System

Introduction of React Native

မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Web Developer တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင်ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မပြန်လည်မျှဝေပေးချင်သော အကြောင်းအရာလေးကတော့ React Native JavaScript Framework လေးပဲ ဖြစ်ပါတယ်။
၎င်းကို Facebook Company က Develop လုပ်တာဖြစ်ပြီး React library အပေါ် အခြေခံတည်ဆောက်ထားသော Javascript framework တစ်ခုဖြစ်ပါတယ်။ React Native တွင် “Learn Once Write Anywhere” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း mobile application များ ရေးသားရာတွင် iOS နှင့် Android Platform နှစ်ခုလုံးအတွက် Develop လုပ်နိုင်မည် ဖြစ်ပါတယ်။ Web app တွေ၏ User Interface တွေကို တည်ဆောက်ဖို့အတွက် React library (ReactJS) ကို အသုံးပြုပြီး Mobile User Interface တွေ တည်ဆောက်ဖို့အတွက် React Native ကို အသုံးပြုပါတယ်။

React ကို Facebook Company ၏ Software Engineer တစ်ဦးဖြစ်သော Jordan Walke က ဖန်တီးခဲ့တာဖြစ်ပြီး React Native ကိုတော့ Facebook Company ကနေ ၂၀၁၅ ခုနှစ်တွင် Release လုပ်ခဲ့တာ ဖြစ်ပါတယ်။

React Native ကို Run ဖို့ဆိုရင် node.js နှင့် android studio ကို install တင်ရန်လိုအပ်ပါတယ်။ cmd (command line) ကိုလည်း အသုံးပြုဖို့ လိုအပ်ပါတယ်။
နောက်တစ်နည်းအနေဖြင့် Expo ဖြင့်လည်း တည်ဆောက်လို့ရပါတယ်။ Expo ကတော့ React Native App အသစ်တစ်ခုကိုစတင်ဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ Xcode နှင့် Android Studio ကို Install တင်စရာမလိုပဲ native code များဖြင့် Project တစ်ခုကို စတင်ဖန်တီးနိုင်ပါတယ်။ မိမိ အသုံးပြုသော မိုဘိုင်းဖုန်းများဖြစ်ကြသော Android (သို့မဟုတ်) iOS တွင်လည်း Expo install တင်ထားဖို့ လိုအပ်ပါတယ်။ Expo app ကို မိမိ၏ Project ဖွင့်ထားသော cmd မှ QR Code ဖတ်ဖို့အတွက် အသုံးပြုပါတယ်။ wifi လည်းဖွင့်ဖို့လိုအပ်ပါတယ်။ မိမိအသုံးပြုမည့် ဖုန်း၏ wifi နှင့် laptop ၏ wifi တူညီနေဖို့ လိုအပ်ပါတယ်။

React Native ကို အသေးစိတ် လေ့လာချင်ရင်ဖြင့် အောက်ပါလင်ခ့်မှ တစ်ဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://facebook.github.io/react-native/docs/getting-started

အထက်ပါအကြောင်းအရာများသည် ကျွန်မသိသလောက် ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။ အခုလို အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ သာယာအေးချမ်းသောနေ့လေးတစ်နေ့ ဖြစ်ပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *