Life Style Others

How to make self-care

အားလုံးပဲ မင်္ဂလာပါရှင်။

ညီမကတော့ Spiceworks Myanmar မှာ Backend developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မသဲစုလွင်ဖြစ်ပါတယ်။ ဒီတစ်ခါမှာ ညီမပြောပြချင်တဲ့အကြောင်းအရာလေးကတော့ မိမိကိုယ်ကို ဂရုစိုက်ဖို့အတွက်နည်းလမ်းတွေ၊ မိမိကိုယ်ကို ဂရုစိုက်ခြင်းကနေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေအကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။ စာဖတ်သူများမပျင်းရိစေဖို့အတွက် အမေးအဖြေပုံစံလေးနဲ့ ရေးသားထားပါတယ်ရှင့်။

မေးခွန်း။ ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုတာကဘာပါလဲ။

အဖြေ။ ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့အတွက် လုပ်ဆောင်တဲ့ အပြုအမူတိုင်း လုပ်ဆောင်ချက်တိုင်းကို ဆိုလိုတာဖြစ််ပါတယ်။ လူတစ်ယောက်နှင့်တစ်ယောက် မတူညီတဲ့အတွက် ဂရုစိုက်ခြင်းနည်းလမ်းတွေကလည်း ကွာခြားနိုင်ပါတယ်။ ပုံသေသတ်မှတ်ထားတာမျိုးမရှိဘဲ မိမိကိုယ်ကို စိတ်ချမ်းသာ၊ ကျန်းမာအောင်လုပ်ဆောင်ပြီး ဂရုစိုက်နိုင်ပါတယ်။

မေးခွန်း။ ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းရဲ့အကျိုးကျေးဇူးတွေက ဘာတွေပါလဲ။

အဖြေ။ ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသုခရရှိခြင်း၊ စိတ်ဖိစီးမှုကို ထိန်းညှိလာနိုင်ခြင်း၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်သော ရောဂါလက္ခဏာများ ဖြစ်နိုင်ခြေနည်းခြင်း၊ အသက်ပိုရှည်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

မေးခွန်း။ ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းပုံစံ ဘယ်နှစ်မျိုးရှိပါသလဲ။

အဖြေ။ ။ ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်။ Emotional Self-care (စိတ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ဂရုစိုက်ခြင်း) နှင့် Physical Self-care (ရုပ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ဂရုစိုက်ခြင်း) တို့ဖြစ်ပါတယ်။ 

မေးခွန်း။ ။ Emotional Self-care (စိတ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ဂရုစိုက်ခြင်း)အတွက် နည်းလမ်းတွေက ဘာတွေပါလဲ။

အဖြေ။ ။ ပထမပြောပြခဲ့သည့်အတိုင်း ပုံသေသတ်မှတ်ချက်များမရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ မိမိကိုယ်ကိုဂရုစိုက်ခြင်းနည်းလမ်း များစွာရှိပါတယ်။ ထိုအထဲကနေမှ ‌တချို့သောနည်းလမ်းများကို ကောက်နုတ်ဖော်ပြထားပါတယ်။ ၎င်းတို့မှာ မိမိနှင့်ရင်းနှီးသောသူ (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်းများနှင့်စကားပြောခြင်း၊ စိတ်ဖိစီးမှုဖြစ်စေသော အရာများကို ငြင်းဆိုခြင်း၊ ခေတ္တအနားယူရန်အတွက် သင့်ကိုယ်သင် ခွင့်ပြုချက်ပေးခြင်း၊ ကြိုက်နှစ်သက်ရာ ဝါသနာများကို လုပ်ဆောင်ခြင်း၊ အကောင်းမြင်တတ်ခြင်းနှင့် အကူအညီလိုအပ်တဲ့အခါမှာ တခြားသူများဆီကနေ အကူအညီတောင်းခံခြင်းတို့ဖြစ်ပါတယ်။

မေးခွန်း။ ။ Physical Self-care (ရုပ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ဂရုစိုက်ခြင်း)အတွက် နည်းလမ်းတွေက ဘာတွေပါလဲ။

အဖြေ။ ။ ရုပ်ပိုင်းဆိုင်ရာ မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများထဲမှ တချို့သောနည်းလမ်းများကို ကောက်နုတ်ဖော်ပြထားပါတယ်။ ၎င်းတို့မှာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပုံမှန်စားသောက်ခြင်း၊ ရေများများသောက်ခြင်း၊ တစ်ရက်တာတွင်လိုအပ်သော အိပ်ချိန်ပြည့်‌ဝအောင် အိပ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာများကို တတ်နိုင်သလောက် ရှောင်ကြဉ်ခြင်း နှင့် နှစ်စဥ် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။

မေးခွန်း။ ။ မိမိကိုယ်ကို ဂရုစိုက်မှုကို ဘယ်လိုမျိုး စတင်လို့ရပါသလဲ။

အဖြေ။ ။ ပထမဦးစွာ မည်သည့်လှုပ်ရှားမှုများက သင့်ကို ပျော်ရွှင်စေသလဲ၊ သင့်စွမ်းအင်ပြည့်ဝလာဖို့အတွက် ဘာတွေ ပြုလုပ်ရန်လိုအပ်သလဲ ဆုံးဖြတ်ပါ။ မိမိကိုယ်ကို ဂရုစိုက်မှုစတင်ဖို့အတွက် လှုပ်ရှားမှုအသေးလေးတွေ ဖြစ်သော အိပ်ချိန်မှန်အောင်အိပ်ခြင်း၊ မနက်စာပုံမှန်စားခြင်းတို့ကနေ စတင်လိုက်ပါ။ ထိုလှုပ်ရှားမှုကို တစ်ပတ်လုံး မပျက်မကွက်လုပ်ဆောင်ပါ။ ထိုနောက် မိမိကိုယ်ကို ဂရုစိုက်ခဲ့ခြင်းကနေ ရရှိခဲ့သည့်အကျိုးကျေးဇူးများကို ပြန်လည်သုံးသပ်ပါ။ နောက်ထပ် ဂရုစိုက်ခြင်းနည်းလမ်းများကို ထပ်တိုးပြီးလုပ်ဆောင်သွားပါ။ ထိုနည်းအတိုင်း မိမိကိုယ်ကို ‌ဂရုစိုက်ခြင်းအလေ့အကျင့်ကိုမွေးမြူသွားပြီး ဆက်လက်လုပ်ဆောင်သွားရပါမယ်။

နိဂုံးချုပ်အနေဖြင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် နေ့စဉ်လုပ်ဆောင်ရမည့် အရေးကြီးသော လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းက ရေရှည်တွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင်နေထိုင်မှုအတွက် များစွာအထောက်အကူပြုပါတယ်။ အသက်ရှင်နေထိုင်ဖို့အတွက် အလုပ်လုပ်နေတာလား၊ အလုပ်လုပ်ဖို့အတွက် အသက်ရှင်နေတာလားဆိုတာ အမြဲတမ်းသတိကပ်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့အတွက် မမေ့လျော့ကြဖို့ ပြောရင်းနိဂုံးချုပ်လိုက်ပါရစေ။ စာဖတ်သူများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *