဆိုရင်တော့
cat file.txt
ဆိုပြီး မိမိကြည့်လိုသော file ကို ကြည့်နိုင်ပါတယ်။
View File Contents (Linux/Mac Os)

3. Create Directory

Command Line ကိုအသုံးပြုပြီး Folder directory များကို create လုပ်ချင်ပါက Windows OS ရော Linux/MacOS မှာပါ

mkdir Company

ဆိုပြီးတည်ဆောက်နိုင်ပါတယ်။

Create Directory (Window OS)
Create Directory (Linux/Mac Os)

4. Copy File

Command Line ကိုအသုံးပြုပြီး File များကို copy လုပ်ချင်ပါက Window Os မှာဆိုရင်

copy file1.txt file2.txt

ဆိုပြီး file1.txt မှ file2.txt ကို copy လုပ်နိုင်ပါတယ်။

Copy File (Window OS)
Linux/MacOs မှာဆိုရင်တော့
cp file1.txt file2.txt
ဆိုပြီး file များကို copy လုပ်နိုင်ပါတယ်။
Copy File ( Linux/Mac OS)

5. Delete File

Command Line ကိုအသုံးပြုပြီး File များကို delete လုပ်ချင်ပါက Windows Os မှာဆိုရင်

del file.txt

ဆိုပြီး file များကို delete လုပ်နိုင်ပါတယ်။

Delete File (Window OS)
Linux/MacOs မှာဆိုရင်တော့
rm file.txt
ဆိုပြီး file များကို delete လုပ်နိုင်ပါတယ်။
Delete File (Linux/Mac OS)

6. Delete Folder

Command Line ကိုအသုံးပြုပြီး Folder များကို delete လုပ်ချင်ပါက Windows Os မှာဆိုရင်

rmdir folder

ဆိုပြီး folder များကို delete လုပ်နိုင်ပါတယ်။

Delete Folder (Window)
Linux/MacOs မှာဆိုရင်တော့
rm -r folder
ဆိုပြီး folder များကို delete လုပ်နိုင်ပါတယ်။
Delete Folder (Linux/Mac OS)

အခု Blog မှာကတော့ Command line ကို အသုံးပြုပြီး File/Folder Management ပြုလုပ်ပုံ အခြေခံနည်းလမ်းများကို မျှဝေသွားခြင်း ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးခဲ့သော စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ စာဖတ်သူများအားလုံးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *