Coding System

How to merge wordpress sites

အားလုံးပဲ မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar မှာ Backend developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မသဲစုလွင်ဖြစ်ပါတယ်။ ဒီတစ်ခါမှာ ညီမပြောပြချင်တဲ့အကြောင်းအရာလေးကတော့ WordPress sites တွေကို အလွယ်တကူ Merge လုပ်လို့ရတဲ့နည်းလမ်းဖြစ်ပါတယ်ရှင့်။

Step 1: Export Your WordPress Content as an XML File

ပထမဆုံးအနေနဲ့ ညီမတို့ Merge လုပ်ချင်သော WordPress site content များကို xml file ထုတ်ပါမယ်။ ထိုလုပ်ဆောင်မှုကို ပြုလုပ်ရန်အတွက် WordPress dashboard ၏ Tools ထဲမှ Export ကိုနှိပ်လိုက်ပါမယ်။ ထို့နောက် Export ထုတ်ချင်သော Content options များကိုရွေးချယ်နိုင်ပါသည်။ ညီမကတော့ Contents အကုန်လုံးကို Export ထုတ်ချင်တာဖြစ်တဲ့အတွက် အောက်တွင်ပြထားသည့်အတိုင်း All contents ကိုရွေးပြီး Download export file ကိုနှိပ်လိုက်ပါမယ်။

Step 2: Import Your WordPress Content to Your New Blog

Step 1 မှာ Export ထုတ်ထားသော xml file ကို တခြား WordPress site တစ်ခုမှာ Import လုပ်သွားမှာဖြစ်ပါတယ်။ ထို့ကြောင့် ညီမတို့ Import လုပ်ချင်သော WordPress site ၏ Tools ထဲမှ Import ကိုနှိပ်လိုက်ပါမယ်။ ထို့နောက် WordPress ခေါင်းစဥ််အောက်တွင်ရှိသော Run importer ကိုနှိပ်လိုက်ပါမယ်။ အောက်ပါအတိုင်း တွေ့ရပါမည်။

ဆက်လက်ပြီး Import လုပ်ရန်အတွက် Choose file မှတဆင့် ညီမတို့ Export ထုတ်ထားသော xml file ကိုရွေးပြီး Upload file and import ကိုနှိပ်လိုက်ပါမယ်။

Step 3 : Assign Your Imported Content to a User

နောက်ဆုံးအဆင့်အနေနဲ့ Export file တွင်ပါသော Content များအား User များနှင့် Assign လုပ်ပါမယ်။ ထိုနေရာတွင် User အသစ်ကို Create လုပ်ပြီး Assign သတ်မှတ်လို့လည်းရပါတယ်။ ညီမကတော့ ရှိပြီးသား User နဲ့ပဲ Assign လုပ်လိုက်မှာဖြစ်တဲ့အတွက် အောက်ပါအတိုင်းရွေးချယ်ပြီး Submit ကိုနှိပ်လိုက်လျှင် WordPress sites နှစ်ခု၏ Content များပေါင်းပြီးသားဖြစ်ပါပြီ။

အခုပြောပြခဲ့တဲ့နည်းလမ်း‌ကတော့ WordPress site များကိုအလွယ်တကူ Merge လုပ်လို့ရတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးခဲ့သော စာဖတ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ စာဖတ်သူများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *