System

How to install NPM ( Node.js Package Manager )

ကျွန်တော့်နာမည် ကိုဌေးမင်းခေါင် ဖြစ်ပါသည်။
ယခု Spiceworks Myanmar ကုမ္ပဏီတွင် Web Developer အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ယနေ့ ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာကတော့ NPM (Node.js Package Manager) အကြောင်းလေးပါ။ NPM ကတော့ JavaScript Library, Templates တွေကို ပြန်လည်မျှဝေခြင်း၊ ပြန်လည်အသုံးပြုခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ထို့အတူ Code များကို Update လည်း အလွယ်တကူ လုပ်ဆောင်နိုင်ပါသေးသည်။

npm ကို Node.js ဖြင့် install လုပ်ရပါမယ်။ Get NPM တွင် Node ကို Download ဆွဲရပါမယ်။


အကယ်၍ Node.js ကို သွင်းပြီးပါက Command Prompt မှာ ရိုက်ကြည့်ပါ။ Node Version ပေါ်လာရင် အဆင်ပြေပါပြီ။

NPM ဟာ Node.js ကနေ ခွဲထွက်ထားတဲ့ Project တစ်ခုဖြစ်ပြီး ခဏခဏ Update လုပ်ဖို့ လိုမည် ဖြစ်ပါသည်။ Update လုပ်ဖို့အတွက် NPM ကနေ Command ကို Run ပေးရုံပါဘဲ။

NPM တွင် မိမိအသုံးပြုလိုသည့် JavaScript Library ကို Search Box တွင် ရှာနိုင်မည် ဖြစ်ပါတယ်။

Search Results တွေထဲမှ မိမိ အသုံးပြုလိုသည့် JavaScript Library ကို Project ထဲ Install လုပ်မယ်ဆိုရင် –

  • 1st Step ( Version ကို သွားပါမယ် )
  • 2nd Step ( Command ကို ကူးပါမယ် )

Command ကို ကူးပြီးပါက Command Prompt ကို ဖွင့်ပါ။ Command Directory ကို မိမိ install လုပ်မည့် Project Folder ဆီသို့ သွားထားပါမယ်။ ပြီးရင် ကူးထားတဲ့ NPM Install Command ကို Paste လုပ်လိုက်မယ်ဆိုရင် သင့် Project Folder ထဲသို့ JavaScript Library ကို install လုပ်သွားမည် ဖြစ်ပါတယ်။

အထက်ပါ မျှဝေပေးခဲ့တာကတော့ NPM ကို အသုံးပြုပြီး မိမိ Project တွင် လိုအပ်မည့် JavaScript Library ကို install လုပ်ခြင်းဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူရိုးရှင်းပြီး မြန်လည်း မြန်ဆန်ပါတယ်။ အားလုံးဘဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဤ Post ကို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *