Others

Individual Energy Field

အားလုံးပဲ မင်္ဂလာပါ။

ကျွန်မကတော့ အိဖြိုးမွန် ပါ။ ကျွန်မတို့ Spiceworks Myanmar မှ နည်းပညာပိုင်းဆိုင်ရာနှင့် အခြားအထွေထွေ ဗဟုသုတတွေကို အပတ်စဥ် ရေးသား မျှဝေလျက်ရှိရာ ယခုတစ်ပတ်မှာ ကျွန်မ ပြန်လည်‌မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ “Individual Energy Field” ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ အောက်ပါ အကြောင်းအရာနှင့်သက်ဆိုင်တဲ့ မေးခွန်းများကို လေ့လာကြည့်ပါမယ်။

  • တချို့လူတွေမှာ သူတို့ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်တဲ့ invisible power တွေဘာကြောင့် ရှိနေတာလဲ။ လူတိုင်းမှာ ဒီလို presence မျိုး ဘာကြောင့် မရှိတာလဲ။
  • တချို့လူတွေနဲ့ နီးနီးလေး နေရတာ အဆင်မပြေဖြစ်ပြီး၊ တချို့လူတွေနဲ့ကျ တစ်နေ့လုံး အတူတူနေရတာတောင် သက်တောင့်သက်သာ ရှိနေစေတာ ဘာကြောင့်လဲ။
  • လူတိုင်းမှာ မတူညီတဲ့ energy signature တွေက ဘာကြောင့် ရှိနေကြတာလဲ။

ဥပမာအားဖြင့် ပြောပြရရင် တချို့လူတွေက အခန်းထဲ ဝင်လာတာနဲ့ atmosphere တစ်ခုလုံး ပျော်ရွှင်သွက်လက် သွားတယ်။ တချို့ဆို ဝင်လာတာနဲ့ လေးလံထိုင်းမှိုင်းသွားသလိုမျိုး ခံစားရစေတယ်။ တချို့က ဘာမှမပြောဘဲ တင်းမာမှုတွေ ဖြစ်လာစေတယ်။ တချို့ကျတော့ ငြိမ်းချမ်း၊ အေးချမ်းမှုတွေ ဖန်တီးပေးနိုင်တယ်။ဒါတွေက ဘာကြောင့်လို့ ထင်ပါသလဲ။မေးခွန်းတွေရဲ့ အဖြေအားလုံးက ဒီ Individual Energy Field ထဲမှာပဲ ရှိနေပါတယ်။ လူတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် Energy circle (စွမ်းအင်စက်ဝိုင်း) ရှိကြပါတယ်။ ဒီ energy field က ရှုပ်ထွေးပြီး နက်နဲတဲ့ စနစ်တစ်ခုဖြစ်တာကြောင့် အဓိကအားဖြင့်

  1. Physical Layer
  2. Emotional Layer
  3. Mental Layer
    ဆိုပြီး အလွှာ သုံးလွှာ နဲ့ ဖွဲ့စည်းထားပါတယ်။

 

Physical Layer (ရုပ်ပိုင်းဆိုင်ရာ အလွှာ)

ခန္ဓာကိုယ်၏ တုန့်ပြန်မှုနှင့် သက်ဆိုင်တဲ့ ပထမဆုံး Physical Layer အကြောင်း ပြောပြပါမယ်။ ဒီ Physical Layer က အခြေခံအကျဆုံး အလွှာ ဖြစ်ပါတယ်။ ဒီအပိုင်းကို ရှင်းပြဖို့ ဒီလို တွေးကြည့်လို့ရပါတယ်။ ကျွန်ုပ်တို့ ဘတ်စ်ကားတစ်စီးပေါ်မှာ စီးတဲ့အခါ တခါတလေ ဘေးက ထိုင်ခုံမှာ ဘယ်သူလာထိုင်မလဲဆိုတာပေါ်  မူတည်ပြီး ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က အလိုလို တုန့်ပြန်မှုတွေ လုပ်တတ်ကြပါတယ်။ ဥပမာ လူတစ်ယောက်က ဘေးမှာ ထိုင်လိုက်ပြီဆိုရင်ပဲ သူဆီက ဘာမှမပြောလိုက်သေးဘဲ ကျွန်ုပ်တို့ ခန္ဓာကိုယ်က အလိုလို ရွှေ့သွားတာမျိုး၊ posture ပြောင်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ သူက ထိုင်ကာစမှာ ရုတ်တရက် uncomfortable ဖြစ်သွားတာမျိုးတွေ ရှိတတ်တယ်။ ဒါဟာ Physical Layer ရဲ့ အလုပ်လုပ်ပုံပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း လှုပ်ရှားနေတဲ့ electrons တွေ၊ atoms တွေ၊ molecules တွေ သန်းနဲ့ချီပြီး ရှိနေတယ်။ ဒါတွေက လေးပေလောက် အကွာအဝေးအထိ electromagnetic field တစ်ခုကို ဖန်တီးထားတယ်။ ဒီ field က တခြားလူတွေရဲ့ field တွေနဲ့ interact လုပ်ပြီး တချို့ field တွေက အချင်းချင်း ဆွဲငင်အားရှိတယ်၊ တချို့က တွန်းကန်အား ရှိတယ်။ ထိုအရာတွေကြောင့် လူတစ်ယောက်နဲ့ နီးလာတိုင်း ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က အလိုလို response လုပ်တာဖြစ်ပြီး ဒါကြောင့်ပဲ တချို့လူတွေနဲ့က ပထမဆုံး တွေ့ဆုံရတာနဲ့တင် သက်တောင့်သက်သာ ဖြစ်စေပြီး၊ တချို့လူတွေနဲ့ကျတော့ အဆင်မပြေသလို ခံစားရတာပါ။ ဒါကြောင့်ပဲ တစ်ခါတလေ လူတစ်ယောက်ကို နောက်ကျောကနေ ကြည့်နေတယ်ဆိုရင် သူက မမြင်ပေမယ့်  သူ့ကိုတစ်ယောက်ယောက်က ကြည့်နေသလိုမျိုး ခံစားမိသွားစေတာပါ။ ဒါမှမဟုတ် ကျွန်ုပ်တို့ကို တစ်ယောက်ယောက်က စိတ်ထဲကနေ အာရုံစိုက်နေရင် သိလိုက်မိတာမျိုးကိုလည်း ဆိုလိုခြင်း ဖြစ်ပါတယ်။

 

Emotional Layer (စိတ်ခံစားမှု အလွှာ)

ဒီအလွှာမှာတော့ စိတ်ခံစားမှုများ ကူးစက်စေပြီး Physical Layer နောက်မှာ ပိုပြီးနက်နဲတဲ့ Emotional Layer ရှိပြီး ဒီအလွှာက ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေ၊ စိတ်ခံစားမှုတွေနဲ့ သက်ဆိုင်ပါတယ်။ တခြားသူတွေရဲ့ ခံစားချက်တွေက မိမိဆီ ဘာကြောင့် ကူးလာရတာလဲ။ ဘယ်လို အလုပ်လုပ်လဲ။ ဒီ Emotional Layer က အထူးသဖြင့် sensitive ဖြစ်တဲ့သူတွေမှာ ပိုပြီး သိသာပါတယ်။ တချို့လူတွေက အိမ်ထဲဝင်သွားတာနဲ့ ဒီအိမ်မှာ ခုနက ရန်ဖြစ်သွားတယ်ဆိုတာ ချက်ချင်း ခံစားမိသလိုမျိုး တချို့ကတော့ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူဘာတွေ ခံစားနေရလဲ သိကြပါတယ်။ အဲ့လို လူတွေကို empaths လို့  ခေါ်နိုင်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက ဒီလို sensitivity က ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။ Negative emotions တွေကို လွယ်လွယ်ကူကူ စုပ်ယူမိတဲ့အခါ ကိုယ်တိုင်လည်း emotional exhaustion ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ emotional boundaries တွေကို ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

 

Mental Layer (စိတ်ပိုင်းဆိုင်ရာ အလွှာ)

စိတ်အာရုံ၏ အင်အားနဲ့ ပတ်သက်လို့ ဆက်လက်လေ့လာကြည့်ပါမယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ တစ်ခု ထပ်ပေါ် လာတာက ကျွန်ုပ်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်အရ၊ ခံစားချက်အရ ချိတ်ဆက်နေသလို စိတ်ပိုင်းဆိုင်ရာ အရလည်း ချိတ်ဆက်နေကြပါတယ်။ ဒါဆိုရင် Mental Layer ရဲ့ အလုပ်လုပ်ပုံကို ဆက်လက် လေ့လာကြည့်ပါမယ်။

မိမိဟာ စာကြည့်တိုက်တစ်ခုထဲ ဝင်သွားတာနဲ့ ဘယ်သူမှ မပြောပြထားပေမယ့် ကျွန်တော်တို့ အလိုလို တိတ်ဆိတ်သွားတယ် မဟုတ်လား။ ဒါမှမဟုတ် meditation class တစ်ခုထဲ ရောက်သွားတဲ့အခါ လူတိုင်းရဲ့ အသက်ရှူသံတွေ တစ်ချိန်တည်းမှာ တစ်ဆင့်တည်း ဖြစ်သွားတာမျိုးပေါ့။ ဒါဟာ Mental Layer ရဲ့ အလုပ်လုပ်ပုံပါ။ 

ဥပမာ ထပ်ပေးရရင် စာမေးပွဲခန်းထဲက အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်။ ကျောင်းသား (၅၀) လောက်ရှိတဲ့ အခန်းထဲမှာ အားလုံး စာမေးပွဲ ဖြေနေကြတယ်။ တစ်ယောက်က မေးခွန်းကို စဉ်းစားရင်း ခဲတံကို ခပ်ပြင်းပြင်း ခေါက်နေတယ်။ ချက်ချင်းပဲ တစ်အခန်းလုံးက အဲဒီအသံကို သတိထားမိသွားပြီး စိတ်အာရုံ ပျက်သွားကြတယ်။ လူတိုင်းက တစ်ပြိုင်နက်တည်း ထိုသူဆီ လှည့်ကြည့်လိုက်တာမျိုးပေါ့။ ဒါဟာ mental synchronization ရဲ့ ဥပမာတစ်ခုပါ။ ဒါကြောင့် ဒီလိုအရေးပါတဲ့  Mental Layer တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီအရာတွေက သင်ယူလေ့လာမှု၊ အလုပ် လုပ်ကိုင်မှုနှင့် ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ပြန်လည်အသုံးချနိုင်ပါတယ်။ဥပမာ – အရေးကြီးတဲ့ meeting တစ်ခု မလုပ်ခင် အခန်းထဲမှာ positive mental atmosphere တစ်ခု ဖန်တီးထားနိုင်ရင် meeting က ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါ့အပြင် အချို့လူတွေက တခြားသူတွေရဲ့ အတွေးအခေါ်တွေကို ဖတ်နိုင်သလို ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒီလိုသိနိုင်တာမျိုးကို mental telepathy လို့ ခေါ်ပါတယ်။

 

စွမ်းအင်သုံးလွှာ၏ ပေါင်းစည်းမှု

ဒီ layer သုံးခုလုံးဟာ သီးခြားစီ မဟုတ်ဘဲ တစ်ခုနဲ့တစ်ခု အမြဲတမ်း အပြန်အလှန် ဆက်စပ်နေကြပါတယ်။ဥပမာ – နာမည်ကြီး speaker တစ်ယောက်က stage ပေါ် တက်လာတဲ့အခါ

Physical Layer: ပရိသတ်တွေရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာတယ်။ ခန္ဓာကိုယ်က ပိုပြီး alert ဖြစ်လာတယ်။

Emotional Layer: လူတွေက စိတ်လှုပ်ရှားလာတယ်။ တစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုက တခြားသူတွေဆီ ကူးစက်သွားတယ်။

Mental Layer: လူတိုင်းရဲ့ အာရုံစိုက်မှုတွေက တစ်နေရာတည်းမှာ စုစည်းသွားတယ်။ 

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုက ဒီ layer တွေအားလုံးဟာ တစ်ချိန်တည်းမှာ အပြန်အလှန် သက်ရောက်နေကြတာပါ။ စိတ်ညစ်နေတဲ့အခါ ခန္ဓာကိုယ်က လည်း ညွတ်ကျသွားတယ်။ ခန္ဓာကိုယ် ညွတ်ကျနေတော့ စိတ်ဓာတ်က ပိုကျသွားတယ်။ ထိုအခါ အာရုံစူးစိုက်နိုင်စွမ်းတွေက ကျဆင်းသွားတာမျိုး ဖြစ်ပါတယ်။ ဒီလို layer တွေ အားလုံးက စက်ဝန်းတစ်ခုလို လည်ပတ်နေတာကို နားလည်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းက ဒီ layer သုံးခုလုံးနဲ့ ဖွဲ့စည်းထားတဲ့ Individual Field တစ်ခုစီ ရှိကြတယ်။ ဒါကြောင့်ပဲ လူတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် signature ရှိနေကြတာပါ။

 

နေ့စဉ်ဘဝတွင် လက်တွေ့အသုံးချခြင်း။

  • Layer သုံးခုအကြောင်း နားလည်လာတော့ စိတ်ဝင်စားစရာ မေးခွန်းဖြစ်တဲ့ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီက ဒီ energy field တွေကို ဘယ်လို ထိန်းညှိပြီး အကောင်းဆုံး အသုံးချနိုင်မလဲ။ ပထမဆုံး သတိထားရမှာက Physical Layer ပါ။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေကတော့ မနက်တိုင်း လမ်းလျှောက်ခြင်း၊ အသက်ကို ပြင်းပြင်းရှူခြင်း၊ ရေများများသောက်ပေးခြင်းတွေက Physical Layer ကို balance ဖြစ်စေပါတယ်။ သစ်ပင်တွေကြားမှာ လမ်းလျှောက်တာမျိူးဆိုရင် ပိုပြီး ထိရောက်ပါတယ်။
  • ဒုတိယက Emotional Layer ပါ။ ကျွန်ုပ်တို့ အလုပ်လုပ်တဲ့ အခါ လူအမျိုးမျိုးရဲ့ ခံစားချက်တွေနဲ့ ထိတွေ့နေရတာကြောင့် တခါတလေ အိမ်ပြန်ရောက်တဲ့အထိ တခြားသူတွေရဲ့ စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေက မိမိဆီမှာ ကပ်ပါ လာတတ်ပါတယ်။ ဒါကို ဘယ်လို ကိုင်တွယ်မလဲ။ အလွယ်ကူဆုံးနည်းက ရေသည် negative emotions တွေကို ဆွဲထုတ်ပေးနိုင်တာကြောင့် တစ်နေ့တာရဲ့ အဆုံးသတ်မှာ ရေချိုးတာပါ။ ဒါ့အပြင် meditation လုပ်ခြင်း၊ တေးဂီတနားထောင်ခြင်း၊ ပန်းခြံထဲမှာ ခဏထိုင်ခြင်းတို့ကလည်း emotional layer ကို သန့်စင်ဖို့ အထောက်အကူ ပြုစေပါတယ်။
  • တတိယကတော့ mental layer အတွက်အရေးကြီးဆုံးက boundaries ထားတတ်ဖို့ပါ။ ကျွန်ုပ်တို့ဟာ အာရုံစူးစိုက်မှုတွေကို ဘယ်သူ့ဆီ ဘယ်လောက်ပေးမလဲ။ တစ်နေကုန် social media ကို scroll လုပ်နေမလား။ ဒါမှမဟုတ် ကိုယ့်အတွက် quiet time လေး ထားချင်တာမျိုးလား ဆိုပြီး ဒီအချက်တွေနဲ့ mental energy ကို စီမံခန့်ခွဲလို့ ရပါတယ်။ အဓိကအချက်က ဒီ layer သုံးခုစလုံးကို ညီတူညီမျှမှုရှိအောင် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။

ကဲ ဒါဆိုရင်တော့ Individual Energy Field နဲ့ပတ်သက်ပြီး အကြမ်းဖျင်းနားလည်လောက်ပြီဆိုတော့ ပိုပြီး လေ့လာကြည့်ချင်တယ်ဆိုရင် Think & Grow with AI ဆိုတဲ့ page ကနေတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီပေ့ရှ်လေးကနေ  https://www.facebook.com/Spiritual.AI.Content?mibextid=ZbWKwL Reference ယူထားတာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာဖြစ်နေလို့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

အားလုံးပဲ သာယာပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *