System

CodeIgniter

မင်္ဂလာပါရှင့်။

ကျွန်မနာမည်ကတော့ မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Spiceworks Myanmar ကုမ္ပဏီတွင် Web Developer အနေနဲ့ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ အားလုံးကို ကျွန်မသိသလောက် sharing လုပ်ပေးချင်သော ခေါင်းစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ CodeIgniter (CI) လို့ခေါ်တဲ့ PHP Frameworks အကြောင်းပဲ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံးနဲ့ အရှင်းလင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရေးသားပေးပါမည်။

အရင်ဦးဆုံးအနေနဲ့ CI ကဘာလဲဆိုတာ မိတ်ဆက်ပေးချင်ပါတယ်။

CI ဆိုတာကတော့ open source frameworkတစ်ခု ဖြစ်ပါတယ်။ PHP နဲ့ရေးသားပြီး Dynamic Web Appတွေ တည်ဆောက်ဖို့ အတွက် Model-View-Controller (MVC)ကို အခြေခံပြီး ဖန်တီးထားသော web framework တစ်ခု ဖြစ်ပါတယ်။ CI၏ နောက်ဆုံးထွက်ဗားရှင်းကို PHP version 5.6 နဲ့အထက် အသုံးပြုဖို့ လမ်းညွှန်ပေးထားပါတယ်။ PHP version 5.3.7တွင်လည်း အလုပ်လုပ်ပါတယ်။ ဒါပေမယ့် security နှင့် အခြားသော လုပ်ဆောင်ချက်များကို မရနိုင်သောကြောင့် PHP version မြှင့်သည်များကို သုံးသည်မှာ ပိုမိုအဆင်ပြေစေပါသည်။

CI ကို EllisLab ကနေ ဖေဖော်ဝါရီလ ၂၈ရက် ၂၀၀၆တွင် first version အနေနဲ့ ပြဋ္ဌာန်းခဲ့ပါတယ်။ အခုဆိုရင် CI ကို latest version အနေဖြင့် CodeIgniter 3.1.9 ထွက်ရှိထားပါတယ်ရှင်။ CI ၏ source code များကို GitHubတွင် ထိန်းသိမ်းထားပါသည်။ လိုင်စင်အနေနဲ့ကတော့ MIT လိုင်စင်ဖြစ်ပါတယ်။

CI ကို Install လုပ်ဖို့ဆိုရင် အောက်ပါလင့်ခ်က တစ်ဆင့် ဝင်ရောက် Download ဆွဲနိုင်ပါတယ်။

https://codeigniter.com/download

ဆက်လက်ပြီး ကျွန်မ CodeIgniter (CI)၏ Directory Structure ကိုပြောပြပေးချင်ပါတယ်။


အထက်က ပုံကတော့ Directory Structure ပုံဖြစ်ပါတယ်။ အဓိကအားဖြင့် CI ကို
(1) Application
(2) System
(3) User Guide
ဟူ၍ အပိုင်း၃ပိုင်းအနေဖြင့် ပိုင်းခြားထားပါတယ်။

(1) Application

မိမိ၏Appအတွက် လိုအပ်သော source code များကို Application folderထဲတွင်သိမ်းဆည်းထားပါတယ်။
Cache ဖိုင်များ၊ မိမိအသုံးပြုသော Database အမည်၊ Usernameနှင့် Password စသော အကြောင်းအရာများကို သတ်မှတ်ပေးခြင်းနှင့် URIမှ လမ်းကြောင်းများကို စီမံပေးသော config ဖိုင်များ၊ Model နှင့် Viewကြားကို တွဲဖက်လုပ်ဆောင်ပေးလျက်ရှိသော Controllerဖိုင်များ၊ Coreဖိုင်များ၊ Helper ဖိုင်များ၊ Hook ဖိုင်များ၊ Languageဖိုင်များ ပါဝင်ပါသည်။ ထို့အပြင် မိမိ၏ Appအတွက် ကိုယ်ပိုင်Libraryများကို ဖန်တီးနိုင်ခြင်း၊ အဆင်သင့်ရှိပြီးသား libraryများကို ပြုပြင်နိုင်ခြင်း စသည့်တို့ကို လုပ်နိုင်ပါတယ်။
Log ဖိုင်များ၊ CRUD ပုံစံဖြင့် အလုပ်ပေးသော Model ဖိုင်များ၊ Thirty-partyဖိုင်များ၊ အသုံးပြုသူကို သိသာစေရန် ရေးသားလျက်ရှိသော View ဖိုင်များ ပါဝင်ပါသည်။

(2) System
Core class များ၊ Database driverများ၊ ဖောင့် များနှင့် ပတ်သက်သောဖိုင်များ ပါဝင်ပါသည်။ ထို့အပြင် date, cookie စသော CI helperများ၊ ဘာသာစကားနှင့် ပတ်သက်သော ဖိုင်မျျား၊ အဆင်သင့်ရှိပြီးသား Library ဖိုင်များ ပါဝင်ပါသည်။ မိမိကိုယ်ပိုင် ဖန်တီးထားသော Library ဖိုင်များကိုတော့ Application folderထဲတွင်သာ သိမ်းဆည်းရပါမည်။

(3) User Guide
အသုံးပြုသူများအတွက် အင်တာနက်မရှိရင်တောင်မှ လေ့လာနိုင်အောင် offline ဖြင့် ရှင်းလင်းချက်များ ပါဝင်ပါသည်။ ထိုဖိုင်တွင် အမျိုးမျိုးသော Functionများ၊ Libraryဖိုင်များ ကို လွယ်ကူစွာ လေ့လာနိုင်ပါသည်။ User_Guide folder၏ အောက်တွင်ရှိသော index.html ဖိုင်များကို Run ရုံဖြင့် အသုံးပြုသူများအတွက် အခက်အခဲမဖြစ်အောင် ကူညီပေးမည့် Documentation ကိုတွေ့မြင်ရမည် ဖြစ်ပါတယ်။

အခုလိုအချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
သာယာချမ်းမြေ့သော နေ့လေးဖြစ်ပါစေရှင်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *