Design

Making Presentations on Canva

အားလုံးပဲ မင်္ဂလာပါဗျ။ ကျွန်တော်တို့ အလုပ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ academic ပိုင်းမှာပဲဖြစ်ဖြစ် presentation တွေလုပ်ကြရပါတယ်။ အဲ့ဒီလို presentation တွေလုပ်တဲ့အခါမှာ အရင်ကတည်းက အသုံးပြုလာတဲ့ Microsoft Powerpoint မဟုတ်ဘဲ ပိုပြီး theme ‌design တွေအရရော၊ user experience အရရော advanced ပိုဖြစ်တဲ့ canva ဆိုတဲ့ web/application တစ်ခုအကြောင်းကို ဒီတစ်ပတ်မှာ ပြောပြပေးချင်ပါတယ်။

ပထမဦးဆုံးပြောချင်တာက canva က free ပေးသုံးတဲ့ design platform တစ်ခုပါ။ ဒါပေမယ့် pro version မှ ပေးသုံးတဲ့ theme design တွေ၊ elements ‌တွေကတော့ ရှိနေပါမယ်ဗျ။ သူ့ကိုသုံးမယ်ဆိုရင် canva website (https://www.canva.com) ကိုသွားပြီး အရင် sign up လုပ်ရပါမယ်။ Log In ဝင်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ presentation လုပ်မှာဖြစ်တဲ့အတွက် ပထမဦးဆုံး Home မှာ “Presentations” ဆိုတဲ့ tab လေးကို ရွေးပေးပါ။ အဲ့မှာမှ ကိုယ်လုပ်ချင်တဲ့ presentation ရဲ့ layout size ကို ရွေးလို့ရပါတယ်။

အဲ့အောက်မှာဆိုရင် အရန်သင့်ဖန်တီးပြီးသားဖြစ်နေမယ့်၊ design အရလည်း ဆန်းပြားကွဲထွက်နေစေမယ့် presentation templates တွေကို သူစီပေးထားတဲ့ category အလိုက်တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ စိတ်ကြိုက် result တစ်ခုရဖို့ filter တွေလည်း ထပ်လုပ်လို့ရသလို search bar မှာလည်း အလွယ်တကူရှာလို့ရပါတယ်။

အဲ့ဒီမှာ ကျွန်တော်တို့က theme တစ်ခုကို ကြိုက်လို့ယူလိုက်ပြီဆိုပါစို့။ အဲ့ theme ကိုယူလိုက်ပေမယ့်လည်း ကိုယ့်ရဲ့ presentation တစ်ခုလုံးကြီးက အဲ့ theme ဖြစ်သွားမှာမဟုတ်ပါဘူး။ အောက်ကိုနည်းနည်းဆင်းရင်တွေ့ရမယ့် More like this မှာတွေ့ရမယ့် ကိုယ့်စိတ်ကြိုက် တခြား theme ‌တွေထဲကနေ လိုချင်တဲ့ theme အပိုင်းအစတွေကို အလွယ်တကူ ယူထည့်လို့ရပါသေးတယ်။

Presentation တွေကို canva မှာလာသုံးရတဲ့ အားသာချက် နောက်တစ်ချက်ပြောပါဆိုရင်တော့ ဒီ canva မှာ စိတ်ကြိုက်ယူသုံးလို့ရအောင်လုပ်ပေးထားတဲ့ “Elements” panel လို့ပဲပြောရပါမယ်။ ကျွန်တော်တို့ presentation ‌တွေမှာ design အရပဲဖြစ်ဖြစ် information အရပဲဖြစ်ဖြစ် ထည့်ဖို့လိုအပ်မယ့် graphics, shapes, stickers, images, videos, audio, charts, tables, frames, grids စတဲ့ အသုံးဝင်တဲ့ elements တွေကို free version ကနေလည်း သုံးလို့ရနေမှာဖြစ်ပါတယ်။

ဒါ့အပြင် group project presentation တွေ အဖွဲ့လိုက် presentation တူတူပြင်ရတဲ့အခါမှာလည်း cloud based platform ဖြစ်တာကြောင့် ကိုယ့် team နဲ့ realtime မှာပါ အလွယ်တကူ presentation file ကို တူတူပြင်လို့ရနေမှာပါ။ နောက်ပြီး လုပ်ပြီးသား presentation တွေ design files ‌တွေကိုလည်း စနစ်တကျ automatic folder တွေနဲ့ ခွဲပြီး save ပေးတာမို့ တော်တော်လေးအဆင်ပြေပါတယ်။

Canva မှာက ကျွန်တော်အပေါ်မှာ ပြောပြပေးသွားတဲ့ presentation ပြင်တာတစ်ခုတည်းမဟုတ်ဘဲ အဲ့ထက်ပိုတဲ့ design document ပြင်တဲ့အပိုင်းတွေ၊ social media post, videos ပြင်တာတွေ၊ website creation တွေထိ user experience ကောင်းကောင်းနဲ့ လုပ်လို့ရတာမို့ ကိုယ့် design projects တွေအတွက် ရွေးချယ်သင့်တဲ့ platform တစ်ခုဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။

ဘုန်းသန့်ကျော်

၂၅.၀၈.၂၀၂၃

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *