Life Style Others

Social Media Platform ပေါ်မှ ပိုက်ဆံရှာခြင်း

အားလုံးပဲ မင်္ဂလာပါခင်ဗျ။
ကျွန်တော်ကတော့ Spiceworks Myanmar တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဌေးမင်းခေါင် ဖြစ်ပါတယ်။ ယနေ့မှာတော့ Social Media Platform ပေါ်မှ ပိုက်ဆံရှာခြင်း အကြောင်းအရာဖြင့် ကျွန်တော်လေ့လာမိသလောက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း Social Platform ကနေ Professional အနေနဲ့ အလုပ်လုပ်လာတဲ့ vlogger တွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါမယ်။ Facebook, Youtuber, Tit Tok, IG (Instagram) ကနေ vlogger, beauty blogger တွေအနေနဲ့ လုပ်လာတဲ့လူတွေ ပိုမိုများပြားလာတာ တွေ့ရပါမယ်။ လူငယ်တွေကြားမှာလည်း Game Streamer များဟာ social Media Platform တွေကိုအသုံးပြုပြီး ပိုမို Live လွှင့်လာပါတယ်။

Facebook Platform
ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုနေတဲ့ Social Media Platform တွေထဲမှ တစ်ခုဖြစ်တဲ့ Facebook Platform ကို ပြောပြပေးသွားပါမယ်။ Facebook Platform ပေါ်ရှိ ကြော်ငြာထည့်တဲ့အပိုင်းမှာ In-Stream Ads ( Video ထဲမှာ ကြော်ငြာထည့်ခြင်း ) နဲ့ Facebook Stars အပိုင်းနှစ်ခုကို ပြောပြချင်ပါတယ်။

In-Stream Ads ( Stream Video ထဲမှာ ကြော်ငြာထည့်သွင်းခြင်း )
Stream Video ထဲမှာ Facebook ကြော်ငြာကို ထည့်မယ်ဆို Pre-roll ads, Mid-roll ads နဲ့ Image ads ဆိုပြီး ရှိပါမယ်။

Pre-roll ads ကတော့ များသောအားဖြင့် video လာပြီး သိပ်မကြာခင်မှာ ပြလေ့ ရှိပါတယ်။ ယနေ့ မြင်ရတာ များသော ပုံစံမျိုး ဖြစ်ပါတယ်။ အောက်ကပုံလိုမျိုး ကြော်ငြာတက်လာပါတယ်။

Mid-roll ads ကတော့ Video ကို ခဏ ရပ်ချလိုက်ပြီး ကြော်ငြာပြပြီးမှသာ ဆက်ပြမှာ ဖြစ်ပါတယ်။ အောက်ကပုံလိုမျိုး ကြော်ငြာတက်လာပါတယ်။

Image ads ကတော့ Video အောက်မှာ ကြော်ငြာ ထည့်ခြင်း ဖြစ်ပါတယ်။ ယနေ့ video များမှာ ကြော်ငြာကြည့်ပြီးလျှင် အောက်မှာ ပြလေ့ ရှိပါတယ်။ အောက်ကပုံလိုမျိုး ဖြစ်ပါတယ်။

In-Stream Ads ထည့်ဖို့အတွက် Follower 10,000 အထက် ရှိရပါမယ်။ လွန်ခဲ့သော ရက် (၆၀) မှာ ကြည့်ရှုခဲ့တဲ့ video minute (၆၀၀,၀၀၀) ရှိရပါမယ်။ Crossposted, Boosted နဲ့ Paid Watch Time တွေ ထည့်မတွက်ပါဘူး။

Live Video မှာ in-ads ထည့်မယ်ဆိုလျှင် Live Video မိနစ်ပေါင်း (၆)သိန်းမှာ ကြည့်ရှုသည့် မိနစ်ပေါင်း ၆သောင်း ရှိနေရပါမယ်။ Page မှာ ဗီဒီယို (၅) ခု active ဖြစ်နေရပါမယ်။ အနည်းဆုံး သုံးခုက Live video ဖြစ်ရပါမယ်။ Crossposted Video တွေ မဖြစ်ရပါဘူး။ Crossposted ဆိုတာ video တစ်ခုကိုဘဲ အခြား Page (သို့) တစ် Page တည်းမှာဘဲ တစ်ကြိမ်ထက်ပို upload လုပ်တာကို ဆိုလိုပါတယ်။

Facebook Stars
Video အောက်မှာ Send Star ဆိုတဲ့ ခလုတ်ကနေလည်း Video Uploader တွေက ပိုက်ဆံရပါတယ်။ Star တစ်ခုချင်းစီအတွက် facebook က streamer ကို 0.01 USD ပေးပါတယ်။ တချို့နိုင်ငံတွေကတော့ star ပို့လို့ ရမှာ မဟုတ်ပါဘူး ( Crimea, Cuba, Iran, North Korea, Russia, South Korea, Syria )။ Mobile Platform ဖြစ်တဲ့ iOS, Android မှာဆိုလျှင်တော့ Facebook က Mobile Payment Charge Fees အနေနဲ့ (၃၀) ရာခိုင်နှုန်း ကောက်ပါတယ်။ Web (Browser) Platform မှာတော့ Facebook က Fee မယူပါဘူး။ အောက်က ပုံလိုမျိုး Send Stars… ဆိုပြီး ခလုတ်လေးကနေ Streamer ကို sponsor ပေးတဲ့ ပုံစံမျိုးပါ။

Facebook Stars လို့ ထည့်တဲ့အခါ တချို့က Star Goal ကို ထည့်ကြပါတယ်။ ထည့်တဲ့ video ဆို ညာဘက်လို progress bar လေးနဲ့ ပေါ်ပေးပါတယ်။

Youtube Platform
အခုနောက်ပိုင်း Youtuber ဆိုတဲ့ စကားလုံးက တော်တော်လေး ခေတ်စားလာတာ တွေ့မိမှာပါ။ Youtuber ဆိုတာကတော့ Stream Video, Travel Video (သို့) Viewer တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို တင်ဆက်ပြသပြီး Youtube Ads ကနေ ဝင်ငွေပြန်ရတဲ့ Professional အလုပ်အထိသွားနိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ Video View အရေအတွက်တွေ၊ Youtube Ads တွေကနေတစ်ဆင့် Streamer တွေကို Youtube ကနေ Support ပြန်ပေးပါတယ်။

Ads on live streams
Stream Video, Live Video တွေထဲမှာ Youtube Ads ကို ထည့်တာမျိုး ဖြစ်ပါတယ်။ သူလည်းပဲ Skippable ads, Non-skippable ads နဲ့ Bumper ads ဆိုပြီး ရှိပါမယ်။
Skippable ads ကတော့ (၆) မိနစ်လောက် ကြာတတ်ပြီး (၅) စက္ကန့်လောက် ပြပြီးလျှင် ဆက်မကြည့်တော့ဘူးဆို skip ဆိုတဲ့ ခလုတ်လေး ညာဘက်အောက်မှာ ပေါ်လာပြီး skip လုပ်လို့ ရပါတယ်။ အောက်ကပုံလိုမျိုး ဖြစ်ပါတယ်။

Non-skippable ads ကတော့ (၁၅) စက္ကန့်လောက်ထိ ကြာတတ်ပြီး skip ကျော်လို့ မရပါဘူး။ များသောအားဖြင့် video အစမှာ ထည့်လေ့ရှိပါတယ်။ ပေါ်တာကတော့ အောက်ကပုံလိုမျိုး ဖြစ်ပါတယ်။

Bumper ads ကလည်း (၆) စက္ကန့်လောက် အထိကြာပါတယ်။ သူလည်း ကျော်လို့ မရပါဘူး။ ပေါ်တာကတော့ အောက်ကပုံလိုမျိုး ဖြစ်ပါတယ်။

About Youtube Ads
Youtube ကြော်ငြာအကြောင်း အနည်းငယ် လေ့လာမိသလောက် တင်ပြချင်ပါတယ်။ Youtube Ads ကနေ ပိုက်ဆံရယူဖို့ဆို YouTube Partner Program (YPP) ကို join ရပါမယ်။ လွန်ခဲ့သော (၁၂) လအတွင်း ကြည့်ရှုသူ (၄,၀၀၀) ရှိရပါမယ်။ Channel ကို subscribe လုပ်သူ အနည်းဆုံး (၁,၀၀၀) ရှိရပါမယ်။ Google AdSense Account ဖွင့်ထားရပါမယ်။ YouTube Partner Program အကောင့် ဖွင့်ပြီးလျှင် ရက် (၃၀) ခန့် Youtube က verify လုပ်ဖို့ ကြာတတ်ပါတယ်။ ကြော်ငြာကနေ Youtube က (၄၅) ရာခိုင်နှုန်း ဖြတ်ပြီး streamer က (၅၅) ရာခိုင်နှုန်းရပါတယ်။ သန်း (၅၀) အထက်ရှိသော Youtube Premium Users တွေက ကြည့်မယ်ဆို ကြော်ငြာကနေ ပိုက်ဆံရမှာ မဟုတ်ဘဲ Premium User ဘယ်လောက်က ကြည့်တဲ့အပေါ် မူတည်ပြီး ရမှာပါ။

Youtube Video View အရေအတွက်ကနေ ပိုက်ဆံ ဘယ်လောက်လောက်ရလဲ။
ကြည့်ရှုသူ (၁,၀၀၀) ဆိုလျှင် (၂) ဒေါ်လာကနေ (၁၂) ဒေါ်လာအထိ ရပါတယ်။ ဒါက user က Ads Blocker ကို မသုံးဘဲ ကြော်ငြာကြည့်မှ ပေးတာပါ။ CPM Cost per Thousands Views လို့လည်း ခေါ်ပါတယ်။ ကြည့်ရှုသူ (၁၀,၀၀၀) ဆို ဒေါ်လာ (၁၂၀) ကနေ (၈၀၀) အထိ ရပါတယ်။ ကြည့်ရှုသူ ၁ သန်းဆိုလျှင် (၁,၂၀၀) ကနေ (၆,၀၀၀) အထိ ရပါတယ်။ အပေါ်ကဟာတွေက video တစ်ခုကနေ ကြည့်ရှုသူ အရေအတွက်ပေါ်မူတည်ပြီး ရပါတယ်။

နောက်တစ်ခုကတော့ Youtube Channel မှာ Join ဆိုပြီး membership လုပ်လို့ ရပါတယ်။ Join Button ထည့်မယ်ဆို Channel က follower (၃၀,၀၀၀) ရှိရပါမယ်။ Gaming Channel ဆို (၁,၀၀၀) ရှိရပါမယ်။ Youtube က (၃၀) ရာခိုင်နှုန်း ယူပြီး streamer ကို ၇၀ ရာခိုင်နှုန်းပေးပါမယ်။ Fees ကိုတော့ streamer က ကိုယ်ကြိုက်သလို သတ်မှတ်လို့ ရပါတယ်။ အောက်ပုံလိုမျိုး ဖြစ်ပါတယ်။

အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ နောက်ပိုင်းများမှာလည်း Tit Tok, IG (Instagram) နဲ့ Game Streamer တွေ ဘယ်လိုမျိုး Income ရလဲဆိုတာ တင်ပြပေးသွားပါမယ်။ ဆက်လက် ဖတ်ရှုပေးဖို့ကိုလည်း ဖိတ်ခေါ်ပါတယ် ခင်ဗျ။

Ref:
https://www.facebook.com/business/help/903272529876480?id=648321075955172
https://www.facebook.com/business/learn/lessons/earn-money-in-stream-ads-videos
https://www.thinkific.com/blog/youtube-money-per-view/#does
https://youtubedownload.minitool.com/youtube/youtube-join-button.html

Hello

Leave a Reply

Your email address will not be published. Required fields are marked *