Others

Essential SEO Tips for Future (What is the August 2024 Google Search Core Update?)

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်(အမေရိကန်စံတော်ချိန်)တွင် Google Search Central သည် ၎င်း၏ search engine algorithm အတွက် Core Update တစ်ခုကို ထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့သည်။

ဒီတစ်ခေါက်မှာတော့ Core Update လုပ်ခဲ့တဲ့အကြောင်းအရာနှင့် နောက်ပိုင်း မည်သို့လုပ်ဆောင်ရမလဲဆိုသည့် အကြောင်းအရာကို အကျဉ်းချုပ်ဖော်ပြပေးပါမည်။

>> SEO အတွက် အခမဲ့ တိုင်ပင်ဆွေးနွေးမှုရယူပါ။

မာတိကာ

1. Core Update ဆိုတာဘာလဲ
2. ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ Core Update ၏ အဓိက အကြောင်းအရာများ
3. Spam ကာကွယ်မှု အားကောင်းစေခြင်း
4. Creator များ၏ အမြင်များကိုလက်ခံထည့်သွင်းခြင်း
5. အသေးစား Website များနှင့် Independent Website များ၏ ပြောင်းလဲမှု
6. ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ Core Update အပေါ် တွေးခေါ်သုံးသပ်ချက်များ
7. အနာဂတ် SEO တွင် အလေးထားရမည့် စံညွှန်းများ
8. အနာဂတ် SEO စီမံချက်များ
9. အနှစ်ချုပ်

Core Update ဆိုတာဘာလဲ

Core Update ဆိုသည်မှာ Google’s Search System ကို ပြောင်းလဲခြင်းဖြစ်ပြီး တစ်နှစ်ကို အကြိမ်များစွာ ပြုလုပ်ပါသည်။
Core Update များကြောင့် ရှာဖွေမှုအဆင့်များကို သိသိသာသာပြောင်းလဲစေနိုင်ပါသည်။
ပြီးခဲ့တဲ့အကြိမ် Core Update ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြုလုပ်ထားခဲ့ခြင်းဖြစ်သည့်အတွက် ယခုအကြိမ်မှာ (5) လကြာပြီးနောက်ပြုလုပ်သည့် Update ဖြစ်ပါသည်။

“Several times a year, Google makes significant, broad changes to our search algorithms and systems. We refer to these as core updates, and we give notice when they happen on our list of Google Search ranking updates.

In general, most sites don’t need to worry about core updates and may not even realize one has happened. However, if you have questions about a change in traffic that correlates with a core update, this page is for you. It explains more about how core updates work, and what you can do to assess and perhaps improve your content.”

ယခုအကြိမ် Core Update ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အသိပေးချက်ကို Google Search Central ၏ X (ယခင် Twitter) တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်(အမေရိကန်စံတော်ချိန်) တွင် အောက်ပါအတိုင်း post တင်ခဲ့ပါသည်။

ဒီတစ်ကြိမ် Update နဲ့ပတ်သက်ပြီး Progress များကို Google Search Status Dashboard တွင် စစ်ဆေးနိုင်ပါသည်။

ဒီ Dashboard ကိုကြည့်ရင် update ပြီးဖို့ တစ်လလောက်ကြာနိုင်တယ်လို့ ဆိုပါတယ်။
ပုံမှန် Core Update များသည် သီတင်းပတ်နှစ်ပတ်ခန့်သာကြာသောကြောင့် ယခုအကြိမ် update ပြုလုပ်ခြင်းသည် ကြီးမားသောပြောင်းလဲမှုတစ်ခုဟု ထင်ရပါသည်။

“The rollout may take up to a month to complete.”

(Google Search Status Dashboard)
 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ Core Update ၏ အဓိက အကြောင်းအရာများ

X ရဲ့ ပို့စ်ကနေ ချိတ်ဆက်ထားတဲ့ “Google Search Central Blog” ရဲ့ အင်္ဂလိပ် version တွင် ယခုအကြိမ် Core Update နှင့်ပတ်သက်သော အသေးစိတ်အချက်များ ရှိပါသည်။

“This update is designed to continue our work to improve the quality of our search results by showing more content that people find genuinely useful and less content that feels like it was made just to perform well on Search.”

(Google Search Central Blog)

ထို့အပြင် ယခုအကြိမ် Core Update သည် ပြီးခဲ့သောလအနည်းငယ်အတွင်းက creator အချို့နှင့် အခြားသူများထံမှ ရရှိသော အကြံပြုချက်များကို ထည့်သွင်းစဉ်းစားထားသည် ဟုလည်း ဖော်ပြထားပါသည်။

“This latest update takes into account the feedback we’ve heard from some creators and others over the past few months.”

(Google Search Central Blog)

 

Spam ကာကွယ်မှု အားကောင်းစေခြင်း

Google က ‘ရှာဖွေမှုတွင် စွမ်းဆောင်ရည် တိုးတက်စေရန်အတွက်သာ ဖန်တီးထားသည့် အကြောင်းအရာများ‘ ကို လျော့ချမည်ဟု ပြောကြားသည့်အတွက်ကြောင့် Users များကို လျစ်လျူရှု၍ နည်းပညာဆိုင်ရာ SEO နည်းလမ်းများဖြင့် ရှာဖွေမှုတွင် ထိပ်ဆုံးနေရာကို ရယူရန် (Black Hat SEO ဟု ခေါ်ဆိုသည်) ကြိုးပမ်းနေသော လုပ်ဆောင်ချက်များအတွက် ‘Spam ကာကွယ်ရေး’ ကို အားကောင်းစေမည် ဖြစ်သည်ဟု ဆိုလိုသည်။

ဤအကြောင်းအရာများမှာ ၂၀၂၃ခုနှစ်တွင်အကောင်အထည်ဖော်ခဲ့သော ‘Helpful Content Update’ နောက်ဆက်တွဲ ဖြစ်ပြီး၊ ဒီမှာ အသုံးပြုထားတဲ့ ‘Helpful Content System’ ဆိုတဲ့ ရှာဖွေမှု အဆင့်သတ်မှတ်မှု စနစ်က အောက်ဖော်ပြပါ အရာတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

“Announced in 2022 as the “Helpful Content Update”, this was a system designed to better ensure people see original, helpful content written by people, for people, in search results, rather than content made primarily to gain search engine traffic. In March 2024, it evolved and became part of our core ranking systems, as our systems use a variety of signals and systems to present helpful results to users.”

(Google Search Central)

 

ထို့အပြင် “Helpful Content System” အကြောင်းအရာ update ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ Core Update တွင် အောက်ပါ “new spam policies” ကိုထည့်သွင်းခဲ့သည်။

1.Expired domain abuse
ယုံကြည်စိတ်ချရသော Domain အ‌ဟောင်း (အရင် အခြားသူတို့မှ အသုံးပြုသက်သေပြထားခဲ့သော အရည်အချင်းမြင့် Domain)ကို ဝယ်ယူပြီး ရှာဖွေမှုရလဒ်များ (Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှု ရရှိနိုင်ရန် မသက်ဆိုင်သော Website တစ်ခုတွင် ၎င်းအား ပြန်လည်အသုံးပြုခြင်းကို Spam အဖြစ် သတ်မှတ်ခဲ့ပါသည်။
ဥပမာအားဖြင့် ယုံကြည်စိတ်ချရသော အရည်အချင်းမြင့် ဆေးဘက်ဆိုင်ရာ Website တစ်ခု၏ Domain အားဝယ်ယူပြီး၊ အရည်အသွေးနိမ့် ကာစီနိုနှင့် ဆက်စပ်သော Website များတွင်ပြန်လည်အသုံးပြုခြင်းကို ဆိုလိုပါသည်။
ရလဒ်အနေဖြင့် တစ်ပတ်ရစ် Domain များကို လိမ်လည်အသုံးပြုသည့် Website များ၏ ရှာဖွေမှုအဆင့်များသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။

2. Scaled content abuse
ရှာဖွေမှုရလဒ်များ (Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှုရရှိနိုင်ရန် Userများအတွက် အထောက်အကူမပြုသည့် အရည်အသွေးနိမ့်သော အကြောင်းအရာများကို အများအပြား ဖန်တီးတင်ပြခြင်းကို Spam အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ရလဒ်အနေဖြင့် AI ဖြင့် အများအပြားဖန်တီးတင်ပြထားသော အရည်အသွေးနိမ့် Website များ၏ ရှာဖွေမှုအဆင့်များ သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။

3. Site reputation abuse
Site reputation abuse ဆိုသည်မှာ “subdomain ချေးငှားခြင်း” ဟု ခေါ်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး၊ အထူးသဖြင့် ကုမ္ပဏီများကဲ့သို့ ယုံကြည်စိတ်ချရသောအရည်အချင်းမြင့် Website များ၏ subdomain ကို ငှားယူပြီး”၊ ထိုအဖွဲ့အစည်းနှင့် သက်ဆိုင်မှုမရှိသော အကြောင်းအရာများကို တင်ပြခြင်းအားဖြင့် ရှာဖွေမှုရလဒ်များ (Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှုရယူရန် ကြိုးပမ်းမှုကို Spam အဖြစ် သတ်မှတ်ခဲ့ပါသည်။
ရလဒ်အနေဖြင့် “sub domain lending” ကိုအသုံးပြုထားသည့် Website များ၏ ရှာဖွေမှုအဆင့်များ သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။

၂၀၂၄ ဩဂုတ်လ ယခု Update တွင်အထက်မှာဖော်ပြထားသကဲ့သို့ Spam ကာကွယ်မှုများကို ပိုမိုအားကောင်းလာစေရန်လုပ်ဆောင်ခြင်းနှင့် algorithm မှာအပြောင်းအလဲအချို့ကိုဖြည့်စွက်ပြုလုပ်ခြင်းများ ရှိနိုင်ပါသည်။
>> SEO အတွက် အခမဲ့ တိုင်ပင်ဆွေးနွေးမှုရယူပါ။
 

Creator များ၏ အမြင်များကိုလက်ခံထည့်သွင်းခြင်း

ယခုအကြိမ် Core Update နှင့် ပတ်သက်၍ ထူးခြားသည့်အချက်မှာ “ပြီးခဲ့သည့် လတွေအတွင်း အချို့သော Creator များနှင့် အခြားသူများထံမှ ပေးပို့ခဲ့သော အကြံပြုချက်များကို ထည့်သွင်းစဉ်းစားထားသည်” ဆိုသည့်အချက်ဖြစ်သည်။

အမှန်တကယ် Google သည် Creator များနှင့်တွေ့ဆုံရန် အခွင့်အလမ်းများကို ဖန်တီးပြုလုပ်နေပါသည်။

အထက်ဖော်ပြပါ X ကိုတင်ခဲ့သည့် Retro Game Media “Retro Dodo” ကို စီမံခန့်ခွဲနေသော Brandon Saltalamacchia (နောက်ပိုင်းတွင် Brandon ဟုအသုံးပြုပါမည်) သည် Google ဌာနချုပ်သို့ ဖိတ်ကြားခြင်းခံခဲ့ရပြီး Danny Sullivan (နောက်ပိုင်းတွင် Danny ဟုအသုံးပြုပါမည်) နှင့် ဆွေးနွေးခဲ့ကြောင်း သူ၏ဘလော့ဂ်တွင် ဖော်ပြထားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့သော Core Update (Helpful Content Update) အပြီးတွင် Brandon စီမံခန့်ခွဲနေသော Retro Game Media ၏ Website သို့ user ဝင်ရောက်လာမှုသည် ဆိုးရွားစွာကျဆင်းသွားသည့် အခြေအနေဖြစ်ပေါ် ခဲ့ပြီး၊ အယ်ဒီတာချုပ်တစ်ဦးမှလွဲ၍ အဖွဲ့တစ်ခုလုံးကို အလုပ်မှထုတ်ပယ်ခဲ့ရပါသည်။

လက်ရှိတွင် Retro Dodo သည် 90% အရှုံးဖြင့် လည်ပတ်နေဆဲဖြစ်ပြီး၊ လုပ်ငန်းကိုဆက်လက်ရှင်သန်နေစေရန် အလို့ငှာ ဆက်လက်အရှုံးပေါ်နေပုံပေါ်သည်။

Brandon နှင့် ဆွေးနွေးမှုတွင် Google မှ Danny က “ကျွန်ုပ်တို့ (Google) သည် ပြီးပြည့်စုံမှုမရှိကြောင်းနှင့် ၎င်းကို ဖြေရှင်းရန် ကြိုးစားနေပါသည်” ဟု ပြောခဲ့သည်။
ဤသို့ “ပြီးပြည့်စုံမှုမရှိသော” [ဆိုသည့်အကြောင်းအရာက Brandon ၏ Retro Dodo ကို “Helpful Content Update” တွင် သားကောင်ဖြစ်သွားစေရခြင်း ဖြစ်နိုင်ပါသည်။

ဆွေးနွေးမှုအတွင်း Danny က “ Creator များကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် ဘယ်လိုလုပ်ဆောင်နိုင်မလဲ” ဟုလည်းမေးခွန်းထုတ်ခဲ့ပါသည်။

Retro Dodo ၏ Brandon ကို Danny က “ကြိုးစားပြီး ယခုလုပ်နေသော အရာတွေကို ဆက်လက်လုပ်ဆောင်ပါ” ဟု အကြံပေးခဲ့ရာ၊ Brandon မှလည်း “ကြီးကျယ်ခန်းနားသော Website တွေကို တည်ဆောက်နေသည့်” သူနဲ့အတူ အခြား‌သော Creator များသည် “လာမည့်လများအတွင်း ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများကို မြင်တွေ့နိုင်ရန် မျှော်လင့်နေကြသည်’ ဟု ပြန်လည်ပြောကြားခဲ့ပါသည်။

ထိုအကြောင်းအရာသည် ” Google Search’s core updates and your website” စာမျက်နှာတွင် ဖော်ပြထားသည့်အကြောင်းအရာနှင့် ကိုက်ညီနေပါသည်။

“Google Search’s core updates and your website” မှာ “ရေရှည်တွင် Website တစ်ခုလုံးသည် အသုံးဝင်သော၊ ယုံကြည်စိတ်ချရသော၊ User ကိုအလေးထားသည့် အကြောင်းအရာများကို ဖန်တီးထားကြောင်း“ System ကလေ့လာပြီး အတည်ပြုနိုင်တဲ့အထိ လပေါင်းများစွာကြာနိုင်သည်။” ဟုရေးသားထားပါသည်။

“If you’ve made improvements, it may take time to see an effect in Search results: some changes can take effect in a few days, but it could take several months for our systems to learn and confirm that the site as a whole is now producing helpful, reliable, people-first content in the long term. If it’s been a few months and you still haven’t seen any effect, that could mean waiting until the next core update.”

အသေးစား Websites များနှင့် Independent Websites များမှာလည်း Websiteတစ်ခုလုံးသည် အသုံးဝင်သော၊ ယုံကြည်စိတ်ချရသော၊ User ကိုအလေးထားသည့် အကြောင်းအရာများကို ဖန်တီးတည်ဆောက်ထားကြောင်းကို System က လေ့လာပြီး၊ အဆိုပါ Website များသည် လာမည့်လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာပြီး ရှာဖွေမှုရလဒ်များ (Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှု ရရှိနိုင်လာနိုင်မည့် ၎င်းတို့၏ algorithm များကို မြှင့်တင်ရန် ကြိုးစားနေကြသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။
 

အသေးစား Website များနှင့် Independent Website များ၏ ပြောင်းလဲမှု

ယခင်အပိုင်းတွင် ဖော်ပြထားခဲ့သည့်အတိုင်း Retro Game Media “Retro Dodo” လို့ခေါ် သည့် လွတ်လပ်သောမီဒီယာတစ်ခု၏ ကြီးမားသော ထိခိုက်ဆုံးရှုံးမှုအနေနဲ့ နမူနာရှိခဲ့ပြီး၊ “What to know about our August 2024 core update” စာမျက်နှာတွင်လည်း အဆိုပါကိစ္စရပ်များကို တုံ့ပြန်ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားခဲ့ပါသည်။

အထူးသဖြင့် “Userများ၏ ရှာဖွေမှုအကြောင်းအရာနှင့် ဆက်စပ်မှုရှိသည့် အသုံးဝင်ပြီး ထူးခြားသောအကြောင်းအရာများကို ဖန်တီးထားသည့် အသေးစား Website များနှင့် Independent Website များအပါအဝင်၊ အရည်အသွေးမြင့် Website အမျိုးမျိုးကို သုံးစွဲသူ User များနှင့်ချိတ်ဆက်ရန် ရည်မှန်းထားသည်” ဟုရေးသားဖော်ပြထားပါသည်။

“As always, we aim to connect people with a range of high quality sites, including small or independent sites that are creating useful, original content, when relevant to users’ searches.”

Danny ၏ဘလော့ဂ်ပို့စ်တွင် “ယခုအတိုင်းဆက်သွားပါက Google သည် အကြောင်းအရာ(Content)များ ကိုစိတ်ဝင်စားမှုလုံးဝမရှိသော စက်များနှင့် မီဒီယာကြီးများမှပိုင်ဆိုင်သည့် AI ဖြင့်ဖန်တီးထားသော အမှိုက်ပုံကြီးဖြစ်လာလိမ့်မည်” ဟုအရိပ်အမြွက်ပြောကြားခဲ့သည်။

“This is a role I genuinely believe Google needs if they want to stop their search from becoming a mass-AI produced pile of garbage, owned by machines and large media conglomerates that have no care for the content that is being produced.”

Danny သာမကဘဲ Creator များနှင့် SEO သုတေသီများစွာက “ကုမ္ပဏီကြီးတစ်ခု ဒါမှမဟုတ် ခိုင်မာအားကောင်းတဲ့ domain power ရှိတဲ့ Website များမဟုတ်ပါက ဘယ်လောက် အရည်အသွေးမြင့်သော အကြောင်းအရာများ ဖန်တီးထားပါစေ အဲ့ဒီ Website က ရှာဖွေမှုရလဒ်များ (Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှု ရရှိနိုင်မှာမဟုတ်ဘူး” လို့လည်းစောဒကတက်ခဲ့ပါသည်။

ယခုအကြိမ် Core Update နှင့်အတူ အထက်တွင်ဖော်ပြခဲ့ထားသကဲ့သို့ Creator နဲ့ အခြားသူများ၏အသံတွေကို နားထောင်ပြီး Google ၏ရှာဖွေမှု algorithm သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့ ကြိုးပမ်းနေတာ ဖြစ်နိုင်ပါသည်။

ထို့အပြင် “အသေးစား Website များနှင့် Independent Website များ” ကိုပံ့ပိုးပေးနိုင်ရန်အတွက် နောင်လာမည့် Update များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

“This is an area we’ll continue to address in future updates. This update also aims to better capture improvements that sites may have made, so we can continue to show the best of the web.”

ထိုအကြောင်းအရာသည် Update တစ်ကြိမ်ထဲဖြင့်လုပ်ဆောင်နိုင်သည့်ရိုးရှင်းသော algorithm မဟုတ်သည်မှာ သေချာပါသည်။

မကြာသေးမီက Update များအရ အထက်တွင်ဖော်ပြထားခဲ့သည့်အတိုင်း ကုမ္ပဏီကြီးများနှင့်ခိုင်မာပြီး Domain Power ရှိသည့် Website များကို “တရားဝင်” ပြီး “ယုံကြည်စိတ်ချရသော Website” ဖြစ်စေရန်အတွက် အရေးကြီးသောညွှန်ပြချက်ဖြစ်သည်။

အသေးစား Website များနှင့် Independence Website များသည် ကုမ္ပဏီကြီးများနှင့် အကြီးစားမီဒီယာများ၏ Website များထက် “အခွင့်အာဏာ” နည်းပါးပါသည်။ ထို့ကြောင့် အခွင့်အာဏာနည်းပါးသော Website များအနက်မှ ယုံကြည်စိတ်ချရပြီး အသုံးပြုသူများအတွက် အကျိုးရှိစေမည့် အကြောင်းအရာများကို ရှာဖွေတွေ့ ရှိစေရန်မှာ လူသားနှင့်ပိုမိုနီးစပ်သော စွမ်းဆောင်ရည်မြင့်မားသည့် algorithm များလိုအပ်ပါသည်။
 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ Core Update အပေါ် တွေးခေါ်သုံးသပ်ချက်များ

ဤ Update မှ စဉ်းစားဆန်းစစ်၍ နားလည်နိုင်သည့် အချက်အချို့ ရှိပါသည်။

ထိုအရာများထဲမှ အဓိကအချက်မှာ “အသေးစား Website များနှင့် Independence Website” များသည် အသုံးပြုသူများအတွက် အကျိုးရှိမည့် အကြောင်းအရာများဖြစ်ပါက(Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှု ရရှိနိုင်အောင် အပြောင်းအလဲများပြုလုပ်၍ ကြိုးပမ်းနေခြင်း ဖြစ်သည်။

Google ၏ အရည်အသွေးသတ်မှတ်ချက် လမ်းညွှန်စာတမ်းတွင် “E-E-A-T” ဟုခေါ်သော အယူအဆ တစ်ခု ရှိသည်။
E-E-A-T တွင် တစ်ခုချင်းစီအတွက် အောက်ပါ အဓိပ္ပာယ်များ ရှိပါသည်။
・Experience
・Expertise
・Authoritativeness
・Trustworthiness
ဤ E-E-A-T သည် Post(ဆောင်းပါး)တွေရဲ့ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ရန် အရေးကြီးသော အချက်များဖြစ်ပြီး “Google Search Central” တွင် အောက်ပါအတိုင်း ရှင်းပြထားသည်။

Google ၏ အလိုအလျောက် စနစ်သည် အမျိုးမျိုးသော အချက်များအပေါ် အခြေခံပြီး ကောင်းမွန်သော အကြောင်းအရာများကို အဆင့်သတ်မှတ်ရန် ဒီဇိုင်းထုတ်ထားသည်။ ဆက်စပ်သည့် အကြောင်းအရာများကို ခွဲခြားစိစစ်ပြီးနောက်၊ အထူးသဖြင့် အသုံးဝင်ပြီးအကျိုးအရှိဆုံး ဟု သတ်မှတ်ယူဆထားသော အကြောင်းအရာများကို ဦးစားပေးဖော်ထုတ်ပါသည်။ ၎င်းကိုလုပ်ဆောင်ရန် မည်သည့်အကြောင်းအရာများက အတွေ့အကြုံ (Experience)、 အထူးကျွမ်းကျင်မှု (Expertise)、 အခွင့်အာဏာ (Authoritativeness) နှင့် ယုံကြည်စိတ်ချရမှု (Trustworthiness) ဆိုသည့် E-E-A-T အရည်အချင်းများဖြင့် ကောင်းမွန်သောအကြောင်းအရာများကို သတ်မှတ်ဆုံးဖြတ်နိုင်ရန် အချက်အလက်များကို သတ်မှတ်ပါသည်။

ဤအရာများထဲတွင် အထူးသဖြင့် “Retro Dodo” ကိုဆိုးရွားစွာသက်ရောက်မှုရှိခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ပြုလုပ်ခဲ့သော “Helpful Content Update” နောက်ပိုင်းတွင် “Authoritativeness: အခွင့်အာဏာ” သည် အရေးကြီးသော အချက်တစ်ခုအဖြစ် သတ်မှတ်ထားရှိလာသည်။

“Helpful Content Update” သည် ကုမ္ပဏီကြီးများနှင့်မီဒီယာကြီးများ၏ Website များကဲ့သို့သော နာမည်ကြီးအဖွဲ့အစည်းများအတွက် ကြီးမားသောအားသာချက်များကိုပေးစွမ်းခဲ့ပြီး “Retro Dodo” ကဲ့သို့ “အသေးစား Website များနှင့် Independence Website” များအတွက်‌တော့ ခက်ခဲမှုနှင့် နစ်နာမှုများရှိခဲ့သည်ဟု ယူဆရပါသည်။

E-E-A-T သည် အနာဂတ်တွင်လည်း ဦးစားပေးအဖြစ်ဆက်လက်ရှိနေမည်မှာသေချာသော်လည်း ချိန်ခွင်လျှာတော့ အနည်းငယ်ပြောင်းလဲသွားနိုင်ပါသည်။
 

အနာဂတ် SEO တွင် အလေးထားရမည့် စံညွှန်းများ

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အနာဂတ်တွင် လုပ်ဆောင်မည့် Core Update များအတွက် လိုက်နာရမည့် အချက်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

“User ၏ ရှာဖွေရေးအကြောင်းအရာနှင့် သက်ဆိုင်ပါက၊ အသုံးဝင်သောပြီး ထူးခြားသော အကြောင်းအရာများကို ဖန်တီးထားသော “အသေးစား Website များနှင့် Independence Website” များအပါအဝင် အရည်အသွေးမြင့် Website အမျိုးမျိုးကို User နှင့် ချိတ်ဆက်ပေးခြင်း”
ဤအကြောင်းအရာကို ထည့်သွင်းစဉ်းစားခြင်းဖြင့်၊ အနာဂတ်တွင် အောက်ပါ အချက်များကို ပိုမိုဦးစားပေးမည်ဟု ခန့်မှန်းနိုင်ပါသည်။

①Expertise
②User behavior
③Experience

အဆိုပါအကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး တစ်ခုချင်းစီရှင်းပြပါမည်။

①Expertise
Authoritativeness ကိုအလွန်အမင်းအလေးထားပါက “အသေးစား Website များနှင့် Independence Website” များသည် ကုမ္ပဏီကြီးများနှင့် မီဒီယာကြီးများ၏ Website များဖြင့်ယှဉ်ပြိုင်နိုင်မည်မဟုတ်တော့ပါ။

သို့သော် အသေးစား Website များတွင်ပင် “Expertise” ကို မြင့်မားအောင် လုပ်လို့ရနိုင်ပါသည်။ ထို့အပြင် အထူးပြုထားသော Expertise Website များသည် User များ အတွက်လည်းအသုံးဝင်သည်ကို တွေ့ရှိနိုင်ပါမည်။

②User behavior
E-E-A-T ထဲတွင်ထည့်သွင်းထားခြင်းမရှိပဲ “User behavior” ကို ရှာဖွေမှုအဆင့်သတ်မှတ်ချက်များအဖြစ် တရားဝင်ထည့်သွင်းထားကြောင်းကို Google ကလည်း တရားဝင်အတည်ပြုထားခြင်းမရှိသေးပါ။ သို့သော်လည်း ၂၀၂၄ ခုနှစ် မေလတွင် SEO algorithm အချက်အလက်ပေါက်ကြားမှုဖြင့် Click Signal များအတွက် ထူးခြားစွာဖန်တီးထားသော module တစ်ခုရှိကြောင်း သိရှိနိုင်ခဲ့သည်။

အထူးသဖြင့် module အမျိုးအစားများအနက် “goodClicks” “badClicks” “lastLongestClicks” နှင့် အခြားသော Click Signal အမျိုးအစားများ ရှိကြောင်း သိရှိခဲ့ရသည်။

ဤအချက်ကိုကြည့်မည်ဆိုလျှင် User သည် ရှာဖွေရေးရလဒ်ကနေတဆင့် Website ကိုဝင်ပြီး ချက်ချင်းထွက်သွားချင်းရှိမရှိ၊ သို့မဟုတ် ဆောင်းပါးကို သေချာမှန်ကန်စွာဖတ်ရှုခြင်းရှိမရှိကဲ့သို့သော “User behavior” များသည် ရှာဖွေရေးအဆင့်သတ်မှတ်မှု (search ranking) ကို သက်ရောက်မှုရှိနိုင်ကြောင်း ခန့်မှန်းနိုင်ပါသည်။

Websites သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကုမ္ပဏီ၏ အရွယ်အစားပေါ်တွင် မမူတည်သောကြောင့် အသုံးပြုသူ၏အပြုအမူသည် ပို၍အရေးကြီးလာဖွယ်ရှိပါသည်။
သုံးစွဲသူတွေ၏ “User behavior” များသည် Website ၏ အရွယ်အစား နှင့် ကုမ္ပဏီရဲ့ အရွယ်အစားတို့အပေါ်တွင် မမူတည်သောကြောင့် သုံးစွဲသူတို့၏ “User behavior” များသည် ရှာဖွေရေးအဆင့်သတ်မှတ်မှုမှာ ပို၍ ဦးစားပေးအလေးထားနိုင်လာဖွယ်ရှိပါသည်။

③Experience
Generative AI ကို အသုံးပြု၍ အရည်အသွေးကောင်းမွန်သော ဆောင်းပါးများကို ရေးသားနိုင်သည်မှာ မှန်ကန်သော်လည်း မမြင်နိုင်သော AI သည် “အတွေ့အကြုံ” ကို မပေးနိုင်ပါ။ AI ကတဆင့် အစုလိုက် အပြုံလိုက် ထုတ်လုပ်ထားသည့် အကြောင်းအရာများတွင် လူသားများ၏ လက်တွေ့ ပါဝင်မှုမရှိလျှင် အတွေ့အကြုံနှင့် မူရင်းဇစ်မြစ် အစိတ်အပိုင်းများကို ထည့်သွင်းရန် အလွန်ခက်ခဲနိုင်ပါသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် “experience (အတွေ့အကြုံ)” လို့ အဓိပ္ပာယ်ရသည့် “E” ကို ယခင်က “E-A-T” ဖြစ်ခဲ့သည့် အရည်အသွေးအကဲဖြတ်ခြင်းသဘောတရားတွင် ထည့်သွင်းခဲ့သည်။

ChatGPT ကဲ့သို့သော Generative AI များ ထွန်းကားလာချိန်နှင့် Google မှ “red code(အရေးပေါ်အခြေအနေ)” ကို ကြေညာခဲ့သည့် အချိန်မှာလည်းတိုက်ဆိုင်နေသည်။။

လူသားတွေ၏ဝင်ရောက်ဖြည့်စွက်မှုမရှိဘဲ AI မှအစုလိုက်အပြုံလိုက်ဖန်တီးထားသည့်အကြောင်းအရာများနှင့် Creator များ၏စိတ်အားထက်သန်မှုဖြင့် ဖန်တီးထားသည့်အကြောင်းအရာများကို ကွဲပြားစေရန် “အတွေ့အကြုံ” နှင့် “originality” သည် ပိုမို အရေးကြီးလာမယ်လို့ သုံးသပ်နိုင်ပါသည်။
 

အနာဂတ် SEO စီမံချက်များ

ဤနေရာမှစ၍ ယခင်အပိုင်းတွေင် ဖော်ပြထားခဲ့သော အနာဂတ်တွင် အရေးပါလာမည်ဟု မျှောက်လင့်ထားသည့် အောက်ဖော်ပြပါ အချက်သုံးချက်နှင့်ပတ်သက်ပြီး လုပ်ဆောင်ရန်လိုအပ်သည်များကို အကျဉ်းချုပ်တင်ပြသွားပါမည်။

①Expertise
②User behavior
③Experience

①Expertise – အထူးပြုမှုအတွက် ဆောင်ရွက်ချက်များ
Website ၏ အထူးပြုမှုကို မြှင့်တင်ရန်အတွက် Site ၏ ဒီဇိုင်းဆွဲစဥ်ကတည်းက Concept ကို ရှင်းလင်းစွာ သတ်မှတ် ရေးဆွဲထားခြင်းမှာ အရေးကြီးသည်။

“ဘယ်အရာတွင် အထူးပြုပြီး Website ကို ဖန်တီးမှာလဲ”၊ “ဘယ်လို အထူးပြု ထားသောဆောင်းပါးများကို ရေးသားတင်ပြသွားမှာလဲ” ဆိုသည့် လမ်းညွှန်ချက်များကို သေချာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့လိုပါသည်။

စိတ်ထဲပေါ်လာသည့်အတိုင်း ဆောင်းပါးများရေးသားနေပါက Google ၏ အမြင်အရ ၎င်း Website က မည်သည့် အရာပေါ်တွင် အထူးပြုထားသည်ကို မရှင်းမလင်း ဖြစ်သွားနိုင်ပါသည်။

Website အထူးပြု အကြောင်းအရာများကို သေချာသတ်မှတ်ပြီး၊ ထိုအရာနှင့်သက်ဆိုင်သော ဆောင်းပါးများကို အာရုံစိုက်ပြီး ရေးသားဖန်တီးသွားဖို့လိုအပ်ပါသည်။

②User behavior – သုံးစွဲသူ၏ အပြုအမူအတွက်ဆောင်ရွက်ချက်များ
သုံးစွဲသူ၏ အပြုအမူ User behavior ကိုပြောရလျှင် ရှာဖွေမှုရလဒ်များမှ Click များသည်အရေးကြီးသော ညွှန်ပြချက်တစ်ခုဖြစ်သော်လည်း Click နှိပ်ပြီးနောက် ဆောင်းပါးကိုကောင်းစွာဖတ်ခြင်းရှိမရှိ သို့မဟုတ် ဆောင်းပါးကိုမဖတ်ဘဲ ထွက်ခွာသွားခြင်းရှိမရှိနှင့် ရှာဖွေမှုရလဒ်များ စာမျက်နှာသို့ပြန်လည်ထွက်သွားခြင်းရှိမရှိအထိကို သတိထားဖို့လိုအပ်ပါသည်။

ပထမဦးစွာ User များကို Click လုပ်ရန် ၎င်းတို့၏ရှာဖွေမှုရည်ရွယ်ချက်ကို နားလည်ပြီး သုံးစွဲသူကို Click လုပ်စေချင်မည့် ခေါင်းစဉ်တစ်ခုဖန်တီးရန်လည်း အရေးကြီးပါသည်။

Click နှိပ်ပြီးနောက် အကြောင်းအရာ၏ အရည်အသွေးသာမက UX ကိုပါ အထူးဂရုပြုရန် လိုအပ်ပါသည်။
အသုံးပြုသူများအား ဆောင်းပါးကိုသက်သောင့်သက်သာဖြင့် ဖတ်ရှုနိုင်စေမည့် Layout များ ပြင်ဆင်ခြင်း၊ စာကြောင်း‌တွေကြား အကွာအဝေးများကိုထည့်သွင်းစဥ်းစားခြင်းနှင့််အတူ အခြားဆောင်းပါးများဆီသို့ သွားရောက်ကြည့်ရှုလိုစိတ်ဖြစ်ပေါ် စေမည့် ပုံစံဒီဇိုင်းများကို ဖန်တီးရေးဆွဲရန်လည်း အရေးကြီးပါသည်။

③Experience – အတွေ့အကြုံအတွက်ဆောင်ရွက်ချက်များ
အကြောင်းအရာ၏ “originality” ဖြစ်မှုကိုလည်း အလေးထားရန်လိုအပ်ပါသည်။

အမှန်တကယ် ထုတ်ကုန်ကို သုံးစွဲပြီး ရရှိသော အတွေ့အကြုံများ၊ လက်တွေ့သွားရောက်ခဲ့သည့် အဲ့ဒီနေရာတွင် ရရှိသော အတွေ့အကြုံများနှင့် AI များဖြင့် ဖန်တီး၍မရနိုင်သော သင်၏ထူးခြားသော ကိုယ်ပိုင်သဘောထားများနှင့် သုံးစွဲသူများ၏ သဘောထားများကို အကြောင်းအရာထဲတွင် ထည့်သွင်းရန်မှာအရေးကြီးပါသည်။

ထို့အပြင်၊ ဆောင်းပါးရေးသားသူ၏ အမှန်တကယ်ရှိသော အချက်အလက်များကို ထင်ဟပ်စေဖို့အတွက်၊ အဆိုပါ ဆောင်းပါးနှင့် စာရေးသားသူ၏ အချက်အလက်များကို ချိတ်ဆက်ထားခြင်းမှာလည်း အရေးကြီးပါသည်။ စာရေးသူ၏ ထုတ်ဝေမှုများနှင့် အောင်မြင်မှုများကို ထည့်သွင်းဖော်ပြနိုင်ပါက၊ အဆိုပါ ဆောင်းပါး၏ “အခွင့်အာဏာ (Authoritativeness)” တိုးတက်စေသည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသည်။

AI အားအသုံးပြု၍ အစုလိုက်အပြုံလိုက်ဖန်တီးလို့မရတဲ့ အကြောင်းအရာတွေကို အလေးထားဖန်တီးသွားရန်လိုအပ်ပါသည်။
 
အကျဉ်းချုပ်
Google ၏ “၂၀၂၄ ခုနှစ်၊ ဩဂုတ်လ Core Update” ကို သင့်အနေနဲ့မည်သို့ ထင်မြင်မိပါသလဲ။

Google ၏ရှာဖွေမှု algorithm သည် “အသုံးပြုသူများအတွက် အသုံးဝင်ပြီးအကျိုးရှိသည်ဟု ယူဆရသည့်အကြောင်းအရာများ”ကို အလေးထားမည့်သဘောထားမှာ အနာဂတ်တွင် လည်းပြောင်းလဲမည်မဟုတ်ပါ။
သို့သော် လက်တွေ့တွင် သုံးစွဲသူများအတွက် အကျိုးရှိပြီးအသုံးဝင်စေသော အကြောင်းအရာများကို ဆက်လက်ရေးသားနေသော်လည်း (Search Ranking) တွင် မြင့်မားသောအဆင့်သတ်မှတ်မှု ရရှိနိုင်ခြင်းမရှိသေးသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ထိုအကြောင်းအရာသည် Google ၏ တာဝန်ရှိသူဖြစ်သည့် Danny Sullivanက ပြောကြားထားသည့်အတိုင်း၊ Google ၏ရှာဖွေမှု algorithm သည် “ပြီးပြည့်စုံခြင်းမရှိ” သောကြောင့်၊ ယခုလက်ရှိအချိန်တွင် Google သို့ သင်၏ကောင်းမွန်သောအကြောင်းအရာ(Content)များကို သတိပြုမိစေရန် လိုအပ်သော ကြိုးပမ်းမှုများ လုပ်ဆောင်ထားဖို့လိုအပ်ပါသည်။

၎င်းကို “လက်ရှိ SEO စီမံချက်များ” ဟုခေါ်ဆိုနိုင်ပါသည်။

ဤနေရာတွင် အရေးကြီးသောအချက်များမှာ keyword စာလုံးများရွေးချယ်ခြင်း၊ အကြောင်းအရာဒီဇိုင်း(Content Design)နှင့် အတွင်းပိုင်းစီမံချက် စသည်တို့ဖြစ်သည်။

သင့်တွင် SEO တိုင်းတာမှုများ သို့မဟုတ် စျေးကွက်ရှာဖွေရေး (Content Marketing) များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့ထံ အခမဲ့ဆက်သွယ်နိုင်ပါသည်

[Sources and References]
・Google Search Central: Google Search Core Updates and Website

・Google Search Status Dashboard: August 2024 core update

・Google Search Central Blog: What to know about our August 2024 core update

・Google Search Central: What web creators should know about our March 2024 core update and new spam policies

・Brandon Saltalamacchia: A Brief Meeting With Google After The Apocalypse

・Google Search Central: Quality Rater Guidelines Update: Adding the E of Experience to E-A-T

・Google Search Central: Creating helpful, reliable, people-first content

・iPULLRANK: Secrets from the Algorithm: Google Search’s Internal Engineering Documentation Has Leaked

Hello

Leave a Reply

Your email address will not be published. Required fields are marked *