Life Style

Depression

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ Spiceworks Myanmar မှာ Frontend Developer အဖြစ်နဲ့ဝင်ရောက်လုပ်ကိုင်နေတဲ့ မောင်ညီညီဇော် ပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းရာက လူတွေလက်ရှိ တော်တော်များများ ကြုံတွေ့နေမြဲဖြစ်နေတဲ့ Depression ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျတာနဲ့ စိတ်ညစ်တာ မတူဘူးဗျာ။ စိတ်ညစ်တာက ခဏတာ အချိန်အခိုက်အတန့်တစ်ခုဖြစ်ပြီး စိတ်ဓာတ်ကျတာက စိတ်ညစ်စရာ သေးသေးလေးတွေ အခိုက်အတန့်ကြာတဲ့ ပြဿနာ တစ်ရပ်ဗျာ။ ဒါကြောင့် ကျွန်တော်ပြောချင်တာက စိတ်ညစ်လို့ရပေမဲ့ စိတ်ဓာတ်မကျပါနဲ့လို့ စာဖတ်သူကို ဦးစွာ ပြောချင်ပါတယ်။ ကဲအဲ့ဒါဆို စလိုက်ကြရအောင်ဗျာ။

စိတ်ဓာတ်ကျ တယ်ဆိုတာ ဘာလဲ?…..
စိတ်ဓာတ်ကျတယ်ဆိုတာက စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အခြေအနေတစ်ခု၊ ပြဿနာတစ်ခုပါ။ စိတ်ထဲမှာ အကောင်းမြင်တဲ့ အတွေးထက် အဆိုးမြင်တဲ့အတွေးတွေက ပိုများနေတတ်ပြီး ယုံကြည်မှုကင်းမဲ့၊ ဦးတည်ချက်မဲ့နေတဲ့ အနေအထားပါ။ ဝမ်းနည်းနေသလို ငိုချင်သလို ခံစားနေရပြီး အရမ်းစိတ်ဝင်စားတဲ့အရာတွေကိုတောင် မလုပ်ချင်တာမျိုးပေါ့။

ဘယ်သူတွေ စိတ်ဓာတ်ကျနိုင်လဲ?…..
ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး အရွယ်သုံးပါးစလုံး စိတ်ဓာတ်ကျပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျမှုက အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး ပြသာနာ ကြီးငယ်ဖြစ်တည်မှုပေါ်မှာလိုက်ပြီး ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။

စိတ်ဓာတ်ကျစေတဲ့ အကြောင်းရင်းက ဘာလဲ?……
1.Abuse (စော်ကားခံရမှု)
ကျွန်တော်တို့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် လူတော်တော်များများက အရှက်အကြောက်ကြီးကြတယ်။ ကံမကောင်းစွာနဲ့ abuse လုပ်ခံရတဲ့အခါ စိတ်ဓာတ်ကျစေပါတယ်။ အသက်နဲ့ လူလုပ်တာထက် အရှက်နဲ့ လူလုပ်ကြတာ ဖြစ်ကြတယ်လေဗျာ။

2.Conflict (ပြသာနာ)
ကျွန်တော်တို့တွေ တော်တော်များများက “ရေး ” ကြောင့် စိတ်ဓာတ်ကျစေပါတယ်။ အဲ့ဒါတွေက အိမ်ထောင်ရေး၊ စီးပွားရေး၊ လှုမှုရေး၊ နိုင်ငံရေး၊ ပညာရေးတွေ ရဲ့ ပြဿနာတွေကြောင့် တော်တော်များများ စိတ်ဓာတ်ကျစေပါတယ်။

3.Drastic events in life (ဘဝအတွက်အကြီးအကျယ်ဖြစ်ရပ်များ)
ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကြုံကြိုက်တဲ့အခါမျိုးမှာလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အလုပ်ပြုတ်တာ၊ ငွေကြေးပြဿနာရှိနေတာ၊ ချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။

4.Accidents or health case(မတော်တဆ ဖြစ်မှုနှင့်ကျန်းမာရေး)
မတော်တဆ accidents ဖြစ်လို့ ခန္ဓာကိုယ်တစ်ခုခု ချွတ်ယွင်းသွားတဲ့ချိန်၊ နာတာရှည် ရောဂါခံစားရတဲ့ချိန် စိတ်ဓာတ်ကျစေပါတယ်။ ကျွန်တော်တို့ ဖျားနာနေရင်တောင် စိတ်ဓာတ်ကျတတ်သေးတာလေ။ ခုလိုချိန်မှာ Covid ရောဂါကို ခံစားနေရသူတစ်ယောက်အဖို့အတွက် စိတ်ဓာတ်ကျမှုကို ခံစားရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေစရာမလိုတော့ပါဘူး။ ကျွန်တော်နားလည်ပါတယ်။

5.Family case (မိသားစုပြဿနာ)
မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးတာတွေ၊ ချစ်ခင်ရသူတစ်ဦးဦးရဲ့ လျစ်လျှူရှု့မှုခံရတာ၊ မိသားစုတွင်းမှာ ပြဿနာရှိနေတာတွေ၊ ခုခေတ် မိသားစုဝင်တွေရဲ့ ဥပေက္ခာ ခံရတာတွေက စိတ်ဓာတ်ကျစရာတွေပါ။

6.Unfair working conditions Experiencing environmental conditionals
လူမှုဆက်ဆံရေးမှာ ပြဿနာတွေရှိနေတာ၊ အလုပ်ခွင်မှာ မတရားဖိနှိပ်ခံရတာ၊ မျှတမှုမရှိတဲ့ လုပ်ငန်းခွင်အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကြုံတွေ့ရတာ၊ ခုဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်ကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျရပါတယ်။

စိတ်ဓာတ်ကျတာ ဘယ်လိုသိနိုင်လဲ?…..
1.I feel that life is not fun anymore (ဘဝဟာပျော်စရာမကောင်းတော့ဘူးလို့ခံစားရတယ်)
တစ်ခါတလေ ကျွန်တော်တို့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေသူတစ်ယောက်အဖို့ ဘာကမှ သူ့ကိုမပျော်ရွှင်စေနိုင်တော့ပါဘူး။ အရမ်းသဘောကျရတဲ့ အရာတွေကတောင်မှ စိတ်ချမ်းသာမှုမပေးနိုင်ဘူးလို့ခံစားလာရပြီဆိုရင်တော့ ကျွန်တော် တို့ စိတ်ဓာတ်ကျနေပါပြီ။

2.Hopeless and weak self-confidence(ယုံကြည်မှုအားနည်သွားပြီး မျှော်လင်ချက်မဲ့နေတဲ့အခြေနေ)
ဘာလုပ်လုပ်အောင်မြင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမှန်းလဲမသိတော့ဘူးဆိုပြီး ဖြစ်လာပြီဆိုရင်တော့ သေချာတာက စိတ်ဓာတ်ကျနေပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းသွားပြီ။ စိတ်ဓာတ်ကျလာတဲ့အခါ အရင်ဆုံးဖြစ်တတ်တာတစ်ချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးသွားတာပါ။

3.More sleepless night(လိုတာထက်ပိုအိပ်ချင်နေမယ်)
တစ်ချိန်လုံးအိပ်ချင်နေမယ်။ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဘူး။ အိပ်နေချိန်လေးပဲ ဘဝမှာ စိတ်ချမ်းသာတယ်လို့ တွေးနေမိပြီဆိုရင် သေချာတာက စိတ်ဓာတ်ကျနေတာပါ။

4.Can’t get enough sleep (လုံလုံလောက်လောက်မအိပ်တာ)
အိပ်မပျော်တဲ့ညတွေ ဆက်လာပြီ။ တစ်ညတစ်ညအိပ်ပျော်ဖို့ခက်လာပြီ။ ညနက်တဲ့အထိ အကြောင်းအရင်းရေရေရာရာမရှိဘဲ အိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။

5.Have no appetite(အစာစားချင်စိတ်မရှိတာ)
အစာစားချင်စိတ်မရှိပါ။ ဘာစားစား အရသာမရှိဘူး။ အရမ်းကြိုက်တဲ့ စားစရာတွေကိုတောင် မစားချင်တော့ဘူး။ ဘာမှကို မစားချင်တော့ဘူးဆိုရင် သေချာတယ် သင် စိတ်ဓာတ်ကျနေပြီ။

6.Want to be alone(တစ်ယောက်တည်းနေချင်တာ)
အမြဲလိုလို အင်အားမရှိဘူးဖြစ်နေမယ်။ အိပ်ရာထဲကကို မထချင်ဘူးဖြစ်နေမယ်။ အချိန်တိုင်း ဘာမဟုတ်တာလေးနဲ့တစ်ယောက်တည်းနေချင်နေမယ်။ပင်ပန်းနေပြီဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။

စိတ်ဓာတ်ကျခြင်းမှ ကင်း‌ဝေးနိုင်‌သောဘဝ နေထိုင်မှုပုံစံ…….
1.Talk someone close to you (သင့်အနားမှာတစ်ယောက်ယောက်နဲ့စကားပြောပါ)
ကျွန်တော်တို့နဲ့ close ဖြစ်တဲ့ မိသားစု ၊သူငယ်ချင်း ၊ချစ်သူ ၊မိတ်ဆွေ တို့နဲ့ တိုင်ပင်ဆွေးနွေး ကြည့်ပါ။ စိတ်ဓာတ် ကျနေတဲ့ ခံစားချက် တစ်ချို့လျော့နည်းသွားပါလိမ့်မယ်။

2.Take a trip with close friend (ရင်းနှီးသောမိတ်ဆွေနှင့်အတူခရီးထွက်ပါ)
ကျွန်တော်ကတော့ စိတ်ဓာတ်ကျနေတဲ့ချိန် တစ်ယောက်တည်း ခရီးထွက်တာထက် close ဖြစ်တဲ့ သူငယ်ချင်း၊ မိသားစု၊ ချစ်သူ နဲ့ ထွက်ပါလို့ ညွှန်းချင်ပါတယ်။ အမှတ်တရ ကောင်းလည်း ဖန်တီးသလို စိတ်ဓာတ် ကျနေတဲ့ ကိုယ်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသား ဖြစ်သွားတယ်ဗျာ။ လုပ်ကြည့်စေချင်ပါတယ်။

3.Listen to music and watch good movie (သီချင်းနားထောင်ပြီးရုပ်ရှင်ကောင်းကောင်းကြည့်ပါ)
နောက်တစ်ခုက သီချင်းနားထောင်ပြီး ရုပ်ရှင်ကြည့်တာပေါ့နော်။ ကျနော် စိတ်ညစ်တဲ့ အချိန်ဆို motivation ဖြစ်တဲ့ သီချင်းလေးတွေ ရွေးနားထောင်ဖြစ်တယ်ဗျာ။ တစ်ခုတော့ရှိတယ်ဗျာ၊ ဝမ်းနည်းပြီး အားငယ်နေတဲ့အချိန် ဆို လွမ်းဆွေးစရာ သီချင်း နားမထောင်စေဖို့ပေါ့နော်။ movie ကြည့်တဲ့အခါလည်း ကိုယ်ဖြစ်နေတဲ့ လက်ရှိခံစားချက်ကို လိုက်ပြီး ပိုမခံစားရစေတဲ့ movie လေး ရွေးကြည့်မိဖို့ လိုတာ‌ပေါ့နော်ဗျာ။

4.Eat well and read book and write your problem on your notebook. Get enough sleep
နောက်တစ်ခုကတော့ အစာစားဖို့ပေါ့နော်။ ကျွန်တော်တို့ စိတ်ဓာတ်ကျပြီဆိုရင် အစာတွေကို စားဖို့မေ့ထားကြတယ်ဗျာ၊ သတိထားပြီးတော့ အစာအဟာရ စုံအောင်စားပါ။ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ပြီးရင် မိမိကြိုက်တဲ့ စာအုပ်လေးတွေ ရွေးဖတ်ပြီး အချိန်ဖြုန်းကြည့်ပါ။ ဦးနှောက် အာဟာရဖြည့်ပြီးသား ဖြစ်သလို စိတ်ဓာတ်ကျတဲ့ အချိန်တွေလည်း လျော့နည်းစေပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ပြဿနာကို notebook စာအုပ်ထဲ နေ့စွဲ နှင့်တကွ ချရေးကြည့်ပါ။ တစ်ချိန် စာအုပ်ကို ပြန်လှန်ကြည့်တဲ့အခါ အသိတစ်ခု၊ ခွန်အားတစ်ခု ရစေပါတယ်။ ပြီးရင် တစ်နေ့ 8 နာရီ ပြည့်အောင် အိပ်ပါ။ ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။

5.Religion (ဘာသာတရား)
ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ စိတ်ညစ်တဲ့ အချိန်တိုင်း ဘာသာရေး လုပ်ဖို့၊ တရား ထိုင်ဖို့ ကိုပိုပြီး အချိန်ပေး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် မှ မဟုတ်ပါဘူး၊ မိမိယုံကြည်ရာ ကိုးကွယ်ရာဘာသာ ကို ပိုလုပ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့သော နိုင်ငံတွေမှာဆိုရင် မိမိကိုယ်ကို သတ်သေတဲ့ သူတွေထဲမှာ စစ်တမ်းကောက်ချချက်အရ ဘာသာမဲ့ တော်တော်များပါတယ်။ သူတို့ စိတ်ညစ်တဲ့အခါတိုင်း ဆုံးမမဲ့ ဘာသာတရား ရဲ့ အသိတွေမရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ကျွန်တော် စိတ်ဓာတ် ကျတာနဲ့ ပတ်သတ်ပြီး
နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ပုံပြင်လေး တစ်ပုဒ် နဲ့ ဥပမာပေးပြီး ပြောပြချင်ပါတယ်။
တစ်ခါတုန်းက အလုပ်တွေ အမြဲတမ်းကြိုးစားနေတဲ့ အဖေတစ်‌ယောက်နဲ့ စိတ်တွေ အရမ်းရှုပ်ပြီး ပြဿနာတွေ၊ တစ်ချို့သော ကိစွတွေ ဖြစ်လာတိုင်း စိတ်ဓာတ်ကျတတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ အဲ့ဒါနဲ့

တစ်ရက်မှာ အဖေ ဖြစ်တဲ့သူက ရုံးဆင်းတဲ့ နေ့မှာ သားဖြစ်သူက ကျောင်းမတက်ဘဲ စိတ်ဓာတ်ကျတဲ့ ပုံစံ နဲ့
လျှောက်သွားနေတာကို သူက မြင်လိုက်တယ်။


အဲ့နောက် “သူ့သား ဘာကြောင့် စိတ်ညစ်နေလဲ” ဆိုတာကို သူ့အဖေက စဉ်းစားပါလေရော။
မကြာဘူး၊ သူ့အဖေ က အကြံဉာဏ် ရသွားတယ်။

နောက်တစ်ရက်ကျတော့ သူ့အဖေက သားဖြစ်သူ ကို မီးဖိုချောင်ထဲ ခေါ်သွားလိုက်တယ်ဗျာ။

အဲ့နောက် သူ့သား ကို မီးဖိုချောင်ခန်းထဲမှာ ရှိတဲ့ အာလူးရယ်၊ ကြက်ဥရယ်၊ ကော်ဖီစေ့ရယ် တို့ကို ယူခိုင်းစေတယ်ဗျ။

ပြီးတော့ သူ့ကို အဲ့ပစ္စည်းသုံးမျိုးကို ကိုင်ကြည့်ခိုင်းပါတယ်။။ အဲ့သုံးမျိုးက မာလား ပျော့လားဆိုတာ ကို ပြန်ပြောခိုင်းပါတယ်။သားဖြစ်သူက မာတယ်လို့ ပြန်ပြောလိုက်ပါတယ်။ အဲ့နောက်မှ သားဖြစ်သူကို ရေဆူ နေတဲ့ ဒယ်အိုး ၃ အိုး ထဲ ကိုတစ်ခု ချင်း ထည့်ခိုင်းပါတယ်။ မိနစ် အနည်းငယ် ကြာပြီးတဲ့ အခါ ဒယ်အိုး ထဲ က အာလူးရယ်၊ ကြက်ဥရယ်၊ ကော်ဖီရယ် သုံးမျိုးလုံးကို ထုတ်ခိုင်းလိုက်ပါတယ်။


ထုတ်ပြီးမှ သူ့ကို အဲ့ပစ္စည်းသုံးမျိုးကို ထပ်ကိုင်ခိုင်းပြီး “ဒီထဲက ဘာသင်ခန်းစာရလဲ” လို့ ထပ်မေးပါတယ်။ သား ဖြစ်သူက ” အာလူးသီးက ခုနက မာနေရာ ကနေ ရေ‌နွေးအိုးထဲ ရောက်သွားတဲ့အခါ ပျော့သွားတယ်။ ကြက်ဥကတော့ ပျော့နေရာ ကနေ ပိုမာလာတယ်။ ကော်ဖီကတော့ မာနေရာ ကနေ မွှေးပြီး သင်းပျံ့တဲ့အနံ့နဲ့ လူတိုင်းကို သောက်စေချင်တဲ့ ပုံစံ ပြောင်းသွားတယ် ” လို့ ပြောလိုက်ပါတယ်။ အဲ့နောက် အဖေ ဖြစ်သူက ” အဲ့လိုဘဲ လူတွေမှာ တူညီတဲ့ အနေထား၊ အခြေနေဘဝ တွေ ရှိတယ်။ ဒါပေမဲ့ ခံယူချက် ချင်း‌ပေါ် မူတည်ပြီး ဘဝ တွေဟာ ကွဲပြားသွားကြတယ်၊ ပြောင်းလဲ သွားကြတယ် ” လို့ ပြောလိုက်တယ်။ တစ်ချို့တွေ ဆိုရင် အာလူးသီးနဲ့ တူကြတယ်။ရေနွေး ဆိုတဲ့ ပြဿနာနဲ့ ကြုံတဲ့အခါ ဘဝကို အရှုံးပေး လိုက်ကြတယ်။ငါကတော့ ဒီလောက်ဘဲ လုပ်နိုင်တယ်၊ ဒီလောက်ဘဲ တတ်နိုင်တယ် ဆိုပြီး အရှုံးပေး လိုက်ကြတယ်။ တစ်ချို့ ကတော့ ကြက်ဥ နဲ့ တူတဲ့ လူတွေ။ ပြဿနာ ဆိုတဲ့ ရေနွေးနဲ့ ကြုံတိုင်း ပိုမာလာတယ်၊ သန်မာလာတယ်။ သူတို့လို လူတွေကတော့ အောင်မြင်မှုတွေ ရသွားကြတယ်။တစ်ချို့ လူတွေက ကော်ဖီ နဲ့ တူတဲ့ လူတွေ၊ သူတို့က ပြဿနာ ဆိုတဲ့ အပူ နဲ့ ကြုံတွေ့တဲ့အခါ အသွင်ပြောင်းပြီး မွှေးကြိုင်တဲ့ လူတွေ၊ စိတ်ဝင်စားပြီး အထင်ကြီးလေးစားခြင်းကို ခံရတဲ့ လူတွေအဖြစ် ပြောင်းလဲ သွားကြတယ် လို့ ပြောလိုက်တော့ သားဖြစ်သူက သဘောပေါက်သွားပါတယ်။

အဲ့အတွက် ကျွန်တော်တို့ ဘာပြဿနာပဲကြုံကြုံ၊ ဘယ်လိုစိတ်ဓာတ်ကျစရာပဲရှိရှိ၊ မိမိကိုယ်ကို ဆန်းစစ်ပြီး မိမိစိတ်ကို ထိန်းချုပ်ပါ။ အဲ့ဒီပြဿနာရယ်၊ စိတ်ဓာတ်ကျစရာကို ဘယ်လိုအကောင်းဆုံး ကျော်ဖြတ်မလဲဆိုတာ အကောင်းဆုံး ကြိုးစားပါ လို့ ပြောရင်း ကျွန်တော် နိဂုံးချုပ်ပါရစေ။
ကျေးဇူးတင်ပါတယ်။

   ညီညီဇော်
၁၆.၀၇.၂၀၂၁

Story Reference: https://www.youtube.com/watch?v=UFHlxLWdeTQ

Hello

Leave a Reply

Your email address will not be published. Required fields are marked *