Design

Infographics

အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ Spiceworks Myanmar မှ မဇင်နုထွေး ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ “Infographics” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ညီမ သိရှိသလောက်၊ လေ့လာမိသလောက်လေးတွေကို မျှဝေပေးသွားပါမယ်။

Infographic ဆိုတာဘာလဲ။
Infographic ဆိုတာကတော့ ရိုးရှင်းပါတယ်။ “Information” နဲ့ “Graphic” ကို ပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။
User တွေအတွက် ဖော်ပြရည်ညွှန်းချင်တဲ့ အကြောင်းအရာတွေကို စာသားတွေအနေနဲ့ မဟုတ်ဘဲ ပေးချင်တဲ့ message နဲ့လိုက်လျောညီထွေရှိနိုင်မယ့် ပုံတွေကို အသုံးပြုပြီး ဖော်ပြခြင်းကို ဆိုလိုပါတယ်။
အသုံးပြုသူ၊ ကြည့်ရှုသူတွေအနေနဲ့ information တွေ၊ data တွေ နဲ့ တခြားသော အသိပညာရစရာ အကြောင်းအရာတွေကို လွယ်ကူစွာ နားလည်စေနိုင်ရန်အတွက် ဖော်ပြပေးသော ပုံစံအမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ Infographic ကို များသောအားဖြင့် pamphlets, signs, maps, textbooks တွေမှာ ထည့်သွင်း အသုံးပြုလေ့ရှိကြပါတယ်။ ဒါ့အပြင် webpage နဲ့ application တွေမှာလည်း အသုံးပြု ဖော်ပြလေ့ရှိတာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အောက်တွင် ဖော်ပြပေးထားသော အမျိုးအစားတွေ ရှိပါမယ်။ တစ်ခုချင်းစီအလိုက် ထပ်ပြီး ခွဲထားတာတွေလည်း ရှိပါတယ်။
၁။ Flowchart
၂။ Chart
၃။ Pictogram
၄။ Chronology
၅။ Correlation diagram
၆။ Map

 

၁။ Flowchart
Flowchart ကို အစီအစဥ်၊ အဆင့်ဖော်ပြချက်တွေနဲ့ အလုပ်ရဲ့ flow တွေကို ဖော်ပြပေးချင်တဲ့အခါမှာ အသုံးများပါတယ်။

 

၂။ Chart
Chart အမျိုးအစားတွေကတော့ ပုံမှာပြထားသကဲ့သို့ ပုံစံအမျိုးမျိုး ရှိကြပါတယ်။ အချက်အလက်တွေကို ကိန်းဂဏန်းတွေအနေနဲ့ ကိုယ်စားပြုဖော်ပြချင်တဲ့အခါ အသုံးပြုကြပါတယ်။

 

၃။ Pictogram
Pictogram ကိုတော့ ပေးချင်တဲ့ information ကို ရုပ်ပုံ သို့မဟုတ် သင်္ကေတ အနေနဲ့ နားလည်လွယ်တဲ့ပုံစံဖြင့် ဖော်ပြတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

 

၄။ Chronology
အချိန်ကာလတွေကို ဖော်ပြချင်တဲ့အခါ အသုံးပြုကြပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲလာမှုတွေ၊ အနာဂတ် ရည်ရွယ်ချက်တွေရဲ့ ကျယ်ပြန့်သောအကြောင်းအရာ၊ အချက်အလက်တွေကို ကိုယ်စားပြုဖော်ပြပေးနိုင်ပါတယ်။

 

၅။ Correlation diagram
အကြောင်းအရာ တစ်ခုနဲ့တစ်ခုရဲ့ ဆက်စပ်မှုကို အကျဥ်းချုပ်အနေနဲ့ ချိတ်ဆက်ဖော်ပြရာမှာ အသုံးပြုကြပါတယ်။

 

၆။ Map
လက်ရှိတည်နေရာနဲ့ တခြားသော နေရာအနှံ့က တည်နေရာတွေကို ကြည့်လိုက်တာနဲ့ တစ်စုတစ်စည်းတည်း နှိုင်းယှဥ်ပြီး မြင်တွေ့ရ လွယ်ကူအောင် ဖော်ပြနိုင်ရန် အသုံးပြုကြပါတယ်။

 

ဘာကြောင့် အသုံးပြုပေးရန် လိုအပ်ပါသလဲ။
Infographic တွေကို အသုံးပြုပြီး ဖော်ပြပေးခြင်းက user တွေအနေနဲ့ ကြည့်လိုက်တာနဲ့ အားလုံးက စာသားတွေပဲ မဟုတ်နေတဲ့အတွက် စိတ်ဝင်စားစရာကောင်းပြီး အကြောင်းအရာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုမိကြမှာ ဖြစ်ပါတယ်။ ဖော်ပြချင်တဲ့ အကြောင်းအရာကို လိုရင်းနဲ့ user တွေဆီကို ပေးပို့နိုင်ပါမယ်။ ငြီးငွေ့စရာမကောင်းတဲ့အတွက်လည်း အချိန်ကြာကြာ ကြည့်ရတာ အဆင်ပြေစေပါမယ်။

အသုံးပြုခြင်းရဲ့ ကောင်းကျိုးများနဲ့ လိုအပ်ချက်များ
အသုံးပြုရတာ နားလည်အောင် ထည့်သွင်းစဥ်းစားပြီး ဆောင်ရွက်ပေးထားတဲ့အတွက် user တွေအနေနဲ့လည်း ပိုပြီး လွယ်ကူစေပါမယ်။ ကြည့်လိုက်တဲ့အခါ ပုံလေးတွေအနေနဲ့ ဖြစ်နေတဲ့အတွက် အမြင်ကိုလည်း ဆန်းသစ်စေပါလိမ့်မယ်။ ဖော်ပြချက်အပေါ်မူတည်ပြီး တခြားသော ကောင်းကျိုးတွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
လိုအပ်ချက်တွေအနေနဲ့ကတော့ အကြောင်းအရာအပေါ်မူတည်ပြီး အချိန်ယူကာ အမျိုးအစားတွေကို သေချာစဥ်းစားရတာ ဖြစ်တဲ့အတွက် ပုံမှန်ထက်တော့ အချိန်ပိုယူပါလိမ့်မယ်။ အကြောင်းအရာနဲ့ infographic အမျိုးအစား မကိုက်ညီရင်လည်း user တွေအနေနဲ့ နားလည်မှုလွဲသွားတာ ရှိနိုင်တဲ့အတွက် ပိုပြီး ဂရုတစိုက်နဲ့ အသုံးပြုရန် လိုအပ်ပါတယ်။

အထက်မှာ ပြောပြပေးခဲ့တာတွေကို သေချာလေး နားလည်အောင် လေ့လာပြီး ကိုယ့်ဘက်က ပေးချင်တဲ့ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ infographic ကို အသုံးပြုဖော်ပြပေးဖို့ နယ်ပယ်အားလုံးမှာ လိုအပ်တဲ့အတွက် ဒီ blog လေးကို ဖတ်လိုက်ရပြီး ဗဟုသုတအနေနဲ့ အနည်းငယ်ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အဆုံးထိ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *