ဟုတ်ကဲ့ မင်္ဂလာပါရှင့်။
ညီမနာမည်ကတော့ မြတ်နိုးဖြစ်ပါတယ်ရှင်။ အခု လက်ရှိကတော့ Spiceworks Myanmar မှာ Web Developer ရာထူးနှင့် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်ရှင့်။ ညီမတို့ ကုမ္ပဏီမှ blog များကို အပတ်စဉ်တင်ပေးလျက်ရှိပါတယ်ရှင်။ ဒီအပတ်မှာတော့ တစ်ဖန်ညီမအလှည့်သို့ ပြန်လည်ကျရောက်လို့လာခဲ့ပြီး Business Model Canvas အကြောင်း knowledge sharing ပေးချင်ပါတယ်ရှင့်။ အခု blog မှာတော့ Business Plan, Product Development Model, Case Study နဲ့ Business Model Canvas ဆိုတဲ့အဓိကခေါင်းစဉ် ၄ ခုဖြင့် ပြောပြပေးသွားပါမယ်ရှင်။
ပထမဆုံးအနေနဲ့ Business Plan အကြောင်းပြောပြပါမယ်ရှင်။ Business Plan ဆိုတာကတော့ ဒီ Business ကို ဘယ်လိုအောင်မြင်အောင်လုပ်မယ်၊ ဘယ်လိုတွေ အလုပ်လုပ်သွားမယ် စသည်တို့ကို ကြိုတင်စီစဉ် Plan ချခြင်း ဖြစ်ပါသည်ရှင်။ Business Plan တွေထဲမှာ ဒီ Business ကိုဘယ်လို Marketing Plan တွေနဲ့ Market ထဲရောက်အောင်ချပြမလဲဆိုတာရယ်၊ ဒီ Business မှာ Human Resource ဖြစ်တဲ့ လူအင်အားဘယ်လောက်အသုံးပြုသွားမလဲဆိုတဲ့ Human Resource Plan, နောက် Plan တစ်ခုကတော့ အခုလုပ်မဲ့ Business ကို ဘယ်လို နည်းပညာတွေသုံးသွားမယ်၊ ဘယ်လိုဒီဇိုင်းတွေ၊ Function တွေသုံးသွားမယ် ဆိုတဲ့ Operation Plan နှင့် သုံးစွဲသွားမည့် ငွေကြေးပမာဏ ဘဏ္ဍာငွေ ဆိုသည့် Financial Plan ဆိုပြီးတော့ အပိုင်းလေးမျိုးပါဝင်ပါတယ်။ အခုရှင်းပြသွားတာတွေကတော့ Business Plan ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါဝင်တဲ့ အကြောင်းအရာတွေဘဲဖြစ်ပါတယ်ရှင်။

ဒုတိယတစ်ခုအနေနဲ့ကတော့ Product Development Model အကြောင်းရှင်းပြပေးသွားပါမယ်။ Product Development Model ဆိုတာကတော့ ဟိုးအရင်ခေတ်ကအသုံးပြုခဲ့တဲ့ product တွေထုတ်တဲ့နေရာမှာ အသုံးဝင်တဲ့ model/ method တစ်ခုဖြစ်ပါတယ်။ ထို Model မှာဆိုရင်တော့ Step ၄ ခုဖြင့် ဖွဲ့စည်းထားပါတယ်။ ပုံထဲမှာပြထားတဲ့အတိုင်း Business Plan ကိုတွေးတောတဲ့အဆင့် Step-1, Product ကို develop စလုပ်တဲ့ Step-2, Product ကို testing လုပ်တဲ့ Step-3 နှင့် နောက်ဆုံး product ကို ချပြ launch လုပ်တဲ့အဆင့် Step-4 အစရှိသည်တို့ပါဝင်ပါတယ်။
အခုရှင်းပြသွားတဲ့ Product Development Model ကို အသုံးပြုသွားတဲ့ startup company တစ်ခုရှိပါတယ်။ အဲ့ company ရဲ့ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို share ပေးချင်ပါတယ်ရှင်။ ထို company ကတော့ Webvan ဆိုတဲ့ 1996 အစောပိုင်းကာလလောက်က စတင်တည်ထောင်ခဲ့တဲ့ company ကြီးဖြစ်ပါတယ်ရှင်။ Online ပေါ် မှ ဈေးဝယ်ယူပြီး မိနစ် 30 အတွင်းမှာဘဲ မှာထားသူ၏နေအိမ်သို့ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးတဲ့ service ကိုပေးနိုင်တဲ့ company ဖြစ်ပါတယ်။ Webvan ရဲ့ founder ကတော့ Louis Borders ဖြစ်ပြီး သူဟာ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရရှိထားတဲ့ ပညာတတ်တစ်ဦးဖြစ်ပါတယ်။ Louis မှာ အတွေ့အကြုံကောင်းကောင်းရှိပြီး product idea ကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ Louis ဟာ သူ့ရဲ့ အလုပ်အတွေ့အကြုံ၊ ဈေးကွက်ရှာဖွေနိုင်သော အရည်အချင်း၊ business plan နှင့် အရင်းအနှီးငွေများပေါ် မူတည်၍ Webvan ကို လူအင်အားများများ၊ ငွေကြေးအလုံအလောက်၊ product idea ကောင်းကောင်းဖြင့် ဆက်လက်တည်ထောင်ခဲ့ပါတယ်။ သို့သော် 2001 ခုနှစ်တွင် Webvan company ကြီးဒေ၀ါလီ ခံသွားခဲ့ရသည်။ ဘာကြောင့်ပါလဲ? အဲ့အဖြေကိုသိရအောင် အခုရှင်းပြမဲ့ case study ကို ဆက်ကြည့်ရအောင်..

Webvan ဆိုတာကတော့ www.webvan.com ဟူသော website ပေါ် မှ ဈေးရောင်းချသော online grocery store တနည်းအားဖြင့် online shopping ဖြစ်ပါတယ်။ Webvan တွင်ရောင်းချသောပစ္စည်းများက ဈေးမကြီးဘဲ ဈေးတန်သည်။ ဝယ်ယူလိုက်သော ပစ္စည်းကိုအိမ်တိုင်ရာရောက်ပို့ပေးနိုင်သည်။ ဈေးတန်တဲ့အတွက်ကြောင့် အောက်ခြေလူတန်းစားပါ ဝယ်သုံးနိုင်သည်ဟု ယူဆထားပုံရသည်။ သို့သော် တစ်ကယ့်လက်တွေ့တွင် လူများသည် ဈေးတန်သောပစ္စည်းများက ဈေးကြီးသောပစ္စည်းများလောက် မကောင်းနိုင်လောက်ပါဟူသော အတွေးကိုယ်စီရှိကြပါတယ်။ တချို့လူများက “ဒီလောက်ငွေနဲ့ ဒီလိုပစ္စည်းကို ရနိုင်တာဘဲ၊ အိမ်ကိုလည်းလာပို့ပေးဦးမယ်။ အဲ့အတွက်ကြောင့် ပိုက်ဆံဘယ်လောက်တောင်းတောင်း ပေးနိုင်တယ်” ဆိုသော လူများလည်းရှိသည်။ သို့သော် ရှားသည်။ Webvan သည် လူအများကြီးကို target ထားပြီးရောင်းလိုက်ခြင်းက Target Customer Segment က အရမ်းကြီးသွားပြီး အမှားကိုတွေ့စေပါတယ်။ အဲ့ခေတ်အချိန်အခါတုန်းက Webvan ကိုလူတွေသိနိုင်ဖို့အတွက် ကြော်ငြာရတဲ့ channel က အရမ်းရှားတယ်။ San Francisco မှာ survey ကောက်ကြည့်သောအခါ 6% လောက်သာလျှင် online ပေါ်ကဈေးဝယ်ရတာကိုကြိုက်သည်ကိုတွေ့ရသည်။ ကုမ္ပဏီတစ်ခုက ၎င်းသည်မည်သည့်အရာနှင့်ထောက်ပံ့သည်ကို ရှင်းရှင်းလင်းလင်းသိထားသင့်သည်။ Webvan သည်အနည်းဆုံး ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားသောဈေးနှုန်းများကိုမပေးလိုသော customer များကိုလျစ်လျူရှုသင့်သည်။
