Work Style

Charity Box of SPWM

မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar Company တွင် Administrator  အဖြစ်လုပ်ကိုင်လျက်ရှိသော မအိဖြိုးမွန်ဖြစ်ပါတယ်ရှင့်။ ယခုလာမည့် (၆)လတွင် Marketing Group ၏အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Spiceworks Myanmar ရှိ Marketing Group မှ ဦးဆောင်ပြီး Next six months plan များထဲမှ တစ်ခုအပါအဝင်ဖြစ်သော သုံးလတစ်ကြိမ် ပြုလုပ်နေကျ Charity အား နောင်တွင် ပိုမိုလှူဒါန်းနိုင်ရန် နှင့် ဝန်ထမ်းတစ်ယောက်ချင်းစီတွင်ရှိသော Self-Management များ ပိုမိုကောင်းမွန်လာစေရန် အဓိကထားပြီး ” Hello, I am Mind Cleaner ! ” အမည်ရှိ Charity Box အားဖန်တီးခဲ့ကြပါတယ်။ ဒီ Box လေးဟာ ဆိုရင်ဖြင့်
(က) ရုံးနောက်ကျ နေတုန်းပဲလား?
(ခ) Finger Print နှိပ်ပြီးသွားပြီလား?
(ဂ) ရုံးချိန်အတွင်း ဖုန်းသံ မြည်နေသေးတာလား?
(ဃ) Toilet ကို အသုံးပြုပြီး သန့်ရှင်းစွာထားခဲ့ပြီးပြီလား?
(င) အလုပ်နဲ့ မသက်ဆိုင်ပဲ Earphone သုံးနေတုန်းပဲလား?
(စ) မိမိဖိနပ်တွေကို သေချာထည့်သိမ်းခဲ့ ပြီးပြီလား?
(ဆ) အိမ်ပြန်ချိန် Monitor ပိတ်ခဲ့ပြီးပြီလား?
(ဇ) မိမိ အသုံးပြုခဲ့သော ပစ္စည်းများ နေရာတကျ ပြန်ထားပြီးပြီလား ?
(ဈ) မိမိ အလှည့်ကျ သန့်ရှင်းရေး လုပ်ပြီးပြီလား ?
(ည) Playth ထည့်ပြီးပြီလား (မိမိလုပ်မည့်အလုပ်များကို စနစ်ကျစွာ ထည့်ရသော Website)
အစရှိသည့် ရုံးအတွင်းချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာစေရန်နှင့် မိမိပျက်ကွက်ခဲ့သော ထိုအရာများကို ကိုယ်တိုင်သတိထားမိလာပြီး သတိရလာသည်နှင့် တစ်ပြိုင်နက် မိမိ စေတနာထက်သန် သမျှ ကုသိုလ်ပါဝင်နိုင်ရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။

တနည်းအားဖြင့် မွန်မြတ်သော အလေ့အထတစ်ခု ဖြစ်စေရန် နှင့် self-management ပိုမိုကောင်းမွန်လာစေရန် ထောက်ပံ့ပေးမည့် Box လေးတစ်ခုဆိုလည်း မမှားပါဘူးရှင့်။

Mind cleaner လေးမှာ ထူးခြားချက်လေးတွေလည်း ရှိနေပါသေးတယ်ရှင့်။ ထိုအရာလေးတွေကတော့
※ အလှူငွေ ပမာဏကို သတ်မှတ်မထားခြင်း၊
※ ရုံး၏ စည်းကမ်းများကို ပျက်ကွက်ခဲ့ပါကလည်း ထည့်ခြင်း၊ မထည့်ခြင်းသည် မိမိအပေါ်တွင် မူတည်ခြင်း
※ ပျက်ကွက်ခဲ့ခြင်းမရှိပဲ သဒ္ဓါတရားထက်သန်လျှင်လည်းပါဝင်လှူဒါန်းနိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်ရှင့်။

ထိုထူးခြားချက်၊ ရည်ရွယ်ချက်များဖြင့် ဖန်တီးထားသော Mind cleaner ဗူးလေး၏ ဆောင်ပုဒ်ဖြစ်သော
Show your kindness to other people who need your help. ဆိုသည့်အတိုင်း မိမိ၏ သိမ်မွေ့နူးညံ့သော နှလုံးသားများကို ပြသခြင်းဖြင့်လည်း ယခင်ထက် ပိုမိုလှူဒါန်းနိုင်အောင် ကြိုးစားကြရင်း Self Management ကောင်းသော သူများဖြစ်အောင် ပို၍ ကြိုးစားသွားပါမယ်ရှင့်။

နောင်တစ်ပတ်များတွင်လည်း Spiceworks Myanmar မှ တစ်ဦးတစ်ယောက်ချင်းစီက ရေးသားထားသော Blog များ၊ နည်းပညာများ၊ ဗဟုသုတများ နှင့် အတွေ့အကြုံများကိုလည်း ဝေမျှသွားမှာ ဖြစ်တာကြောင့် ဖတ်ရှုပေးကြပါဦး ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *