အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Embedded YouTube Video တွေမှာပါတဲ့ Parameters တွေကို Customize လုပ်တာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး Embed Code ကို iframe tag နဲ့ ရေးရပါမယ်။
<iframe width="560" height="315" src="https://www.youtube.com/embed/VIDEO_ID" title="YouTube Video Player" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture" allowfullscreen ></iframe>
src မှာ လိုအပ်သလို Parameters တွေထည့်ပြီး Customize လုပ်နိုင်ပါတယ်။
List of Parameters
1. controls
2. autoplay
3. mute
4. loop
5. start/end
6. playsinline
7. disablekb
8. cc_load_policy
9. cc_lang_pref
10. rel
11. fs
1. controls
Video အောက်ခြေမှာရှိတဲ့ play/pause, playback position, volume စသည်တို့ကို Hide လုပ်ချင်တဲ့အခါမှာ ?controls=0 ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?controls=0
2. autoplay
Video ကို Auto Play လုပ်ချင်တဲ့အခါမှာ ?autoplay=1 ကို အသုံးပြုပါတယ်။ Browser တွေက အသံကို ကန့်သတ်ထားတဲ့အတွက် mute ကို ထည့်ဖို့လိုအပ်ပါတယ်။
https://www.youtube.com/embed/VIDEO_ID?autoplay=1&mute=1
3. mute
Video ကို mute လုပ်ချင်တဲ့အခါမှာ ?mute=1 ကို အသုံးပြုပါတယ်။ ဒါပေမယ့် User တွေ ကိုယ်တိုင် အသံကို ပြောင်းလဲနိုင်ပါတယ်။
https://www.youtube.com/embed/VIDEO_ID?mute=1
4. loop
Video ကို loop လုပ်ချင်တဲ့အခါမှာ ?loop=1&playlist=VIDEO_ID ကို အသုံးပြုပါတယ်။
များသောအားဖြင့် Background Video တွေမှာ အသုံးများပါတယ်။
https://www.youtube.com/embed/VIDEO_ID?loop=1&playlist=VIDEO_ID
5. start/end
Focus လုပ်ချင်တဲ့အပိုင်းကိုပဲ ပြချင်တဲ့အခါမှာ ?start=20&end=30 ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?start=20&end=30
6. playsinline
iOS မှာ Auto Full Screen မဖြစ်ချင်တဲ့အခါမှာ ?playsinline=1 ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?playsinline=1
7. disablekb
Keyboard Controls ကို disable လုပ်ချင်တဲ့အခါမှာ ?disablekb=1 ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?disablekb=1
8. cc_load_policy
Default အနေနဲ့ Subtitles တွေကို enable လုပ်ချင်တဲ့အခါမှာ ?cc_load_policy=1 ကို အသုံးပြုပါတယ်။ ဒါပေမယ့် Subtitles မပါနေတဲ့ Video တွေမှာတော့ အသုံးပြုလို့မရပါဘူး။
https://www.youtube.com/embed/VIDEO_ID?cc_load_policy=1
9. cc_lang_pref
Language ကို Default သတ်မှတ်ချင်တဲ့အခါမှာ ?cc_lang_pref=en ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?cc_lang_pref=en
10. rel
Related Videos တွေကို Hide လုပ်လို့တော့မရပေမယ့် တူညီတဲ့ Channel က Youtube တွေပဲပေါ်အောင်လုပ်ချင်တဲ့အခါမှာ ?rel=0 ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?rel=0
11. fs
Full Screen Mode ကို enable လုပ်ချင်တဲ့အခါမှာ ?fs=1 ကို အသုံးပြုပါတယ်။
https://www.youtube.com/embed/VIDEO_ID?fs=1
Parameters အများကြီးကို 「&」နဲ့ ချိတ်ပြီး အသုံးပြုနိုင်ပါတယ်။
https://www.youtube.com/embed/VIDEO_ID?rel=0&controls=0
ဘလော့ဂ်လေးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အခုမှ စလေ့လာမယ့်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ဘလော့ဂ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။
Reference
https://webdesign-trends.net/entry/14279