Others

ကောင်းမွန်သော Presentation ဖြစ်ရန်အတွက်ဘယ်လို ပြင်ဆင်ကြမလဲ ?

ကျွန်မကတော့ Spiceworks Myanmar Company တွင် Administration Assistant အဖြစ် လုပ်ကိုင်လျက်ရှိသော မအိဖြိုးမွန် ဖြစ်ပါတယ်ရှင်။ ဒီတစ်ပတ်မှာတော့ ကောင်းမွန်သော Presentation ဖြစ်ရန်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ ? ဆိုသည့် ခေါင်းစဉ်ဖြင့် ကျွန်မ Presentation လုပ်သည့်အချိန်တိုင်း ကြိုတင်ပြင်ဆင်ခဲ့ပုံ အနည်းငယ်ကို ပြန်လည်မျှဝေပါရစေရှင့်။
ပထမဆုံး အနေဖြင့် Presentation လုပ်ရတော့မည်ဆိုလျှင် မရှိမဖြစ်လိုအပ်သော အောက်ဖော်ပြပါ အကြောင်းအရာများကို သိရှိထားရပါမယ်ရှင့်။

ဒါတွေကတော့
၁) မိမိ ပြောရမည့် အကြောင်းအရာများအား ကြိုတင်ပြင်ဆင်ရန် လိုအပ်ခြင်း
၂) တစ်ဖက်လူ နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ခြင်း
၃) ပြန်လည်မျှဝေမှု အားကောင်းခြင်း
၄) မိမိရှင်းပြနေသောအချိန်တွင် member များ စိတ်ဝင်စားမှုရှိ/ မရှိ လေ့လာ အကဲခတ်တတ်ခြင်း
၅) မိမိ၏ ပြောပုံ ဆိုပုံတွေအပေါ် တစ်ဖက်လူရဲ့ စိတ်အာရုံ စူးစိုက်မှုကို ရယူတတ်ခြင်း
စသည့်အချက်များသည် Presentation လုပ်ရာတွင် အရေးကြီးသော အရာများဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Presentation လုပ်နေချိန် အရေးပါတာကတော့ ကိုယ်နေဟန်ပန် အမူအရာပဲ ဖြစ်ပါတယ်ရှင့်။ အရမ်းအရေးကြီးပါတယ်နော်။

ဝ Smile
ဝ Make eye-contact
ဝ Have command on your voice tone
ဝ Physical appearance
ဝ Facial expressions
ဝ General body movement
ဝ Breathe & Relax
ဒါလေးတွေကလည်း အရေးပါတာမို့လို့Presentation လုပ်နေချိန်တွေမှာဆိုလည်း အသေးစိတ်ကအစ မှန်မှန် ကန်ကန် အသုံးချတတ်ဖို့လည်း လိုအပ်နေပါတယ်နော်။

နောက်ထပ်အနေနဲ့ မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ရမည့် အရာတစ်ချို့လည်း ရှိနေပြန်ပါတယ်ရှင့်။
ထိုအရာတွေကတော့

၁) မိမိပြင်ဆင်ထားသော Slide များကို ဖတ်ပြနေခြင်းမျိုး မဟုတ်ပဲ ပိုင်နိုင်စွာ ရှင်းပြနိုင်ခြင်း
၂) မိမိ၏ အသံအနေအထား ကြည်လင်ပြတ်သားမှု၊ ရှင်းလင်းမှု ရှိခြင်း
၃) မိမိ ပြောပြချင်သော အကြောင်းအရာအား ထိထိမိမိ ပြောပြနိုင်ခြင်း
၄) မိမိ၏ စာဖတ်စွမ်းရည် မြန်လွန်းနေခြင်း၊ နှေးလွန်းနေခြင်း
၅) ပြန်လည်ရှင်းပြလိုသောအရာများအား မိမိကိုယ်တိုင် သေချာစွာ နားလည်သဘောပေါက်ရန်အတွက်လည်း လိုအပ်သည့်အပြင်
၆) Presentation Slides ကို ပြသရုံမဟုတ်ပဲ ကျွန်မတို့ရဲ့ အသိပညာ၊ အတွေ့အကြုံ၊ နားလည်သမျှကို ထပ်တူနားလည်စေရန် ပြန်လည်ဝေမျှနိုင်ရန်အတွက်လည်း ထည့်သွင်းစဉ်းစားရပါမယ်ရှင့်။

နောက်ဆုံးအနေနဲ့ကတော့

Success is directly related to the time and effort spent on preparation, knowledge of the subject and self confidence !
ဆိုတဲ့အတိုင်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရင်း ပိုမို ကောင်းမွန်သော Presentation ဖြစ်စေရန်အတွက် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်၊ အရည်အချင်းများဖြင့် အသိပညာ များကို အခါအခွင့်ရနေချိန်တိုင်း ပြန်လည်ဝေမျှ ကြရအောင်လားရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *