System

Justinmind Prototyper (Introduction 1)

အားလုံးပဲ မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar တွင် Web Developer အဖြစ် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ ကျွန်မတင်ပြပေးချင်သော အကြောင်းအရာလေးကတော့ Software ဒါမှမဟုတ် Web Development တစ်ခုကို စတင်လုပ်ဆောင်တော့မယ်ဆိုရင် အဖွဲ့ဝင်များ အချင်းချင်း Development လုပ်မည့် App၏ လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း နားလည်စေရန် ပြသပေးသော Wireframe တစ်ခုကို ရေးဆွဲနိုင်သော Tool ဖြစ်သည့် Justinmind Prototyper Tool လေးနှင့် မိတ်ဆက်ပေးချင်ပါတယ်။

Wireframe ဆိုတာ ဘာလဲ?

မိမိတည်ဆောက်မည့် System တစ်ခု၏ ပုံကြမ်းဖြစ်တယ်။ အဲ့ဒီပုံကြမ်းကို လူတိုင်းကြည့်ရုံဖြင့် အလွယ်တကူနားလည် စေနိုင်ပြီး မိမိ Project၏ အဓိကလိုအပ်ချက်များကိုသာ ရေးဆွဲထားပါတယ်။ ထိုမှတစ်ဆင့် လိုအပ်ချက်များရှိပါက ပြန်လည်ပြင်ဆင်ပြီး နောက်ပိုင်းတွင် တကယ်လက်တွေ့ကျ Designကို ဆွဲရပါသည်။ ဒီဇိုင်းဆွဲသည့် Designer များအတွက်ကတော့ User Interface(UI) Processများကို လုပ်ဆောင်နိုင်ရန် Wireframeကို အသုံးပြုကြပါတယ်။ Backend Developer များအတွက်ကတော့ System၏ လုပ်ဆောင်ချက် function များကို သိသာစေရန် အသုံးပြုပါတယ်။ Customerများကိုလည်း အသေးစိတ်နားလည်နိုင်အောင် ရှင်းပြပေးနိုင်ပါတယ်။ Wireframe တစ်ခုဆွဲမည်ဆိုလျှင် Adobe XD, PowerPoint, Photoshop CC ကဲ့သို့ အသုံးပြုလို့ရသော Tools အများကြီး ရှိပါတယ်။ အများကြီးရှိသည့်အထဲမှ အသုံးပြုသူများအတွက် အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံးဖြစ်သည့် Justinmind Prototyper Tool လေးကို ဆက်လက်ပြောပြပေးပါမည်။

Justinmind Prototyper ဆိုတာ ဘာလဲ?

မိမိ၏ Development တစ်ခုတွင် Web နှင့် Mobile Apps တွေအတွက် ပုံကြမ်းရေးဆွဲဖို့ အသုံးပြုရသော tool တစ်ခုဖြစ်တယ်။ သူကတော့ page တစ်ခုကနေ တစ်ခုကို linkတွေ ချိတ်ဆက်ပေးနိုင်ပြီး Animationတွေကိုလည်း ထည့်သွင်းနိုင်တယ်။ elementတွေကိုလည်း show/hideလုပ်ပေးနိုင်တယ်။ styleတွေကိုလည်း ပြောင်းလဲနိုင်ပြီး Audio ဖိုင်များကိုလည်း ထည့်သွင်းနိုင်တယ်။ widgetတွေကို export/importလုပ်ပေးနိုင်ပါတယ်။ ထို့အပြင် real dataများဖြင့် Database ကိုပါစမ်းသပ်နိုင်ပါတယ်။ HTML Codeများသာမက မိမိပြုပြင်လိုက်သော ဒီဇိုင်း၏ CSS Codeများကိုပါ Generateလုပ်ပေးထားပါတယ်။ Userများ မိမိတို့ပြုလုပ်ထားသော လုပ်ဆောင်ချက်များကို တစ်ချက်ချင်းစီ နားလည်အောင် Documentationကို Microsoft Wordဖြင့်လည်း ထုတ်ပေးပါတယ်။ သူ၏ လိုင်စင်ကတော့ တစ်လအခမဲ့ ပေးသုံးပြီး နောက်ပိုင်းကို ဝယ်သုံးရပါတယ်။ တစ်လအခမဲ့တွင် Function အကုန်လုံးကို အသုံးပြုခွင့်ပေးထားပြီး တစ်လကျော်ပါက function တစ်ချို့ကို အသုံးပြုခွင့် ပိတ်လိုက်ပါတယ်။ Justinmind Prototyper ကို Install လုပ်ချင်လျှင် အောက်ပါလင်ခ့်ကတစ်ဆင့် ဝင်ရောက် Download ဆွဲနိုင်ပါတယ်။
https://www.justinmind.com

Justinmind Prototyper ကို သုံးခြင်းဖြင့် ဘာတွေရမလဲ?

(၁) မိမိတို့၏ Developmentများအား တစ်ခြားသူများကို ရှင်းပြရာတွင် လွယ်ကူခြင်း
(၂) အချိန်ကုန် သက်သာစေခြင်း
(၃) Coding ရေးစရာမလိုဘဲ Processတွေကို အလွယ်တကူ နားလည်ခြင်း
စသော အကျိုးကျေးဇူးများကို ရရှိပါသည်။

အထက်ပါအကြောင်းအရာများသည် Justinmind Prototyperကို မိတ်ဆက်ပေးခြင်းသာ ဖြစ်ပါတယ်။ ၎င်း၏ အသုံးပြုမှုပုံစံကို အပိုင်း ၂ အနေဖြင့် ဆက်လက်စောင့်မျှော် ဖတ်ရှုပေးပါဦးရှင့်။ အခုလိုအချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ချမ်းမြေ့သာယာသောနေ့လေး ဖြစ်ပါစေ။

Hello

Leave a Reply

Your email address will not be published. Required fields are marked *