case study ပြီးပြီဆိုတော့ Webvan ဘာလို့အရှုံးနဲ့ရင်ဆိုင်ရလဲဆိုတဲ့ အကြောင်းအရာကို အဖြေထုတ်ကြရအောင် နော်။
Webvan ရဲ့ အဓိကပြဿနာကတော့ target ထားတဲ့ customer မှားခြင်း၊ ဈေးနှုန်းမှားသတ်မှတ်မိခြင်း၊ အစပိုင်းထဲက ပိုက်ဆံအများကြီးသုံးပြီး ရင်းနှီးလိုက်ခြင်းနှင့် လုပ်ငန်းကို အကြီးကြီးစမိလိုက်ခြင်း တို့ဖြစ်ပါတယ်။ အရှေ့မှာပြောခဲ့တဲ့ product development model ထဲက step များတွင် customer ဆိုတဲ့ step မပါဝင်သောကြောင့် မည်သည့် customer ကို target ထားရမှန်းမသိခြင်းဖြင့် Webvan အသုံးပြုသော method သည် မှားယွင်းခဲ့သည်ဟု Business Analyst များက ကောက်ချက်ချခဲ့ပါတယ်။ Webvan မှဆွဲခဲ့သော Business Plan များမှာလည်းအရမ်းကြီးမားပြီး ရှုပ်ထွေးနေသောကြောင့် အချိန်အရမ်းယူရကာ နားလည်ရမလွယ်ကူနိုင်သဖြင့် ချထားခဲ့သော Business Plan အတိုင်းတကယ်လက်တွေ့မှာ လိုက်လုပ်ရန်ခက်ခဲနေလျက်ရှိသည်။ ထို့အတွက်ကြောင့်နောက်ပိုင်းခုနှစ်များတွင် စီးပွားရေးပညာရှင်များက Business Model Canvas ဟုခေါ် သော စီးပွားရေးတစ်ခု စလုပ်ရာတွင် အရေးပါသော အနာဂတ်အတွက်ပါ ကောင်းမွန်သော မဟာဗျူဟာစီမံခန့်ခွဲမှုတစ်ခုပေါ်ပေါက်လာခဲ့သည်။

အကယ်၍သာ Webvan သည် Business Model Canvas ကို အသုံးပြုခဲ့ပါက မိမိစီးပွားရေး၏ target customer ကိုသေချာသိနိုင်ပါတယ်။ customer လူနည်းစုကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ဈေးနဲ့ အရင်စတင်ပြီးမှ တဖြည်းဖြည်းချင်း နယ်ပယ်ချဲ့ချဲ့လာခြင်းဖြင့် စီးပွားရေးအင်အားတောင့်တင်းစေလာနိုင်ပါတယ်။ သေးသေးလေးအနေနဲ့စတင်ပြီး တဖြည်းဖြည်းကြီးမားလာသော လုပ်ငန်းဖြစ်အောင်ရပ်တည်ခြင်းက အစထဲက အကြီးကြီးစပြီးနောက်ပိုင်းမလိုက်နိုင်တော့ခြင်းထက်စာလျှင် စီးပွားရေးပိုမိုအောင်မြင်နိုင်ပါတယ်ရှင်။ ထို့အတွက်ကြောင့် စီးပွားရေးတစ်ခုစလုပ်လျှင် ပိုက်ဆံရှိနေရုံ၊ လုပ်သားအင်အားများနေရုံ၊ ဈေးပေါနေရုံနှင့်တင် မအောင်မြင်နိုင်ပါ။ တကယ်ကို ပညာတတ်သော ကျွမ်းကျင်သော စီးပွားရေးပညာရှင်တစ်ယောက်ပင်လျှင် အရှုံးနှင့် ရင်ဆိုင်ရတတ်ပုံကို Webvan လုပ်ငန်းကြီးက သင်ခန်းစာကောင်းကောင်းပေးသွားပါတယ်ရှင်။
ညီမအချိန်ပေးပြီး ရေးသားမျှဝေပေးလိုက်သော အခု Blog လေးက Blog Reader များအတွက် အကျိုးတစ်စုံတစ်ရာရရှိလိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်လည်းဒီ့ထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများကိုထပ်ပြီးမျှဝေဦးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။