System

Domain Name And Web Hosting

မင်္ဂလာပါ။
ကျွန်တော်ကတော့ မောင်ရဲထက်အောင် ဖြစ်ပါတယ်။
Spiceworks Myanmar company မှာ web developer အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတယ်။
ကျွန်တော်ကတော့ဒီတစ်ပတ်မှာ Domain Name နဲ့ Web Hosting အကြောင်းရှင်းပြမှာဖြစ်ပါတယ်။

Domain Name ဆိုတာဘာလဲ။

Domain ဆိုတာ internet address ပါ။ ရုံးတွေ အိမ်တွေ အတွက် လိပ်စာရှိသလို အင်တာနက်ပေါ်မှာရှိတဲ့ လိပ်စာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကြောင်းကို အင်တာနက်မှာ website အဖြစ် တင်မယ်ဆိုရင်တော့ domain တစ်ခုကို အရင်ဆုံး register လုပ်ရမှာ ဖြစ်ပါတယ်။Domain တစ်ခုကို Register လုပ်မယ်ဆိုရင် အနည်းဆုံး တစ်နှစ်ကနေ မိမိစိတ်ကြိုက် နှစ်နှစ် သုံးနှစ် စသည်ဖြင့် နှစ် အလိုက် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကိုယ် ဝယ်ယူထားတဲ့ အချိန် အတွင်းမှာပဲ ကိုယ်ပိုင်ဖြစ်နေမှာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးလို့ သက်တမ်းထပ်မတိုးတော့ဘူးဆိုရင် ကိုယ်ပိုင်မဟုတ်တော့ပါဘူး။ အဲလိုဖြစ်သွားရင် ဘယ်သူမဆို ရယူသွားနိုင်ပါတယ်။

Domain မှာ domain type အမျိုးမျိုးရှိပါတယ်။ဒီထဲကမှအသုံးများတဲ့ Top Level Domain type အမျိုးအစားကိုပြောပြပါမယ်။
Top Level Domain တွေကတော့ .com, .net, .org, .biz, .info စသည်ဖြင့် extension အမျိုးမျိုးရှိပါတယ်။
Domain extension တွေရဲ့အဓိပ္ပါယ်ကတော့
.com (commercial) စီးပွားရေးလုပ်ငန်းအတွက် အများဆုံးအသုံးပြုကြပါတယ်။ တစ်ခါတလေ personal website တွေအတွက်လည်း သုံးကြပါတယ်။
.net (networking) Network လုပ်ငန်းတွေ၊ အင်တာနက်လုပ်ငန်းတွေ စတာတွေမှာ အများဆုံးအသုံးပြုကြပါတယ်။
.org (organization)အစိုးရ အဖွဲ့အစည်း တွေ၊ NGO တွေ၊ အသင်းအဖွဲ့တွေ၊ Group of Companies တွေအများဆုံးအသုံးပြုကြပါတယ်။
.biz (business) business နဲ့
.info (information) ကတော့ အသုံးပြုတဲ့သူအလွန်နည်းပါတယ်။
အများဆုံး အသုံးပြုတဲ့ domain extension ကတော့ .com ဖြစ်ပါတယ်။

Web hosting ဆိုတာဘာလဲ။
Web hosting ဆိုတာ website files များကို သိုလှောင်ထားရှိသည့် နေရာ(server) ဖြစ်သည်။
Web hosting တွေကတော့ Share Hosting ,VPS Hosting , Dedicated Hosting စသည်ဖြင့်ရွေးချယ်စရာတွေအမျိုးမျိုးရှိပါတယ်။

Share Hosting

Share Hosting ကတော့ Server တစ်ခုလုံးကို ငှားရမ်းတာမဟုတ်ဘဲ server ရဲ့ အစိတ်အပိုင်းတစ်ခုကို ငှားရမ်းခြင်းဖြစ်ပါတယ်။ဆိုလိုချင်တာက Server Operating System တစ်ခုမှာ ကိုယ့်ရဲ့ App ရှိနိုင်သလို အခြားလူရဲ့ App လည်းရှိနိုင်ပါတယ်။ဒါပေမဲ့ အခြားလူက Server မှာတင်ထားတဲ့ ကိုယ်ရဲ့ file တွေကိုမမြင်ရပါဘူး။ကိုယ်ကလည်းသူများရဲ့ file တွေကိုမမြင်ရပါဘူး။ဘာကြောင့်လည်းဆိုတော့ User Account တွေခွဲထားခြင်းကြောင့်ဖြစ်ပါတယ်။
Share Hosting က ငှားရမ်းခသက်သာပါတယ်။ဒါပေမဲ့ အပြည့်အဝစီမံံခွင့်တော့မရပါဘူး။ဘာကြောင့်လည်းဆိုတော့ Share Hosting ဆိုတဲ့အတိုင်း သူများနဲ့မျှဝေသုံးစွဲရတဲ့ အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ လုပ်ငန်းငယ်လေးတွေ သို့မဟုတ် ကိုယ်ပိုင် website လုပ်သူတွေနဲ့သင့်တော်တဲ့ Hosting တစ်ခုဖြစ်ပါတယ်။

VPS Hosting

Virtual Private Server (VPS) ဆိုသည်မှာ Virtualisation ပြုလုပ်ထားသော Server ၏ တစ်စိတ်တစ်ပိုင်းတွင် ကိုယ်ပိုင်သီးသန့် Operating System များနဲ့ ခွဲပေးထားမှာဖြစ်လို့ Virtual OS တစ်ခုလုံးကို ကိုယ်တစ်ဦးတည်း အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ကိုယ့် Serverမှာလိုအပ်တဲ့ Software တွေကိုinstall လုပ်နိုင်မယ် ၊ သီးခြားသတ်မှက်ထားသော RAM ၊ သီးခြားသတ်မှက်ထားသော Disk Space များ ၊ Full Root Access များ ၊ Independently Reboot ပြုလုပ်နိုင်ခြင်း အစရှိသောလုပ်ဆောင်ချက်တွေ ရရှိမည်ဖြစ်ပါသည်။ Shate Hosting ထက်တော့ ပိုသာသွားတာပေါ့။

Dedicated Hosting

Dedicated Server ကတော့ Server တစ်ခုလုံးကို ကိုယ်တစ်ယောက်တည်းက ငှားရမ်းထားတာဖြစ်တဲ့အတွက် မိမိအိမ်မှ PC တစ်လုံးကဲ့သို့ Rack Server Hardware တစ်ခုလုံးအား အသုံးပြုနိုင်မည်ဖြစ်သောကြောင့် Server ၏ CPU, Memory, Hard Drive, Bus speed များအားလုံး အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သီးခြားသတ်မှတ်ထားသော Hardware ၊ RAM / Disk Space များ ၊ Full Root Access များ ၊ Independently Reboot ပြုလုပ်နိုင်ခြင်း အစရှိသောအကျိုးကျေးဇူးများ အားလုံးရရှိမည့်အပြင် Server တစ်ခုလုံးအား မိမိစိတ်ကြိုက် စီမံအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကျွန်တော်သိသလောက် နောက်ထပ်လည်း လေ့လာဖြစ်တာလေးတွေ Sharing လုပ်ပေးသွားပါ့မယ် ခင်ဗျ။
ဖတ်ရှုပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *