System

Data Flow Diagram

မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ဘလော့ဂ်လေးပြန်လည်တင်ဆက်ဖို့ အချိန်အခါရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ Data Flow Diagram အကြောင်းလေးကို ရှင်းပြပေးချင်ပါတယ်။
Data Flow Diagram ဆိုတာကတော့ မည်သည့်စနစ် (သို့မဟုတ်) လုပ်ငန်းစဉ်အတွက်မဆို အချက်အလက်များစီးဆင်းမှုကို ကိုယ်စားပြုသော Diagram ဖြစ်ပါတယ်။

Data Flow Diagram မှာ အမျိုးအစား (၂) မျိုး ရှိပါတယ်။
(၁) Logical DFD
Business တစ်ခု၏ လုပ်ဆောင်ချက်တစ်ချို့ကို လုပ်ဆောင်နိုင်ရန် System တစ်ခုကနေ အချက်အလက်စီးဆင်းမှုကို ဖော်ပြပါတယ်။

(၂) Physical DFD
Logical DFD ပြီးတဲ့နောက်မှာ အချက်အလက်စီးဆင်းမှု၏ Implementation ကိုဖော်ပြပါတယ်။

Data Flow Diagram ကိုကိုယ်စားပြုသော အခြေခံကျတဲ့သင်္ကေတ (Symbol) လေးမျိုးရှိပါတယ်။
(၁) Process
အချက်အလက်တွေကို လက်ခံမယ်။ အမျိုးမျိုးသောပုံစံတွေနဲ့ Output တွေကို ပြန်ထုတ်ပေးမယ်။ အဲ့ဒါဆို Process ကိုသုံးပါတယ်။ သူ့ပုံစံလေးကတော့ Rounded Rectangle လေးနဲ့ ဖြစ်ပါတယ်။
Process တိုင်းမှာ သူတို့လုပ်ဆောင်ချက်တွေကို ခွဲခြားဖော်ပြသည့် Process နာမည်နှင့် လွယ်ကူစွာရည်ညွှန်းနိုင်သော ID တွေရှိကြပါတယ်။ Process နာမည်တွင်ကြိယာ (Verb) ပါဝင်ပြီး Singular Noun ဖြင့်ရေးလေ့ရှိကြပါတယ်။

Process Symbol

(၂) Data Flow
Data Flow ဆိုတာကတော့ System တစ်ခုရဲ့အစိတ်အပိုင်းတစ်ခုကနေ တစ်ခြားသောအစိတ်အပိုင်းတစ်ခုဆီသို့ အချက်အလက်တွေပြောင်းရန်အတွက် လမ်းကြောင်းလေးဖြစ်ပါတယ်။ Data Flow ကိုတော့ Straight Line (မျဉ်းဖြောင့်) မြှားလေးဖြင့်ကိုယ်စားပြုပါတယ်။

Data Flow Symbol

(၃) Data Store
Data Store (သို့မဟုတ်) Data Repository ကတော့ System တစ်ခုမှာ အချက်အလက်တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်မကသော အချက်အလက်တွေကို Create, Read, Update နှင့် Delete လုပ်တော့မယ်ဆိုရင် အသုံးပြုပါတယ်။ Data Store တစ်ခုဆီတွင် အနည်းဆုံး Input Data Flow တစ်ခုနှင့် Output Data Flow ရှိရပါမယ်။

Data Store Symbol

(၄) External Entity
External Entity သည် System ဆီကို အချက်အလက်တွေထောက်ပံ့မယ်၊ System ကနေ Output တွေ လက်ခံရရှိတဲ့လူတစ်ယောက်၊ ဌာနတစ်ခု၊ အဖွဲ့အစည်း (သို့မဟုတ်) တစ်ခြားသော System တွေဖြစ်တယ်။ Rectangle ပုံစံလေးနဲ့ကိုယ်စားပြုပါတယ်။ External Entity တစ်ခုဟာဆိုရင် Data Flow မှတစ်ဆင့် Process ကိုချိတ်ဆက်ရပါတယ်။

External Entity Symbol

အောက်က လင့်ခ်တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.visual-paradigm.com/guide/data-flow-diagram/what-is-data-flow-diagram/

အခုလိုမျိုး အချိန်ပေးဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း ယခု COVID-19 ဖြစ်ပွားမှုနှုန်းတိုးပွားလာသောကာလမှာ မိမိကျန်းမာရေးအတွက် လက်မှန်မှန်ဆေးပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကာ အတတ်နိုင်ဆုံး အိမ်တွင်နေ၍ကာကွယ်ရင်း ဗဟုသုတများလည်း ယခင်ကထက် ပိုမိုတိုးပွားပါစေလို့ ကျွန်မဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်။
သာယာသောနေ့လေးဖြစ်ပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *