System

Domain and Hosting

မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ System ပိုင်းတွင် ဝင်ရောက်လုပ်ကိုင်နေသော ဌေးမင်းခေါင် ဖြစ်ပါသည်။
ယနေ့ ကျွန်တော် တင်ပြပေးမယ့် အကြောင်းအရာလေးကတော့ domain နဲ့ hosting အကြောင်း ဖြစ်ပါတယ်။
Domain အပိုင်းကိုတော့ godaddy ဆိုဒ်မှ စတင် ပြောပြပေးသွားမှာ ဖြစ်ပါသည်။ ဤ ဘလော့ဂ်တွင် godaddy ကို ဥပမာ ထား၍ တင်ပြသွားမည် ဖြစ်သော်လည်း အခြား domain seller များနဲ့တော့ ပုံစံ သိပ်များများစားစား မကွဲပါဘူး။

မိမိရှာလိုတဲ့ domain ကို search box မှာ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ရှာမည့် လိပ်စာသည် မှတ်သားရလွယ်မယ်၊ စာလုံး အရေအတွက် နည်းမယ်၊ unique ဖြစ်ရမှာ ဖြစ်ပါတယ်။

ရှာမယ့် domain ထဲမှ ရနိုင်မယ့် domain extension တွေကို list နဲ့ သူက ပြပေးမှာ ဖြစ်ပါတယ်။ ဝယ်မယ့် domain ကို extension ပါ ထည့်ရှာမယ်ဆိုရင်တော့ ရနိုင် မရနိုင်ပါ ပြပေးပါတယ်။ domain တွေ ဝယ်မယ်ဆိုရင်တော့ ၁နှစ်နဲ့ပဲ ဈေးပြပေးမှာ ဖြစ်ပြီး ဝယ်မယ်ဆိုရင်လည်း နှစ်အလိုက် ( ဥပမာ – ၁နှစ်၊ ၂ နှစ်၊ ၃ နှစ် စသဖြင့် ) သာ ဝယ်လို့ရမှာ ဖြစ်ပါတယ်။ domain ကို ဝယ်တဲ့အခါ ကိုယ်သုံးမယ့် နေရာက business တို့၊ school တို့ ဆိုရင်တော့ pack ( ဥပမာ .com, .org, .net ) နဲ့ ဝယ်ရင်တော့ ပို အဆင်ပြေမှာ ဖြစ်ပါတယ်။ မဟုတ်ရင် နာမည်တူ extension ကွဲနဲ့ ပုံစံတူ တွေ ဖြစ်လာနိုင်ပါတယ်။ .com ကတော့ များသောအားဖြင့် မိမိ ဝယ်မယ့် domain name မှာ common name ပါရင် မရတာများပါတယ်။ ဥပမာ system.com, design.com တို့ဆိုရင် အခြား extension နဲ့ သာ ရလေ့ရှိပါတယ်။ Domain ဝယ်တဲ့အခါ Domain Privacy ကိုပါ ဝယ်ဖို့ recommendation ပေးလေ့ရှိပါတယ်။ သူကတော့ business အတွက်ဆိုရင်တော့ လိုအပ်မှာ ဖြစ်ပါတယ်။ domain privacy ဆိုတာ မိမိ domain owner information ကို WHOIS မှတစ်ဆင့် ကြည့်ခြင်းကို ကာပေးမှာ ဖြစ်ပါတယ်။

ထိုနောက် Total Cost ကို ညာလက်အောက်တွင် ပြပေးမှာ ဖြစ်ပါတယ်။

၎င်း အဆင့်ပြီးရင်တော့ Card Purchase အပိုင်းကို ရောက်သွားမှာ ဖြစ်ပါတယ်။

ယခု နောက်တစ်ပိုင်းအနေနဲ့ကတော့ Hosting အကြောင်း ပြောသွားမှာ ဖြစ်ပါတယ်။ domain ဝယ်ပြီးပါက မိမိ ဝက်ဘ်ဆိုဒ်အတွက် လမ်းကြောင်းသာ ရရှိသေးပြီး source code သိမ်းမယ့် နေရာ လိုအပ်မှာ ဖြစ်ပါတယ်။ ၎င်းကိုတော့ hosting လို့ ခေါ်ပါတယ်။

Hosting Screen Shot from GoDaddy

Hosting Screen Shot from Hostinger

ကျွန်တော်ကတော့ Hosting အပိုင်းကိုတော့ Hostinger နဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Hosting မှာတော့ Shared Web Hosting, Cloud Hosting, WordPress Hosting, Email Hosting တို့ ကို မိမိအတွက် အဆင်ပြေမည့် ပုံစံကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Shared Web Hosting ကတော့ Business အတွက်တော့ recommendation မပေးချင်ပါဘူး။ အောက်ပါ List ကတော့ သူတို့ကို compare လုပ်ထားတာ ဖြစ်ပါတယ်။

SSL ပါတဲ့ Package ကို ဝယ်မယ်ဆိုရင်တော့ hosting အတွက် သီးသန့် SSL ဝယ်စရာမလိုမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ SSL အတွက်တော့ SSL For Free ကနေဘဲ ယူလေ့ရှိပါတယ်။ သူက free ဖြစ်ပါတယ်။ သုံးလတစ်ခါတော့ update လုပ်ရပါတယ်။ အကယ်၍ hosting package မှာ Free SSL ပါတဲ့ Package ဝယ်ခဲ့မယ်ဆိုရင်တော့ ၎င်းအဆင့်တွေ လိုအပ်မှာ မဟုတ်တော့ပါဘူး။

ယခုလို အချိန်ပေး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်များမှာလည်း ဝင်ရောက် ဖတ်ရှုပေးဖို့ ဖိတ်ခေါ်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *