Life Style

How to Overcome Mental Disorder

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar မှာ Administrative Assistant အနေနဲ့ တာဝန်ယူလုပ်ကိုင်နေတဲ့ မလဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု (Mental Disorder) ဘာကြောင့် ဖြစ်ရလဲ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု ဖြစ်နေလားဆိုတာ ဘယ်လို သိနိုင်မလဲ၊ ဖြစ်လာခဲ့ရင် ဘယ်လို ကောင်းမွန်အောင် ကုသဖြေရှင်းလို့ရမလဲဆိုတာကို How to Overcome Mental Disorder ခေါင်းစဥ်အောက်ကနေ ဝေမျှပေးချင်ပါတယ်။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျွန်မတို့ အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာနေမှသာ စိတ်သွားတိုင်းကိုယ်ပါပြီး ဘယ်အရာမဆို လုပ်နိုင်၊ စားနိုင်၊ သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ကျန်းမာခြင်းလို့ ပြောလိုက်ရင် အခြေခံအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း နှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းဟူ၍ အခြေခံအားဖြင့် (၂) မျိုး ရှိပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းမှာတော့ ကျွန်မတို့အားလုံး မိမိတို့ ခန္ဓာကိုယ် နေသာ ထိုင်သာမရှိတဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေမျိုးတွေမှာ၊ ဖျားနာနေတဲ့အခြေအနေမျိုးတွေမှာ၊ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေမျိုး စတဲ့ နေသာထိုင်သာ မရှိတဲ့ အချိန်မျိုးတွေမှာ ‌လိုအပ်တဲ့ ဆေးတွေသောက်ကြရတယ်။ ဆရာဝန်နဲ့ ပြ၍ ကုသမှုတွေ လုပ်ကြရတယ်။ လိုအပ်တဲ့ အစားအစာတွေ စားကြတယ်။ လေ့ကျင့်ခန်းတွေလုပ်ကြကာ ကျွန်မတို့၏ ခန္ဓာကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ထိန်းသိမ်းနေထိုင်ခြင်းဖြစ်ပါတယ်။
ထို့အတူပင် ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။ စိတ်ကျန်းမာခြင်းလို့ ပြောလိုက်ရင် ကျွန်မတို့ အားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုကို အနည်းအများတော့ ခံစားနေကြတာ တွေ့ရပါတယ်။ တချို့ကတော့ မွေးရာပါ စိတ်မကျန်းမာမှုရောဂါတွေ ပါလာတတ်ပါတယ်။ ကျွန်မတို့ ဘေးပတ်ဝန်းကျင်၊ မိသားစု၊ အလုပ်၊ လူမှု‌ရေး စတဲ့ အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ ပူပန်သောက၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာမျိုး စတဲ့ အပျက်သဘောဆောင်တဲ့ဘက်ကို ခံစားလာရတဲ့ ခံစားချက်တွေကလည်း စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု၏ လက္ခဏာရပ်တွေပဲဖြစ်တဲ့အတွက်ကြောင့် ဒီလိုခံစားနေရတာကနေ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုဖြစ်စေတဲ့အရာတွေကနေ ဂရုစိုက်ပြုပြင်နေထိုင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ ခန္ဓာကိုယ် ကျန်းမာနေဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့လည်း အရေးကြီးပါတယ်။
ယခုခေတ်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်လို့ ဂရုစိုက်မှု ပို၍ အလေးထားလာကြတာ တွေ့ရပါတယ်။ အသိဥာဏ်ပျောက်နေမှ၊ အသက်အရွယ်မရွေး စိတ်ကျန်းမာရေးမကောင်းတာ မဟုတ်ပါဘူး။ ကျွန်မတို့ နေ့တိုင်း ပုံမှန် လှုပ်ရှားနေနိုင်တယ်ဆိုတိုင်း ကျန်းမာနေတာမဟုတ်ပါဘူး။ နေ့တိုင်း ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်၊ အလုပ်၊ လူမှုရေး၊ စီးပွားရေး ပြဿနာတွေ အဆင်မပြေမှုတွေ စိတ်တိုင်းမကျတဲ့ အခြေအနေမျိုး၊ တစ်ခါတစ်ရံမှာ ကျွန်မတို့ ကိုယ်တိုင်တောင်မသိလိုက်တဲ့အခါတွေမှာ စိတ်ဓာတ်ကျနေတာဖြစ်ဖြစ်၊ ပူပန်သောကရောက်နေတာပဲဖြစ်ဖြစ် ဒီလိုတွေ ခံစားနေရပြီဆိုရင် စိတ်ကျန်းမာမှု အားနည်းနေခြင်းပဲဖြစ်တယ်။ ထို့ကြောင့် ကျွန်မတို့ ခန္ဓာကိုယ် မကျန်းမာမှုဖြစ်ရင် ကုသမှု လုပ်ကြသလို ကျွန်မတို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု ဖြစ်နေပြီဆိုရင်လည်း ကုသမှု လုပ်ဖို့ လိုပါတယ်။ ဒီလို ကုသနိုင်ဖို့ ဆိုရင်လည်း မိမိတို့က မိမိကိုယ်ကို ဘာကြောင့် ဒီလို စိတ်ဖိစီးမှုဖြစ်တာလဲဆိုတာ အဖြေရှာဖို့ လိုအပ်ပါတယ်။
ထို့ကြောင့် ကျွန်မတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု အားနည်းနေပြီဆိုရင် အရင်ဆုံး ဘယ်လိုသိနိုင်မလဲဆိုတာ သိထားဖို့ လိုပါတယ်။ ကျွန်မတို့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုက ကျွန်မတို့ Physical ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ – ကျွန်မတို့ ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်မယ်။ ဆေးလိမ်းမယ် ဆေးသောက်မယ်ဆိုပေမယ့် မသက်သာတဲ့အခြေအနေမျိုးမှာ မိမိတို့စိတ်မှာ မသက်မသာဖြစ်လာပါမယ်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုမှာ မိမိတို့ physical ပိုင်းကြောင့်လည်း စိတ်မကျန်းမာမှု အစပြုလာပါတယ်။ ဒီလို စိတ်မကျန်းမာမှု ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှု၊ ပူပန်သောကတွေ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှု၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု အတက်အကျတွေ ဆက်တိုက်ခံစားနေရမှု ဖြစ်လာပါမယ်။ ထို့ကြောင့် စိတ်မကျန်းမာမှု ဖြစ်နေလား စိတ်ဖိစီးမှု ကာလရှည်ခံစားနေရပြီလား ဆိုတာ အောက်ပါ လက္ခဏာရပ်တွေကြောင့်လည်း သိနိုင်ပါတယ်။
(၁) Making mistakes in daily activity
ကျွန်မတို့ အရင်က မိမိတို့ စိတ်ဝင်စားတဲ့အရာတွေ လုပ်နေရင်တောင် လုပ်ဆောင်မှုတွေမှာ အမှားတွေပဲ ထပ်ခါထပ်ခါ လုပ်မိနေမယ်၊ ဘေးပတ်ဝန်းကျင်နဲ့ ဆန့်ကျင်ပြီး မိမိကိုယ်ကို စိတ်တိုလိုက်၊ ‌ဒေါသထွက်လိုက် အလိုမကျလိုက် ဖြစ်နေမယ်၊ စိတ်ဝင်စားမှု နည်းနေမယ်၊ အာရုံစူးစိုက်မှုမရတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်ပါမယ်။
(၂) Tired & Pain
ကျွန်မတို့ နေ့တိုင်း လုပ်နေကျ လုပ်ဆောင်မှုတွေကိုတောင် လုပ်ဆောင်ဖို့ ပျင်းရိနေမယ်၊ အမြဲ ပင်ပန်းနွမ်းနယ်လို့ အနားယူပြီးတာတောင် ဆက်ပြီး လေးလံထိုင်းမှိုင်းပြီး အမြဲပင်ပန်းနွမ်းနယ်နေမယ်။ ‌ဒီလို ကျွန်မတို့ ဖြစ်နေပြီဆိုရင် အစားအသောက်တွေ ပျက်လာမယ်။ အစားအသောက်တွေ ပျက်လာပြီး ကိုယ်ကြိုက်တဲ့ အစားအစာတွေစားနေရင်း စားချင်စိတ်မရှိဖြစ်နေမယ်ဆိုရင် ကျွန်မတို့ ခန္ဓာကိုယ် အလေးချိန်တွေကျလာပါမယ်။
(၃) Trouble getting to sleep & Restless
ကျွန်မတို့ အိပ်စက်ဖို့ ခက်ခဲတဲ့အခြေအနေတွေ၊ ပုံမှန်အိပ်စက်ချိန်ထက် ပိုအိပ်မိနေမယ်၊ ညတွေ အိပ်မပျော်တဲ့အခြေအနေတွေ၊ အိပ်ချိန်မမှန်တာတွေ ဖြစ်နေမယ်၊ မိမိတို့ အတွေးတွေက ဂနာမငြိမ် ရောက်တတ်ရာရာ အတွေးတွေ ‌တွေးမိနေမယ်၊ အမြဲ အတွေးလွန်နေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ အားနည်းလာပြီး ဝမ်းနည်းအထီးကျန်သလို ခံစားနေရပြီဆိုရင် ကျွန်မတို့ စိတ်ကျန်းမာမှု အားနည်းနေကြောင်း သိနိုင်ပါတယ်။ အထက်ပါ လက္ခဏာရပ်တွေကို မိမိတို့ တစ်ရက်နှစ်ရက် ခံစားနေရင်တော့ စိတ်ပိုင်းဆိုင်ရာမကျန်းမာမှု အစပြုနေပါပြီ။ ဒီထက်ပိုကြာရှည်တဲ့ အချိန် တစ်ပတ် နှစ်ပတ်ခန့် ခံစားနေရရင်တော့ မိမိကိုယ်ကို ပြန်လည် ထိန်းသိမ်းဂရုစိုက်ရင် ကောင်းမွန် လာနိုင်ပါတယ်။ ထို့ပြင် မိမိစိတ်မကျန်းမာမှု ဖြစ်နေကြောင်း ဒီထက်ပိုသိနိုင်မယ့် တခြားသော လက္ခဏာရပ်တွေကတော့
(၁) Headaches & Ringing in the Ears
အထက်ပါ လက္ခဏာရပ်တွေကို ကျွန်မတို့ ခံစားနေရပြီဆိုကတည်းက ကျွန်မတို့ ‌စိတ်ဖိစီးမှုတွေဖြစ်လာမယ်။ စိတ်ဖိစီးမှုတွေ၊ ပူပန်သောကတွေကြောင့် အစားအသောက်ပျက်၊ အအိပ်ပျက် ဖြစ်လာ‌တာကြောင့် အကြောင်းပြချက်မရှိဘဲ အချိန်တိုင်းလိုလို ခေါင်းမူးနေခြင်း၊ ခေါင်းကိုက်နေခြင်း ဖြစ်လာမယ်။ ကျွန်မတို့ ခန္ဓာကိုယ်အလေးချိန်တွေ ကျလာတာကြောင့် ကျွန်မတို့ နား‌ထဲမှာ အသံတွေမြည်လာမယ်။
(၂) Dry Mouth & Visual Distortion
ကျွန်မတို့ ခန္ဓာကိုယ်မကျန်းမာမှုတွေကြောင့်လည်း ကျွန်မတို့ ပါးစပ်တွေ၊ အာခေါင်တွေ ခြောက်သွေ့လာမယ်။ အမြင်အာရုံတွေ မှုန်ဝါးလာမယ်ဆိုရင်တော့ စိတ်မကျန်းမာမှုဖြစ်နေကြောင်း သိနိုင်ပါတယ်။
အထက်ပါလက္ခဏာရပ်တွေ တစ်ခါတစ်ရံဖြစ်ရင် စိုးရိမ်စရာမရှိပေမယ့် ‌ရက်ရှည်ဖြစ်လာရင်တော့ ကျွန်မတို့ ဒီစိတ်ကျန်းမာမှု ဘာကြောင့်ဖြစ်နေလဲဆိုတာ မိမိကိုယ်ကို အရင်သိအောင်လုပ်ပြီး စိတ်ကျန်းမာရေးဆရာတွေနဲ့ ဆွေးနွေးတာဖြစ်ဖြစ်၊ ဆေးသောက်တာဖြစ်ဖြစ် မိမိကိုယ်ကို ပြန်လည်ထိန်းသိမ်းတာပဲဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ စိတ်မကျန်းမာမှု၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကနေ ကျွန်မတို့ ကိုယ်တိုင် ဘယ်လို ကောင်းမွန်လာအောင် လုပ်ဆောင်လို့ရနိုင်မလဲဆိုတာ ကျွန်မက အပိုင်းနှစ်ပိုင်းဖြင့် ခွဲခြားမျှဝေပေးချင်ပါတယ်။
ပထမတစ်ပိုင်းကတော့
Daily Routines
စိတ်မကျန်းမာမှု ဖြစ်နေပြီဆိုရင်တော့ ကျွန်မတို့ တစ်နေ့တာ ဖြတ်သန်းလုပ်ဆောင်မှုတွေမှာ လိုအပ်ချက်တွေ၊ အလုပ်မပြီးမြောက်မှုတွေ အရာရာလစ်ဟင်းလာပြီး ပုံမှန်မဟုတ်တော့တဲ့ အခြေအနေတွေဖြစ်နေတာကြောင့် Daily Routines ကို အရင်ပြုပြင်ပြောင်းလဲ ဂရုစိုက်သင့်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ စိတ်ကျန်းမာနေဖို့ စိတ်ပျော်ရွှင်နေဖို့ဆိုရင် တစ်နေ့တာ နိုးထလာပြီဆိုတာနဲ့ စိတ်လန်းဆန်းပြီး ကြည်ကြည်လင်လင်နဲ့ နိုးထသင့်ပြီးတော့ တစ်နေ့တာ စိတ်ကြည်လင်လန်းဆန်းတည်ငြိမ်နေဖို့ ‌တရားထိုင်ခြင်း၊ မိမိ စိတ်ပျော်ရွှင်စေတဲ့အရာ တစ်ခုခုလုပ်ဆောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ခြင်း၊ လေ့ကျင့်ခန်းတစ်ခုခုလုပ်ခြင်း၊ မိမိတို့ရဲ့ ပန်းပင်တွေကို ရေလောင်းတာဖြစ်ဖြစ်၊ ခြံထဲ လမ်းလျှောက်တာဖြစ်ဖြစ် သဘာဝနဲ့ထိတွေ့ခြင်း၊ မိမိကိုယ်ကို positive ဖြစ်စေမယ့်အတွေးတွေ တွေးတောခြင်း၊ မိမိကိုယ်ကို ကျေးဇူးတင်စကားပြောခြင်း၊ မိမိကိုယ်ကို အလေးထားခြင်း၊ ဂရုစိုက်ခြင်း၊ မိမိသူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးစကားပြောဆိုခြင်း၊ ညအိပ်ခါနီး မိမိအတွေးတွေကိုသတိထားထိန်း၍ အိပ်ရေးဝဝအိပ်စက်ခြင်းစတဲ့ စိတ်ကြည်လင်စေမယ့်အရာတွေ၊ motivation ရစေမယ့်အရာတွေ လုပ်ခြင်း၊ တွေးခြင်းမျိုး လုပ်ဆောင်ကြည့်သင့်ပါတယ်။
ထို့ပြင် ကျွန်မတို့ တစ်နေ့တာမှာ စားဝတ်နေရေးဆိုတဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို အစဉ်အမြဲ လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ ဒါတွေလုပ်ဖို့ အချိန်မရှိဘူး ဆိုရင်တောင် ကျွန်မတို့ အနည်းဆုံး တစ်နေ့တာမှာ ဒီအချက်လေးတွေကို တော့ လုပ်ဆောင်ပြုပြင်သွားကြည့်မယ်ဆိုရင် ကျွန်မတို့ စိတ်မကျန်းမာမှုတွေ သက်သာလာ‌ပါလိမ့်မယ်။
ထို့ပြင် ကျွန်မတို့ တစ်နေ့တာ စားသောက်နေတဲ့ အစားအသောက်တွေမှာလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အစား‌အစာတွေအများကြီးရှိပါတယ်။ ကျွန်မတို့ physical ပိုင်းရော Mental ပိုင်းရော ကျန်းမာနေဖို့ အစားအစာတွေကိုလည်း ဂရုစိုက်ပြီးစားပေးသင့်ပါတယ်။ မိမိတို့နဲ့ကိုက်ညီပြီး မိမိတို့ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့အစားအစာတွေ စားပေးသင့်ပါတယ်။ ဒီအစားအစာတွေထဲမှ ကျွန်မက မိမိတို့ စိတ်မကျန်းမာမှု၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေ လျော့နည်းစေတဲ့ အစားအစာတွေအကြောင်းကိုလည်း မျှဝေပေးချင်ပါတယ်။
အစားအသောက်တိုင်းမှာတော့ ကိုယ်ပိုင် ကောင်းကျိုး၊ ကိုယ်ပိုင် Vitamin တွေ ရှိပြီးသားမို့ ဒီလိုအစားအစာတွေကနေ ကျွန်မတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်နေတဲ့ အစားအစာအချို့ကတော့ အစိမ်းရောင်အသီးအရွက်များ၊ အစေ့အဆန်များ၊ ချဉ်သောအစားအစာများ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ မှို၊ အမဲရောင် ချောကလက် စတဲ့အစားအစာများကို ဦးစားပေး စားပေးခြင်းဖြင့်လည်း ကျွန်မတို့ရဲ့ စိတ်မကျန်းမာမှု၊ စိတ်ဖိစီးမှုကို သက်သာ‌လျော့ကျစေပါတယ်။
ဒုတိယပိုင်းကတော့ တစ်နေ့တာ လုပ်ဆောင်မှုတွေနဲ့ အစားအစာတွေစားပေးခြင်းဖြင့် ရက်တို စိတ်ဖိစီးမှုနှင့် စိတ်မကျန်းမာမှုကို သက်သာလာစေပါတယ်။ ရက်တို စိတ်မကျန်းမာမှုမဟုတ်ဘဲ ရက်ရှည်ခံစားနေရပြီဆိုရင်တော့ အောက်ပါလက္ခဏာတွေကို ကြည့်ခြင်းအားဖြင့်လည်း စိတ်မကျန်းမာမှု ခံစားနေရကြောင်း သိနိုင်ပါတယ်။ ကျွန်မတို့မှာ ‌ရက်ရှည် အတွေးတွေ လွန်နေမယ်။ မတွေးသင့်တဲ့အတွေး၊ ဘာမဟုတ်တဲ့ ကိစ္စအကြောင်းအရာ အသေးလေးတွေကိုတောင် ပုံကြီးချဲ့ အတွေးလွန်နေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု လုံးဝ မရှိတော့ခြင်း၊ အားငယ်လာခြင်း၊ သိမ်ငယ်လာခြင်း၊ ကိုယ်အလေးချိန် အလွန်အကျွံတက်လာခြင်း၊ လျော့ခြင်း၊ သွေးဖိအား အလွန်နည်းခြင်း၊ တိုးခြင်း၊ အစားအလွန်စားခြင်း (သို့မဟုတ်) အစားမစားခြင်း၊ လိုအပ်တဲ့ အိပ်စက်ချိန်ထက်ပိုအိပ်နေခြင်း(သို့မဟုတ်) အိပ်ရေးမဝခြင်း၊ အသက်ရှူရတာ ခက်ခဲလာခြင်း၊ မလိုအပ်ဘဲ ပုံမှန်အခြေအနေမျိုးမှာတောင် သက်ပြင်းချကာ အသက်ရှူနေခြင်း၊ ဘယ်အရာမဆိုအလွန်အကျွံဖြစ်လာခြင်းတို့ ရေရှည်ဖြစ်လာပါက ကျွန်မတို့ စိတ်မကျန်းမာခြင်း၊ စိတ်ဖိစီးခြင်း ရောဂါ ခံစားနေရကြောင်း သိနိုင်ပါတယ်။ ထို့ကြောင့် ထိုလက္ခဏာရပ်တွေ ဖြစ်နေပြီဆိုရင်တော့ ကျွန်မတို့ မိမိကိုယ်ကို ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို အရင် သေချာရှာဖွေ၍ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ လိုအပ်ပါက ဆေးဝါးအကူညီရယူ၍ ကုသခြင်းတို့ ပြုလုပ်ပြီး စိတ်မကျန်းမာမှုကနေ ကောင်းမွန်လာအောင် ကုသနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *